09/06/2026
နေပြည်တော်မှာ ကား Detailing ပညာနဲ့ ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ချင်သူများအတွက်!
WE Detailing Academy မှ ဖွင့်လှစ်တဲ့
WE Detailing Academy Naypyidaw
(Batch – 31) သင်တန်း စာရင်းစတင်လက်ခံနေပါပြီ။
ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ? 🤔
အဆင့်မြင့် ကားရေဆေး/ပေါလစ်ဆိုင် ဖွင့်ချင်သူများ
ဝန်ထမ်းမမြဲလို့ စိတ်ညစ်နေရတဲ့ လုပ်ငန်းရှင်များ 👨🔧
နည်းစနစ်မကျလို့ Chemical ဖိတ်စင် အလေအလွင့်များနေသူများ 🧪
အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းပညာ ရှာနေသူများ 🛠️
နေပြည်တော်မှာ
ကျား / မ မရွှေး မည်သူမဆို တတ်ရောက်ပြီး
ဆိုင်တစ်ဆိုင် ကိုဦးစီးနိုင်သည့်အထိ သင်ကြား
ပေးသွားမှာဖြစ်ပါတယ် ။
( အပြင်မှာ လက်တွေ့သင်ကြားပေးမှာ ဖြစ်ပါတယ် )
🔸စာတွေ့သီအိုရီအပိုင်းသင်ကြားမူ့ (25 %)
🔸လက်တွေ့လေ့ကျင့်ခြင်းများ (75 %)
🔸စာတွေ့ / လက်တွေ့ ပြသခြင်း
🔸ကားတစ်စီးပေါ်မှာ လက်တွေ့လေ့ကျင့်ခြင်း
🔸မတက်မချင်းသင် ဘာမှထပ်ပေးစရာမလို
ပါဘူး ခင်ဗျာ ၊
🔸အလုပ်လည်းပြန်ပေးတယ် (WE 8ဆိုင်ခွဲတွေမှာ
ကော / သင်တန်းသားဆိုင်တွေမှာပါ အလုပ်
ထည့်ပေးပါတယ်)
📣ကားရေဆေးနှင့် ကားပေါလစ်ဆိုင်ဖွင့်ဖို့အတွက်
မဖြစ်မနေတတ်သင့် ၊ သိသင့်တဲ့သင်ခန်းစာများ
ဖြစ်တဲ့ -
• ကားDetailing ရဲ့ သမိုင်းနှင့် အရေးကြီးတဲ့ Detail Cycle အကြောင်း ။
• ကား Detailing လုပ်တဲ့ အခါမှာ အသုံးပြုတဲ့ Detailing Chemical အကြောင်းနှင့် Chemical တွေရဲ့ ပြင်းအားများဖြစ်တဲ့ The pH အကြောင်း။
• ကားအတွင်းခန်း မှာရှိတဲ့ အစွန်းအထင်းများနှင့် ဖျောက်ရခက်တဲ့ချေးချွတ်ခြင်း (အတွင်းခန်းအသေးစိတ်လျှော်ခြင်း) အကြောင်း ။
• ကားအင်ဂျင်ခန်းဆေးခြင်း (စနစ်တကျကားအင်ဂျင်ခန်းဆေးခြင်း အကြောင်းနှင့် ဖျောက်ရခက်တဲ့ ဆီချေး များနှင့် အင်ဂျင်ခန်းမှာရှိတဲ့ သတ္တုအုံများ ဆားပေါက်ခြင်း ရဲ့အဓိက) အကြောင်း။
• ကားAlloy , တာယာ နှင့် ဘီးခွင်များကို အသေးစိတ်သန့်ရှင်းခြင်းနည်းလမ်းများ အကြောင်း
• ကား Detailig လုပ်ကိုင်တဲ့ အခါမှာ အသုံးပြုရတဲ့ စက်ပစ္စည်းအမျိုးအစားများနှင့် အသုံး၀င်ပုံ အသုံးပြုပုံ အကြောင်း ။
• ကားဆေးသားတည်ဆောက်ပုံ အကြောင်းနှင့် ကားဆေးသားတည်ဆောက်ထားတဲ့ Layer များအကြောင်း ။
• ကားဆေးသားပေါ်မှာရှိတဲ့ ချို့ယွင်းမူ့များအကြောင်း နှင့် ချို့ယွင်းမူ့ဖြစ်စေတဲ့ အကြောင်းအရင်း ၊ ချို့ယွင်းမူ့များကို ဖှယ်ခြားပေး မယ့်နည်းလမ်းများအကြောင်း ။
• ကားDetailing လုပ်ငန်းမှာ အသုံးပြုတဲ့ ကော်ပတ်များအကြောင်း နှင့် အသုံး၀င်ပုံ ၊ အသုံးပြုပုံ အကြောင်း ။
