Kaung Kaung PGM-Fi/Efi Service

Kaung Kaung PGM-Fi/Efi Service EFI Service နှင့် ဆိုင်ကယ်ဘီးကြီး၊ဘီးသေး အထွေထွေပြုပြင်ရေး

🗣️တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်....👀🎶
22/03/2023

🗣️တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်....👀🎶

Carburetor အကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️Carburetor ဆေးပြီဆိုရင် အပေါ်ယံလောက်ဆေးကြတာများပါတယ် ပြီးရင် ပြန်တပ်။ ဘာမှထူးမလာ...
31/01/2023

Carburetor အကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️

Carburetor ဆေးပြီဆိုရင် အပေါ်ယံလောက်ဆေးကြတာများပါတယ် ပြီးရင် ပြန်တပ်။ ဘာမှထူးမလာဘူး၊ Carburetor ဆေးပြီဆိုရင် Carburetor လေးပဲဆေးလို့မရပါဘူး၊ ၎င်းနဲ့ ဆက်နွယ်နေတဲ့အရာတွေကို ဆေးဖို့ လိုအပ်ပါတယ်။ အတွင်းဆီလိုင်းတွေ သေချာဆေးရမယ်၊ မိန်းချက် စနိုးချက်တွေ ပွင့်အောင် သေချာဆေးရမယ် အတွင်းလိုင်းပေါက်တွေကို ဓာတ်ဆီနဲ့ သေချာဆေးရပါမယ် အပ်ပင် အပ်ခွက်ကောင်းမကောင်း သေချာ စစ်ရမယ် ဒုံးကျည်နဲ့ဒုံးကျည်အထိုင်တွေကို သေချာဆေးရမယ်၊ Carburetor ဆီကန်ကို ဆီဝိတ်ချိန်ပါ၊ တစ်ဝက်သာသာလေးပဲ ရှိရပါမယ်၊ များနေရင် ဆီအိုဗာ ဖြစ်သလို နည်းရင်လည်း စက်မလိုက်တာတွေ ဖြစ်တတ်ပါတယ်။ နောက် စလိုးချိန်တဲ့အခါမှာ မှားတတ်ကြပါတယ်၊ စနိုးချိန်မယ်ဆိုရင် စပရင်နဲ့မြင်နေရတဲ့ နတ်ကို ချိန်ရမှာပါ၊ မြုပ်နေတဲ့ နတ်လေးက ဆီနဲ့လေကို မျှအောင် ရောပေးတဲ့နတ်ပါ။ ချိန်မယ်ဆိုရင် စနိုးနတ်ကိုတင်းထားပါ၊ နောက် လေချိန်နတ်ကိုကြပ်ပြီးမှ ဖြည်းဖြည်းချင်း လျော့ပါ။ စက်သံမှန်ပြီဆို စနိုးချိန် နတ်ကို ပြန်လျော့ပါ.....လိုအပ်တာများရှိရင် ဖြည့်စွက်အကြံပြုနိုင်ပါတယ်💬 🙏

🙏 အားလုံးနည်းပညာများတိုးတတ်အောင်မြင်ကြပါစေ🙏🙏🙏👨‍🔧👨‍🔧👨‍🔧👨‍🔧

#ကြိုးစားလျှက်
✍️👨‍🔧🤵

🗣️လူကြီးမင်းတို့၏စီးတော်ယာဥ်ကယ်ကယ်များကို😍လူကြီးမင်းတို့ စိတ်တိုင်းကျ ပြုပြင်ဆောင်ရွက်ပေးနေပါပြီ။👨‍🔧🧰💯💯💯🛠️⚙👨‍🔧👨‍🔧 လူကြီး...
31/01/2023

