Automobile Lab

Automobile Lab Dear Customers...
We'll try our best to achieve your trust.

27/05/2026

ကိုယ့်ရဲ့ကား ရုတ်တရက် ဆီစားများလာရတဲ့ အကြောင်းအရင်းကို သိချင်နေကြတဲ့ ကားပိုင်ရှင်ကြီးများအတွက် 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှ မျှဝေပေးချင်ပါတယ်။

🔹 Air Filter များ ညစ်ပတ်နေခြင်း

ဖုန်မှုန့်၊ သဲနဲ့ အမှိုက်စများကြောင့် ညစ်ပေနေတဲ့ Air Filter တွေဟာ ကားအင်ဂျင်ရှိရာသို့ လေအဝင်အထွက် စီးဆင်းမှုနှုန်းကို လျော့နည်းစေတာမို့ Air Filter များ သေချာအလုပ်လုပ်ရန် အရင်ကထက်ပိုပြီး လောင်စာဆီကို အသုံးပြုပေးရတာကြောင့် လောင်စာဆီ လောင်ကျွမ်းမှုကို ပိုမိုမြှင့်တက်စေပါတယ်။

🔹 ကွာလတီနိမ့် လောင်စာဆီများကို အသုံးပြုမိခြင်း

သတ်မှတ်စံချိန်မပြည့်မီတဲ့ လောင်စာဆီများကို ထည့်ခြင်းဟာ ကားအင်ဂျင်ပါဝါနဲ့ လှုပ်ဆောင်နိုင်စွမ်းကို များစွာ ထိခိုက်စေတာကြောင့် ကားဆီစာပိုများစေတတ်ပါတယ်။

🔹 ကားတာယာများ လေလျော့နေခြင်း

လေလျော့နေတဲ့ ကားတာယာများဟာ ကားမောင်းနှင်ရ ပိုမိုခက်ခဲစေပါတယ်။ ဒါကြောင့် ကားအင်ဂျင်မှ လောင်စာဆီများကို လိုတာထက် ပိုမိုသုံးကာ မော်တော်ကား ရွေ့လျားစေဖို့ ဖန်တီးရပါတော့တယ်။

🔹 မီးပလပ် (Spark Plugs) များ ဟောင်းနွမ်းနေခြင်း

ဟောင်းနွမ်းနေတဲ့ မီးပလပ်များကို မလဲလှယ်ခြင်းဟာလည်း လောင်စာဆီလောင်ကျွမ်းမှုနှုန်းကို ထိခိုက်စေတာကြောင့် ကားအင်ဂျင်ကို တဖြည်းဖြည်းထိခိုက်စေတဲ့အပြင် ဆီစားများစေပါတယ်။

🔹 AC ကို ပုံမှန်ထက် ပိုမိုအသုံးပြုမိခြင်း

ကားအတွင်းလေအေးပေးစက်ကို ပုံမှန်ထက် အလွန်အကျွံ အသုံးပြုမိခြင်းဟာလည်း အင်ဂျင်ဝန်နဲ့ လောင်စာဆီအသုံးပြုမှုကို မြှင့်တက်စေပါတယ်။

ဒီလိုအချက်လေးတွေဟာ အရေးမကြီးဘူးထင်ရပေမယ့် လက်တွေ့မှာတော့ ဆီစားမှုနှုန်းကို ထိခိုက်စေတာမို့ ‌ငွေကုန်ကြေးကျလည်း ပိုများစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားပြီး စောင့်ကြည့်ကာ လဲလှယ်သင့်တဲ့ အရာလေးတွေ လဲလှယ်၊ ဂရုစိုက်သင့်တဲ့ အရာလေးတွေကို ပုံမှန်လေး ဂရုစိုက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကားအင်ဂျင်ကိုလည်း သက်တမ်းစေ့တဲ့အထိ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆီစားလည်း သက်သာစေမှာပါ။

ဒါကြောင့် ကိုယ့်ရဲ့ကား ရုတ်တရက် ဆီစားများလာလို့ AIr Filter၊ AC Filter၊ Spark Plug၊ Car Tire တို့လို Spare Parts တွေကို အရည်အသွေးကောင်း၊ ဈေးသင့်တင့်တာကိုမှ ယုံကြည်စိတ်ချရတဲ့နေရာကနေ ဝယ်ယူပြီး လဲလှယ်လိုတယ်ဆိုရင်တော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ဆီသာ လှမ်းလာခဲ့လိုက်ပါ…🙋🏻‍♂️

