Gold Leaf Car Auto services

Call

Gold Leaf Car Auto services 24Hour ကားဆွဲဝန်ဆောင်မှုပေးပါသည်

🙋‍♂️
26/01/2021

🙋‍♂️

🚘🚘🚘 Knowledge Sharing 🚘🚘🚘

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ
====================================

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။

အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(၁) လေစစ်၊ဆီစစ်များ

ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက္ထရီ

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။

ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

(၃) ဘရိတ်ရှူး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။

တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)

OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၄င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။

(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။

(၁၀) Spark Plugs

အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

**********************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။

☎ 09 898485508
☎ 09 782990888


22/01/2021
🙋‍♂️
21/01/2021

🙋‍♂️

"Knowledge Sharing"အမြန်လမ်းပေါ်မှာ အဖြစ်များဆုံးကားတာယာ အကြောင်းအလွိုင်း (Alloy)အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထု...
16/01/2021

"Knowledge Sharing"

အမြန်လမ်းပေါ်မှာ အဖြစ်များဆုံး
ကားတာယာ အကြောင်း

အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။

ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။

195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။

91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။

စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။

Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။

A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။

Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

****

👉 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်

ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို
အသုံးပြု့ သူတွေလည် မသိတဲ့အတွက်

တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ

ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်

ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား

👉 တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...

1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား

👉 တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *

သိသမျှ ရှိသမျှ စေတနာပါ။
ကျေးဇူးတင်ပါသည်။
===============================
( ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်)

မူရင်း ရေးသားသူ
credit >>> soe thu

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။



ယနေ့ 11.1.2021 မှာ Gold Leaf Car Auto Service သို့ ယုံကြည်စွာ လာရောက်အားပေးကြတဲ့ Customers လူကြီးမင်းတို့ တစ်ဦးတစ်ယောက်ခ...
11/01/2021

ယနေ့ 11.1.2021 မှာ Gold Leaf Car Auto Service သို့ ယုံကြည်စွာ လာရောက်အားပေးကြတဲ့ Customers လူကြီးမင်းတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Gold Leaf မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

Covid ကာလအတွင်း Gold Leaf ၏ ကျန်းမာရေးနှင့်ညီညွတ်သော ဝန်ဆောင် မှုများကို ယုံကြည်စိတ်ချစွာ လာရောက် အပ်နှံကျသော Customer များကို ထပ်မံ၍ အထူးကျေးဇူးတင်ရှိလျှက် ရှိပါသည်။

Gold Leaf Car Auto Service မှလည်းအကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနဲ့ အမြဲစောင့်ကြိုဆိုနေမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါသည်။

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

****************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။

🇲🇲 " လွတ်လပ်ရေးနေ့ ဒို့မမေ့ " 🇲🇲🇲🇲 Happy 73th Independent Day of Myanmar 🇲🇲🇲🇲 ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့ မြန်မာန...
04/01/2021

🇲🇲 " လွတ်လပ်ရေးနေ့ ဒို့မမေ့ " 🇲🇲

🇲🇲 Happy 73th Independent Day of Myanmar 🇲🇲

🇲🇲 ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်...။

🇲🇲 ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်​နေ့ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းတပါးသားတို့၏ စိုးမိုးအုပ်ချုပ်မှု အောက်မှ လွတ်​မြောက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလည်မှာ ရပ်တည်နိုင်ခဲ့ပါတယ်..။

🇲🇲 ဒီနေ့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့် အတွက် မြန်မာ နိုင်ငံ အနှံ့အပြားရှိ မြို့ရွာများတွင် ​လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပလေ့ရှိပါသည်။

🇲🇲 ထို့ကြောင့် နိုင်ငံအနှံ့မှာ ရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များစွာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကာ လွတ်လပ်ရေးနေ့ကို ကြိုဆိုခြင်းဟာလဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မင်္ဂလာ တစ်ပါး ဖြစ်ပါတယ်...။

🇲🇲 ဒါကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးပျော်ရွှင်ကြရတဲ့ မင်္ဂလာရှိတဲ့ ဒီနေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကျွန်တော်တို့ GOLD LEAF CAR AUTO SERVICE မိသားစု မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆို ဂုဏ်ပြု လိုက်ရပါတယ် ခင်ဗျာ....🇲🇲🇲🇲 🇲🇲

