တော်ဝင် ကညန အထွေထွေဝန်ဆောင်မှု

  • Home
  • Myanmar
  • Mingaladon
  • တော်ဝင် ကညန အထွေထွေဝန်ဆောင်မှု

တော်ဝင်  ကညန အထွေထွေဝန်ဆောင်မှု ကညန ကနဦးမှတ်ပုံတင်ခြင်း နှစ်လဲသက်တမ်းတိုးခြင်းနှင့် ယာဥ်မောင်းလိုင်စင်ဝန်ဆောင်မှု

ကားကိုမောင်းလို့ရတဲ့လိုင်စင်ရှိလျှင်ဆိုင်ကယ်မောင်းလိုင်စင် ထပ်လုပ်စရာမလို*****************************************ကားမော...
03/09/2023

ကားကိုမောင်းလို့ရတဲ့လိုင်စင်ရှိလျှင်
ဆိုင်ကယ်မောင်းလိုင်စင် ထပ်လုပ်စရာမလို
*****************************************
ကားမောင်းလို့ရတဲ့
ယာဉ်မောင်းလိုင်စင်မှန်သမျှ
မော်တော်ဆိုင်ကယ်အားလုံးကိုမောင်းနှင်းနိုင်။

သုံးဘီးတပ်ယာဉ်၊ မီနီအိုးဝေ
မောင်းလို့ရတဲ့
ယာဉ်မောင်းလိုင်စင်မှန်သမျှ
မော်တော်ဆိုင်ကယ်အားလုံးကိုမောင်းနှင်နိုင်။

သုံးဘီးတပ်ယာဉ်၊ မီနီအိုဝေတို့အား
"ခ"ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းခွင့်မပြုခြင်းမှာ
မော်တော်ကားနှင့် သုံးဘီးယာဉ်တို့၏
သဘာဝချင်းမတူခြင်းကြောင့်ဖြစ်ပါသည်။

Credit;

နေမျိုးသူရ
2.8.2023

City Taxi စတေကာမပါသည့် TAXI ယာဥ်များ အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းသို့ ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ပါ ...Photo Crd.
02/09/2023

City Taxi စတေကာမပါသည့် TAXI ယာဥ်များ အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းသို့ ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ပါ ...

Photo Crd.

မနက်ဖြန်ကစပြီး သတိပြုကြပါ။* ကားမောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးပြုပါက မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်31/08/20...
31/08/2023

မနက်ဖြန်ကစပြီး သတိပြုကြပါ။

* ကားမောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးပြုပါက မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်

31/08/2023

စက်တင်ဘာ ၁ ရက်မှ စတင်ကာ ကားမောင်းနှင်စဉ် လက်ကိုင်ဖုန်း အသုံးပြုပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်မှ စတင်ကာ Quick Win အစီအမံ ငါးရပ်ကိုလိုက်နာရန် ပျက်ကွက်ပါက ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် အသက်ကယ် ထိုင်ခုံခါးပတ် အသုံးမပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ မူးယစ်သောက်စားမောင်းနှင်ပါက ဒဏ်ငွေကျပ် တစ်သိန်း၊ သတ်မှတ်ထားသောအရှိန်ထက် ကျော်လွန်မောင်းနှင်ပါက ဒဏ်ငွေ ကျပ်တစ်သိန်းချမှတ်သွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီသည် ယာဉ်တိုက်မှုနှင့် သေဆုံး၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် (၁) မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသောဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး၊ (၂) မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး၊ (၃) အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊(၄) မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်စေရေး၊ (၅) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပို၍မောင်းနှင်မှုမရှိစေရေး ယာဉ်မောင်းသူများ သိရှိလိုက်နာစေရေး Quick Win အစီအမံ ငါးရပ်ကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၃၁ ရက်ထိ ပညာပေးကာလ သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။

Credit to original uploader.