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

● ကားကွေ့လိုက်ရင် ဒူးဆစ်သံထွက်တယ်● နောက်ရှော့ဘားလဲ အိ နေတယ်● Plug နဲ့ Gear Oil မလဲတာကြာနေပြီ● Tire Pressure Sensor တွေမက...
24/05/2026

● ကားကွေ့လိုက်ရင် ဒူးဆစ်သံထွက်တယ်
● နောက်ရှော့ဘားလဲ အိ နေတယ်
● Plug နဲ့ Gear Oil မလဲတာကြာနေပြီ
● Tire Pressure Sensor တွေမကောင်းဘူး
● အောက်ပိုင်းတွေလိုတာအားလုံးလုပ်မယ်
ဆိုပြီး ရောက်လာတဲ့ Malibu ကားလေးပါ
✅️ ဒူးဆစ်ကတော့ လဲစရာမလိုပဲ ပြင်ပြီးသုံးပေးလိုက်ပါတယ်
✅️ ကျန်တာတွေကတော့ သက်တမ်း နဲ့ ပျက်စီးမှုပေါ်
မူတည်ပြီး ပြုပြင်လဲလှယ်ပေးလိုက်ပါတယ်ခင်ဗျာ

🔸️ Spare Parts ရော Service ပါ လာရောက်ပြုပြင်မှု
အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ 🔸️

Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.

Automobile Parts

♻️
21/05/2026

♻️

မော်တော်ကားတိုင်းမှာ လေ၊ လောင်စာနဲ့ ဆီ သန့်စင်ဖို့အတွက် Filters အမျိုးမျိုးကို အသုံးပြုကြပါတယ်။ မတူညီတဲ့ Filter တစ်ခုချင်းစီဟာ ကားတွေရဲ့ မတူညီတဲ့ System တစ်ခုချင်းစီကို အထောက်အကူပြုပေးကြပြီး ကားတွေရဲ့ သက်တမ်းပြည့် စွမ်း‌ဆောင်ရည်၊ ဆီစားသက်သာနှုန်းနဲ့ အင်ဂျင်သက်တမ်းကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အရာတွေအဖြစ် ပါဝင်လျက်ရှိပါတယ်။

ဒီနေ့မှာတော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကနေ ကား Filters အမျိုးအစား (၄) မျိုး အကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်…💙

🔹 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫

ကားအင်ဂျင်အတွင်း ဝင်ရောက်လာတဲ့ လေများကို သန့်စင်ပေးတဲ့အရာ ဖြစ်ပါတယ်။ အင်ဂျင်ဟာ လောင်စာနဲ့ ရောစပ်ဖို့ ပြင်ပလေကို စုပ်ယူတဲ့အခါ ပါလာတတ်တဲ့ ဖုန်မှုန့်၊ အမှိုက်စအညစ်အကြေး၊ သဲနဲ့ သေးငယ်တဲ့ အင်းဆက်ပိုးကောင်လေးတွေကို Air Filter မှ စစ်ထုတ်သန့်စင်ပေးပါတယ်။ ဒီလို သန့်စင်တဲ့လေဟာ အင်ဂျင်တွင်း လောင်ကျွမ်းမှုကို ပိုမိုအားကောင်းစေပြီး အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းများ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

Air Filter ကို ကိုယ့်ရဲ့ကား မောင်းနှင်မှု အရှိန် သိသိသာသာ လျှော့ကျလာတဲ့အခါ၊ ဆီစားမှုနှုန်း ပုံမှန်ထက် မြင့်တက်လာတဲ့အခါ၊ Filter တွေ မဲညစ်လာတဲ့အခါ၊ ကားမှာ Engine Warning Light ပေါ်လာတဲ့အခါ လဲလှယ်ပေးဖို့ အချိန်တန်ပြီပဲ ဖြစ်ပါတယ်။

🔹 𝐀𝐢𝐫𝐜𝐨𝐧 𝐅𝐢𝐥𝐭𝐞𝐫

Aircon Filter ဆိုတာ ကားအတွင်းရှိ လေအေးပေးစက်နဲ့ လေဝင်လေထွက်စနစ်မှတဆင့် ခရီးသည်ထိုင်ခုံအထိ ဝင်ရောက်လာတဲ့ လေများကို သန့်စင်ပေးတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ကားအတွင်း လေအေးများ မဝင်ရောက်ခင် Aircon Filter ကို အရင် ဖြတ်ကျော်ရပါတယ်။ ထိုအခါ ဖုန်မှုန့်၊ အနံ့ဆိုး၊ မီးခိုးငွေ့၊ ပိုးမွှားနဲ့ မှိုမှုန့်များကို Aircon Filter မှ စစ်ထုတ်သန့်စင်ပေးရတာပဲ ဖြစ်ပါတယ်။