🗣️လူကြီးမင်းတို့၏စီးတော်ယာဥ်ကယ်ကယ်များကို

😍လူကြီးမင်းတို့ စိတ်တိုင်းကျ ပြုပြင်ဆောင်ရွက်

ပေးနေပါပြီ။👨‍🔧🧰💯💯💯🛠️⚙

👨‍🔧👨‍🔧 လူကြီးမင်းတို့၏ ECU&ECM စနစ်သုံး PGM

FI/EFI ဆိုင်ကယ်ဘီးကြီး၊ဘီးသေးများကို လူကြီး

မင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးနေပါပြီ....🛠️

🧰👨‍🔧👨‍🔧👨‍🔧👨‍🔧💯💯💯


#ဆိုင်ကယ်ဘီးကြီးဘီးသေးအထွေထွေပြုပြင်ရေး၊စဥ့်ကိုင်မြို့။

AC CDI 5စ အကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️ဆိုင်ကယ်စက်စတင်နိုးဖို့ဆိုရင် စတတ်ကွိုင် ပါဆာကွိုင် cdi ပလပ်ကွိုင် ပလပ်တွေကို စစ်...
29/01/2023

AC CDI 5စ အကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️

ဆိုင်ကယ်စက်စတင်နိုးဖို့ဆိုရင် စတတ်ကွိုင် ပါဆာကွိုင် cdi ပလပ်ကွိုင် ပလပ်တွေကို စစ်ဆေးရပါမယ်၊ စက်နိုးဖို့ဆိုရင် မိန်းကွိုင်က ပါဆာ၊ စတတ်ကွိုင်၊ အပ် ဆိုပြီး ကြိုးသုံးချောင်း ယူရပါတယ်၊ ကျန်တဲ့အဝါ ၂ချောင်းက အားသွင်းဖို့ပဲ လိုပါတယ်။ ပါဆာ စတတ် အပ် ကြိုးသုံးချောင်းက cdiကိုဝင်မယ် အဝါနှစ်ချောင်းက ဒိုင်အုပ်ကို သွားမယ်၊ cdiကို သုံးစဝင်ပြီး နှစ်စ ပြန်ထွက်ပါတယ်။ ပလပ်ကွိုင်နဲ့ သော့ ဖြစ်ပါတယ်။ ပလပ်ကွိုင်ကြိုးက ပလပ်ကွိုင်ကိုသွားမယ် သော့ကြိုးက သော့ကိုသွားမယ်။ စက်နိုးလိုင်းပြီးရင် ဒိုင်အုပ်ကို ပြောပါမယ်၊ အဝါ နှစ်စနဲ့ အပ်စ က ဒိုင်အုပ်ကိုဝင် ဒိုင်အုပ်ကနေတဆင့် မီးထိန်းပြီး ဘက်ထရီဆီကို အပေါင်းအားသွင်းကြိုးအနေနဲ့ တစ်စ သွားမယ်။ ဆိုတော့ စက်နိုးလိုင်းနဲ့ အားသွင်းလိုင်းဆက်သွယ်ချက်တွေပါပဲ။ ကျန်တာကတော့ အပ်စ လွတ်မလွတ်၊ ကြိုးပြတ် မပြတ် စသည့်များကို စစ်ဆေးသင့်ပါတယ်၊ တတ်စတာနဲ့ မီတာ ရှိရင် ပိုပြီးတိကျ မြန်ဆန်စွာ တစ်ခုချင်းဆီ စစ်ဆေးနိုင်ပါတယ်။✍️🤵
🗣️လိုအပ်ပါက ဖြည့်စွက်အကြံပြုနိုင်ပါတယ်💬 ✍️✍️ အားလုံး နည်းပညာများ တိုးတတ်အောင်မြင်ကြပါစေ🙏🙏🙏🙏🙏

#ကြိုးစားလျှက်
learner✍️👨‍🔧

🛠️ဒိုင်အုပ် ဗို့အားများပြီး ရှေ့ာကျတာလေး🛠️ဝါဟာရိန်းပိုင်း၊ ဂါပနာရှုးလဲခြင်း၊တိုင်ပင်ချိန်းလဲ⚙️ခြင်း၊ပလပ်မီးမထွက်ခြင်း နှ...
28/01/2023

