Royal 93 Car Care Center

Royal 93 Car Care Center CAR CARE CENTER

နှင်းစက်တွေလို ကျေနပ်ပီတိတွေ စိမ့်ဝင်စီးဆင်းစေမယ့်... #မျှော်နေမယ်ဆောင်းမနက်တွေထဲ...ဒီရင်က အမြဲအသင့်ရှိနေဆဲပါ... ♥Great ...
26/11/2025

နှင်းစက်တွေလို ကျေနပ်ပီတိတွေ စိမ့်ဝင်စီးဆင်းစေမယ့်...
#မျှော်နေမယ်ဆောင်းမနက်တွေထဲ...
ဒီရင်က အမြဲအသင့်ရှိနေဆဲပါ...
♥Great promotion♥
> Now Open Daily...
> (08:00) to (18:00)
= 09 259999496
= 09 687777449

အော်တိုဂီယာဘောက်တွေမှာ ဂီယာအချိန်းမမှန်တဲ့ ပြစ်ချက်👇ဂီယာအချိန်း မမှန်တဲ့ ပြစ်ချက်တွေ များစွာရှိပါတယ်။အဓိက အဖြစ်များတာကတေ...
25/10/2025

အော်တိုဂီယာဘောက်တွေမှာ ဂီယာအချိန်း
မမှန်တဲ့ ပြစ်ချက်👇

ဂီယာအချိန်း မမှန်တဲ့ ပြစ်ချက်တွေ များစွာ
ရှိပါတယ်။အဓိက အဖြစ်များတာကတော့

(၁)အော်တိုဝိုင် မကောင်းတာ၊
(၂)Oil Seal တွေ မကောင်းတာ၊
(၃)ကလပ်ပြား လောင်နေတာ၊
(၄)ဗာဘော်ဒီမှာ ချေးတွေပိတ်တာ၊
(၅)ဆိုလိုနိုက်တွေ မကောင်းတာ၊
(၆)ဂီယာဝိုင်အပူချိန် တိုင်းတာတဲ့ Automatic
Transmission Fluid Temperature Sensor
မကောင်းတာ စတဲ့ ပြစ်ချက်တွေ များစွာ
ဖြစ်နိုင်ပါတယ်။

ဒီပြစ်ချက်တွေ များစွာထဲကမှ လူသိနည်းပြီး
ဖြစ်လေ့ရှိတဲ့ Transmission Fluid Sensor
အကြောင်းကို ရှင်းပြပေးချင်ပါတယ်။

Transmission Fluid Sensor ကို Heat
Sensor လို့လည်း အလွယ်ခေါ်ကြပါတယ်။
အဓိက အလုပ်လုပ်ပုံကတော့ ဂီယာဘောက်
ထဲမှာရှိတဲ့ အော်တိုဆီ အပူချိန်ကို တိုင်းတာပြီး
ECM/TCM ကို Signal ပို့ပေးရတဲ့ Thermistor
Type ဆင်ဆာတစ်မျိုး ဖြစ်ပါတယ်။ဗားဘော်
ဒီနဲ့ အနီးတစ်ဝိုက်မှာ ဆင်ဆာကို တပ်ဆင်
ထားလေ့ ရှိပါတယ်။ဂီယာဘောက်လုပ်ဆောင်
ချက်နဲ့ ဂီယာချိန်းမှန်ကန်ဖို့အတွက် ဒီဆင်ဆာ
ကောင်းနေဖို့ အရေးကြီးပါတယ်။

ကားကို အင်ဂျင်ပူအောင်မောင်းပြီး Scan
Tool နဲ့ စစ်ကြည့်တဲ့အခါ Live Data မှာ
(70’C ~ 105’C)အတွင်း ရှိနေရင် ဆင်ဆာ
ကောင်းပါတယ်။ဆင်ဆာ မကောင်းတာ၊
ကြိုးပျက်နေတာဆိုရင် (-40’C) (150’C)
Open Circuit/ Short Circuit ပုံစံနဲ့ Scan
Tool မှာ ပြမှာဖြစ်သလို ချက်မီးလည်း
လင်းလာနိုင်ပါတယ်။