ကားလေအေးပေးစက်အပေါက်မှ လေဝင်လေထွက် အားနည်းလာတဲ့အခါ၊ Aircon မှ ပုံမှန်မဟုတ်တဲ့ အနံ့ဆိုးများကို ရှုရှိုက်မိလာပြီဆိုတဲ့အခါ၊ ဖုန်မှုန့်တွေ တအားများလာတဲ့အခါ လဲလှယ်ပေးသင့်ပါတယ်။ Aircon Filter ကို ပုံမှန်လဲလှယ်ပေးခြင်းအားဖြင့် ပိုပြီး သန့်စင်ပြီး အေးမြတဲ့ လေကို ခံစားရမှာ ဖြစ်ပြီး ဓာတ်မတည့်မှုနဲ့ အနံ့ဆိုးများကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။

🔹 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐅𝐢𝐥𝐭𝐞𝐫

Engine Oil Filter ဟာ ကားအင်ဂျင်ဆီမှ အညစ်အကြေးများကို ယ်ရှားပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ အင်ဂျင်ဆီထဲက သတ္တုစ၊ ကာဗွန်အနယ်အနှစ်အညစ်အကြေးတို့ကို စစ်ထုတ်ပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ရပါတယ်။

Engine Oil Filter မကောင်းဘူးဆိုရင် မစစ်ထုတ်ထားတဲ့ အင်ဂျင်ဆီတွေဟာ အင်ဂျင်များကို ပုံမှန်ထက် မြန်မြန် ဟောင်းနွမ်းပျက်စီးလွယ်စေပါတယ်။ ဒါ့အပြင် အပူလွန်ကဲခြင်းကိုလည်း ဖြစ်ပေါ်စေတတ်ပြီး အင်ဂျင်သက်တမ်းတိုစေပါတယ်။ ဒါကြောင့် Engine Oil Filter တွေကို အင်ဂျင်ဆီလဲလှယ်တဲ့အခါ အတူတူ လဲလှယ်သင့်ပါတယ်။

🔹 𝐃𝐢𝐞𝐬𝐞𝐥 𝐅𝐢𝐥𝐭𝐞𝐫

ကားအင်ဂျင်ထဲ ဒီဇယ်မရောက်မီ ဒီဇယ်ဆီကို စစ်ထုတ်သန့်စင်ပေးတဲ့ အရာ ဖြစ်ပါတယ်။ အမှုန်အမွှား၊ သံချေးနဲ့ အနယ်အနှစ်တွေကို ဖယ်ရှားပေးခြင်း တာဝန်ကို ဆောင်ရွက်ရပါတယ်။ အများအားဖြင့် Diesel Filter တွေမှာ ကားတွင်းစက်ပစ္စည်းများ မထိခိုက်အောင် ဒီဇယ်ဆီထဲ ပါဝင်နေတတ်တဲ့ ရေ ကို သီးသန့်ခွဲထုတ်ပေးတဲ့ “Water Separator” ပါ တွဲရက်ပါရှိတတ်ပါတယ်။

ဒီဇယ်ကားတွေဟာ High Pressure မှာ အလုပ်လုပ်ကြတာမို့ သန့်စင်ပြီး အရည်အသွေးပြည့်မီတဲ့ ဒီဇယ်ဆီကို သုံးပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကားစက်နှိုးရခက်လာရင်၊ ကားဆီစားမှု ပိုများလာရင် Diesel Filter လဲလှယ်ချိန် တန်ပြီပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကားကျန်းမာအောင် စောင့်ရှောက်ပေးနေတဲ့ ဒီ Filter (၄) မျိုးကို ပုံမှန်လေး စောင့်ကြည့်ကာ ဂရုတစိုက်လဲလှယ်သင့်ပြီနော်။ Filter လဲတော့မယ်၊ အရည်အသွေးကိုလည်း ကောင်းပေ့မှ ကြိုက်ရင်တော့ ကား Brand အစုံအတွက် ပစ္စည်းများ Instock / Preorder ရှိတဲ့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ မှာယူနိုင်ပါပြီ…🤗

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

⚠️
18/05/2026

⚠️

မြို့တွင်း VS Highway

ဒီ (၂) ခုထဲမှာ ဘယ်မှာ မောင်းနှင်တဲ့အခါ 𝐁𝐫𝐚𝐤𝐞 𝐏𝐚𝐝𝐬 တွေဟာ ပိုပြီး ပျက်စီးလွယ်တယ်ဆိုတာ သိကြပါရဲ့လား ?