• ကားတစ်စီးကို ပေါလစ်မတိုက်ခင် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ခေါင်းစဥ်ဖြစ်တဲ့ Paint Decontarmination မှာပါတဲ့ Pre Wash / Decon Wash / Pre-Detail Wash / Strip Wash အကြောင်း ။
• ကားတစ်စီးကိုပေါလစ်တိုက်တဲ့ အခါမှာ အသုံးပြုတဲ့ ပေါလစ်စက် ၊ ပေါလစ်Pad ၊ ပေါလစ်Chemical အကြောင်း ။
• ကားတစ်စီးကိုပေါလစ်တိုက်မယ်ဆို အခြေခံသိထားသင့်တဲ့ ရွေးချယ်မူ့မှန်ကန်ဖို့ 123 Theory အကြောင်း ။
• ကားမီးသီးကိုအရောင်တင်ခြင်း နှင့် ကားမီးသီးမှာရှိတဲ့ နေပူဒဏ်ကြောင့်ဖြစ်တဲ့ အဝါရောင်ကို ကြည်လင်အောင်လုပ်ခြင် ၊ ဖျောက်ရခက်တဲ့ ကျဥ်ရာများ ၊ ဓားရာများ ၊ အစင်းရာများ ဖှယ်ခြားခြင်း ၊ မီးသီးကို ကာကွယ်ခြင်း အကြောင်း ။
• ကားအပြင်ဘက်အပိုင်းတွင်ရှိတဲ့ Plastic များကိုစနစ်တကျ အရောင်တင်ခြင်း နှင့် Plastic အမျိုးအစားများအကြောင်း ။
• ကားမှာရှိတဲ့ သတ္တု ၊ နီကယ်များကို အရောင်တင်ခြင်းနှင့် ကာကွယ်ခြင်းအကြောင်း ။
• ကားမှန် တွင်ရှိနေတဲ့ မှန်ရေချေးများ ဖျောက်ခြင်း ၊ မှန်မှာရှိတဲ့ အစင်းများဖျောက်ခြင်း အကြောင်း ။
• ကားဆေးသားကာကွယ်တဲ့ Paint Protection သင်ခန်းစာမှာပါ၀င်တဲ့ ဖယောင်း , Sealant , Coating , PPF အကြောင်း ။
• ကုတ်တင် ၊ ဖယောင်း ၊ Sealant ၊ PPF စတဲ့ Protection လုပ်ထားတဲ့ ကားတွေကို နည်းစနစ်တကျ Maintaines လုပ်နည်းအကြောင်း ။
တစ်ဦးခြင်းစီ လက်တွေ့သင်ခန်းစာများ -
• မှန်ပေါ်တွင် ပေါလစ်တိုက် လေ့ကျင့်မူများ ( Rotary , DA)
• ဘောနပ်ပေါ်တွင် ပေါလစ်တိုက်လေ့ကျင့်ခြင်း
• ကားမှန်ပေါ်မှာရှိတဲ့ ရေချေးများကို စက်ဖြင့်တိုက် ဖှယ်ခြားခြင်း
• ကားအစစ်ပေါ်တွင် လက်တွေ့ ပေါလစ်စတိုက်ခြင်း
• ကားအစစ်ပေါ်တွင် ကားဆေးသားကို ကာကွယ်ပေးတဲ့ ဖယောင်း , Sealant , Coating တင်ခြင်း
• ကားတစ်စီးလုံးထိုင်ခုံ ၊ အောက်ကြမ်းခြင်း လက်တွေ့ ဖြုတ်လျှော်ခြင်း
• ကားအင်ဂျင်ခန်းလက်တွေ့ဆေးခြင်း
စတဲ့ လက်တွေ့ လုပ်ဆောင်မူ့များကိုပါ ကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်ပြီး ၊ မတတ်မချင်း သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ် ။
မတတ်မချင်းသင်ပေးပြီး နောက်ပိုင်းလည်း အခမဲ့ ဆက်လက်လေ့လာနိုင်ခွင့်။
💰 သင်တန်းကြေး: ၁၅ သိန်း (ထပ်ဆောင်းကြေး လုံးဝမရှိ)
⏳ သင်တန်းကာလ: ၂၅ ရက် (မနက် ၉ မှ ညနေ ၄ ထိ)
🚨 ကန့်သတ်လူဦးရေ: ၅ ယောက်သာ
📍 လိပ်စာ: အမှတ် S003 / ဂန္ဓမာ ၉လမ်း၊ သပြေကုန်း၊ ဇမ္ဗူသီရီမြို့နယ်၊ နေပြည်တော်။
📞 Contact: 09 457 456 116 / 09 777717 340 (သို့မဟုတ် Chat Box)