ဆင်ဆာမကောင်းတဲ့အခါ နောက်ဆက်တွဲ
အနေနဲ့ ……

ဂီယာချိန်း နောက်ကျတာ၊ ဂီယာချော်တာ၊
ဂီယာမချိန်းတာ၊ ဂီယာဆောင့်တာ၊ D မီးခုန်
တာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

-မိမိသိသလောက် အတွေ့အကြုံလေး မျှဝေ
ပေးခြင်းသာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေ
ပါစေ။

📌အင်ဂျင်နဲ့ ဂီယာဘောက်အပိုင်းများ
စစ်ဆေး ပြုပြင်လိုပါက ကျွန်တော်တို့ဆီ
ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ။

——————————————————————

Royal 93 car care center
09 09 259 999 496 / 09 687777449
Google link..
://maps.app.goo.gl/cGv94PfMKZrSViPH7

နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေးအဝိုင်းအနီး ၊ပျဥ်းမနား -တောင်ညိုလမ်းမကြီးဘေး၊ နေပြည်တော် ။

23/10/2025

🚙🚗🛻🚚

💦💦


18/09/2025

👉 သင့်ကားကို ဆီစားနှုန်းများစေသော အကြောင်းအချက်များ....

ကားတစ်စီးမှာ ဆီစားနှုန်းဘယ်လောက်ရှိသလဲဆိုတာ ကားဝယ်မယ့်လူက လေ့လာပြီး ရွေးချယ်ဝယ်ယူကြပါတယ်။
ကားထုတ်လုပ်သူ Auto Maker ကားကုမ္ပဏီကြီးတွေကလည်း ကား Model တစ်မျိုးချင်းစီအတွက် ဆီစားနှုန်းကို အတိအကျ ထုတ်ဖော်ကြေညာပြီး ရောင်းရပါတယ်။မဟုတ်မမှန် လိမ်ညာပြီး ဖော်ပြလို့မရပါဘူး။
ကားတစ်စီး ဆီစားနှုန်းကို လိမ်လည် ဖော်ပြတဲ့ ကားကုမ္ပဏီတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာဏာပိုင်တွေက စောင့်ကြည့် စစ်ဆေးပြီး အရေးယူပါတယ်။
ဒဏ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး တပ်ရိုက်ပါတယ်။

ဆီစားနှုန်းကို ဖော်ပြတဲ့ယူနစ် နှစ်မျိုး ရှိပါတယ်။
mpg နဲ့ L/100km ဖြစ်ပါတယ်။ မြန်မာတွေ ရင်းနှီးကျွမ်းဝင်တဲ့ အသုံးကတော့ ဆီတစ်ဂါလံမှာ မိုင်ဘယ်လောက်မောင်းလို့ရသလဲ။ ဒါကို mile per gallon (mpg) နဲ့ ဖော်ပြပါတယ်။ နိုင်ငံတကာသုံး ယူနစ်ကတော့ လီတာနဲ့ ဖော်ပြပါတယ်။ ကီလိုမီတာ (၁၀၀) ခရီးကို သုံးရတဲ့ ဆီထုထည်ပမာဏ (လီတာ) နဲ့ တွက်ကြပါတယ်။ သုံးတဲ့ယူနစ်က Litres/100km ဖြစ်ပါတယ်။ မြို့တွင်းမှာ မောင်းတာနဲ့ မြို့ပြင်မှာမောင်းတာ ကုန်တဲ့ဆီစားနှုန်း မတူပါဘူး။ မြို့တွင်းမှာ ယာဉ်ကြောပိတ်နေတာကြောင့် ဆီပိုကုန်ပါတယ်။

