03/03/2023
Engine oil အကြောင်း သိကောင်းစရာ
_______________________________
E-oil ကို ရှေးယခင်က Single Grade သာ
သုံးစွဲမှုများခဲ့ပြီး ယခုအချိန်တွင်တော့
Multi Grade ကိုသာသုံးစွဲကြတာများပါသည်
Single Grade ဆိုသည်မှာ
E-oil ၏ Viscosity Grade ကို 0,5,10,20,30,40,50
စသည်ဖြင့်ဂဏန်းတစ်မျိုးတည်းသာဖော်ပြလေ့ရှိပါသည်.
Multi Grade ဆီများတွင်တော့
0W 20 , 5W 30, 10W 40, 15W 40,
5W 50 စသည်တို့ဖြင့်ဆီ viscosity Grade ကို
ဖော်ပြလေ့ရှိပါသည်။
W မှာ Winter ဖစ်ကာ အနိမ့်ဆုံး အပူချိန်တွင်
စက်နိုးအသုံးပြုနိုင်သည့်အခြေအနေကိုညွှန်းဆိုခြင်း
ဖြစ်ပါသည် နောက်ဘက်တွင်ပါရှိသော
SAE 20, 30, 40, 50 စသည်တို့မှာ
မိမိတို့ကားအသုံးပြုမည့်ဒေသ၏ အမြင့်ဆုံးအပူချိန်ကို
Mechanic များမှ စဉ်းစားသုံးသပ်နိုင်ရန်
အနီးစပ်ဆုံးညွှန်းဆိုခြင်းဟုမှတ်ယူ၍ရပါသည်
ဥပမာ...0W 20 Multi Grade Engine Oil
အမျိုးအစားဆိုလျှင်
အပူချိန် 0°C အာက် - 35°Cထိ စက်နိုးအသုံးပြုနိုင်ကာ
20°C ခန့် အပူချိန်တွင်ရောပါ လွယ်ကူစွာ
စက်နိုးအသုံးပြုနိုင်ပါသည်.Multi Grade Oil သည်
အေးသောရာသီနှင့် ပူသောရာသီတွင်ပါအသုံးပြုနိုင်ရန်
စီမံထုတ်လုပ်ထားခြင်းဖြစ်ပါသည်...
ရှေ့ဂဏန်းသည် မိမိကားအသုံးပြုမည့်ဒေသ၏
အနိမ့်ဆုံးအပူချိန်(Low Temperature)ကို
ညွှန်းဆိုကာ နောက်ဂဏန်းသည် အမြင့်ဆုံးအပူချိန် (High Temperature) အား
အနီးစပ်ဆုံးညွှန်းဆိုထားခြင်းဖြစ်ပါသည်...
အဆိုပါ အင်္ဂျင်ဝိုင်အထူအပါး Viscosity Numerical Code ဂဏန်းများအား
Society of Automotive Engineers(SAE) မှ စံနှုန်းများကို သတ်မှတ်ပေးခြင်းဖြစ်ပါသည်။
သို့သော်မိမိကားထဲထည့်မည့် E-oil အမျိုးအစားသည်.
