Naypyitaw Car Rental and Taxi Service

Naypyitaw Car Rental and Taxi Service If our customers will arrive on Naypyitaw anytime, we will provide our good services.

15/11/2025

သိတဲ့သူက ၁၀၀ မှ ၁ ယောက်တောင် ရှိပါ့မလားပဲ !!

15/11/2025
မနက်ဖြန် ၁-၁၁-၂၀၂၅ ရက်နေ့ နေ့လည်တွင်  #ပြင်ဦးလွင်၊  #မန်းလေး မှ  #နေပြည်တော် သို့ ကားအကြုံရှိပါတယ်  တစ်ယောက် ၄၅,၀၀၀/၃၅,၀...
31/10/2025

မနက်ဖြန် ၁-၁၁-၂၀၂၅ ရက်နေ့ နေ့လည်တွင် #ပြင်ဦးလွင်၊ #မန်းလေး မှ #နေပြည်တော် သို့ ကားအကြုံရှိပါတယ် တစ်ယောက် ၄၅,၀၀၀/၃၅,၀၀၀ ကျပ်ပါ ခင်ဗျာ။

လမ်းကြုံခရီးသည်ရှာပေးတဲ့သူ Kpay ၅ ထောင် ဖြည့်ပေးပါမယ် ခင်ဗျ။

ဖုန်း - ၀၉၄၃၀၄၅၆၃၇

31/10/2025

နေပြည်တော် မှ ကလောကို ဆိုက်ကယ်နဲ့ ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးထားတာပါ။ မှတ်ပုံတင်နဲ့ ပိုက်ဆံကတော့ မပါမဖြစ် ပေါ့နော်၊ Smart Card ကတော့ မလိုအပ်ပါဘူးဗျ။ Biker ညီအစ်ကိုများ လမ်းခရီးမှာ သွားလမ်းသာလို့ လာလမ်းဖြောင့်ဖြူးပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#ကားအဌား

အရင်ကလို စာအရှည်ကြီးရေးရင် စိတ်ဝင်စားမှုနည်းလာလို့ Video အတိုလေးတွေပဲ လုပ်တော့မယ်
30/10/2025

အရင်ကလို စာအရှည်ကြီးရေးရင် စိတ်ဝင်စားမှုနည်းလာလို့ Video အတိုလေးတွေပဲ လုပ်တော့မယ်

နေပြည်တော်မှ တောင်ကြီး၊ အင်လေး၊ ပင်းတယ၊ ရွာငံ၊ ကလော ခရီးစဉ်အသေးစိတ် Review

နေပြည်တော်မှ မနက်အစေား (၅း၀၀) လောက်လူစုပြီးတော့ လမ်းဟောင်းအတိုင်း တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် တို့ကို ဖြတ်ပြီး ပျော်ဘွယ်-ဘုရားငါးဆူ လမ်းကို ဖြတ်ချိုးပြီးတော့ ဖြည်းဖြည်းမှန်မှန်မောင်းလိုက်ပြီး လမ်းဆုံသို့ ရောက်ပါက တောင်ကြီးသို့လမ်းညွှန်ထားသည့်ဘက် ညာဘက်သို့ ကွေ့ချလိုက်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ထပ်မောင်းလိုက်ပါက နာမည်ကြီးကျွဲတပ်ဆုံ Toll Gate, Xray စက် ရှိတဲ့နေရာကို ရောက်လာပါပြီဗျာ။ အသလိုနဲ့ မောင်းလာလိုက်တာ ၁း၁၀ မိနစ် လောက်ကြာရင် နောက်ထပ် အစစ်ဆေးရှိတဲ့နေရာက နန်းပန်တက် စစ်ဆေးရေးဂိတ်ရှိတဲ့နေရာကို ရောက်ပါလိမ့်မယ်။ ထိုနေရာကို ရောက်ပြီဆိုပါက ရှမ်းရိုးမတောင်ပေါ်သို့ စတင်တက်ရောက်ပါတော့မယ်ဗျ……..အနည်းငယ် ကားမူတက်သည့်သူများ ထိုနေရာမှ စတင်၍ ကျွတ်ကျွတ်အိပ်လေးနဲ့ ရှုဆေးဘူးလေးများ ဆောင်ထားဖို့ အသိပေးလိုက်ပါတယ်ဗျ။ တောင်ပေါ်သို့ မော်တော်ကားလေးမှ တအိအိနဲ့ ၁ နာရီလောက်မောင်းလာလိုက်ရင် ဇာတ်လိုက်ကျော်ဖြစ်တဲ့ ကလောမြို့လေးကို ရောက်ပါပြီဗျ။ ကလောမြို့ အသေးစိတ် Review ကို First Comment မှာမင်မင်တို့ရေးထားပြီးသား ဆိုတော့ အဲ့ဒီ့ Link ကို ဝင်ရောက်ကြည့်ရှု့ပေးပါ ခင်ဗျ။

