08/11/2025
EV Battery သက်တမ်းကြာရှည်ခံအောင် ဒီအချက်တွေဆင်ခြင်ဖို့ လုံးဝမမေ့ပါနဲ့.....
🔋 EV တစ်စီးမှာ Battery ကအရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်
Battery သက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေလုပ်ဆောင်မည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
1️⃣ အားသွင်းခြင်း
EV ကားများကို အားသွင်းသည့်အခါ ဘက်ထရီကို 100% အပြည့်သွင်းခြင်းကိုရှောင်ကြဉ်ပြီး 20% မကျခင်အားသွင်းကာ 80% အထိသာသွင်းသင့်ပါတယ်။
DC Fast Charging ဖြင့် အား 100% အထိသွင်းခြင်းကို လိုအပ်မှသာသုံးသင့်ပြီး နေ့စဉ်သုံးအတွက်ဆိုရင် များသောအားဖြင့် AC Charging ကို ဦးစားပေးသွင်းသင့်ပါတယ်။
ပူပြင်းသောအချိန်တွေမှာအားသွင်းခြင်း၊ အားသွင်းပြီးချိန်ချက်ချင်းမောင်းခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။
2️⃣ ကားအသုံးမပြုခြင်း
ကားကိုအသုံးမပြုဘဲ အချိန်ကြာကြာရပ်ထားမည်ဆိုရင် Battery အားကို 40% ကနေ 60% အတွင်းထားရှိရပါမယ်။
အားအပြည့် (သို့) အားကုန်ခါနီးနှင့် ရက်ပေါင်းများစွာထားရင် ဘက်ထရီသက်တမ်းကိုပိုတိုစေပါတယ်။
3️⃣ ကားရပ်ထားခြင်း
နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာတွင် ကားကိုအချိန်ကြာကြာရပ်ထားခြင်းကို ရှောင်ကြဉ်ရပါမယ်။
4️⃣ ကားမောင်းခြင်း
ကားမောင်းရာတွင် အရှိန်မြှင့်စွာမောင်းခြင်းဟာ ဘက်ထရီကနေကြီးမားတဲ့ပါဝါကို ရုတ်တရက်ဆွဲယူသလိုဖြစ်စေသောကြောင့် အရှိန်ပြင်းစွာမောင်းခြင်းကို ရှောင်ကြဉ်ရပါမယ်။
5️⃣ ပုံမှန်စစ်ဆေးမှုခံယူခြင်း
ကိုယ့်ရဲ့ EV ကားတွေကို Authorized Service Center တွေမှာ Battery နှင့် Software Update တွေကို လအလိုက်ပုံမှန်လေး စစ်ဆေးပေးသင့်ပါတယ်။
အခုလောက်ဆို EV ကားတွေရဲ့ Battery ကို သက်တမ်းပိုမိုကြာရှည်အောင် ဆောင်ရန်ရှောင်ရန်အချက်များကို သိသွားလောက်ပြီထင်ပါတယ်။
✨ နောက်လည်းအခုလို ကားနှင့်ပတ်သတ်တဲ့ ဗဟုသုတရစရာအကြောင်းအရာတွေကို အမြဲတင်ပေးသွားမှာဖြစ်လို့
Changan Myanmar Page လေးကိုလည်း Like & Follow လုပ်ထားဖို့ လုံးဝမမေ့ပါနဲ့ခင်ဗျာ။