ထိုဒေသအပူချိန်များအပြင်သုံးစွဲမောင်းနှင်ပြီး
Kilometre နှင့် Engine Power
Engine အခြေအနေတို့ကို သုံးသပ်ကာ
ပြုပြင်ပေးသော Mechanic ၏ ကျွမ်းကျင်မှု
အခြေအနေအရ ဘာဆီ Grade အမျိုးအစားထည့်မလဲကို
ဆုံးဖြတ်ရသလို
ကားထုတ်လုပ်သောကုမ္ပဏီ၏
ညွှန်းဆိုထားသောဆီကိုသာ မဖြစ်မနေထည့်ရမည့်
ကားအမျိုးအစားများလည်း ရှိပါသည်
ဥပမာပြဆိုရလျှင်
မြန်မာပြည်တွင် အသုံးများသောProbox ကားများအား
ထုတ်လုပ်သောကုမ္ပဏီမှ Owner Manual တွင်
0W 20 Grade အမျိုးအစားအား
အသုံးပြုရန် ညွှန်းဆို(Recommed)
ပေးထားပါသည် သို့သော်မြန်မာပြည်ရောက်လာသော
Proboxကားများမှာကီလို တစ်သိန်းကျော်ခန့်
အသုံးပြုပြီးသည့်အပြင် မြန်မာပြည်၏ဒေသအပူချိန်မှာ
C 40 ကျာ်ခန့်အထိရှိသောကြောင့်
ပူပြင်းသောရာသီတွင် 0W 20 ဆီအား
ထည့်ပြီးမောင်းပါက စက်သံပိုမိုဆူညံကာ
ခရီးဝေးကီလို ၁၀၀ ခန့်မောင်းပြီးပါက
အင်္ဂျင်ဝိုင် ၁ လီတာခန့်လျှော့သွားသည်ကို
ကိုယ်တိုင်တွေ့ကြုံဖူးပါသည်
10W 40 Grade ဆီအားထည့်သုံးမှသာ
ခရီးဝေး ကီလို ၁၀၀၀ကျော်မောင်းတာတောင်
ဆီမလျှော့တော့ပါ
ဒါကြောင့် ကားတစ်စီးဘယ်လို Oil Grade မျိုးကို
သုံးမည်ဆိုတာကို
အောက်ပါအချက်များအားအခြေခံကာ တွက်ချက်ရပါသည်
(၁)ကားသုံးစွဲမည့်ဒေသ၏ အပူချိန်
(၂)မောင်းနှင်အသုံးပြုပြီးသည့် ကီလိုမီတာ
(၃) engine power
(၄) engine အခြေအနေ
(၅)တိုင်ပင်ချိန်းသံနှင့် ဘားတိုက်ပစ်
(Timing Chain and Tipped )အသံ
ထွက်/မထွက်တို့ကို တွက်ချက်ကာ
Mechanic ၏ ကျွမ်းကျင်မှု့အရ
စဉ်းစားသုံးသပ်ကာ အသုံးပြုရပါသည်
ရန်ကုန်နှင့်မန္တလေးမြို့များ၏ ပျှမ်းမျှအပူချိန်မှာ ဘက်တွင် 40C (Celsius)ကျော်ခန့်နှင့်
ဆောင်းဘက်တွင်လည်း 10C အထက်တွင်သာ
ပုံမှန်ရှိတတ်ပါသည်
ထိုကဲ့သို့အပူချိန်မျိုးရှိသောဒေသများတွင်
Engine အား 3.0cc အောက်ရှိပြီး
မောင်းနှင်းပြီးသောကီလို ၁ သိန်းမပြည့်သေးသော
ဓါတ်ဆီကားများမှာ 5W 30, 5W 40 ကဲ့သို့
ဂရိတ်များကိုအသုံးပြုနိုင်ပါသည်
ကီလို ၁ သိန်းကျော်သောကားများမှာ 10W 40 ဂရိန်ကိုအသုံးပြုပါကပို၍ သင့်တော်ပါသည်
အထက်ပါအပူချိန်တွင် Common rail မဟုတ်သော 3.0 cc အောက်ဒီဇယ်ကားများမှာ
15W 40 သုံးလို့ရပါသည်.
အထက်ဖော်ပြပါကဲ့သို့ အချက်များနှင့် Mechanic မှ
အင်္ဂျင်ဝိုင်ဂရိတ်အား စဉ်းစားသုံးသပ်ကာ
ထည့်ရသောကားများရှိသကဲ့သို့ပင်
Owner Manual စာအုပ်ပါ ညွှန်းဆိုထားသော
အင်္ဂျင်ဝိုင်ဂရိတ်တစ်မျိုးတည်းသာသုံးရသောကားများလည်းရှိပါသည် Common rail ဒီဇယ်အင်္ဂျင်ကားများ
ယခုနောက်ပိုင်းထုတ် Model မြင့် Common rail
ဒီဇယ်အင်္ဂျင်ကားများသည်
10W 30 For Common rail ဟု
စာတမ်းရေးထိုးထားကာ 7 Liter အတွဲလိုက်လာသော
Diesel E-oil ကိုသာသုံးမည်ဖြစ်ပါသည်...