ကားတစ်စီး ရဲ့ တကယ့်လက်တွေ့ ဆီစားနှုန်းက မှန်ကန်တဲ့မောင်းနှင်မှု ပုံစံနဲ့ ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခြေအနေအပေါ်မှာ မူတည်နေပါတယ်။
ကားတစ်စီးမှာ စက်မှုပိုင်းဆိုင်ရာ ချွတ်ယွင်းမှု အားနည်းချက်တွေ အပြစ်တွေရှိနေရင် ဆီစား များနိုင်ပါတယ်။ ဆီစားများနေတာ ငွေယိုပေါက်တစ်ခုပါပဲ။ နေ့စဉ်ကုန်ကျနေတာ လောင်စာဆီ ဝယ်ယူရတဲ့ဂရိတ်ပါ။
လောင်စာဆီ ချွေတာဖို့ ဆီစားနှုန်းများစေတဲ့ ကားတစ်စီးရဲ့ ချွတ်ယွင်းအားနည်းချက်တွေကို ပြုပြင်ဖို့လိုပါတယ်။

Cleaner လေစစ် ပိတ်ဆို့ နေတတ်ခြင်း...

Air Cleaner ပိတ်နေရင် အင်ဂျင်လေဆွဲတဲ့အချိန်မှာ လေအလုံအလောက်မရဘဲ အသက်ရှူကြပ် နေသလို ဖြစ်တတ်ပါတယ်။
လေစစ်မှာ ဖုန်၊ သဲ၊ အမှိုက်တွေ ပိတ်နေတတ်ပါတယ်။ လေစစ် Fitter ကို လေပြင်းအားကောင်းကောင်းနဲ့ လေမှုတ်သန့်ရှင်းပေးပါ။ Fitter မကောင်းရင် အသစ်လဲလှယ်ပါ။

များ ကောင်း မကောင်းခြင်းများ စစ်ဆေးခြင်း...

ပလပ် မကောင်းလျှင် အားနည်းပါတယ်။ ပလပ်မကောင်းရင် လောင်စာဆီတွေ အပြည့်အ၀ မီးလောင်ကျွမ်းမှု မရနိုင်ပါဘူး။ ပလပ်မီးစားပြီး တိုနေသလား။ ကာဗွန်ချိုးတွေ၊ ဆီတွေ ပေကျံပြီး ညစ်ပတ်နေသလား စစ်ပေးပါ။ ဆီအရည်အသွေး မကောင်းလျှင်လည်း ပလပ်တွေ ခဏလေးနဲ့ ညစ်ပတ်ပါတယ်။
ဒါကြောင့် ပလပ်တွေကို ဆေးကြောသန့်ရှင်းပြီး သုံး၍ရလျှင် ပြန်သုံးပါ။
မကောင်းပါက ပလပ်ကောင်းကောင်း လဲပေးပါ။

ကောင်း မကောင်းကို စစ်ဆေးခြင်း....

EFI အင်ဂျင်တွေမှာ Injector နဲ့ ဆီဖြန်းပေးပါတယ်။ Injector မကောင်းလျှင် ဆီဖြန်းပေးတဲ့ပုံစံ မမှန်နိုင်ပါ။ အောက်တိန်းနံပါတ်နိမ့်တဲ့ အရည်အသွေးညံ့တဲ့ လောင်စာဆီတွေကြောင့် Injector ထိပ်မှာ မီးမလောင်ဘဲ ကျန်နေတဲ့ဓာတ်ဆီချိုးတွေ ကာဗွန်ချိုးတွေ ပိတ်နေတတ်ပါတယ်။ Injector တွေကို ဆေးကြောသန့်ရှင်းပေးပါ။

#အောက်ဆီဂျင်ဆင်ဆာစစ်ဆေးခြင်း...

အင်ဂျင်ကထွက်လာတဲ့ အိတ်ဇောဓာတ်ငွေ့ထဲမှာ အောက်ဆီဂျင် O2 လက်ကျန်ဘယ်လောက်ရှိသလဲဆိုတာကို O2 Sensor က ထောက်လှမ်းပေးပါတယ်။ O2 ဆင်ဆာက ပေးပို့တဲ့သတင်းအချက်အလက်တွေအရ ကွန်ပျူတာဖြင့်
တွက်ချက်ပြီး ဆီဖြန်းပေးရမည့် ပမာဏကို သတ်မှတ်ပေးပါတယ်။
ဒီအတိုင်း Injector က လောင်စာဆီ ဖြန်းပေးရပါတယ်။ အောက်ဆီဂျင်ဆင်ဆာ မကောင်းရင် ဆီနဲ့လေ ရောစပ်မှု အမျိုးအစား မမှန်တော့ပါဘူး။
ခရီးမိုင် ၁၀၀,၀၀၀ ကျော် သုံးပြီးပါက အောက်ဆီဂျင်ဆင်ဆာ အသစ်လဲပေးပါ။

ဆင်ဆာ မကောင်းစစ်​ဆေးခြင်း...