🛠️ဒိုင်အုပ် ဗို့အားများပြီး ရှေ့ာကျတာလေး

🛠️ဝါဟာရိန်းပိုင်း၊ ဂါပနာရှုးလဲခြင်း၊တိုင်ပင်ချိန်းလဲ

⚙️ခြင်း၊ပလပ်မီးမထွက်ခြင်း နှင့် ခါးဘွတ်များ

⚙️လဲလှယ်ပေးခြင်း စသည့်ဝန်ဆောင်မှုများအား

🛠️လူကြီးမင်းတို့ စိတ်တိုင်းကျ စစ်ဆေးပြုပြင်

ပေးလိုက်ပါတယ်...👨‍🔧💯💯💯🧰

🗣️လူကြီးမင်းတို့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါကြောင်း🙏🙏🙏👨‍🔧👨‍🔧👨‍🔧👨‍🔧💯


#ဆိုင်ကယ်ဘီးကြီး၊ဘီးသေးအထွေထွေပြုပြင်ရေး၊စဥ့်ကိုင်မြို့။

တိုင်ပင်ချိန်းအကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️တိုင်ပင်ချိန်အမျိုးမျိုးရှိပါတယ်။ ကောင်းတာသုံးချင်ရင်ကောင်းတာတတ်ပေါ့၊တိုင်ပင်...
21/01/2023

တိုင်ပင်ချိန်းအကြောင်းတစ်စေ့တစ်စောင်း✍️✍️✍️

တိုင်ပင်ချိန်အမျိုးမျိုးရှိပါတယ်။ ကောင်းတာသုံးချင်ရင်ကောင်းတာတတ်ပေါ့၊တိုင်ပင်ချိန်းလျော့လို့လဲတယ်ဆိုကတည်းက စစ်စရာမလိုတော့ပါဘူး၊ လဲရမှာပါပဲ။ ခါး ရိုလာဘီးက စားနေတာ၊ မညီတာ တိုင်ပင်ချိန်းအရာပေါ်နေရင် လဲရမယ်။ ရိုလာမောင်းက ရိုလာဘီးသေးတတ်မယ့်နေရာမှာ အရာတွေပေါ်နေရင် တိုင်ပင်ချိန်းထောက်ဖော့သီးကို ထောက်မယ့်နေရာမှာ စားထားရင် လဲလိုက်ပါ၊ တိုင်ပင်ချိန်းထောက်ပုလွေထိပ်မှာ ဖော့သီးလေးကောင်းမကောင်း စစ်ဆေးရပါမည်၊ ပုလွေအောက်မှာ ဘောစေ့လေးရှိတယ် အပြင်ထွက်တာတို့ ကျွန်နေတာတို့ စသည့်ဖြင့် စပရင်ကောင်းမကောင်း စစ်ဆေးပါ၊လဲသင့်ရင်လဲပါ။ ပန့်ဘီးမှာ အသွားတွေ အရမ်းစားနေရင် တိုင်ပင်ချိန်းနဲ့မချိတ်တော့ပဲ အင်ဂျင်ဝိုင်မပို့တော့ပါဘူး။ မိန်းဖမ်းတတ်ပါတယ်။ ကင်းမရှပ်ပင်နံယံတွေစစ်ပါ ချွန်နေရင် တိုင်ပင်ချိန်းစားတတ်ပါတယ်၊ နောက် တိုင်ပင်ချိန်ရပါမယ်။ ဝိုက်စီးတွေမကောင်းရင်လဲပါ အင်ဂျင်ဝိုင်ယိုတတ်ပါတယ်။ စတတ်ဘော ကတ်နတ်တွေချောင်နေရင် ပြုတ်ပြီး ကွိုင်ကို ရိုက်တတ်ပါတယ် စသည့်အားဖြင့် စစ်ဆေးပြုပြင်သင့်ပါတယ်။✍️✍️✍️🤵