Common rail ကားအား 15W 40 , 15W 50
ကဲ့သို့ E-oil များထည့်သုံးမိပါက
ကားအဆွဲ အနည်းငယ်လေးသွားတတ်ပါသည်
ထို့ပြင် E-oil လဲထည့်ပြီး မောင်းနှင်ချိန်များလာပါက
မနက်စောစော စက်စနိုးချိန်တွင် Engine သံကြမ်းကာ
နော်ဇယ်သံကဲ့သို့ အသံထွက်ပါသည်
စက်နိုးပြီး အတော်ကြာမှသာ
စက်သံနည်းနည်းပြန်ငြိမ်သွားပါသည်
ဒါတောင် 10W 30 Common rail Oil
ထည့်ထားသော အင်္ဂျင်ကဲ့သို့စက်သံမညက်ညောပါ
ထိုသို့ဖြစ်ရခြင်းမှာ Common rail Engine များသည်
လောင်စာဆီပေးစနစ်အား Rail Pressure အားကို
ယူကာနော်ဇယ်များအား မီးတိုင်ပင်ဖြင့်ဖွင့်ပေးကာ
ဆီစားသက်သာစေရန်ထုတ်လုပ်ထားသောကြောင့်
10W 30 Common rail Oilကဲ့သို့
Diesel E-oil ဆီပိုပါးသည်ကို
အသုံးပြုထားခြင်းဖြစ်ပါသည်
ထို့ကြောင့် Common rail Engine ကားများသည်
10W 30 Common rail oil တစ်မျိုးတည်းကိုသာ အသုံးပြုရမည်ဖြစ်ပါသည်
Hybrid နှင့် Start - Stop System ပါသော
ကားများတွင် 0W 20 Full Synthetic
or Hybrid green oil
အင်္ဂျင်ဝိုင်ကိုသာအသုံးပြုရန်ညွှန်းဆိုထားသောကြောင့်
ထိုဆီများကိုသာအသုံးပြုရမည်ဖြစ်ပါသည်
အဆိုပါကားများတွင် 5W 30 , 10W 40 အင်္ဂျင်ဝိုင်မျိုးကို ထည့်သုံးပါက
စက်သံကြမ်းခြင်း.ကားဆွဲအနည်းငယ်လေးခြင်း
Hybrid battery အကျမြန်ခြင်းတို့ဖြစ်တတ်သော
ကြောင့်Owner Manual စာအုပ်ပါ
ညွှန်းဆိုထားသော E-oil Grade အမျိုးအစားကိုသာ
သုံးစွဲရမည်ဖြစ်ပါသည်.ဒေသအပူချိန်နှင့် ကီလိုမီတာတို့ကို
တွက်ချက်ကာ Viscosity Grade အား
Mechanic မှဆုံးဖြတ်ကာ
ပြောင်းလဲအသုံးပြုနိုင်သောကားများတွင်
တိုင်ပင်ချိန်းသံ(Timing Chain)နှင့် ဘားသံ(Valve) အနည်းငယ်ထွက်သောကားများအား
ပုံမှန်သုံးသင့်သော E-oil Grade ထက်
အနည်းပိုပျစ်သောဆီအားအသုံးပြုသင့်ပါသည်
Credit to original uploader
Thanks for reading ....
Global Auto Car Service Centre #
The Global Car Service ကိုယုံကြည်စွာလာရောက်အားပေးကြသေားလူကြီးမင်းများအားကျေးဇူးအထူးတင်ရှိပါတယ်
📭ကချင်ပြည်နယ်
📭 မြစ်ကြီးနားမြို./တပ်ကုန်းရပ်ကွက်
📭မြစ်ကြီးနား_ဆွမ်ဘရာဘွမ်လမ်းမကြီး
📱09755646411/09691230450/09774252516