ကလောမြို့အကြောင်း ဖတ်ပြီးရင်တော့ အင်လေဘက်ကို ဆက်သွားရအောင်ဗျာ……………
ကလောရောက်ခဲ့ပြီးရင် အင်လေက အရမ်းမဝေးတော့ပါဘူး ခင်ဗျ….

ကလောမှ အောင်ပန်း (၇)မိုင်

အောင်ပန်းမှ ဟဲဟိုး (၁၅)မိုင် (၁. အောင်ပန်းနဲ့ဟဲဟိုးကြားမှာ သီခေါင်းတောင် View Point ခေါ် Welcome To Shan State နေရာမှ ခဏတဖြုတ်နားနေ ဓာတ်ဖမ်း)

ဟဲဟိုးမှ ရွှေညောင် (၁၀)မိုင် (၂. ဟဲဟိုးနဲ့ ရွှေညောင်ကြားမှာ နာမည်ကြီး ဘဝသံသရာတံတားရှိ)

ရွှေညောင် မှ ညောင်ရွှေ (၇.၉)မိုင် ( ညောင်ရွှေလှေဆိပ်မှာ လှေဌားစီးလိုလဲ ရပါတယ်- အနည်းငယ်တော့ ဈေးကြီး)

ညောင်ရွှေ မှ မိုင်းသောက်ရွာ (၇.၂)မိုင် (၃. မိုင်းသောက်တံတားလှေဆိပ် နှင့် မိုင်းသောက်ဘုန်ကြီးကျောင်း) (အင်းထဲမှာ သွားဖို့ရာအတွက် လှေဌားစီးမယ်ဆိုပါက အများသွားနေကျ နေရာအစုံကို ၄/၅ သောင်းထက် ပိုမပေးရပါဘူး)
(ဪမေ့လို့ မိုင်းသောက်တံတားက မြန်မာနိုင်ငံထဲမှာ ဉီးပိန်တံတားပြီးရင်သူက ဒုတိယအရှည်ဆုံးဗျ၊ ချစ်တဲ့သူရဲ့လက်ကလေးကို ကိုင်ပြီးလှမ်းလျှောက်သွားပါက ဈေးသည်များ၏ အာရုံနောက်မှုကို သည်းခံနိုင်မှ သွားပါလို့)

အင်းထဲမှာ လှေသမားတွေ အဓိကပို့ပေးသည့် နေရာများကတော့ (၄. ငဖယ်ချောင်းကျောင်း(ခ) ကြောင်ခုန်ကျောင်း၊ ၅. ဖောင်တော်ဉီးမြတ်စွာဘုရား၊ ၆.အလိုတော်ပေါက်ဘုရား၊ အလိုတော်ပေါက်ဘုရားမှာ လက်ဆောင်ပစ္စည်းနဲ့ အထည်ဝယ်ဖို့ရာ အကြံပေးပါတယ်၊ ငွေပန်းတိမ်ဆိုင်၊ ယက္ကန်းအထည်ဆိုင်၊ အင်းလေးဒေသအစားအစာဆိုင် (ဈေးမေးပြီးမှ မှာစားကျပါ) တွေကို အဓိကထားပြီး သူတို့က ပို့ပေးပါတယ်။

အင်းလေးထဲမှာ လည်ပတ်လို့ပြီးသွားပြီဆိုပါက တောင်ကြီးဘက်ကို ထပ်တက်ရအောင်ဗျာ………

မိုင်းသောက်ရွာ မှ တောင်ကြီး (၂၅)မိုင် (၇. အေးသာယာဝိုင်ခြံ၊ ဝင်ကြေးပေးရ ဝိုင်လေးမြည်းစမ်းပြီးတော့ အရမ်းလှတဲ့ ရှုခင်းကြီးနဲ့ ဓာတ်ပုံရိုက်လိုက်ပါအုံးဗျ)

