U.MS&Sonsမုံရွာကားအငှားဝန်ဆောင်မှု

  • Home
  • Myanmar
  • Monywa
  • U.MS&Sonsမုံရွာကားအငှားဝန်ဆောင်မှု

U.MS&Sonsမုံရွာကားအငှားဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U.MS&Sonsမုံရွာကားအငှားဝန်ဆောင်မှု, Car rental, Monywa.

TOYOTA DYNA / TOYOACE/ DUTROအကြောင်းသိကောင်းစရာများ=================- တစ်တန်ခွဲ ( LY230 - 5L အင်ဂျင် 3000 Cc - 2001 မော်...
27/12/2021

TOYOTA DYNA / TOYOACE/ DUTRO
အကြောင်းသိကောင်းစရာများ
=================

- တစ်တန်ခွဲ ( LY230 - 5L အင်ဂျင် 3000 Cc - 2001 မော်ဒယ် မှ 2004 မော်ဒယ် ထိ )
- တစ်တန်ခွဲ 10 ပေ ( KDY230 - 2KD အင်ဂျင် - 2500 Cc - 2004 မော်ဒယ် မှ 2007 မော်ဒယ် ထိ )
- တစ်တန်ခွဲ 9 ပေ ( KDY220 - 2KD အင်ဂျင် - 2500 Cc - 2005 မော်ဒယ် မှ 2007 မော်ဒယ် ထိ )

'' ၂ တန် နှင့် အထက် ''

- ၁၀ ပေ - ရှေ့လေး ( XZU301 - SO5D အင်ဂျင် - 4900 Cc - 2001 မော်ဒယ် မှ 2006 မော်ဒယ် ထိ )
- ၁၀ ပေ - ရှေ့လေး ( XZU302 - SO5C အင်ဂျင် - 4600 Cc - 2001 မော်ဒယ် မှ 2003 မော်ဒယ် ထိ )
- ၁၀ ပေ - ရှေ့လေး ( XZU304 - NO4C အင်ဂျင် - 4000 Cc - 2004 မော်ဒယ် မှ 2010 မော်ဒယ် ထိ )

- ၁၂ ပေ ခေါင်းကျဉ်း - ရှေ့လေး ( XZU331 - SO5D အင်ဂျင် - 4900 Cc - 2002 မော်ဒယ် မှ 2005 မော်ဒယ် ထိ )
- ၁၂ ပေ ခေါင်းကျဉ်း - ရှေ့လေး ( XZU334 - NO4C အင်ဂျင် - 4000 Cc - 2005 မော်ဒယ် မှ 2006 မော်ဒယ် ထိ )
- ၁၂ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU401 - SO5D အင်ဂျင် - 4900 Cc - 2001 မော်ဒယ် မှ 2006 မော်ဒယ် ထိ )

- ၁၄ ပေ ခေါင်းကျဉ်း - ရှေ့လေး ( XZU341 - SO5D အင်ဂျင် - 4900 Cc - 2001 မော်ဒယ် မှ 2006 မော်ဒယ် ထိ )
- ၁၄ ပေ ခေါင်းကျဉ်း - ရှေ့လေး ( XZU334 - NO4C အင်ဂျင် - 4000 Cc - 2006 မော်ဒယ် မှ 2008 မော်ဒယ် ထိ )
- ၁၄ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU410 - JO5C အင်ဂျင် - 5300 Cc - 1999 မော်ဒယ် မှ 2004 မော်ဒယ် ထိ )
- ၁၄ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU411 - SO5D အင်ဂျင် - 4900 Cc - 2000 မော်ဒယ် မှ 2006 မော်ဒယ် ထိ )
- ၁၄ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU412 - SO5C အင်ဂျင် - 4600 Cc - 2001 မော်ဒယ် မှ 2003 မော်ဒယ် ထိ )
- ၁၄ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU414 - NO4C အင်ဂျင် - 4000 Cc - 2005 မော်ဒယ် မှ 2011 မော်ဒယ် ထိ )

- ၁၆ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU420 - JO5C အင်ဂျင် - 5300 Cc - 2001 မော်ဒယ် မှ 2004 မော်ဒယ် ထိ )
- ၁၆ ပေ ခေါင်းကျယ် - ရှေ့လေး ( XZU421 - SO5D အင်ဂျင် - 4900 Cc - 1999 မော်ဒယ် မှ 2005 မော်ဒယ် ထိ )
.......................................................

