13/08/2026
ကားမောင်းနေစဉ် ဒါမှမဟုတ် ခရီးသွားနေတုန်း စက်ပူလာပြီဆိုရင် အချိန်မဆွဲဘဲ ချက်ချင်းလုပ်ဆောင်ရမယ့် အချက်လေးတွေကို အသိပေးမျှဝေချင်ပါတယ်🚗
အပူချိန်တက်လာတာနဲ့ တပြိုင်နက် ကားကို ဘေးကင်းတဲ့နေရာမှာ အမြန်ဆုံးဘေးထိုးရပ်ပေးဖို့ လိုပါတယ်🛑
ကားရပ်ပြီးတာနဲ့ အင်ဂျင်စက်ကို ပိတ်လိုက်ပြီး ကားလေအေးပေးစက်ကို ချက်ချင်းပိတ်ပစ်ပါ 🌡️
အပူချိန်အရမ်းမြင့်နေတဲ့အချိန်မှာ အင်ဂျင်အဖုံးကို ချက်ချင်းမဖွင့်ဘဲ အနည်းဆုံး မိနစ်နှစ်ဆယ်
လောက် အေးသွားအောင် အရင်စောင့်ပေးပါ ⏳
အင်ဂျင်ပူနေချိန်မှာ ရေတိုင်ကီထဲကို ရေအေးတွေ ချက်ချင်းမလောင်းထည့်ပါနဲ့၊ Engine Block ကွဲတာမျိုး ဖြစ်တတ်လို့ပါ💧
အင်ဂျင်အနည်းငယ်အေးသွားတဲ့အခါ ရေတိုင်ကီပိုက်တွေနဲ့ ကားအောက်ခြေမှာ ရေယိုစိမ့်တာရှိမရှိ သေချာစစ်ဆေးပါ 🔍
ရေလုံးဝကုန်သွားတာမျိုးဆိုရင် ကိုယ်တိုင်ဆက်မမောင်းတော့ဘဲ Car Service ကို အကူအညီတောင်းတာက အသင့်တော်ဆုံးပဲဖြစ်ပါတယ် 🛠️
ဒါကြောင့် ဒီလိုမျိုး အရေးပေါ်အခြေအနေကြုံလာတဲ့အခါမှာ ဒီအချက်လေးတွေကို သတိထားပြီး ကိုင်တွယ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ ✨
ဆက်သွယ်ရန်⤵️
☎️09-893 515 935
☎️09-893 515 989
📍လိပ်စာ
🏘 ဟောင်လိတ်ရပ်ကွက်၊ ရှမ်းကွင်း၊ လေယာဉ်ကွင်းဘေး ၊ တာချီလိတ်မြို့။
#တာချီလိတ်