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

**********************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။



☃️🎄🎅Happy Merry Christmas !!!🎅🎄☃️🎅🎄Christmas Happy Holiday မှာ ချစ်ရတဲ့မိသားစုဝင်များနှင့်အတူ  ဘေးကင်း ကျန်းမာပျော်ရွှင်...
25/12/2020

☃️🎄🎅Happy Merry Christmas !!!🎅🎄☃️

🎅🎄Christmas Happy Holiday မှာ ချစ်ရတဲ့မိသားစုဝင်များနှင့်အတူ ဘေးကင်း ကျန်းမာပျော်ရွှင်စွာ အနားယူနိုင်ကြပါစေလို့ Gold Leaf မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❄️ 🙏 🎄 🙏 🎅🙏 ⛄️

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

**********************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။


"Knowledge Sharing"Gold Leaf Car Auto Service ရဲ့ မိတ်ဟောင်း မိတ်သစ် များ ..မူဆယ်မြို့မှ ကားချစ်သူ လူကြီးမင်းများအတွက် K...
16/12/2020

"Knowledge Sharing"

Gold Leaf Car Auto Service ရဲ့ မိတ်ဟောင်း မိတ်သစ် များ ..မူဆယ်မြို့မှ ကားချစ်သူ လူကြီးမင်းများအတွက် Knowledge Sharing လေး တခုလုပ်ပေးပါရစေခင်ဗျာ...

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿ နာ ၁၀ ချက်
===========================
ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါ တယ်။

(၁)ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ
**********************************
ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါ က ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။

(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ
**********************
ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်း ပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ် လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ် လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။

(၃)ပါကင်ဘရိတ်ပြဿနာ
******************
ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘ ရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာ ဖြစ် တယ်။

နောက်တစ်ချက်က မာစတာဆလင် ဒါ (master cylinder)
********************************
ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေ တာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အ ရည် ဖိ အား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အ စိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှားစေ ပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ် နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရ ပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။

(၄)ဘရိတ်ပက်ဒ်ပြဿနာ
******************
ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ် နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။

(၅)ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ
*******************************
မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။

(၆)ဘရိတ်ဆီ လျော့နည်းတာ
**********************
ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့ တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ် ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘ ရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။

(၇) Brake power boost unit ပြဿနာ
*********************************
ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန် ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေး ဖို့လည်း လိုအပ်တယ်။

(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို့
************************
ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။

(၉) Vacuum System ပြဿနာ
**************************
Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။

(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ
*****************************
ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။
================================================

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

****************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။



“အမျိုးသားနေ့ ဒို့မမေ့”ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့်မြန်မာတမျိုးသားလုံး၏ အဖိုးတန်နေ့ဖြစ်သော နှစ်၁၀၀မြောက် "အမျိုးသ...
09/12/2020

“အမျိုးသားနေ့ ဒို့မမေ့”

ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့်မြန်မာတမျိုးသားလုံး၏ အဖိုးတန်နေ့ဖြစ်သော နှစ်၁၀၀မြောက် "အမျိုးသားနေ့" အား GOLD LEAF CAR AUTO SERVICE မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

အမျိုးသားနေ့ ပိတ်ရက်လေးမှာ GOLD LEAF ရဲ့ မိတ်ဟောင်း မိတ်သစ်များ ချစ်ရတဲ့မိသားစုဝင်များနှင့်အတူ ဘေးကင်း ကျန်းမာပျော်ရွှင်စွာ အနားယူနိုင်ကြပါစေလို့ GOLD LEAF CAR AUTO SERVICE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

Gold Leaf ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

☎ 09 898485508
☎ 09 672650376

****************************
လိပ်စာ
မင်္ဂလာမူဆယ်လမ်းမကြီး၊ တော်ရွက်ရပ်ကွက်၊ မူဆယ်မြို့။

#အမျိူးသားနေ့

#ယနေ့ရုံဖွင့်ပါသည်🤗

Address

မဂၤလာမူဆယ္လမ္းမႀကီး
Mu-Se

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959898485508

Website

Alerts

Be the first to know and let us send you an email when Gold Leaf Car Auto services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share