** DYNA အားလုံးတွင် XZU_ _ ? တတိယ မြောက်ဂဏန်း မှာ [ 6 / 7 / 8 ] ဖြစ်ခဲ့လျှင် ရှေ့ ဘတ်တာ နှင့်လာတာပါ **

** အားလုံးပဲ ကားကောင်း / ကားမှန်များသာ ပိုင်ဆိုင်နိူင်ကြပါစေ **
*** အလွဲ ကားများ ၀ယ်ယူမိသည့် ဒုတ်ခ များမှ ကင်းဝေးကြပါစေ ***
-----------------------------------
Credit ~
Via. Ko Zaw myo

မြန်မာပြည်ကြီး အမြန်အေးချမ်း သာယာပါစေ စန်တာရေ
23/12/2021

မြန်မာပြည်ကြီး အမြန်အေးချမ်း သာယာပါစေ စန်တာရေ

လူဆိုးများသည်မင်းသမီးကိုကားပေါ်ပွေ့တင်၍ ကားကိုအပြင်းမောင်းထွက်သွားသည်ဆိုပြီးအရင်ဝတ္တူထဲပါတဲ့နာမည်ကျော်ကားကဂျစ်ကားပါ။မြန်...
23/12/2021

လူဆိုးများသည်မင်းသမီးကိုကားပေါ်ပွေ့တင်၍ ကားကိုအပြင်းမောင်းထွက်သွားသည်ဆိုပြီးအရင်ဝတ္တူထဲပါတဲ့နာမည်ကျော်ကားကဂျစ်ကားပါ။

မြန်မာ့သမိုင်းမှာအမဲစက်ထင်ခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရမှုမှာလူသတ်သမားတွေစီးလာတာဂျစ်ကားပါ။

ခေတ်အဆက်ဆက်သင်္ကြန်မှာဂျစ်ကားမပါရင်ပွဲမစည်ပါဘူး။ရေပက်ခံထွက်တဲ့ကားမှာဂျစ်ကားအများစုပါ။တစ်ချိန်ကအောင်မြင်ခဲ့တဲ့မြန်မာ့ရုပ်ရှင်ကားတွေမှာဂျစ်ကားမပါလို့မဖြစ်ဘူး။

ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်စစ်တပ်အတွက်အထူးထုတ်လုပ်တဲ့ Willys MB နဲ့ Ford GPW မော်ဒယ် ¼ တန် FWD (Four Wheel Drive) ကားကိုဂျစ်
(Jeep) ကားတကမ္ဘာလုံးခေါ်ကြပါတယ်။

မဟာမိတ်စစ်တပ်ကိုစစ်ယာဉ်ယန္တယားအထောက်အပံ့ပေးနိုင်ဖို့အထူးထုတ်လုပ်ခဲ့တဲ့ကားပါ။ဂျစ်ကားကကမ္ဘာ့ပထမဆုံး FWD
ကားအမျိုးအစားပါ။ဒုတိယကမ္ဘာစစ်နောက်ပိုင်းထုတ်လုပ်ခဲ့တဲ့ဂျစ်ကားကိုအရပ်ဘက်သုံးဂျစ်
CJ (Civilian Jeep)ခေါ်တယ်။

ဒုတိယကမ္ဘာစစ်အတွက်အမေရိကန်ထုတ်လုပ်ခဲ့တဲ့ဘီးတပ်စစ်ကားရဲ့ ၁၈% က ဂျစ်ကားပါ။Ford နဲ့ Willys ကထုတ်လုပ်တဲ့ဂျစ်ကားပစ္စည်းအစိတ်အပိုင်းကိုအပြန်
အလှန်တပ်ဆင်နိုင်ပါတယ်။

ဂျစ်ကားအချက်အလက်အချို့။

Type …….¼ Ton, 4 x 4 လုပ်ငန်းသုံး ထရပ်
ဒီဇိုင်းရေးဆွဲသူ…. Karl, Delmar, Willys
ထုတ်လုပ်သူ……. Willys . Ford
အစီးရေ… ၆သိန်း ၄ သောင်း ကျော်
အလေးချိန်…… ၁၁၁၃ ကီလို
အင်ဂျင် ……… 2.2 L , 60HP
ဆီတိုင်ကီ …… ၁၅ US ဂါလံ
အမြန်နူန်း …… တစ်နာရီ ၆၅ မိုင်