၉လပိုင်းအကုန်ထိ ယာဥ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးပါမည်။
01/07/2023

၉လပိုင်းအကုန်ထိ ယာဥ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးပါမည်။

ကားအုံနာဘုတ်မိတ္တူအကြောင်း****************************************ကားတစီးရဲ့ အုံနာဘုတ်စာအုပ်ဆိုသည်မှာ လူတဦး၏ အမျိုးသားမ...
28/06/2023

ကားအုံနာဘုတ်မိတ္တူအကြောင်း
****************************************

ကားတစီးရဲ့ အုံနာဘုတ်စာအုပ်ဆိုသည်မှာ
လူတဦး၏ အမျိုးသားမှတ်ပုံတင်ကတ်နည်းတူပဲ။

မူရင်းမှတ်ပုံတင် ပျောက်ဆုံး/ပျက်ဆီးသွားရင် သက်ဆိုင်ရာ လဝကရုံးမှာ ပြန်လျှောက်ရသလို၊
ကားတစီးရဲ့ အုံနာဘုတ်စာအုပ် ပျောက်ဆုံး/
ပျက်ဆီး/ကုန်ဆုံးသွားရင်လည်း သက်ဆိုင်ရာ
ကညနရုံးမှာ အသစ်တစ်အုပ်ပြန်လျှောက်ရပါတယ်။

ဒုတိယ ကားအုံနာဘုတ်စာအုပ်ကို ကညနရုံးမှ
စီစစ်ပြီး ထုတ်ပေးလိုက်ပြီဆို အဆိုပါကားရဲ့ပထမ
စာအုပ်ဟာ အလိုအလျောက်ပျက်ပြယ်သွားပါတယ်။
အဲ့ဒီပထမအုံနာဘုတ်စာအုပ်အသုံးပြုခွင့်မရှိတော့ပါ။
ပြန်ရှာတွေ့ရင်လည်း နိူင်ငံတော်၏စာရွက်စတမ်းမို့
သက်ဆိုင်ရာ ကညနရုံးသို့ ပြန်လည်အပ်နှံရပါတယ်။

အုံနာဘုတ်စာအုပ် ပျောက်ဆုံးသွားသူအနေဖြင့်
ပြန်လျှောက်ရင် သတင်းစာကြော်ငြာထည့်ရတယ်။
ပျောက်ဆုံးသူကိုယ်တိုင် ရဲစခန်းထောက်ခံစာနှင့်
မိမိပိုင်ဆိုင်သော မော်တော်ယာဥ်ဖြစ်ကြောင်းကို
ကားနှင့်အတူ ပိုင်ရှင်ကိုယ်တိုင် သက်သေထူရတယ်။
အချိန်အားဖြင့် တလကျော်ကြာ စောင့်ဆိုင်းရတယ်။

ထပ်ပြောပါမယ် ဒုတိယအုံနာဘုတ်စာအုပ်
တရားဝင် ထွက်လာပြီဆို မော်တော်ယာဥ်စီမံခန့်ခွဲမှု
ဥပဒေသတ်မှတ်အရ ပထမစာအုပ်သည်
အလိုလို ပျက်ပြယ်သွား၍(လုံးဝ)အသုံးပြုခွင့်မရှိပါ။

ဥပေဒအရ ၎င်းမှတ်သားချက် သက်သေအဖြစ်
အုံနာဘုတ်၏စာမျက်နှာ(၁၃)မှာ သတိပြုရန်အချက်
(၈)ချက်မှ နံပါတ်(၃)မှာအောက်ပါအတိုင်းဖြစ်တယ်။

👉ဤမှတ်ပုံတင်စာအုပ် ပျောက်ဆုံးလျှင်
မြန်မာနိူင်ငံရဲစခန်းထောက်ခံချက်ဖြင့်လည်းကောင်း၊
ပျက်ဆီးလျှင် ပျက်ဆီးနေသည့်
မှတ်ပုံတင်စာအုပ် အဟောင်းပြ၍လည်းကောင်း၊
မိတ္တူလျှောက်ထားနိူင်သည်။ မှတ်ပုံတင်အဖွဲ့က
မိတ္တူထုတ်ပေးချိန်မှစ၍ ယခင်မှတ်ပုံတင်
အဟောင်းသည် အလိုအလျောက် ပျက်ပြယ်သွားသည်။👈

ယခုနောက်ပိုင်း မသမာသူ လူတစု၏ လိမ်လည်၊
လှည်းဖြားမှုကြောင့် ဤအကြောင်းအရာအား
အများသိစေရန် အသိပေး မျှဝေခြင်းဖြစ်ပါသည်။

👇အောက်ပါပုံသည် အနီးစပ်ဆုံးနားလည်နိူင်စေရန်

(လူလူချင်း လှည့်ပတ်ခြင်းမှ ကင်းရှင်းကြပါစေ)

