J8 Car Wash & Detailing

J8 Car Wash & Detailing Detailing

Hello 🚘🚖🚔🚓🚑🚒ဆိုင်ပြန်ပြီးစဖွင့်ရန်အတွက်ဝန်ထမ်း ခေါ်ချင်ပါတယ်နေစားငြိမ်းပါ  အနည်းဆုံး 3 လလုပ်နိုင်ရပါမယ်Polish, Interior,...
06/01/2026

Hello 🚘🚖🚔🚓🚑🚒
ဆိုင်ပြန်ပြီးစဖွင့်ရန်အတွက်ဝန်ထမ်း ခေါ်ချင်ပါတယ်
နေစားငြိမ်းပါ အနည်းဆုံး 3 လလုပ်နိုင်ရပါမယ်
Polish, Interior, Engine ပိုင်းအကုန်လုပ်တာမို့ပညာသင်ချင်သူများအတွက်လုပ်ရင်းသင်ယူလို့ရပါတယ်
ဒီအလုပ်ကအပေါ်ယံကြည့်ရင်မပင်ပန်းဘူးထင်ရပေမယ့် ပင်ပန်းပါတယ် ပြီးတော့ဝန်ဆောင်မှုလုပ်ငန်းအမျိုးစားဖြစ်တဲ့အတွက်ကြောင့်မို့ စေတနာနဲ့ဝါသနာ ပါတဲ့သူမှအဆင်ပြေမှာပါ
အလုပ်ချိန် မနက် 8:00 မှ ညနေ 5:30ထိပါ
တစ်လမှာ 2 ရက်ပိတ်ပါတယ်(လပြည့်လကွယ်)
လစာကတော့အဆင်ပြေအောင်ညှိနှိုင်းလို့ရပါတယ်
‌မှတ်ပုံတင်မူရင်းရှိရပါမယ်
အသက်အရွယ်မကန့်သတ်ထားပါ
တကယ်လုပ်နိုင်မှလာလျှောက်ကြပါ
Messenger ကနေစုံစမ်းလို့ရပါတယ်
ဖုန်းက 09791908389 Atom
09268533939 Mpt
အလုပ်ချိန်အတွင်းဆေးလိပ်ကွမ်းမစားရ
ဂိမ်းမဆော့ရပါ
နေရာ //ရွှေစက်ရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးဘေ
လမ်းသွယ် 18-19 ကြား မြစ်ကြီးနားမြို့

👉ဝန်ထမ်းအလိုရှိပါတယ်👈အတွင်းခန်းဖြုတ်လျှော်+အင်္ဂျင်ခန်းဆေး ကျွမ်းကျင် 1ဦးရေဆေး တစ်ဦး အလိုရှိပါတယ် ပညာသင်လည်းရပါတယ်လစာညှိ...
22/09/2025

👉ဝန်ထမ်းအလိုရှိပါတယ်👈
အတွင်းခန်းဖြုတ်လျှော်+အင်္ဂျင်ခန်းဆေး ကျွမ်းကျင် 1ဦး
ရေဆေး တစ်ဦး အလိုရှိပါတယ် ပညာသင်လည်းရပါတယ်
လစာညှိနှိုင်းပါ
နေစားငြိမ်းပါ
တစ်လကိုနှစ်ရက်နားပါတယ်
အလုပ်ချိန် မနက် 7:30 မှ ညနေ 5:30
မှတ်ပုံတင်ရှိရပါမယ်
နယ်ဝေးမှလာသူဦးစားပေးခေါ်ပါတယ်
ဒီအလုပ်ကိုတကယ်စိတ်ဝင်စားပြီးရေရှည်လုပ်နိုင်တဲ့သူကိုဦးစားပေးခေါ်ပါမယ်
ဂိမ်းစွဲသူလျှောက်ရန်မလို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့

17/07/2023

ကျနော်တို့ J8 ဆိုင်လေး ဝန်ထမ်းလိုအပ်ချက်ရှိလို့ခေတ္တယာယီပိတ်ထားပါတယ် ပိတ်ထားချိန်အတွင်းပေါလစ်ကားများကိုတော့ လက်ခံပြီးတိုက်ပေးပါမယ် မကြာခင်ဆိုင်အမြန်ဆုံးပြန်လည်ဖွင့်နိုင်ဖို့အကောင်းဆုံးကြိုးစားပါ့မယ်
လာရောက်အားပေးတဲ့ကာစတန်မာအ​ ယောက်စီတိုင်းကို
အားနာနာနဲ့ပဲအသိပေးလိုက်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ် 😓