Jeep နာမည်ဖြစ်လာတာနဲ့ပတ်သက်ပြီးအယူအဆအမျိုးမျိုးရှိတယ်။အထင်ရှားဆုံးက(ဂျစ်) Jeep ဆိုတာ (ဂျီပီ)GP ကနေဖြစ်လာတာ။အထွေထွေလုပ်ငန်းသုံးစစ်သုံးယာဉ်ကို GP (General/Government Purpose) ခေါ်တယ်။ GP (ဂျီပီ) ခေါ်တာ။ကြာတော့ Jeep (ဂျစ်) ဖြစ်လာတာပါ။

ဒီနေ့အမေရိကန်စစ်ပွဲတွေမှာနာမည်ကြီးနေတဲ့ဂျစ်မျိုးဆက်သစ်က Humvee ပါ။မြန်မာဘောစိ အချို့ကြိုက်တဲ့ Hummer နဲ့
Humvee မတူပါဘူး။Hummer ကို
အမေရိကန်ကုမ္ပဏီ AM General ကထုတ်ပြီး GM (General Motor) ကတကမ္ဘာလုံးကိုဖြန့်ချီပါတယ်။

မဝေးသေးတဲ့အချိန်ကဂျစ်ကားတခေတ်ဖြစ်ခဲ့သေးတယ်။ရှမ်းစတား၊ ရိုးမရာဇာ၊ဂျစ်ပု ၊မုံရွာဇုံဂျစ်၊ အခုတော့အကုန်ကြက်ပျောက်ငှက်ပျောက်သံရည်ကျိုစက်မီးသင်းဖိုထဲရောက်သွားပြီးလား။ဖျက်သိမ်းစာရင်းဝင်လို့မီးသင်းဖိုမရောက်သေးခင်ရွာမ၊မြင်းခြံ သံစက်ရုံဝင်းထဲတစ်စစီကျိုးပဲ့ပြီးရုပ်ပျက်ဆင်းပျက်သံတိုသံစပုံဖြစ်နေပြီလား။

၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်း
အမေရိကန်ဗိုလ်ချူပ်ကြီးပက်တန်
(Gen. Patton)ကိုယ်တိုင်ဂျစ်ကားကိုကာလီဖိုးနီးယားသဲကန္တရတစ်ခုထဲမှာလေ့ကျင့်မောင်းနှင်နေတာကိုစီးကြည့်နေတဲ့ပုံပါ။

Source : Google

လွင်ဦး(ရန်ကင်း)

"င့ရဲမင်းကြီး ဒီမှာတစ်ယောက်...""ခေါ်ခဲ့ ငါစစ်ဆေးမယ်..""မင်းနာမည်ဘယ်သူလဲပြောစမ်း..😕"ကျွန်တော်စောက်ကြောတင်းပါငရဲမင်းကြီး.....
22/12/2021

"င့ရဲမင်းကြီး ဒီမှာတစ်ယောက်..."

"ခေါ်ခဲ့ ငါစစ်ဆေးမယ်.."

"မင်းနာမည်ဘယ်သူလဲပြောစမ်း..😕

"ကျွန်တော်စောက်ကြောတင်းပါငရဲမင်းကြီး...😢

"မင်းဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ..😕

"မနေ့ညကဖုန်းသုံးနေရင်းဝုန်းခနဲ့ပေါက်ကွဲပြီးတော့အခုဒီရောက်လာတာပါငရဲမင်းကြီးကျွန်တော်မလာ
တတ်ပါဘူးသူများခေါ်လာတာနေမယ်..😢

"မင်းလူပြည်မှာဘာကုသိုလ်ကောင်းမှုလုပ်ခဲ့လဲ..😕

"ကျွန်တော်သူများရီအောင်ဟာသရေးတယ်..ပြီးရင် Facebook အကောင့်တွေတစ်ခုခုဖြစ်ရင်ကူညီတယ်.ဘုန်းကြီးအကောင့်နှစ်ကောင့်တောင်ကူညီခဲ့သေးတယ်ငရဲမင်းကြီး..😢

"အိမ်း...မင်းကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တာပဲ..😆

"ဟုတ်ငရဲမင်းကြီး..😢

"ရော့..ဖုန်းမင်းအကောင့်ပြ..😕

"ဟမ်..ခုခေတ်ကြီးများတိုးတတ်ချက်ငရဲမင်းတောင်
I phone နဲ့ Facebook သုံးတယ်..