#ကြိုးစားလျှက်
learner👨‍🔧✍️✍️✍️✍️✍️

CDI တစ်လုံးအလုပ်လုပ်ပုံအကြောင်းတစ်စေ့တစ်စောင်း ✍️✍️✍️CDI အမျိုးမျိုးရှိပါတယ်။ 4စ(သို့) 5စ ဒါမှမဟုတ် 6စ စသည်ဖြင့် ဆိုင်ကယ...
19/01/2023

CDI တစ်လုံးအလုပ်လုပ်ပုံအကြောင်းတစ်စေ့တစ်စောင်း ✍️✍️✍️

CDI အမျိုးမျိုးရှိပါတယ်။ 4စ(သို့) 5စ ဒါမှမဟုတ် 6စ စသည်ဖြင့် ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး များစွာရှိတတ်ကြပါတယ်။ တရုတ်လုပ်ဘီး အများစုမှာ cdi 5စ ကိုတွေ့နိုင်မှာ ဖြစ်ပြီးတော့ 4စ cdiကို batt cdi လို့ခေါ်ကြတာပေါ့၊ 5စ cdi ကိုအများအားဖြင့် အောက်ကွိုင် တစ်နည်းအားဖြင့် စတတ်ကွိုင်လို့လည်း ခေါ်ကြပါတယ်။ ကွိုင်က မီးထုတ်ပေးမှ cdi အလုပ်လုပ်မှာဖြစ်ပြီး ကွိုင်တစ်ခုထဲနဲ့တော့ ပလပ်ကွိုင်ကို မီးမထွက်စေ‌သေးပါဘူး။နောက်တစ်ခု ပါဆာကျန်ပါသေးတယ်၊ သူကတော့ တိုင်ပင်တစ်ပတ် ပတ်တိုင်းမီးထုတ်ပေးပါတယ်၊ မီတာအုံးနဲ့တိုင်းကြည့်မှ သိနိုင်မှာပါ။ နောက် ground ခေါ် အပ်စ က အပ်မပေးနိုင်ဘူးဆိုရင် cdi မီးမထွက်နိုင်ပါ။ သူကလည်း အဓိကကျတဲ့အတွက် ထည့်တွက်ရပါမယ်။ နောက်တစ်စကတော့ ပလပ်ကွိုင်ကိုသွားတဲ့ cdiမှအထွက်ကြိုးပါ၊ ကြားမှာ ပြတ်တောက်နေမယ်ဆိုရင်တော့ ပလပ်ကွိုင် မီးမထွက်ပေးနိုင်ပါ။ နောက်ဆုံးတစ်စ ကတော့ စက်ရပ်ကြိုးပါ၊ cdi မှ ထွက်ပြီး သော့မှ အပ်စနဲ့ထိပေးရတဲ့ စက်ရပ်ကြိုးပါ။ cdiမှာ အဝင် ၃ကြိုး အထွက် ၂ကြိုး။ လိုအပ်တာလေးများရှိရင် ဖြည့်စွက်အကြံပြုနိုင်ပါတယ်✍️ နောက်မှ ကျန်cdiများကို မျှဝေပ့မယ်။🥰🧰🛠️🛠️🧰🤵

#ကြိုးစားလျှက်
learner👨‍🔧✍️

ချိန်းအကြောင်းတစ်စေ့တစ်စောင်း✍️ ချိန်းဆိုတာ သံပြားကွင်းလေးတွေကို ပင်လေးတွေနဲ့ ဆက်ထားတာ ဖြစ်ပါတယ်။အသွားများနှင့် ချိတ်ဆွဲ...
18/01/2023