Prado 🚙 Standard Polish မတိုက်ခင်ကပုံနဲ့တိုက်ပြီးပုံတွဲတင်ပေးထားပါတယ်😊 ​လူကြီးမင်းတို့ကားလည်းပေါလစ်တိုက်ချင်တယ်ဆို ကျနော...
16/06/2023

Prado 🚙 Standard Polish မတိုက်ခင်ကပုံနဲ့တိုက်ပြီးပုံတွဲတင်ပေးထားပါတယ်😊 ​လူကြီးမင်းတို့ကားလည်းပေါလစ်တိုက်ချင်တယ်ဆို ကျနော်တို့ J8 ကိုကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်တယ်နော🤝ပေါလစ်တိုက်ခြင်းကောင်းကျိုးကိုအမြင်သာဆုံးတခုပြောရမယ်ဆိုရင် ရောင်းပန်းလှပြီးစျေးပိုရတာပဲ😁ပေါလစ်တိုက်ခတစ်သိန်းလောက်ရင်းပြီးဆယ်သိန်းလောက်ပိုရနိုင်တယ်နော😍ဒါကြောင့်ပေါလစ်ဖိုးမနှမျောကြပါနဲ့လို့😁

ဒီနေ့ဆေးဖြစ်တဲ့အင်္ဂျင်ခန်းလေး 😍 မဆေးခင်ကပုံနဲ့ဆေးပြီးသားပုံတွဲတင်ပေးထားပါတယ် 😊  အင်္ဂျင်ဆိုတာကားရဲ့အရေးကြီးဆုံအစိတ်အပို...
14/06/2023

ဒီနေ့ဆေးဖြစ်တဲ့အင်္ဂျင်ခန်းလေး 😍 မဆေးခင်ကပုံနဲ့ဆေးပြီးသားပုံတွဲတင်ပေးထားပါတယ် 😊
အင်္ဂျင်ဆိုတာကားရဲ့အရေးကြီးဆုံအစိတ်အပိုင်းတခုဖြစ်ပါတယ် ရုပ်ပိုင်းဘယ်လောက်သန့်သန့်အင်္ဂျင်ပိုင်းချို့ယွင်းရင်အဲ့ကားတွေပင်စင်ပေးရဖို့များပြီ ဒါကြောင့်ကိုယ့်ကားရဲ့အင်္ဂျင်ကိုမကြာခဏစစ်ကြည့်ဖို့မမေ့ပါနဲ့ ကားဘော်ဒီကိုရေမကြာခဏဆေးပေးသလိုအင်္ဂျင်ခန်းကိုလည်းသန့်စင်ပေးသင့်ပါတယ်
ဒါမှလည်းဂျီးမထူသံချေးမတက်ပဲသန့်စင်ရလွယ်ကူပါမယ်
ကာလကြာမဆေးပဲထားတဲ့အင်္ဂျင်ဟာဂျီးတွေထူပြီးသံချေးတွေတက်နေတတ်ပါတယ် တချို့ဆီယိုတဲ့အင်္ဂျင်ဆိုဖုံတွေကပ်ပြီးတော်တော်နဲ့ချွတ်မရတဲ့အခြေနေမျိုးဖြစ်တတ်ပါတယ်
ဒါကြောင့်လူကြီးမင်းတို့ကားအင်္ဂျင်ကိုလည်းမကြာမကြာဆေးကြောသန့်စင်ပေးဖို့ J8 မှစေတနာမေတ္တာဖြင့်အကြံပြုပေးလိုက်ပါတယ်နော😁
ကျနော်တို့ J8 Detailing ဆိုင်မှာလာဆေးချင်တယ်ဆိုရင်
👉 ရွှေစက်ရပ်ကွက်
👉 ဆွမ်ပရာဘွမ်လမ်းမကြီးဘေး
👉 လမ်းသွယ် 18နဲ့19ကြားမှာပါ
မြစ်ဆုံတို့အောင်မြင်သာတို့ဝိုင်ဂါးဒင်းတို့အလည်သွားရင်းဝင်ဆေးလို့လည်းရပါတယ် မဆေးပဲဝင်လေ့လာချင်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော် 🤝🤝 ကားရေမွှေးလေးတွေလည်းရှိပါတယ်နော်😊ကြော်ငြာဝင်တာ😁
အားလုံးကိုချစ်တယ်နော်😘😘😘

ခုတလောလုပ်ပြီးသွားတဲ့ကားတွေနဲ့လုပ်နေတုန်းလေးတင်ပေးလိုက်ပါတယ် လာမယ့်အပတ်အတွက် Booking ပြန်လက်ခံပါပြီနော်😊😀နောက်ဆုံးပုံလေး...
13/06/2023