"ဒီမှာပါငရဲမင်းကြီး..😢

"ဟမ်..😨..မင်းကိုငါသိတယ်လေ..ငါ့အကောင့်ထဲမှာမင်းရှိတယ်ဟ..😁

"ငရဲမင်းကြီးအကောင့်က..😒

"ကွီးရာမမင်းလေ ပန်းပုံလေးတင်ထားတယ်..😊

"အော်..ဟိုတစ်ခါဟတ်ကာတွေနဲ့ VC ဖြစ်နေတာ
ငရဲမင်းကိုးကျွန်တော်ဝင်ရှင်းပေးတာလေ..😊

"ဟုတ်တယ်..လေအာ့မှာအကောင့့်ကျလို့အခုအသစ်ဖွင့်ထားတာလေ MC Yar Ma ဆိုပြီး ဟတ်ကာပုံတင်ထားတယ်ကွ..😆

"ဟုတ်..လူ့ပြည်ပြန်ရောက်ရင် အပ်လိုက်ပါမယ်..😊

"မင်းကိုဘယ်သူကလူပြည့်ပြန်ခိုင်းမယ်ပြောလဲ..😕

"ဟမ်..😨

"အစောင့်ယောက်လာ..သူ့ကိုငရဲအချုပ်ထဲထည့့်ထားလိုက်..စားကောင်းသောက်ဖွယ်တွေကျွေး VIP
အခန်းမှာထားကြားလား..😕

"ဟုတ် !!!!!

"ငရဲမင်းကြီးချမ်းသာပေးပါငရဲမင်းကြီးချမ်းသာပေးပါ..😭😭

"ညကျမှမင်းနဲ့တွေ့မယ်..ခုခဏသွား..😉

ငရဲပြည်ကအချုပ်ခန်းသာဆိုတယ်..ကိုရီးယားပါကေးခင်းထားတာပြောင်လတ်နေတာပဲ

အထဲမှာလည်း Sky Net နဲ့ ဖလပ် TV ၄၂ လက်မနဲ့ အဲကွန်းကလဲအေးဆိမ့်နေတာပဲ..
အိမ်သာရေချိုးခန်းတွဲပါတယ်..အိမ်သာမှဘိုထိုင်အိမ်သာ..
ကုတင်ပေါ်မှာလဲဆိုဖာကြီးကတစ်တောင်ကျော်တယ်..
ဘေးကစားပွဲပေါ်မှာ လက်တော့ နဲ့ လက်တော့ လေးဖွင့်ပြီးရလိုရငှါး Wifi ဖွင့်လိုက်တယ်..
အားလား.. wifi Free ဟ..ရေမိုးချိုးပြီး..
အစောင့်တွေလာပို့ထားတဲ့ ဒံပေါက်နှစ်ပွဲကိုဗိုက်ဆာဆာနဲ့ကြိတ်ပြီးခနမှေးလိုက်တယ်..

အိပ်ယာနိုးတော့ လက်တော့ လေးဖွင့်ပြီး Facebook အကောင့်ထဲ ဝင်ကြည့်လိုက်တယ်။

Friend request တတ်နေလို့သွားကြည့်တော့ MV Yar Ma တဲ့ ဟတ်ကာပုံတင်ထားတယ် ။

Wall ထဲမှာလဲ ဆဲထားလိုက်တာပွနေတာပဲ..ငရဲမင်းအကောင့်ဆိုတော့လက်မခံလို့လဲမရဘူးလေ.
လက်ခံပြီးတော့ Message Noti တတ်လာတယ်..

"Hi ညေး

"Hi ဘဒို

"Wall ထည်းဝင်ပြီးကွီး Post ဒေ Like ပေးအကုန်..😆

"ဟမ်...အု..