ချိန်းအကြောင်းတစ်စေ့တစ်စောင်း✍️

ချိန်းဆိုတာ သံပြားကွင်းလေးတွေကို ပင်လေးတွေနဲ့ ဆက်ထားတာ ဖြစ်ပါတယ်။အသွားများနှင့် ချိတ်ဆွဲခြင်းဖြစ်လို့ ပွတ်ချော်ခြင်းမရှိနိုင်ပါ။ သို့ပေမဲ့ ကြာလာရင် အသွားများစားသွားသလို ချိန်းပင်များစားပြီး အဆက်သံပြားပေါက်များလည်း ကျယ်လာပါတယ်။ ချိန်းများရှည်ထွက်လာသလိုဖြစ်ပြီးတော့ ချိန်းများလျော့တတ်ပါတယ်။ ချိန်းလျော့ခြင်းကြောင့် ဆိုင်ကယ်ကို ဆောင့်ဆောင့် ဆွဲသလို တည်ငြိမ်မှုမကောင်းနိုင်ပါ။ အသံထွက်သလို စပေါ့ကတ်အသွားများပိုပြီးစားစေပါတယ်။ ချိန်းလျော့ခြင်းဟာ ချိန်းတက်ဆင်းမှု့ကြောင့်လား၊ ချိန်းရှည်ထွက်လာခြင်းကြောင့်လားဆိုတာ ခွဲခြားသိဖို့လိုအပ်ပါတယ်။ နောက်ဘီးစပေါ့ကတ် အပေါ်‌နောက် နားမှာ ချိန်းကို အပြင်ဘက်ဆွဲကြည့်ခြင်းဖြင့် ခွဲခြားသိနိုင်ပါတယ်။✍️✍️✍️

learner

စတတ်မော်တာအကြောင်းတစ်စေ့တစ်စောင်း✍️ဆိုင်ကယ်သော့ဖွင့်ပြီး    စတတ်ခလုပ်နှိပ်လိုက်သောအခါ     ကာဗွန်မကောင်းရင်လည်း စတတ်မော်တ...
08/01/2023

စတတ်မော်တာအကြောင်းတစ်စေ့တစ်စောင်း✍️

ဆိုင်ကယ်သော့ဖွင့်ပြီး စတတ်ခလုပ်နှိပ်လိုက်

သောအခါ ကာဗွန်မကောင်းရင်လည်း

စတတ်မော်တာ မလည်ပတ်နိုင်ပါ၊ နောက်

ဘက်ထရီအိုး အားမရှိတာလား၊ ဘက်ရီငုတ်တွေ

ချောင်နေလား အားမဝင်တာလား သံလိုက်အခြမ်း

ကွာထွက်နေသလား စသည့်အားဖြင့် အမ်မစ်ချာ မ

ကောင်းရင်လည်း စတတ်မော်တာ မလည်ပတ်နိုင်

ပါ။ မော်တာလည်သော်လည်း အင်ဂျင်မလည်ပတ်နိုင်ပါ၊

ဒါကြောင်မို့ ဆက်စပ်ပစ္စည်း၊ ပြစ်ချက်များကို

စသည့်အားဖြင့် စစ်ဆေးပြုပြင်ပေးဖို့လိုအပ်ပါတယ်......✍️🙏

#ကြိုးစားလျှက်
Learner

🗣️လူကြီးမင်းတို့၏ အဖိုးတန်ဆိုင်ကယ်သစ်များကို ဆီထိုးပေးခြင်း၊ ဖရိန်းပိုင်း၊အင်ဂျင်များကိုစသည့်အားဖြင့် လူကြီးမင်းတို့စိတ်...
08/01/2023

🗣️လူကြီးမင်းတို့၏ အဖိုးတန်ဆိုင်ကယ်သစ်များကို

ဆီထိုးပေးခြင်း၊ ဖရိန်းပိုင်း၊အင်ဂျင်များကို

စသည့်အားဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ

ပြုပြင်ဆောင်ရွက်ပေးနေပါပြီ.....🧰💯💯💯

ှင့်
#ဆိုင်ကယ်ဘီးကြီး၊ဘီးသေးအထွေထွေပြုပြင်ရေး၊စဥ့်ကိုင်မြို့။
📱09755496566,09789474588.

Address

Sintgaing

Website

Alerts

Be the first to know and let us send you an email when Kaung Kaung PGM-Fi/Efi Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share