အင်ဂျင်အအေးစနစ်မှာ Coolant အရည်ရဲ့အပူချိန်ကို ဆင်ဆာက အာရုံခံပြီး ကွန်ပျူတာကို သတင်းပို့ပါတယ်။ ဆင်ဆာမကောင်းလို့ သတင်းအချက်အလက်တွေ မမှန်လျှင် ကွန်ပျူတာတွက်ချက်မှုတွေ မှားယွင်းပြီး လောင်စာဆီ ရောစပ်မှုတွေလည်း မှားနိုင်ပါတယ်။ ဒါ့ကြောင့် ဆင်ဆာတွေ ကောင်းဖို့လိုပါတယ်။

#သာမိုစတက် စစ်ဆေးခြင်း

အင်ဂျင်အအေးခံစနစ်မှာ သာမိုစတက်က လုံလောက်တဲ့အပူချိန်ရောက်မှ အအေးခံရည် Coolant တွေ ဖြတ်သန်းစီးဆင်းနိုင်အောင် လမ်းဖွင့်ပေးပါတယ်။
အင်ဂျင်စပြီးလည်တဲ့အချိန်မှာ သာမိုစတက်က ပိတ်နေပါတယ်။ သာမိုစတက်မမှန်ရင် အင်ဂျင်ပူလာဖို့ အချိန်ကြာပြီး ဓာတ်ဆီလည်း ပိုကုန်ပါတယ်။ သာမိုစတတ်နဲ့
ကွန်ပျူတာ ထိန်းချုပ်မှုတွေက ဆက်စပ်နေပါတယ်။ မကောင်းတဲ့ သာမိုစတက်ကို အစားထိုးလဲပေးနိုင်ရင် ဆီအပိုကုန်တာ သက်သာစေပါတယ်။

#အင်ဂျင်Compression ကျခြင်း စစ်ဆေးခြင်း

Compression ကျနေတဲ့ အင်ဂျင်တစ်လုံးဟာ ဆီစားများပါတယ်။ အင်ဂျင် Compression ကောင်း/မကောင်း စစ်ဆေးနိုင်ပါတယ်။ အင်ဂျင် Valve တွေ Piston Ring တွေ စားပြီး လေမလုံလျှင် Compression ကျပါတယ်။

မန်နီဖို့ လေဟာနေခြင်း.....

မန်နီဖို့အဝင် ပိုက်လိုင်းကွဲအက်နေတာ၊ မန်နီဖို့အထိုင်ဂတ်စ်ကတ် မလုံတာ၊ EGR များ Exhaust Gas Recirculation မလုံတာတွေကြောင့် လေနဲ့လောင်စာဆီ ရောစပ်မှုအချိုးအစားတွေ မမှန်နိုင်တော့ဘဲ အင်ဂျင်ဆီစား များလာပါတယ်။

#အိတ်ဇောစနစ် ပိတ်နေခြင်း စစ်ဆေးခြင်း

အိတ်ဇောဘူး Catalytic Convertor ပိတ်နေခြင်းကြောင့် Back Pressure ဖြစ်ပြီး အင်ဂျင်လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ ဆီစားလည်း များစေပါတယ်။ အိတ်ဇောဘူး ပိတ်နေတာကို ပြုပြင်ပေးပါ။

#ကလပ်ပလိပ် စားနေခြင်း စစ်ဆေးခြင်း

Manual ဂီယာစနစ်မှာ ကလပ်ယူနစ်ကို သုံးပါတယ်။ ကလပ်အုံထဲက ကလပ်ပလိပ်ပြားလိုင်နာစားပြီး ပျော်နေလျှင် အင်ဂျင်လည်သလောက် ပါဝါမရပါဘူး။ ဆီစားလည်း များလာပါတယ်။ ကလပ်ပလိပ် မကောင်းတာကို လဲပေးပါ။

#ဘရိတ်ရှုးတွေ ငြိနေခြင်း ရှိ မရှိ စစ်ဆေးခြင်း...