# # kobahlaing

 #ခုရက်ပိုင်းကညနသက်တမ်းတိုးသည့်အခါစာအုပ်နောက်ကျောဘက်တွင်တုံးအနီလေးထုပေးထားပါသည်။ #ကညန ရဲ့ Ownner Bookမူရင်း မိတ္တူနှင့်ပ...
10/06/2023

#ခုရက်ပိုင်းကညနသက်တမ်းတိုးသည့်အခါစာအုပ်နောက်ကျောဘက်တွင်တုံးအနီလေးထုပေးထားပါသည်။

#ကညန ရဲ့ Ownner Bookမူရင်း မိတ္တူနှင့်ပါတ်သတ်၍.....

၁။မော်တော်ယာဥ်မှတ်ပုံတင်စာအုပ်ကိုပေါင်နှံခြင်းမပြုရ...

၂။မော်တော်ယာဥ်နှင့်ပါတ်သတ်၍ ကန့်ကွက်၊ပိတ်တားလိုပါက GPA, SPAဖြင့်တားမြစ်ခြင်း၊စာတိုက်ကတားမြစ်ခြင်းများအားလက်ခံဆောင်ရွက်ပေးခြင်းမပြုပါ....တဲ့

နံပါတ်(၁)နဲ့ပါတ်သတ်ပီးပြောရရင် စာအုပ်ချည်းပဲအပေါင်မခံနဲ့ ပေါင်ချင်ရင်ကားပါပေါင်ခံရမယ့်သဘော(ဒါက အပြင်လူတွေအတွက် ရည်ရွယ်တာနေမယ်😁)

Bank နဲ့ချိတ်ပီးအရစ်ကျရောင်းသူတွေအတွက်က စာအုပ်ပဲအပေါင်ထားမယ်ဆိုရင် GPA , SPA ,စာတိုက်တို့ကနေ ပိတ်တားမလုပ်နဲ့ လူကိုယ်တိုင် ခိုင်မာမှုနဲ့ လာတားဆိုတဲ့ သဘော....

#အဓိကအချက်က ရုံးအနေနဲ့ ပိတ်တားမရှိဘူးဆိုရင် ကားလက်၀ယ်ရှိသူက အခွန်ဆောင်အမည်ပြောင်း စာအုပ်ပျောက်လျှောက်ထားရင် လုပ်ပေးမယ်ဆိုတဲ့ သဘော...

#မိတ္တူလျှောက်ထားပီးရင် မူရင်းစာအုပ်ပြန်ထွက်ပေါ်လာပါက ownner book စာမျက်နှာ (၁၃) စာပိုဒ် (၃)မူအရ မှတ်ပုံတင်အဖွဲ့က မိတ္တူထုတ်ပေးချိန်မှစ၍ ယခင်မှတ်ပုံတင်စာအုပ်အဟောင်းသည် အလိုအလျောက်ပျက်ပျယ်သည်ဟု ပါရှိသည့်အတွက် မူရင်းစာအုပ်သည် အသုံးမ၀င်တော့ပါ။

#မိတ်ဆွေများရောင်းမှား၀ယ်မှားကင်းပါစေ....

Credit

"Car Crash List" App ကို Play Store ကနေ Install ပြုလုပ်လို့ ရပါပြီ။ခုလောလောဆယ်တော့ ကားအစီးရေ တစ်ရာကျော် စာရင်းထဲမှာ ရှိန...
02/06/2023

"Car Crash List" App ကို Play Store ကနေ Install ပြုလုပ်လို့ ရပါပြီ။

ခုလောလောဆယ်တော့ ကားအစီးရေ တစ်ရာကျော် စာရင်းထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ထပ်မံရရှိလာမယ့် ကားတွေကိုလည်း Update ပြုလုပ်ပေးနေမှာပါ။

Play Store ပေါ်ကို အခုမှရောက်တာမို့ Search ကနေရှာမတွေ့ခဲ့ရင် ကွန်မန့်မှာရှိတဲ့ Play Store Link ကနေ Install ပြုလုပ်လို့ရပါတယ်။

Credit to original uploader.