ခုတလောလုပ်ပြီးသွားတဲ့ကားတွေနဲ့လုပ်နေတုန်းလေးတင်ပေးလိုက်ပါတယ် လာမယ့်အပတ်အတွက် Booking ပြန်လက်ခံပါပြီနော်😊😀နောက်ဆုံးပုံလေးက ကျနော်တို့J8မှာအသစ်ရောက်ထားတဲ့ကားရေမွှေးလေးကြော်ငြာပါ😁နောက်ကြည့်မှန်မှာတွဲချိပ်ထားရုံပဲ နေရာမယူဘူး အကုန်မြန်လို့အမြန်လာယူထားကြနော် ပုလင်းလေးတွေကချစ်စရာလေးတွေနော်😍ကားထဲမှာတင်မဟုတ်ပဲ မိမိအိပ်ခန်းထဲလည်းသုံးလို့အရန်းအဆင်ပြေတဲ့ရေမွှေးလေးပါ ချစ်သူအတွက်လက်ဆောင်ဝယ်ပေးလည်းအရန်းအဆင်ပြေပါတယ်နော်💑

👉အသိပေးကြေငြာခြင်း👈ကျနော်တို့ J8 မှ နက်ဖြန် 5 ရက်နေ့ကစပြီးလာမယ့်တပတ်အတွင်း စက်ပေါလစ်နဲ့အတွင်းခန်းလျှော်ခြင်းများ booking...
04/06/2023

👉အသိပေးကြေငြာခြင်း👈
ကျနော်တို့ J8 မှ နက်ဖြန် 5 ရက်နေ့ကစပြီးလာမယ့်တပတ်အတွင်း စက်ပေါလစ်နဲ့အတွင်းခန်းလျှော်ခြင်းများ booking ပြည့်ပြီဖြစ်တဲ့အကြောင်းခင်မင်ရင်းနှီးစွာအသိပေးအပ်ပါတယ် 🙏
တပတ်နောက်ပိုင်းအတွက်ပဲလက်ခံပါတော့မယ်.. ပေါလစ်နဲ့အတွင်းခန်းလျှော်တာဟာ အသေးစိပ်ကျတဲ့အတွက်စိတ်ရှည်ပြီးစေတနာနဲ့သေသေသပ်သပ်လုပ်ရတာမို့အချိန်ယူရတာပါ
စက်ပေါလစ်ဆွဲတယ်ဆိုတာအခန်းထဲမှာမီးရောင်နဲ့ကြည့်ပြီးအနုစိပ်ဆွဲရတာပါ ဒါကိုတချို့ကပေါလစ်ခန်းလည်းမရှိမီးရောင်လည်းမရှိဘဲအပြင်မှာဒီတိုင်းဆွဲကြတာ ဆရာကြီးတွေမို့လားမသိဘူးကျနော်တော့အဲ့လိုမဆွဲတတ်ဘူး မဒါကြောင့်လည်းကားတစ်စီးလုံးဆွဲမှသုံးလေးသောင်းပဲယူပြီးလုပ်ကြတာနေမှာမသိတဲ့သူကိုမတတ်တဲ့သူကဂျင်းအကြီးစားကျွေးလိုက်တာ😊😁အတွင်းခန်းလျှော်တယ်ဆိုတာလည်းခုံဖြုတ်ကြမ်းခင်းခွာ ညစ်ပေပြီးအနံ့သက်မကောင်းတာတွေကိုသေခြာလေးလျှော်ဖွတ်ခြောက်အောင်လန်းကာဗာကြားအဲကွန်းအပေါက်ကြားရှိသမျှကြားကဖုံတွေအညစ်ကျေးတွေကိုအသေးစိပ်သန့်စင်ပေးရတာအဲ့နေရာမှာတချို့ကမသိလို့လားအကုန်ကျသက်သာအောင်လို့လားသိဘူးဆပ်ပြာမှုန့်နဲ့ဆော်ကြတာနှစ်သောင်းသုံးသောင်းတန်လေးတွေမို့နေမှာ😁တကယ်ဆိုအတွင်းခန်းလျှော်ဆေးရည်နဲ့လျှော်မှအောက်သိုးသိုးအနံ့မနံတာတချို့ကြားထဲတွေဆိုရေနွေးငွေ့စက်သုံးပြီးတပွတ်တံလေးတွေနဲ့သေခြာတိုက်ရတာ ကြားတွေကပိုညစ်ပတ်ကြတာလေ😁အဲ့လိုနဲ့တဆင့်ချင်းသွားမှအဆင်ပြေတာ အဲ့ဒါကိုနှစ်နာရီလောက်နဲ့ဘယ်လိုများပြီးအောင်လုပ်ကြလည်းသိဘူး👀အုံဖွဂါထာများတတ်ကြတာလားလို့တောင်ထင်ရတယ်😂😂
ကဲအဲ့လောက်ဆိုလူကြီးမင်းတို့လည်းသဘောပေါက်လောက်ပြီထင်တယ် ပေါချောင်ကောင်းလိုချင်ရင်အဲ့လိုနေရာရှာပြီးသွားလုပ်ကြပါ ကျနော်တို့ J8 မှာတော့အဲ့လိုဝန်ဆောင်မှုမပေးတတ်လို့ပါနော်😊
အသေးစိပ်နဲ့သပ်သပ်ရပ်ရပ်လေးလိုခြင်ရင်တော့အချိန်လေးပေးပြီးကျနော်တို့ J8 ကိုလာခဲ့ပါနော်🤗🤗
ကျနော်တို့ J8 Detailing က ဝါသနာနဲ့စေတနာပေါင်းပြီးဖွင့်ထားတာမို့အကောင်းဆုံးဝန်ဆောင်မှုပေးဖို့အသင့်ပါ🤝🤝
အားလုံးကိုချစ်တယ်နော်😘😘😘😊