တောင်ကြီးရောက်ပြီဆို အရင်ဆုံးသွားသင့်သည့်ဘုရားကတော့ ၈.ရွှေဘုန်းပွင့်ဘုရားပါဗျ….တန်ခိုးအရာမှာလဲ နာမည်ကြီးသလို အဓိဠာန်အောင်သည်ဟုလဲ အလွန်နာမည်ကြီးပါသည်၊ နောက်တခုက တောင်ကြီးတမြို့လုံးကို ခြုံငုံပြီးတော့လဲ ကြည့်နိုင်တော့ ဘာလိုသေးလဲဗျ၊ ၉. မြစိမ်းတောင်ဘုရား ၁၀. ရွှေမုဒေါဘုရား ၁၁.စူဠာမုနိဘုရား များဟာ တောင်ကြီးမြို့ပေါ်မှာ ရှိပါတယ်။ ကြုံကြိုက်လို့ညနေဘက်ရောက်ခဲ့ရင်လဲ တောင်ကြီးညဈေးကို သွားဖို့ တိုက်တွန်းလိုပါတယ်ဗျ။ သူ့ညဈေးက အရမ်းမိုက်တယ်ဗျ ရှမ်းအစားအစာတွေအစုံအလင်ရှိသလို အကင်ကြိုက်တဲ့သူတွေ အတွက်လဲ ရှယ်မိုက်တယ်ဗျ၊ ညဈေးက အရင်လို တောင်ကြီးဈေးနားက ညဈေးမဟုတ်ဘူးဗျ အထက(၃) နားက ညဈေးကို ပြောတာပါ။ နောက်တခုက တောင်ကြီးမှာဈေးမဝယ်တက်ရင် ယောင်လိုတောင် လက်ဆောင်ပစ္စည်းတွေမဝယ်ပါနဲ့ဗျာ ရှယ်ပလန်နဲ့ ဈေးကြီးလို့ပါ။ အဲ့ဒီအစား ပအိုဝ်းဈေး(မွေတော်ကက္ကူ)၊ ပင်းတယ၊အောင်ပန်းနဲ့ ကလောတို့က ပိုမိုပြီးသက်သာပါတယ်။

တောင်ကြီးမှ ထမ်းဆမ်းလိုဏ်ဂူ (၂၇)မိုင် (ဟိုပုံးမြို့အကျော်လေးမှာ နာမည်ကြီးရေထွက်ကြက်ကြော်ဆိုင်တန်းလေးရှိပါတယ်- လက်ပံပျားကြက်ကြော်လိုပဲသူက သေးသေးလဲနဲ့ စားရတာ နူးနူးအိအိလေး ကြက်သားတုံးလေးတွေက သေးလဲသေးတယ် ဈေးလဲအရမ်းမကြီးပါဘူး သူ့ကြက်ကြော်က အဓိက အသက်က တို့စားရတဲ့ အမှုန့်လေးတွေဗျ)

၁၂.ထမ်းဆမ်းလိုဏ်ဂူ သည် ဂူ အမြင့်က အမြင့်ဆုံးနေရာတွင် ပေ ၆၀ ခန့် မြင့်ပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ပါသည်။ ထမ်းဆမ်းဂူသည် သက်ရင့်ထုံး ကျောက်ဂူ အတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲများ ပုံစံအမျိုးမျိုး၊ မြေပေါ်မှ ထိုးထွက်နေသော ကျောက်သားတိုင် ပုံစံ အမျိုးမျိုး တို့ဖြင့် ဖွဲ့စည်းထားသည်။
ကျောက်စက်ပန်းဆွဲများသည် အဖြူရောင်၊ အဝါရောင်၊ အညိုရောင် စသည် ဖြင့် အရောင်အမျိုးမျိုး ရှိသကဲ့သို့ သစ်သီးပုံများ၊ လှံ၊ ဓားပုံများ၊ လိုက်ကာကဲ့သို့ အတွန့်အလိပ်များ၊ ထီးဖြူ၊ မီးခိုးရောင် ပုံသဏ္ဌာန်များ စသည်ဖြင့် လှပစွာ ရှိသည်။ ကျောက်သားတိုင်များ ၏ အရစ်လိုက် ဖွဲ့စည်းဖြစ်ပေါ်နေမှုများ၊ နံရံများ၌ ကျောက်စက် ပန်းဆွဲများ ကျနေပုံများသည် လွန်စွာထူးခြား လှပသည်။
ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)သည်၎င်း၏ အိပ်မက်အရ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်အောင် ကြိုးပမ်းခဲ့သည်။ ဂူအရှည် မှာ အတိအကျ မသိရသော်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်း တိုင်းရင်းသားများက ပေ ၆၀၀၀ ခန့် အထိ ရှင်းလင်းပြီး ဖြစ်သည်။ ဝင်ရောက်လေ့လာနိုင်သည့် ဂူအလျားမှာ ပေ ၃,ဝဝဝ ခန့် ဖြစ်သည်။
Source – Wiki

