27/05/2026
“အမှတ်တရနွေရက်များ"
(2026)
ဒီဇာတ်လမ်းမှာ Rebirth နဲ့ Blossomတို့ရဲ့ Super Star ဖြစ်တဲ့ ကိုကို Li Yun Rui နဲ့ Our Dazzling Days မှာ ချစ်စဖွယ်ကောင်မလေးအဖြစ်ပါဝင်ခဲ့တဲ့ မမလှလှလေး Guan Xiao Tong တို့ ပါဝင်ထားကြပါတယ်။
လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2275
#အညွှန်း
အထက်တန်းကျောင်းနောက်ဆုံးနှစ် ရောက်ခါနီးမှာပဲ မိသားစုရဲ့ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုကြောင့် ချင်းယဲ့တစ်ယောက် ဇာတိမြို့ငယ်လေးကို ပြန်လာခဲ့ရပါတယ်။ တစ်ဘဝလုံးနီးပါးကို လူစည်ကားပြီး သာယာဝပြောတဲ့မြို့ကြီးပြကြီးမှာပဲ ဖြတ်သန်းခဲ့ရတာမို့လို့ ချင်းယဲ့အတွက်တော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်သစ်မှာ အသားကျဖို့က တကယ်ကိုခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရတာနဲ့ ဒီမြို့ကနေ ချက်ချင်းပြန်ထွက်သွားမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ထားတာပေါ့လေ။ဒါပေမဲ့ စာသင်ရတာအဆင်မပြေဘဲ ရုန်းကန်နေရတဲ့ရှင်းဝူနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့အစီအစဉ်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်....