Brake Pads ဆိုတာ အချိန်နဲ့အမျှ အသုံးပြုမှုအပေါ် မူတည်ပြီး ဟောင်းနွမ်းပျက်စီးလွယ်တတ်တဲ့အရာတွေပါ။

မြို့တွင်းမောင်းနှင်မှုများတဲ့ ကားနဲ့ Highway မောင်းနှင်မှုများတဲ့ ကား (၂) စီး ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ မြို့တွင်းမောင်းနှင်မှုများတဲ့ ကားရဲ့ Brake Pads တွေဟာ ဟောင်းနွမ်းပျက်စီးမှု ပိုမြန်ကြတာပဲ ဖြစ်ပါတယ်။

Traffic များလွန်းလှတဲ့ မြို့တွင်းထဲမှာဆိုရင် အရှိန်နဲ့ မောင်းနှင်ရတာ နည်းပြီး ဘရိတ်အုပ် ရပ်ရတာ၊ ပြန်လည် မောင်းနှင်ရတာတွေ များပါတယ်။ Traffic မိတဲ့အခါတိုင်းမှာလည်း Low Speed နဲ့ မကြာခဏ ဘရိတ်အုပ်ရပါတယ်။

အဲ့ဒီလို ဘရိတ်အုပ်လိုက်တိုင်း ပွတ်တိုက်မှုကို ဖန်တီးတာမို့ Brake Pads တွေကို ဟောင်းနွမ်းစေပါတယ်။ ခရီးတို၊ မီးပွိုင့်တွေနဲ့ ရုတ်တရက် ရပ်တန့်မှုတိုင်းဟာ Brake Pads တွေရဲ့ ဟောင်းနွမ်းမှုနှုန်းကို ပိုမြန်စေပါတယ်။

ဒါကြောင့် အန္တရာယ်ကင်းစေဖို့အတွက် Brake Pads တွေကို ပုံမှန် စစ်ဆေးပေးနေဖို့ လိုအပ်ပြီး ဟောင်းနွမ်းတဲ့အခါ အစားထိုးလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ Barke Pads ဟောင်းနေပြီဆိုရင် ကားကို အချိန်မီ ရပ်တန့်ဖို့ရာ ခက်တာမို့ မလဲပေးဘူးဆိုရင် ကားရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်စေရုံသာမက စီးနင်းသူတိုင်းရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တာပဲ ဖြစ်ပါတယ်။

ကိုယ့်တန်ဖိုးကြီးကားတွေရဲ့ Brake Pads တွေကို စံချိန်မီ အရည်အသွေးကောင်းမှ လဲလှယ်ပေးလိုတယ်ဆိုရင်တော့ Korea/ China/ Europe Made Car Brand တွေရဲ့ Spare Parts တွေကို Instock / Preorder ထား ရောင်းချပေးနေတဲ့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ရှိနေပါပြီ…

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

● အင်ဂျင်သံကြမ်းနေတာ ဆက်မမောင်းရဲတော့လို့ဆွဲလာရတဲ့ကားလေး● အင်ဂျင်ဝိုင်တိုင်းလိုက်တော့ ဂိတ်တံမှာသေချာမမြင်ရတာနဲ့ ဆီဖောက်ခ...
17/05/2026

● အင်ဂျင်သံကြမ်းနေတာ ဆက်မမောင်းရဲတော့လို့
ဆွဲလာရတဲ့ကားလေး
● အင်ဂျင်ဝိုင်တိုင်းလိုက်တော့ ဂိတ်တံမှာသေချာ
မမြင်ရတာနဲ့ ဆီဖောက်ချလိုက်တော့ ဆီနဲနဲပဲ
ကျလာပါတယ်
● အင်ဂျင်ဝိုင်ခဲပြီး ဆီလိုင်းတွေဂျီးပိတ်တယ်ပဲ
ထင်လိုက်တာ
● အင်ဂျင်ဝိုင်ပန့်က ဒလက်ပါကျိုးနေတာတွေ့ရပါတယ်
● လိုအပ်တဲ့ပစ္စည်းတွေလဲ ၊ ဆေးကြောပြုပြင်
လိုက်တော့ ကားလေးကောင်းသွားတယ်ဆိုပေမယ့်
⚠️ အင်ဂျင်ဝိုင်ပုံမှန်စစ်ဆေးလဲလှယ်ပေးပါ
⚠️ လိုအပ်လျှင် အင်ဂျင်ဝိုင် Flushing ပြုလုပ်ပေးပါ
ခင်ဗျာ

🟨 အဝေးကြီးကနေ ကားဆွဲပြီးလာရောက်ပြုပြင်
တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ 🟨
Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.