Wall ထည်းဝင်ပြီးသူ့ Post တွေအကုန် Like ပေးပြီး။

About ထဲဝင်ကြည့်တော့ အားလားးလား S*x Page ဒေနည်းတာမဟုတ်ဘူး..

အေ့လေ..ဒီလိုလုပ်လို့လဲငရဲမင်းဖြစ်တာပဲလေ။

ကောင်းတာလုပ်ရင်သကြားမင်းဖြစ်မှာပေါ့ဟုတ်ဖူးလား..

ပြီးတော့ Info ကြီးကလဲဟောင်းလောင်း......

"ID တင်ပေးငါ့အကောင့်..😒

"မှတ်ပုံတင်ပို့ပေး..😆

"အေး..😉

"မနက်ဖြန်ကျရင်ရမယ်ငရဲမင်းကြီး..😆

"အေး..😊

"ကျွန်တော်ကိုလူ့ပြည်ပြန်ပို့ပေးပါနော်..😢

"ဒီမှာနေရတာအဆင်မပြေဖူးလားကွ..😕

"ပြေတော့ပြေပါတယ်..ချစ်သူကိုလွမ်းလို့ပါ..😢

"သူပါဒီခေါ်လိုက်မယ်လေ..😒

"ဟမ်..😨
မလုပ်ပါနဲ့မိသားစုလဲရှိသေးတယ်လေ..😢

"အေးအာ့ဆိုငါ့အကောင့်လေး ID အောင်ရင်ပို့ပေး
မယ်..😏

"ကတိ..😒

"ကတိပေးတယ်..

Facebook team ဆီကို Replay အခါခါပို့ပြီး၊
ထိုတစ်ညအိပ်ပျော်သွားတယ်..

မနက်မိုးလင်းတော့ ID က
အောင်နေပြီ ဝမ်းသာအားရနဲ့ လိုင်းပေါ်မှာ MC Yar Ma ဆိုတဲ့အကောင့်လေးကိုကြည့်တော့နာမည်တောင်ပြောင်းနေပြီ Yar Ma Min တဲ့

"Hi Bro Yar Ma

"အေးညေး..

"id အောင်သွားပြီဘဒို..

"အေး..👌

"ပြန်ပို့ပေးတေ့ာလူ့ပြည်ကို..😢

"အေး..အစောင့်တွေလာခေါ်လိပ်မယ်.😆

"ဟုတ်..

ပျော်လိုက်တာဗျာပြောမနေတော့နဲ့
ခဏနေတော့အစောင့်တွေလာခေါ်တယ်..
အပြန်လမ်းက..
ငရဲခန်းစီရင်တဲ့လမ်းကနေပြန်တာ..
လမ်းမှာ မီးသွေးခဲအပူတွေကိုအောက်ကနေပါးစပ်နဲ့
လိုက်ဟတ်နေတဲ့လူတွေကိုပထမတွေ့တယ်..

"ဘဒို..အာ့ဘာငရဲလဲ..

"ဟတ်ကာငရဲညေး..

"ဟမ်..😨

အရှေ့နည်းနည်းထပ်လျောက်တော့၊
သူတောင်းစား
တွေကိုတွေ့တယ်..

"ဘဒို ငရဲပြည်မှာလဲသူတောင်းစားရှိတာပဲလား..😳

"အာ့ငရဲခံနေရတာညေး..😆

"ဘာငရဲလဲ ဘဒို..😳

"အာ့ Cele တွေလူ့ပြည်မှာ Like တောင်းစားလို့

ငရဲပြည်မှာသူတောင်းစားငရဲခံရတာ..👍

"ဟမ်...😨

ရှေ့နည်းနည်းထပ်လျောက်လာတော့လက်တွေကို ၊
ပလာယာ နဲ့လိမ်နေတဲ့လူတွေကိုတွေ့လိုက်တယ်..
အာ့နဲ့အစောင့်တွေကိုမေးကြည့်လိုက်တယ်..

"ဘဒိုသူတို့က..