ထမ်းဆမ်းလိုဏ်ဂူမှ မွေတော်ကက္ကူဘုရား ဖြတ်လမ်း (၄၇)မိုင် (တောင်ကြီးအထိပြန်မသွားပဲ ဟိုပုံ-ဆီဆိုင်-လွိုင်ကော် ကားလမ်းအတိုင်းမောင်းပြီး နောင်မွန်အကျော်လေးမှာ ကက္ကူသို့ဆိုပြီးလမ်းခွဲလေးကနေ ဝင်လိုက်ရုံပါပဲ)
(လမ်းတွင်ထွေထွေထူးထူးမရှိပေမဲ့ ရှမ်းပြည်နယ်ရဲ့ အလှတရားတွေကို ငေးမောငိုက်မြည်းပြီးတော့ တရေးတမောလောက် အိပ်လိုက်ပါအုံးဗျ ၂ နာရီလောက်‌ မောင်းရလို့ပါ)

၁၃. မွေတော်ကက္ကူဘုရားသမိုင်းအကျဉ်းမှာ ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးကို အမှီပြု၍ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးမှူးသော ရဟန်းတစ်ထောင်တို့က တတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ပြုလုပ်ကျင်းပကြလေသည်။ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခြင်းနှင့် စေတီပေါင်း (၈၄၀ဝ၀) တည်ထားကိုးကွယ်ခြင်းတို့ ပါဝင်သည်။
ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစဉ်အခါက မွေတော်ကက္ကူသို့ ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ရှိခဲ့ဘူးလေသည်။
ပုဂံခေတ်၊ အလောင်းစည်သူမင်း (အေဒီ၁၁၇၄-၁၂၁၁)သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းစည်သူမင်း လက်ထက်တွင် ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးသည်။
နောက်တခုက မွေတော်ကက္ကူဘုရားဈေးထဲမှာ ဈေးဝယ်လို့ အရမ်းအဆင်ပြေတယ်ဗျ၊ ပအို့ဝ်တွေရဲ့အသံဝဲဝဲနဲ့ ဈေးရောင်းတာကလဲ တမျိုးချစ်စရာကောင်းလှပါတယ်……..

မွေတော်ကက္ကူ မှ ပင်းတယ (၇၀)မိုင်
ကက္ကူကနေ ပြန်ထွက်ဖို့ရာ လမ်း ၂ လမ်းရှိပါတယ် ပထမလမ်းက ကက္ကူ-တောင်ကြီး-ဟဲဟိုး-ပင်းတယ လမ်းနဲ့ ဒုတိယလမ်းက ကက္ကူ-ကျောက်တလုံးကြီး-နမ့်ပန်-မိုင်းသောက်-ညောင်ရွှေ-ဟဲဟိုး-ပင်းတယ လမ်းတို့ပဲ ဖြစ်ပါတယ်။ တောင်ကြီးကို အရင်လည်ပတ်ပြီး အင်းလေးကို သွားမယ်ဆို ဒုတိယလမ်းက ပိုနီးပါတယ်။