(၂)နှစ် ပိတ်သည့်ယာဉ်မောင်းလိုင်စင်(၄)နှစ်ကြာမှ ပြန်ရကြသူများ************************************"ဆရာ  ကျွန်တော့်ယာဉ်မောင...
20/05/2023

(၂)နှစ် ပိတ်သည့်ယာဉ်မောင်းလိုင်စင်
(၄)နှစ်ကြာမှ ပြန်ရကြသူများ
************************************
"ဆရာ
ကျွန်တော့်ယာဉ်မောင်းလိုင်စင်ကို
(၁)နှစ်ပိတ်တယ်ဆိုလို့စောင့်နေတာ
အခု(၁)နှစ်ကျော်လို့သက်တမ်းသွားတိုးတော့
အခုကစလို့မှ(၁)နှစ်စပိတ်တယ်တဲ့ဆရာ"

"ကျွန်တော့်လိုင်စင်လဲ
(၂)နှစ်ပိတ်ခံထားရတယ်ဆရာ
သက်တမ်းကုန်ဖို့ကလဲ
(၂)နှစ်ကျော်လောက်ကျန်သေးတာမို့
သက်တမ်းတိုးမှာနဲ့ ပိတ်ခံထားရတာနဲ့
ကွက်တိဆိုပြီးမှတ်ထားတာ
အခု သက်တမ်းသွားတိုးတော့မှ
အခုမှစပြီး(၂)နှစ်ပိတ်တယ်လို့ပြောတယ်ဆရာရယ်"

ဒီလိုမျိုးတွေဟာ
ယာဉ်မောင်းတွေကြား အဖြစ်များကြပါတယ်
တချို့ကပိတ်ထားကိုမသိတာ
တချို့ကသိတယ်
အထက်ပါအကြောင်းအရာလိုပဲထင်မှတ်ထားပြီးဆက်သုံးနေကြတာ
မိမိနားလည်ထားတာတွေနဲ့လွဲနေကြတာပေါ့ဗျာ။

အကြောင်းအမျိုးမျိုးကြောင့်
ပိတ်သိမ်းခံထားရတဲ့ ယာဉ်မောင်းလိုင်စင်တွေဟာ ကညနမှာ
လုပ်ငန်းလာရောက်ဆောင်ရွက်သည့်နေ့မှစ၍
(လုပ်ငန်းလာရောက်ဆောင်ရွက်သည့်နေ့မှစ၍)
စပိတ်သိမ်းပါတယ်
မိမိလိုင်စင်ဟာ အကြောင်းကြောင်းကြောင့်
ပိတ်သိမ်းခံရတယ်ဆိုတာသိခဲ့ရင်
ပိတ်ခံရလိမ့်မယ်လို့ထင်ခဲ့မိရင်
ကညနကို သွားပြီးအကြောင်းကြားပါ
မေးပါ ဆွေးနွေးပါ ဒါဟာလည်း
လုပ်ငန်းလာရောက်ဆောင်ရွက်ခြင်းမို့
ပိတ်သိမ်းတဲ့ရက်ကို မိမိလာရောက်
သတင်းပို့တဲ့နေ့ကစလို့ မှတ်ယူလိုက်ပါပြီ။

ကညနကို သွားရောက်ဆွေးနွေး
အကြောင်းကြားခြင်းမရှိဘဲ
"အခုဆို ပိတ်ထားတဲ့နှစ်ပြည့်ပြီ" ဆိုပြီး
မိမိအဆင်ပြေသလို
တွေးတောဆောင်ရွက်နေခဲ့လို့
အခုမှပဲ ကညနကို သွားခဲ့တာဆိုရင်တော့
အထက်ကပြောထားသလို
လုပ်ငန်းလာရောက်ဆောင်ရွက်သည့်နေ့မှစ၍ ဆိုတဲ့
အကြောင်းအရာထဲ အကြုံးဝင်သွားတာမို့
အဆင်မပြေတော့တဲ့ အခြေအနေတွေ
ဖြစ်သွားရတာပါ
ဒါကြောင့် အထက်က မေးတဲ့သူတွေလိုမျိုး
မဖြစ်ရလေအောင် နာလည်ဗဟုသုတရစေဖို့
မျှဝေလိုက်ပါတယ်။

နေမျိုးသူရ
3.3.2023

မင်္ဂလာပါခင်ဗျ ကနဦးမှတ်ပုံတင်နံပါတ်တွေကတော့   4S/2400ကျော်ပါပြီကညန နဲ့ပါတ်သက်တဲ့ ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတို...
19/05/2023