"ငရဲခံနေရတာပဲညေး..😆

"ဟမှ..ဘာငရဲလဲဘဒို..😨

"Facebook မှာဟို post ကို share ရင်ဘာရမယ်ညာရမယ်ဆိုတဲ့လူတွေလေ..အာ့အလိမ်ငရဲ..😆

"ဟမ်..😨

အဲ့လိုနဲ့အရှေ့လျောက်လာတာလမ်းမှာ..
အမြဲရယ်နေတဲ့လူတွေတွေ့တော့

"ဘဒိုဒါကကောဘာငရဲလဲ..

"Fb မှာ Ha Ha ပဲပေးလို့ Ha Ha ငရဲ..

"ဟမ်..😨

လမ်းမှာလမ်းမှာ..လက်ကိုဓားနဲ့လှီးတဲ့လူတွေ..
ပါးစပ်ကိုချုပ်ပေးတဲ့လူတွေငရဲခံနေရတာကြည့်မကောင်းဘူး..

ငရဲခန်းဆုံးတော့တံခါးကြီးဖွင့်ပြီး
အစောင့်နှစ်ယောက်ကကန်ချလိုက်တာရင်ထဲ
အေးခနဲဖြစ်သွားပြီး..😳

မျက်လုံးဖွင့်ကြည့်တော့..အိမ်ကကုတင်ပေါ်ရောက်နေပြီ..
အမေကဘေးကနေသားရယ်မသေကောင်းမပျောက်ကောင်းတဲ့..

အာ့နဲ့ဖုန်းယူပြီးဖွင့်ကြည့်တော့ Yar Ma Min ဆိုတဲ့ acc က only me နဲ့ Tag တွဲပြီး Post တစ်ခု တင်ထားတယ်..😵😵

ညေးနောက်လဲမကြာ မကြာ လာလည်ပါတဲ့ 😂🤣🤣


Crd - မူရင်း....☺

ရင်ကိုထုဆစ်တဲ့ချစ်ခြင်းတွေနဲ့သာလိုရာကိုဖန်ဆင်းအသက်သွင်းလို့ရရင်ကောင်းကင်အဖြစ်နဲ့ချစ်သူကိုအုပ်မိုးမြတ်နိုးချင်လိုက်တာ
22/12/2021

ရင်ကိုထုဆစ်တဲ့
ချစ်ခြင်းတွေနဲ့သာ
လိုရာကိုဖန်ဆင်း
အသက်သွင်းလို့ရရင်
ကောင်းကင်အဖြစ်နဲ့
ချစ်သူကိုအုပ်မိုး
မြတ်နိုးချင်လိုက်တာ

အိုးးးး  #ကားလောက😊😊😊 အိမ်စီးသမားက ရောင်းလို့ကောင်းပေမယ့် ရှင်းပြရတာ မောတယ်…။ ၁ နာရီလောက် သူသိချင်တာပြောပြပြီးမှ စျေးနင်း...
22/12/2021