ပင်းတယမြို့လေးက သေးပါတယ် လည်ပတ်စရာထွေထွေထူးထူးမရှိပါဘူး (ဒါပေမဲ့ သမိုင်းကြောင်းကြီးတဲ့မြို့ထဲမှာ သူလဲပါတယ်) မြို့ထဲမှာ ရေကန်ကြီးတစ်ကန်ရှိပါတယ် ၁၄. ပုန်းတလုတ်ရေကန်ကြီးပါ (အဆိုပါရေကန်ကြီးနဲ့ အတူရှည်လျားထွေပြားလွန်တဲ့ သမိုင်းကြောင်းနောက်ခံ ဗမာပုံပြင်၊ ရှမ်းရိုးရာပုံပြင်တွေ၊ ဓနုပုံပြင်တွေ တပုံကြီး ရှိခဲ့ပါတယ်) ၁၅. ရွှေဉီးမင်လှိုင်ဂူနှင့်ဘုရားများ၊ အဆိုပါဘုရားတောင်ခြေမှာ နှစ်ရာချီပြီးရှိနေတဲ့ ညောင်ပင်ကြီးတွေဟာလဲ မြင်ရသူအဖို့ကို မျက်စိကမခွာနိုင်အောင် လှရက်နိုင်လွန်းပါတယ်။ ၁၆. ကုံလုံဆရာတော်ကျောင်းမှာလဲ ယခုအချိန်ထိ ကုံလုံဆရာတော်ဘုရား၏ ရုပ်ကလပ်တော်ကို ဖူးမြှော်နိုင်ပါသေးတယ်။

အားနာနာနဲ့ နည်းနည်းလောက်လေး ကြော်ငြာပါရစေခင်ဗျ….
နေပြည်တော်-တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ရွာငံ၊ ကလော နေရာအနှံ (၂ ညအိပ် ၃ရက်)ခရီးကို Toyota Hiace VIP Grade 14 Seater ကားဖြင့် ဆီဖိုး၊လမ်းကြေး၊ ကားဆရာ နေ/စားငြိမ်း အပြီးအစီးမှ ၁,၃၀၀,၀၀၀ ပဲကျပါမယ် ခင်ဗျ။ ကားက လူဉီးရေ ၁၄ ယောက်အထိစီးလိုရတယ် ဆိုပေမဲ့ မင်မင်တို့ အကြံပေးချင်တာတော့ ၁၀ ယောက်စီးတာ သက်တောင့် သက်သာဖြစ်ပြီးတော့ ခရီးပန်းတဲ့ ဒဏ်ကိုလဲ အေးဆေးခံနိုင်ပါတယ်ခင်ဗျ၊ ကျယ်ကျယ်ဝန်းဝန်းစီးရမယ်, အတက်အဆင်းလွယ်ကူမယ်၊ အထုတ်အပိုးတွေကို အနောက်မှ အေးအေးဆေးဆေးထားနိုင်တယ်ဆိုမှတော့ ဘာလိုသေလဲဗျာ…..….။ လူ ၁၀ ယောက်သွားမှ ၁၃၀,၀၀၀ ပဲကျတော့ တစ်ယောက်ကို ၁ သိန်းကျော်လေးနဲ့ နေရာအနှံကို လည်ပတ်နိုင်ပြီပေါ့ဗျာ…..။ ( 09-430 45637 )……….

အစ်ကိုတို့၊ အစ်မတို့ အနေနဲ့ ဖော်ပြပါ နေရာတွေမသွားပဲ မိမိသွားချင်တဲ့ နေရာကိုပဲ ရွေးသွားပြီး အေးအေးဆေးဆေး အနာယူခရီးသွားချင်တဲ့ သူတွေ အတွက်လဲ အဆိုပါ Hiace 14 Seater များကို ရက်အကျန် တစ်ရက် ၂၈၀,၀၀၀ ဖြင့် ဌားရမ်းနိုင်ပါတယ် ခင်ဗျ။

လူ ၁၀ တော့ မစုနိုင်လို့ ၃/၄ ယောက်ပဲသွားမယ်ဆိုလဲ မင်မင်တို့ဆီက Saloon ကားအသေးဖြင့်သွာမယ်ဆို (၂ညအိပ်၃ရက်)ကို ၈၅၀,၀၀၀ ဖြင့်သွားနိုင်ပါတယ်ခင်ဗျ။ ( 09-430 45637 )