ကားဘရိတ်ငြိပြီး အင်ဂျင်ရုန်းသလောက် ကားမသွားတော့ပါဘူး။ ဆီကုန်ပြီး ချိုးမတင်တော့ပါဘူး။
ကားဘီးတွေပူပြီး ညှော်နံ့တွေထွက်လာတာ ဘရိတ်ငြိနေလို့ပါ။ ဘရိတ်စနစ်တွေကို Service လုပ်ပေးပါ။

#တာယာလေပေါင်ဖိအား လျော့နေခြင်း စစ်ဆေးခြင်း..

လေနည်းနေတဲ့ တာယာဘီးက လေးပါတယ်။ တာယာလေပေါင်မှန်မှ ကားမောင်းရတာ ကောင်းပါတယ်။ တာယာဘီးတွေ အလိုင်းမန့် မှန်နေဖို့လည်း လိုပါတယ်။ တာယာဘီးတွေကို လေပေါင်မှန်မှန်ချိန်ပါ။ လေအစား နိုက်ထရိုဂျင်ထိုးလျှင် ပိုကောင်းပါတယ်။
#လေခုခံမှုတွေ လျော့သွားအောင်လုပ်ဆောင်ပေးခြင်း

ကားခေါင်မိုးပေါ်မှာ ဝက်ခြံစင်တွေ၊ Box တွေ တင်ထားလျှင် လေတိုးတဲ့ဒဏ်ကြောင့် ကားပြေးသင့်သလောက် မပြေးပါဘူး။
လေခုခံအားတွေ လျော့ကျသွားအောင် ကားအမိုးပေါ်မှာ ဘာပစ္စည်းမှမထားပါနဲ့။

#ကားတံခါးမှန်တင်ပြီးမောင်းနှင်ပေးပါ...

Highway ကားမောင်းတဲ့အခါမှာ တံခါးမှန်တွေဖွင့်ပြီးမောင်းရင် လေတိုးတာကြောင့် ဆီပိုကုန်ပါတယ်။ မှန်ပိတ် Air Con ဖွင့်ပြီး မောင်းပါ။

Speed မှာပဲ မောင်းပါ

Highway မှာ ဆီစား အသက်သာဆုံး အမြန်ဆုံး Speed က 55mph နဲ့ 60mph ကြား ဖြစ်ပါတယ်။
ဒီထက်ပိုမြန်နေရင် ဆီပိုကုန်ပါတယ်။ Speed ထက် နှေးနေလျှင်လည်း ဆီစားများပါတယ်။
အကောင်းဆုံးက ကီလိုမီတာ ၁၀၀ နှုန်း 100km/l ပဲ ဖြစ်ပါတယ်။
အမြန်မောင်းတာ ဆီပိုကုန်တဲ့အပြင် အန္တရာယ်လည်း များပါတယ်။
အမြန်လမ်းမှာဖြစ်ပွားတဲ့ ယာဉ်တိမ်းမှောက်မှုတွေဟာ ကီလို (၁၀၀) အထက်ကို မောင်းနေကြလို့ ဖြစ်ပါတယ်။

#မီးပွိုင့်မိတာ ကြာနေလျှင် စက်ရပ်ထားပါ...

ယာဉ်ကြောကျပ်၊ ယာဉ်ကြောပိတ်တဲ့ မြို့တွင်းလမ်းတွေမှာ မီးပွိုင့်စောင့်ရတာ ကြာပါတယ်။ စောင့်နေတဲ့အချိန်မှာ စက်ရပ်ထားပါ။ အမြင့်ကားတွေမှာ Start-Stop System က Auto စက်ရပ် စက်နှိုးလုပ်ပါတယ်။

#ကားမောင်း မကြမ်းပါနဲ့...