ခုတလောလိုင်းမတက်ဖြစ်တာနဲ့ဘာမှမတင်ဖြစ်လိုက်ဘူး🤗WISH တစ်စီးအရေးတကြီးပေါလစ်တိုက်ချင်လို့ဆိုပြီးလာအပ်လို့ တညလုံးချွေးတရွှဲရွ...
30/05/2023

ခုတလောလိုင်းမတက်ဖြစ်တာနဲ့ဘာမှမတင်ဖြစ်လိုက်ဘူး🤗
WISH တစ်စီးအရေးတကြီးပေါလစ်တိုက်ချင်လို့ဆိုပြီးလာအပ်လို့ တညလုံးချွေးတရွှဲရွှဲနဲ့ကြိုးစားပေးလိုက်တာ😓😰
မတိုက်ခင်ပုံနဲ့တိုက်ပြီးပုံတွဲတင်ပေးလိုက်ပါတယ် ဝေဖန်အကြံညာဏ်လေးပေးကြပါအုံး ကားတစ်စီးနေပူမရှောင်မိုးရွာမရှောင်သွားနေရတာကြာတော့ဂျီးတွေထူပြီးအရောင်တွေမှိန်လာရတာပေါ့ ကြည့်ရတာမလန်းဆန်းသလိုဖြစ်နေတာ
လူဆိုလည်းရေမချိုးတာကြာရင်မှုံစုတ်စုတ်နဲ့ကြည့်ရတာမလန်းဘူး😁😊 လန်းသွားအောင်ရေအရင်ပြောင်အောင်ဆေးပြီးပေါလစ်စက်နဲ့ဂျီးချွတ်ပြီးပေါလစ်ဆေးတင်ပေးလိုက်တော့နဂိုအရောင်တောက်လာပြီးဝင်းအိသွားတာပေါ့ ကြည့်ရတာလည်းအသစ်လိုလန်းနေတာပေါ့😍😍 လူကြီးမင်းတို့ကားလည်း
အရောင်တွေတောက်ပြောင်ချင်တယ်ဆို ကျနော်တို့ J8 ကိုသတိရလိုက်ပါနော်🤝🤝 ပေါလစ်ဆေးလည်း Us နိုင်ငံထုတ်ဖြစ်လို့👍
သာမာန်ဆေးတွေထက်ပိုပြီးဝင်းအိတောက်ပတာကိုတွေ့ရမှာပါ 🤗
လူကိုယ်တိုင်မလာအားလို့ဖုန်းဆက်ပြီးစုံစမ်းချင်တယ်ဆိုလည်း 09268533939 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်
Messenger ကနေလည်းမေးမြန်းနိုင်ပါတယ်
ဆိုင်ကိုကိုယ်တိုင်လာကြည့်ချင်တယ်ဆိုရင်တော့ ရွှေစက်ရပ်ကွက် ဆွမ်ပရာဘွမ်မိန်းလမ်းမကြီးဘေး လမ်းသွယ် 18နဲ့19 ကြားမှာပါ လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်🙋🙋‍♂️😊😊😊😘😘😘