ပင်းတယ-ရွာငံ (၂၀)မိုင်
ရွာငံမြို့လေးဟာ အရမ်းအရမ်းကိုလှပတဲ့ ဓနုတွေရဲ့မြို့လေးတစ်မြို့ပါ ခုနောက်ပိုင်းမှ စည်ကားလာတဲ့ မြို့လေးဆိုလဲမမှားပါဘူး ရွာငံကလေ ဘယ်လောက်တောင် လှရက်နိုင်သလဲဆို ဘေးဘီဝဲယာကြည့်ရင်တောင် အကုန်လှပနေကြီးက ရှယ်ကြီးပဲ၊ စိုက်ခင်းတွေက ရောင်စုံစိုက်ခင်းတွေ၊ ၁၇. ယူကလစ်ပင်တန်းကြီးလဲ လမ်းတလျှောက်မှာ လှလို့ပလို့ ၊ ၁၈. မိန်းမရဲတောင် (ပါစပ်ရာဇဝင်ကတော့ အရမ်းချစ်တက်တဲ့ ဟိုအရင်ခေတ်က သမီးရည်းစားဘဝကို နောက်ခံထားပြီးတော့ ပြေားကျတာတော့ ရှိပါတယ်)၊ ၁၉. ဒီးဒုတ်ရေပြာအိုင်(အောင်ပန်း-ရွာငံလမ်း, ရွာငံမရောက်ခင် မြင်းကျဒိုးအကျော်လေးမှာ လမ်းဘယ်ဘက်မှာ လမ်းညွှန်ဆိုင်းပုဒ်လေးရှိပါတယ် လမ်းလဲ အလွန်ကို ကောင်းသွားပါပြီ၊ ၂၀. တေားကျယ်ရေတံခွန်(ခ)၃ ထပ်ရေတံခွန် (ရေချိုးလို့အလွန်ကောင်း. ရေပြာအိုင်သွားတဲ့ လမ်းပေါ်မှာပါပဲ သူကတော့ ထပ်ပြီးတော့ တောကျယ်ရွာကိုဖြတ်ပြီး ၁၅မိနစ်လောက် မောင်းရပါအုံးမယ်, ကားလမ်းကတော့ မိုးရွာပြီးရင် လမ်းပျက်ပြီး လမ်းမကောင်းပါ ကျန်သည့်အချိန် လမ်းအနေအထား မဆိုးပါ၊ ဝင်ကြေး ပေးရပါတယ်)၊ ၂၁. ဂဏန်းကျရေတံခွန် (အောင်ပန်း-ရွာငံလမ်း, မြိုင်စံပြရွာထဲက လမ်း၏ ဘယ်ဖက်ဘေးကနေ ၁၀ မိနစ်လောက်မောင်းရပါမယ်၊ ကားလမ်းက ရေတံခွန်ထိမရောက်ပဲ ရေတံခွန်ထိကို လမ်းလျှောက်ဆင်းရပါမယ် ဝင်ကြေးပေးရပြီး လမ်းသိပ်မကောင်းပါ အတက်အဆင်းကျဉ်းပြီးတော့ လျှော်လဲနိုင်ပါတယ် သတိထားသွားကျပါ)

ကဲခုဆိုရင်တော့ ခရီးစဉ်လေးလဲ ပြီးဆုံးသွားပါပြီ ခင်ဗျာ……………

#နေပြည်တော် #တောင်ကြီး #ရွှေဘုန်းပွင့် #မြစိမ်းတောင် #အင်းလေး #ပင်းတယ #ရွာငံ #ရေပြာအိုင် #ဂဏန်းကျရေတံခွန်

29/10/2025

၂/၃/၄-၁၁-၂၅ ရက်နေ့တွေမှာ မာရဝိဇယမှာ Free Show ရှိတယ်နော် နေပြည်တော်က မိတ်ဆွေတို့ရေ -

လွှမ်းပိုင်၊ ရွှေထူး၊ဂျိုးလေး၊ နေမင်းအိမ်၊ ဖြိုးကြီး၊ ဟဲလေး၊ ဝန၊ J fire၊ Ice Cold၊ M Three၊

ဝိုင်းစု၊ အိုင်းရစ်၊ မိစန္ဒီ၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ ချယ်ရီသင်း၊ နန်းစု၊ နီနီခင်ဇော်၊ ယွန်းမြတ်သူ၊ ကော်နီ

အာလုံးပေါင်း ၅၀ ကျော်လောက်ရှိပါတယ်ဗျ။

#တန်ဆောင်တိုင်

29/10/2025

- FB မှာဆို ကျနော် Page ကို Like & Follow ပြုလုပ်ရန်နှင့်

- အောက်က Link ကို
https://www.facebook.com/share/p/1Zhfh5skYR/

Post ကို Public ဖြင့် ရှယ်ပေးပြီး

- သင် ကလော ကိုသွားချင်တဲ့အကြောင်း Comment တွင်ရေးပေးပြီး Public ဖြင့် Share ထားသည့် Screenshot ကို Ment လိုက်ရုံပါပဲ ခင်ဗျာ။