အိုးးးး #ကားလောက
😊😊😊 အိမ်စီးသမားက ရောင်းလို့ကောင်းပေမယ့်
ရှင်းပြရတာ မောတယ်…။ ၁ နာရီလောက် သူသိချင်တာပြောပြပြီးမှ
စျေးနင်းတဲ့ အိမ်စီးသမားတွေ ကြုံဖူးပါတယ်…။
ကားဝယ်ရင် သိန်း ၂၀ စစ်ပါဆိုတဲ့ အိမ်စီးတွေ ခဏခဏ ကြုံရတယ်…။
😛😛😛 ဝယ်ရောင်းက တစ်မျိုးကောင်းတာလည်းရှိတယ်။ ကားကြည့်ရင် ၁၀ မိနစ်ပဲ…။
😁😁😁 စျေးမေးတယ် သူပေးနိုင်တာပြောတယ်…။ မရဘူးဆို ပွဲပျက်…။
မိနစ် ၂၀ လောက်နဲ့ ပွဲဖြစ် ပွဲပျက် မြန်တယ်…။
😂😂😂 ပွဲစားပါတဲ့ အဝယ်ကျတော့ အရစ်ရှည်တယ်…။ အဝယ်က သိချင်လို့ ရှင်းပြရတာ ၁ နာရီ😎😎😎 ပွဲစားက စျေးနှိုက်နေလို့ ပြောနေရတာ မိနစ် ၃၀… ဒိကြားထဲ ပွဲမတည့်လဲ ဖုန်းနံပါတ်တောင်း
မနက် နေ့ ည ဆက်ပြီး စျေးကိုလျော့ခိုင်း ဟိုပြောဒီပြော ပတ်ပြောပြီး ညှော်……။ တော်တော်လေရတဲ့ ပွဲစားတွေ ဂှိတယ်…။
ဝယ်ရောင်း😋😋😋 (သူ့ကားသူ ဝယ်ရောင်း)
😀😀 ပွဲစား (သူများကားရောင်း/ဝယ်ပေး)
၂ မျိုးက မတူပါဘူး…။
အရောင်းကတော့
အိမ်စီးသမားဆီက ဝယ်ရတာ အကောင်းဆုံးပဲ…။
ဝယ်ရောင်းဆီက ဝယ်ရတာ ဒုတိယ အကောင်းဆုံး…။
ပွဲစားဆီက ဝယ်ရတာ မကောင်းဆုံးပဲ…။
ရောင်းသူအနေနဲ့ စျေးပြတ်ပြတ် စိတ်ပြတ်ပြတ်ဆို မြန်ပါတယ်…။
ရောင်းမလိုလို မရောင်းမလိုလို ကားစျေးဒေ တက်နေတယ် ကျနေတယ် ဘာလိုလို ဟိုလိုလို ဒီလိုလို ဒေလည်း တော်တော်များပါတယ်…။
😍😍😍 စျေးတန်းဘယ်လိုရှိရှိ
၁၈၀ ခေါ်တဲ့ကားကို ဝယ်ရောင်းက စျေးစပေးရင် ၁၅၀ က စ ပေးပါတယ်…။ မရဘူးအစ်ကိုလို့ ရိုးရိုးလေး ငြင်းလိုက်ယုံပါပဲ…။
$$$သိန်း ၃၀ အထိ စစ်ရသလား ဖီးလ် နေရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ…။
စစ်တာမစစ်တာ😁😁 သူ့အပိုင်း
ရောင်းတာမရောင်းတာ😁😁 သူ့အပိုင်း
ခေါ်စျေးခေါ်တာ😘😘 ကိုယ့်အပိုင်း
ပေါက်စျေးဆိုတာ အချိန်ကာလတစ်ခု
ရောင်းစျေးကို သတ်မှတ်တာ😘😘😘😘😘😘😘 ကိုယ့်အပိုင်း
ပေးတာမပေးတာ😍😍😍 သူ့အပိုင်း
တန်တာမတန်တာ အလျိန်ကာလတစ်ခု
ကားကောင်းမကောင်းကတော့ ကံတရားပဲ…။
ကားလည်းကြည့်တတ်တယ်
ကားလည်းကောင်းတယ်ဆိုပြီး ဝယ်လာပေမယ့်
#ကိုယ်စီးတော့မှ ၁ လအတွင်း #အင်ဂျင်ခွဲရတာမျိုးလည်း ကြုံဖူးတယ်…။
#ရောင်းသူကတော့ ကျွန်တေယ်စီးနေတုန်းက အကောင်း ဆိုတာကြည့်ပဲလေ……။

နေတတ်ရင် ပျော်စရာပါ
အရောင်းအဝယ်ကို ဖီးလ် ထည့်တတ်ရင်တော့ ကားရောင်းတာ
ကားဝယ်တာ
မလုပ်ရင် ကောင်းတယ်…။
#သိန်းရာချီတဲ့ #ရောင်းဝယ်ဖြစ်လို့ #နှစ်ဖက်လုံးက #အမှားနည်းအောင် လုပ်ကြရတာပဲ…။

😍 😍 😍 အကုန်လုံး ပျော်စေချင်ရင်တော့ ရေခဲမုန့် သာရောင်း…။😁😁😁
ဝယ်သူလဲ ပျော်တယ်
ရောင်းသူလဲ ပျော်တယ်
ရောင်းမကုန်ရင်တောင် သူ့ဘာသာသူ အရည် ပျော် တယ်😂😂😂
$$$$$ # $$$$

22/12/2021
နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ
22/12/2021

နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ

နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ🙏🙏🙏
22/12/2021

နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ🙏🙏🙏

Address

Monywa

Website

Alerts

Be the first to know and let us send you an email when U.MS&Sonsမုံရွာကားအငှားဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category