မင်္ဂလာပါခင်ဗျ

ကနဦးမှတ်ပုံတင်နံပါတ်တွေကတော့ 4S/2400ကျော်ပါပြီ

ကညန နဲ့ပါတ်သက်တဲ့
ကနဦးမှတ်ပုံတင်ခြင်း၊
နှစ်လဲသက်တမ်းတိုးခြင်း၊
အမည်ပြောင်း အခွန်ဆောင်ပေးခြင်း၊ ယာဥ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် အသစ်ဖြေဆိုခြင်း၊
ကားဝယ်သူများအတွက် ရောင်းမှားဝယ်မှားမဖြစ်စေရန် ယာဥ်နှင့် စာရွက်စာတမ်း မှန် မမှန်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ

09799916399
09250059143
09445001005

W ရိုက်ထားတာပါရင် ကားကဖြတ်ဆက်ပေမယ့် (ကညနက ပြင်ဆင်ခွင့်မပေးထားတဲ့နေရာမှာ ဖရိန် အစိတ်အပိုင်းမှာ ပြုပြင်ရာရှိနေတာပါ)။ များသ...
17/05/2023

W ရိုက်ထားတာပါရင် ကားကဖြတ်ဆက်ပေမယ့် (ကညနက ပြင်ဆင်ခွင့်မပေးထားတဲ့နေရာမှာ ဖရိန် အစိတ်အပိုင်းမှာ ပြုပြင်ရာရှိနေတာပါ)။ များသောအားဖြင့် W က ဘယ်ခြမ်းမှာရိုက်ထားရင် ညာခြမ်းက ပြုပြင်ထားတာပါ။ ညာခန်းမှာ W ရိုက်ထားရင် ဘယ်ခြမ်းပြုပြင်ထားတာပါ။ W တရား၀င်ရိုက်ထားရင် Ownerbook/WheelTax တို့မှာပါ Chassi နံပါတ်ရှေ့မှာ W/Chassi No. ဖြစ်သွားပါတယ်။ (W/JZX110 ###xx) ဖြစ်သွားပါတယ်။ ဈေးတန်းကတော့ ပုံမှန်ပေါက်ဈေးထက် အနည်းဆုံး သိန်းတစ်ရာကနေ အမြင့်ကားဆို ထောင်ဂဏန်းထိ ပေါက်ဈေးထက် နည်းပါတယ်။ သေချာအောင်တော့ ကညန ယာဉ်ပြန်စစ်ပြီးမှ၀ယ်ယူသင့်ပါတယ်။ စရံချရင်လည်း စရံစာချုပ်မှာ ယာဉ်စစ်လို့ မရှင်းရင် စရံ + ယာဉ်စစ်ကုန်ကျငွေ ချက်ခြင်းပြန်အမ်းပါမယ်လို့ ဆ်ုတဲ့အချက်ထည့်ချုပ်သင့်ပါတယ်။ ယာဉ်စစ်တဲ့အခါ အပြင်စစ်ဆိုပြီး ကညန အပြင်ဘက်နားမှာ ထိုးပြီး စစ်ဆေးတာကိုလည်း ရှောင်ရှားသင့်ပါတယ်။ ပေါင်းရိုက်သွားရင် အချီကြီးထိမှာပါ။ တရား၀င်စစ်ဆေးပြီးကြောင်းချလံနဲ့သာ ၀ယ်ယူသင့်ပါတယ်။

Credit Ko Jack

မင်္ဂလာပါခင်ဗျကနဦးမှတ်ပုံတင်နံပါတ်တွေ 4S/2200 ကျော်ပါပြီကညနလုပ်ငန်းနဲ့ပါတ်သက်ပြီး ဘာဘဲလိုလို တော်ဝင်  ကညန အထွေထွေဝန်ဆော...
16/05/2023

မင်္ဂလာပါခင်ဗျ

ကနဦးမှတ်ပုံတင်နံပါတ်တွေ 4S/2200 ကျော်ပါပြီ

ကညနလုပ်ငန်းနဲ့ပါတ်သက်ပြီး ဘာဘဲလိုလို တော်ဝင် ကညန အထွေထွေဝန်ဆောင်မှု နဲ့ ဆက်သွယ်လိုက်ပါ။

09799916399 (Viber)
09250059143 (Viber)
09445001005

Address

Mingaladon

Website

Alerts

Be the first to know and let us send you an email when တော်ဝင် ကညန အထွေထွေဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category