06/08/2025
Xtrail grade တွေကတော့ s,st,x,xt,rider,axis,gt ဆိုပြီးအစဥ်လိုက်ရှိပါတယ်။ s,stကတော့ကွာခြားချက်ကတော့xenon head lightဖြစ်တာဘဲကွာပြီးတော့ နှစ်ခုလုံးကတော့ manual aircon ဖြစ်မယ် ရိုးရိုးဘီးဖြစ်မယ်.မှန်အမဲမဖြစ်ဘူး. X, xt ကျတော့alloy rim ဖြစ်မယ် auto aircon ဖြစ်မယ်. မှန်မဲမယ်. X နဲ့xt ကွာခြားချက်က xenon head light ပါတာမပါတာဘဲကွာတယ်. Standard အားလုံးကိုပြောတာပါ. Fog light ပါတာမပါတာကျတော့option ဖြစ်သွားပါတယ်.a
xis နဲ့ rider nissan autech division ကထပ်ခွဲထုတ်ထားတဲ့ customize version တွေဖြစ်ပါတယ်. Axis versionကတော့ luxury versionအနေနဲ့ထုတ်တာဖြစ်ပါတယ်။ gear k**b ကတော့ gt grade လိုပဲsport style ဖြစ်မယ် ထိုင်ခုံအသားရောင်ဖြစ်မယ် အတွင်းခန်း plastic တွေလဲအသားရောင်ဖြစ်မယ် alloy rim 17 ဖြစ်ပြီး autech ကထုတ်တဲ့ rim ဖြစ်မယ် shock absorber coil က sport coil တွေဖြစ်သွားမယ်။ rider version ကျတော့ sport style ဘက်ကိုပိုအသားပေးထားပါတယ်.ထိုင်ခုံကတော့ gt grade လိုပဲ sport seat ဖြစ်မယ်. Exhaust လဲ gt grade လိုပဲ sport exhaust ပြောင်းကြီးဖြစ်သွားတယ်. Gear k**b လဲgt လိုပဲ sport style အလုံးလေးဖြစ်သွားတယ်. Coil spring ကတော့ sport coil spring ပါဘဲ axis လို . alloy rim 17 autech ဆိုပင်မယ့် Axis နဲ့ rider alloy က design တွေကွာပါတယ်. S,st,x,xt,rider &axis တွေအကုန်လုံးကတော့ qr20de အင်ဂျင်တွေဖြစ်ပါတယ်. 4wd version တွေကတော့ 2w 4w swutch နဲ့ပြောင်းလို့ရတယ်. Jdm version တွေ ကိုလေ့လာမိသလောက်ပြောတာပါ. Option တွေကတော့ owner ယူရင်ယူသလိုအနည်းငယ်လေးပြောင်းသွားပါတယ်. Jdm version မှာတော့အထူးခြားဆုံး GT GRADE ဆိုပြီး JAPAN တခုထဲမှာပဲထုတ်ပါတယ်. ENGINE အနေနဲ့ QR20 ကိုမသုံးပဲ 280HP ထွက်တဲ့ SR20VET တပ်ထားပေးပါတယ်. SR20VET ဟာဆိုရင် NISSAN SR20 SERIES ထဲမှာ နောက်ဆုံး GENERATION ဖြစ်သလို HP အထွက်ဆုံးအင်ဂျင်ဖြစ်ပါတယ်. ဘာလို့ HP အထွက်ဆုံးဖြစ်ရသလဲဆိုရင် HONDA ရဲ့နာမည်ကြီး VTEC CAM SYSTEMကိုအတုခိုးထားပြီး TURBO ထပ်ထဲ့ပေးထားလို့ပါ. အဲ့ခေတ်တုံးက HONDA VTEC ENGINEတွေမှာ TURBO တွေမတပ်ပေးထားပါဘူး. naturally aspirated honda type r sport engineတွေ အလွန်ကျော်ကြားလှပါတယ်. Gearbox ကတော့ qr20de gear box မနိုင်တဲ့အတွက် qr25de europe xtrail gear boxကို ယူသုံးပေးထားပါတယ်. 4wd system ကိုတော့ nissan skyline gtr hicas system ကိုသုံးပေးထားပါတယ်. Hp မြင့်တော့ auto control လုပ်ပြီး wheel sensor တစ်ခုချင်းဆီက sense လုပ်ပြီး ဘီးတွေslip မဖြစ်အောင် လိုအပ်သလိုထိန်းထားပေးတယ်. သူမှာတခြား xtrail တွေလို 2w ပြောင်းလို့မရပါဘူး. Auto mode နဲ့ 4w lock mode ပဲပါတယ်. Exhaust pipe တွေကတော့ အင်ဂျင်ကြီးတော့ ၂လက်မခွဲပိုက်လိုင်းတွေဖြစ်သွားတယ်. Exhaust muffler လဲ riderလိုပဲ sport muffler ပါဘဲ. ပုံမှန် xtrail exhaust ပိုက်ကတော့ ၂လက်မလို့ထင်တာပါဘဲ. သူ့ suspension systemတခုလုံးက sport shock absorber 1 set လုံးဖြစ်သွားပါတယ်. Turbo ကတော့ america turbo company ဖြစ်တဲ့ garrett turbo ကိုသုံးပေးထားတယ်. အတွင်းခန်းအပြင်အဆင်တွေကတော့ sport seat, sport gear k**b , sport type pedal stainless steel ခြေနင်းတွေ ဖြစ်သွားပါတယ်. ကျွန်တော်လေ့လာမိတဲ့ jdm xtrail first generation grade အခွဲလေးတွေဖြစ်ပါတယ်. လိုအပ်တာလဲရှိအုံးမှာပါ
#မြဝတီ #မဲဆောက်
#ကမ်းကူးကားရောင်းဝယ်ရေး
#09688036357
#09455876012