🟨 Detailing 🟨● Premium Wash ● Premium Polish ●Phone          : 09 42 7676 766Address       : အ.ထ.က (၃) ကျောင်းဘေး ၊ ချယ်...
13/05/2026

🟨 Detailing 🟨
● Premium Wash ● Premium Polish ●
Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.

Automobile Parts

Automobile Parts
10/05/2026

Automobile Parts

🌞 အပူရှိန်ကျမသွားသေးတဲ့ နွေနှောင်းကာလတွေမှာ ကိုယ့်ရဲ့ကားလေး ကြံ့ခိုင်နေစေဖို့ရာ ဘယ်လိုအပိုင်းတွေကို ပုံမှန် စစ်ဆေးပြီး ပြုပြင်သင့်လဲ …🤔

🔹 နွေနေပူမှာ ကားလေးစီးပြီး သက်တောင့်သက်သာ ခရီးသွားလာနိုင်ဖို့ Aircon ကောင်းနေဖို့ကလည်း အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ ကား AC ဟာ သိပ်မအေးတော့ဘူးဆိုရင်တော့ AC Gas Level နိမ့်နေပြီလား နဲ့ Air Filter တွေ ညစ်ပတ်နေ၊ ဟောင်းနေပြီလားဆိုတာ စစ်ဆေးပေးသင့်ပါတယ်။

🔹 Air Filter လေး သန့်နေမယ်ဆိုရင် အင်ဂျင်အားကို ပိုကောင်းစေပြီး ဆီစားသက်သာစေပါတယ်။ ဒါကြောင့် လိုအပ်ပြီဆိုရင် Air Filter တွေ လဲဖို့ကို မတွေဝေသင့်ပါဘူး။

🔹 မြင့်မားတဲ့ ပြင်ပမှ အပူချိန်ဟာ ကားရဲ့ အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Engine Oil ကို ပုံမှန်စစ်ဆေးပေးသင့်ပြီး လိုအပ်တဲ့အခါ လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Engine Oil ကိုလည်း ကိုယ့်ရဲ့ ကားနဲ့ ကိုက်ညီတဲ့ Grade အမှန်ကို အသုံးပြုသင့်ပါတယ်။

🔹 ပူပြင်းတဲ့ရာသီဟာ Car Tire ရဲ့ Pressure ကို မြင့်တက်စေတာမို့ Tire များကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ Tire များကို ကားမောင်းပြီးပြီးချင်း စစ်ဆေးခြင်း မပြုသင့်ဘဲ အပူချိန်ကျအောင် အချိန်တစ်ခုလောက် စောင့်ပြီးမှ စစ်ဆေးသင့်ပါတယ်။ ပိုပြီး အန္တရာယ်ကင်းတဲ့ ‌မောင်းနှင်မှုများ ပြုလုပ်နိုင်စေဖို့ရာ PSI မှန်အောင်လည်း ထိန်းထားသင့်ပါတယ်။

🔹 ကားပါကင်ထိုးတဲ့အခါမှာလည်း အရိပ်ရ၊ အေးမြတဲ့နေရာတွေကို ဦးစားပေး ရွေးချယ်ကာ ရပ်နားသင့်ပါတယ်။ အရိပ်ရတဲ့နေရာမှာ ပါကင်ထိုးတဲ့အခါ ကားအတွင်း အပူအောင်းခြင်းကို သက်သာစေပြီး ကား‌အပြင်ဆေးတွေကိုလည်း မပျက်စီးအောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

🔹 Dashboard နဲ့ ကားအတွင်းပိုင်း Leather တွေကို အပူကြောင့် ပျက်စီးခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်လည်း Sunshade နဲ့ Window Film တွေ အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။