ကားမောင်းကြမ်းတာ ဆီပိုကုန်ပါတယ်။ အန္တရာယ်လည်း များပါတယ်။
ပုံမှန်မောင်းပါက ကားအစိတ်အပိုင်းတွေလည်း ပွန်းစားမှု သက်သာစေပါတယ်။ ဆီကုန်လည်း သက်သာပါတယ်။
ကိုယ်မောင်းတဲ့ကား ဆီစားများနေသလား။ ပုံမှန်လားသိဖို့ လိုပါတယ်။ ကီလိုမှတ်ပါ။ ထည့်တဲ့ဆီလီတာကိုမှတ်ပြီး တွက်ကြည့်ပါ။ အရည်အသွေးမြင့်တဲ့ ဆီတွေကို သုံးပါ။

Article ads
Post& photo Credit:

01/08/2025

🍀စက်ပေါလစ် အတွင်းခန်းလျှော် ကားရေဆေး ဆေးဘော်ဒီ စတစ်ကာ ကားအောက်ပိုင်း
ကားနဲ့ပတ်သက်တာအားလုံး အကုန်ရပါတယ်နော်။

🏡နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေးဝိုင်းအနီး
📱09259999496









"ဝါဆိုလပြည့် ဓမ္မစကြာအခါနေ့" 🙏🙏🙏ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကာ စီးပွားရေး‌တွေ ဒီရေအလား တိုးတက်ကြီးပွားအောင်မြင်ကြပါစေရှင်....
09/07/2025

"ဝါဆိုလပြည့် ဓမ္မစကြာအခါနေ့" 🙏🙏🙏

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကာ စီးပွားရေး‌တွေ ဒီရေအလား တိုးတက်ကြီးပွားအောင်မြင်ကြပါစေရှင်...

ဒီလိုမိုးရာသီဆိုရင် အတွင်းခန်းလျှော်ကားတွေက တန်းစီနေတတ်တယ်။ မိုးတွင်းမှာဖြစ်လေ့ရှိတဲ့ ကားအတွင်းခန်းအနံ့ဆိုးတွေ၊ အောက်သို...
06/07/2025

ဒီလိုမိုးရာသီဆိုရင် အတွင်းခန်းလျှော်ကားတွေက တန်းစီနေတတ်တယ်။

မိုးတွင်းမှာဖြစ်လေ့ရှိတဲ့ ကားအတွင်းခန်းအနံ့ဆိုးတွေ၊ အောက်သိုးသိုးအနံ့တွေ၊ မှိုနံ့တွေဟာ စိတ်ကိုအနှောက်အယှက် ဖြစ်စေတာအမှန်ပါပဲ။

ဒီလိုပြသနာတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် ကားအတွင်းခန်းလျှော်လိုက်တာ အကောင်းဆုံးပါပဲ။

Royal 93 မှာ ကားအတွင်းခန်းလျှော်ရင် ခုံဖြုတ်ပြီး အညစ်အကြေးများကိုသန့်စင်ပေးပြီး ကားအမိုး ဆိုက်ကာဘာ အားလုံးမကျန်အောင် သေချာစွာ ဧည့်သည်စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။

ဈေးနှုန်းကလဲ ချိုသာသောနှုန်းထားနဲ့ ဆောင်ရွက်ပေးပါတယ်။

📱09259999496

🏡နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေးဝိုင်းအနီး









🍀Today is lucky day 🚗🚙🛻🚚မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏🙏🙏📱09259999496🏡နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေး...
04/07/2025

🍀Today is lucky day 🚗🚙🛻🚚

မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏🙏🙏

📱09259999496
🏡နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေးဝိုင်းအနီး
ဇမ္ဘူသီရိမြို့နယ်၊ နေပြည်တော်။








12/06/2025

💥Car Polish 🚗🛻🚒

👉လာရောက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် Customers များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်🙏🙏🙏

📱09259999496
🏡နေပြည်တော်ကောင်စီရှေ့၊ ပြန်ကပြေးဝိုင်းအနီး




Address

နေပြည်တော်ကောင်စီရုံးရှေ့၊ ပျဥ်းမနား-တောင်ညိုလမ်းမကြီးဇီဇဝါဝိုင်းအနီး၊ နေပြည်တော်။
Pyinmana

Website

Alerts

Be the first to know and let us send you an email when Royal 93 Car Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share