ကားတစ်စီးမှာမီးခွက်ကလည်းအရေးကြီးတဲ့အစိပ်အပိုင်းတစ်ခုဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ👁မွှဲပြီးမှိန်နေရင်ညမီးထွန်းတဲ့အခါသိပ...
25/02/2023

ကားတစ်စီးမှာမီးခွက်ကလည်းအရေးကြီးတဲ့အစိပ်အပိုင်းတစ်ခုဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ👁မွှဲပြီးမှိန်နေရင်ညမီးထွန်းတဲ့အခါသိပ်မလင်းတော့ဘူး အလှပအတွက်ဆိုလည်းကားဘယ်လောက်ပဲသန့်နေပါစေမီးခွက်ကမွှဲနေရင်မလှတော့ပါဘူး ရှေ့ကကြည့်ရင်မီးခွက်ကအသက်ပါပဲ အများပိုင်းကကိုယ့်ကားမီးခွက်မွှဲနေတာကိုသတိမထားမိကြဘူး ခုပုံထဲကမတိုက်ခင်ပုံနဲ့တိုက်ပြီးသားပုံကိုယှဥ်ပြထားတာပါ J8 ကလုပ်ပေးထားတဲ့ဝန်ဆောင်မှုလေးပါ😊လူကြီးမင်းကားများလည်းမီးခွက်ဝင်းလက်ချင်ရင် ကျနော်တို့ J8 မှာလုပ်လို့ရတယ်နော်😁Wellcome နော်😍

ဒီနေ့တော့နဂိုလှပြီးသားရွှေငါးလေးကို🚗မိတ်ကပ်တွေလိမ်းပြီးအလှပြင်ပေးလိုက်ပါပြီး😊ခုလိုစိတ်ချလက်ချအချိန်ပေးပြီးလာအပ်ထားတဲ့အတွ...
18/02/2023

ဒီနေ့တော့နဂိုလှပြီးသားရွှေငါးလေးကို🚗မိတ်ကပ်တွေလိမ်းပြီးအလှပြင်ပေးလိုက်ပါပြီး😊ခုလိုစိတ်ချလက်ချအချိန်ပေးပြီးလာအပ်ထားတဲ့အတွက် တစ်စီးလုံးမှန်တွေရောအပါပေါလစ် polish တိုက်ပေးလိုက်ပါတယ်😍အင်္ဂျင်ခန်းရောအသေးစိပ်ဆေးကြောပေးလိုက်ပါတယ်😍အင်္ဂျင်ခန်းတော့ပုံမရိုက်လိုက်ရလို့မတင်ဖြစ်တော့ဘူး😇ကိုယ့်ကားလေးဝင်းလက်တောက်ပြောင်သွားတာကြည့်ပြီးစိတ်ချမ်းသာသွားလို့လုပ်ပေးရတဲ့ကျနော်လည်းပီတိဖြာတာပေါ့😊စိတ်တိုင်းကျလို့တောင်းတဲ့စျေးနှုန်းထက်ပိုပေးလို့ပြန်အမ်းပေးရသေးတယ်😁များကြီးလည်းမယူပါဘူးကိုယ့်ရဲ့ပညာခရယ်ပေါလစ်ဆေးဖိုးရယ်ဆိုတော်ပါပြီဝါးခတော့လုံးဝမယူပါဘူး😁ခုလိုအချိန်ပေးပြီးယုံကြည်စိတ်ချစွာလာအားပေးတဲ့အစ်မကြီးကိုလည်းကျေးဇူးများကြီးတင်ပါတယ်🤝 ရှေ့လျှောက်လုပ်မယ့်စီးပွားရေးတွေလည်းခုထက်ပိုပြီးအောင်မြင်ချမ်းသာပါစေလို့ကျနော်တို့J8ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်🙏🙏🙏လူကြီးမင်းကားတွေလည်းချောချောလှလှလေးဖြစ်ချင်ရင် J8ကိုသာလှမ်းခဲ့ကြပါနော်🙋‍♂️ Wellcome ပါ သိချင်တာလေးတွေရှိရင်လည်း cb or 09268533939 ကိုဆက်သွယ်လို့ရပါတယ်နော်😊အားလုံးကိုချစ်တယ်နော်😘😘😁

Address

အမှတ်(12/8A)ရွှေစက်ရပ်ကွက် မြစ်ကြီးနားမြို့ (ဆွမ်ဘရာဘွမ်မိန်းလမ်းမကြီးဘေး)Ph-09268533939
Myitkyina

Website

Alerts

Be the first to know and let us send you an email when J8 Car Wash & Detailing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share