Tiktok မှ Follower (၂) ယောက်

- ACC ကို follow နိုပ်ပေးပါ

-မိမိ နှစ်သက်ရာ Pin Post တစ်ခုခုကို အသဲလေးနိုပ်၊ Save ခလုပ်လေးနိုပ်၊ share ခလုပ်လေးမှာ repost ဆိုတာလေး နိုပ်ပေးယုံပါပဲ ခင်ဗျ။

- အပေါ်က အချက်များ ပြီးသွားပါက အသဲပေးထားတဲ့နဲ့ Save နိုပ်ထားတာလေးကို Screen Shot လေးဖမ်းပြီး comment မန့်ပေးပါ ခင်ဗျာ။

အထက်ပါ အချက် ၃ ချက်ပြည့်စုံသည့် သူများကို Admin မှ နံပတ်စဉ်ပေးပြီး နိုဝင်ဘာလ (၁၂) ရက်နေ့တွင် Live လွင့်ပြီး ကံထူးရှင် ကို ရွေးချယ်ပေးမှာပါ ခင်ဗျာ။ ကံထူးရှင် ၄ ယောက်ကို နိုဝင်ဘာလ (၁၅) ရက်နေမှာ ကလောမြို့ နေရာအနှံကို လိုက်လံ ပို့ဆောင်ပေးမှာပါ။









၂/၃/၄-၁၁-၂၅ ရက်နေ့တွေမှာ မာရဝိဇယမှာ Free Show ရှိတယ်နော် နေပြည်တော်က မိတ်ဆွေတို့ရေ - လွှမ်းပိုင်၊ ရွှေထူး၊ဂျိုးလေး၊ နေမင...
29/10/2025

၂/၃/၄-၁၁-၂၅ ရက်နေ့တွေမှာ မာရဝိဇယမှာ Free Show ရှိတယ်နော် နေပြည်တော်က မိတ်ဆွေတို့ရေ -

လွှမ်းပိုင်၊ ရွှေထူး၊ဂျိုးလေး၊ နေမင်းအိမ်၊ ဖြိုးကြီး၊ ဟဲလေး၊ ဝန၊ J fire၊ Ice Cold၊ M Three၊

ဝိုင်းစု၊ အိုင်းရစ်၊ မိစန္ဒီ၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ ချယ်ရီသင်း၊ နန်းစု၊ နီနီခင်ဇော်၊ ယွန်းမြတ်သူ၊ ကော်နီ

အာလုံးပေါင်း ၅၀ ကျော်လောက်ရှိပါတယ်ဗျ။

#တန်ဆောင်တိုင်

၂၀၂၃ တုန်းက ကလောကို ၁ ညအိပ် ၂ ရက်၊ သွားစရိတ်၊ စားစရိတ်နဲ့ တည်းခိုစရိတ် ၄ သောင်းကျပ်တည်းနဲ့ ကံထူးရှင် (၄) ယောက်ကို ပို့‌ဆ...
29/10/2025

၂၀၂၃ တုန်းက ကလောကို ၁ ညအိပ် ၂ ရက်၊ သွားစရိတ်၊ စားစရိတ်နဲ့ တည်းခိုစရိတ် ၄ သောင်းကျပ်တည်းနဲ့ ကံထူးရှင် (၄) ယောက်ကို ပို့‌ဆောင်ပေးခဲ့ပါတယ်ဗျာ။ အခု ဒီ ၂၀၂၅ နှစ်အတွက်လဲ ကလောကို ၉ သောင်းကျပ်တည်းနဲ့ ထပ်မံပြီး ပို့ပေးပါအုန်းမယ် ခင်ဗျ။ အောက်က Link ကို Like & Share လုပ်ပြီး SS ကို comment မှာ ပြပေးယုံပဲနော် !
https://www.facebook.com/share/p/19bUZrLf1s/

27/10/2025

တစ်ယောက်ကို ၁၉၅,၀၀၀ နဲ့ နေပြည်တော်ကနေ ကလောကို Luxury Trip လေးသွားလို့ရနေပါပြီနော် !!!!

အသေးစိတ်ကို Video ထဲမှာ ရှင်းပြပေးထားပါတယ်။

ဆက်သွယ်ရန် - ၀၉၄၃၀၄၅၆၃၇

Address

No(21765), Sit Taung 12 Street
Naypyidaw
15014

Telephone

+95943045637

Website

Alerts

Be the first to know and let us send you an email when Naypyitaw Car Rental and Taxi Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category