🔹 ကားရဲ့ ကြံ့ခိုင်မှုကို အားဖြည့်‌ပေးနေတဲ့ Fluid တွေဖြစ်တဲ့ Coolant, Brake Fluid, Windshield Fluid, Transmission Fluid တွေ Overheat ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ပုံမှန်လေး စစ်ဆေးပေးသင့်ပြီး လဲလှယ်ဖို့ လိုတဲ့အခါမှာလည်း အရည်အသွေးမြင့်ပစ္စည်းများကိုသာ အသုံးပြုပေးသင့်ပါတယ်။

ဒီလို အခြေခံအချက်လေးတွေကို ပြုလုပ်ပေးမယ်ဆို နွေနေပူမှာ ကိုယ့်ရဲ့ တန်ဖိုးကြီး ကားတွေဟာ အမြင့်မားဆုံး ကြံ့ခိုင်မှုနဲ့ လိုရာခရီးကို သက်တောင့်သက်သာ၊ အန္တရာယ်ကင်းကင်းနဲ့ အရောက်သွားနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

အရည်အသွေးမြင့် ကားအပိုပစ္စည်းများကို ပစ္စည်းမှန်၊ ဈေးတန် Online မှ ဖြစ်စေ၊ ဆိုင်သို့လာရောက်ပြီးဖြစ်စေ ဝယ်ယူလိုပါက 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကို သတိရလိုက်ပါ။

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

🟨 Super Sunday Special Service 🟨  ● Toyota MARK-X - Suspension Service   ● Toyota Wish - Engine Oil / Plug Change  ● Hon...
10/05/2026

🟨 Super Sunday Special Service 🟨
● Toyota MARK-X - Suspension Service
● Toyota Wish - Engine Oil / Plug Change
● Honda Fit - Gear Oil Change

Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.


Automobile Parts

🟨 Suzuki Ertiga ⚡️ Interior Detailing 🟨 ● Normal Car Wash ● Wash Seats and Carpets ● Clean Plastics with Interior APC ● ...
07/05/2026

🟨 Suzuki Ertiga ⚡️ Interior Detailing 🟨
● Normal Car Wash
● Wash Seats and Carpets
● Clean Plastics with Interior APC
● Clean Windows and Mirrors
● Plastics and Leather Dressing
● Ceiling Wash

Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.


Automobile Parts

မနက်ဖြန် ၄ . ၅ . ၂၀၂၆ "တနလ်ာနေ့" ဆိုင်တစ်ရက်ပိတ်ပါသည်။Phone          : 09 42 7676 766Address       : အ.ထ.က (၃) ကျောင်းဘေ...
03/05/2026

မနက်ဖြန် ၄ . ၅ . ၂၀၂၆ "တနလ်ာနေ့" ဆိုင်တစ်ရက်ပိတ်ပါသည်။
Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.

Automobile Parts

◼️ Polishing Service ◼️  ● FAW BESTUNE ● TOYOTA MARK-X ●◼️ Car Body နဲ့ မှန် မှာရှိတဲ့ ရေခြောက်ကွက်တွေကအချိန်ကြာကြာထားမိ...
29/04/2026

◼️ Polishing Service ◼️
● FAW BESTUNE ● TOYOTA MARK-X ●

◼️ Car Body နဲ့ မှန် မှာရှိတဲ့ ရေခြောက်ကွက်တွေက
အချိန်ကြာကြာထားမိရင် ပိုချွတ်ရခက်တဲ့ အကွက်တွေ
ဖြစ်စေပါတယ် အခုလို အနက်ရောင်ကားတွေအတွက်
ဆိုရင်ပိုဆိုးပါတယ်ခင်ဗျာ...

Phone : 09 42 7676 766
Address : အ.ထ.က (၃) ကျောင်းဘေး ၊
ချယ်ရီလမ်း ၊ ပေါင်းလောင်း (၃) ရပ်ကွက် ၊
ပျဉ်းမနားမြို့ ၊ နေပြည်တော်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://maps.app.goo.gl/29JU58qnXE8QhmSn7

Automobile Lab - Car Service & Detailing
𝘿𝙚𝙖𝙧 𝙘𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨, 𝙬𝙚’𝙡𝙡 𝙩𝙧𝙮 𝙤𝙪𝙧 𝙗𝙚𝙨𝙩 𝙩𝙤 𝙖𝙘𝙝𝙞𝙚𝙫𝙚 𝙮𝙤𝙪𝙧 𝙩𝙧𝙪𝙨𝙩.


Automobile Parts

Address

Automobile Lab , Cherry Street , OoYin Su
Pyinmana

Alerts

Be the first to know and let us send you an email when Automobile Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Automobile Lab:

Share