Choice Auto Maintenance and Repair Service

Choice Auto Maintenance and Repair Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Choice Auto Maintenance and Repair Service, Automotive Service, Kyike Khame Road, Mawlamyine.

29/05/2025

ပယ်တာယာများ
ပယ်တာယာများ (Rejected tyres) ဆိုတာဟာ ထုတ်လုပ်စဉ်မှာ စံမမှီဖြစ်သွားတဲ့တာယာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှီစက်ရုံတွေမှာ 5% လောက်ရှိတတ်ပြီး စက်ရုံငယ်တွေမှာ 10% - 20% ထိ rejected ဖြစ်တတ်ပါတယ်။
ကွဲတာ ဖေါင်းတာ သဏ္ဍန်မမှန်တာ စတဲ့မြင်ရတာမျိုးရှိသလို လေခိုတာ အလေးချိန်မမှန်တာအလေးချိန်မျှမနေတာ စတဲ့ချို့ယွင်းချက်တွေလည်း ဖြစ်တတ်ပါတယ်။

ဒီပယ်တာယာတွေကို ဘာလုပ်ပစ်ကြသလဲ?
အချို့က ဖျက်စီးပစ်တာ ပြန်လည်အသုံးချတာမျိုး (recycled) လုပ်တယ်လို့ဆိုပါတယ်။
အချို့ထုတ်လုပ်သူက စံမှီသုံးလို့မရ ကြောင်း rejected ဖြစ်ကြောင်း တံဆိပ်နှိပ်ပေးလိုက်တတ်ပါတယ်။
အချို့က အခြားဈေးကွက်တခုမှာ ဈေးသက်သာစွာနဲ့ အာမခံမပါဘဲ ရောင်းချပါတယ်။
အချို့က ပြန်လည်ပြုပြင်ပြီး factory sconds အဖြစ် အနိမ့်ဆုံးစံသပ်မှတ်ပြီး ရောင်းချပါတယ်။

သိထားသင့်တဲအချက်
အချို့နိုင်ငံတွေမှာ ပယ်တာယာတွေကို လမ်းပေါ်မှာ အသုံးပြုခွင့်မရှိပါ။ စိုက်ပျိုးရေးလုပ်ငန်းခွင် ဆောက်လုပ်‌ရေး လုပ်ငန်းခွင်အချို့မှာ အသုံးပြုကြပါတယ်။
စံချိန်စံညွှန်းအားနည်းတဲ့နိုင်ငံမှာ ဈေးကွက်ရဲ့ % ဘယ်လောက်ထိရှိမယ် မသိနိုင်ပါ။
ငွေသုံးစွဲနိုင်အားနည်းပြီး ဈေးသက်သာတာလိုက်တဲ့နိုင်ငံမှာ ဈေးကွက်ရဲ့ % ဘယ်လောက်ရှိမယ် မသိနိုင်ပါ။
Ko Tun Oo
29-5-2025

ဆီထည့်မှာနော်!95 နော်! ရေတွေ ဗွက်တွေ ထည့်မပေးနဲ့.
12/03/2025

ဆီထည့်မှာနော်!
95 နော်!
ရေတွေ ဗွက်တွေ ထည့်မပေးနဲ့.

03/03/2025

ဝပ်ရှော့တွေကို ဖုန်းဆက်လာမယ်။

×××× ပါ။ အကိုတို့မှာ လာပြင်နေကျပါ။ အခုလမ်းမှာ ကားပျက်နေလို့ ပိုက်ဆံလည်း ပါမလာလို့ kpay လွှဲပေးလို့ရမလား။ နောက်နေ့ လာဝင်ပေးပါမယ်။

အကို့မှာ kpay ရှိလား။ kpay လွှဲပေးလို့ရမလား။ လမ်းမှာကားပျက်နေလို့ပါ။

×××× အင်ဂျင်ဝိုင်ကပါ။ အကိုတို့ဆီကို လာဖူးပါတယ်။ လမ်းမှာကားပျက်နေလို့ ပိုက်ဆံကလည်း ၁၅၀၀၀/ ပဲပါတယ် အဲ့ဒါ...။
.. ... ... ...
ကြွေးကျန်တွေ လာမပေးလို့ စိတ်ညစ်နေရတဲ့အထဲ...
အသိအကျွမ်း အရမ်းရင်းနှီးတဲ့ပုံစံ အခက်အခဲကို မကူရင်ပဲ အားနာစရာကောင်းနေသလိုလို...

ဒီမယ် ဟေ့ကောင်တွေ
(၁) မိန်းမရေ ငါကို kpay လွှဲပေးစမ်းပါလို့ မိန်းမဆီအရင်ဆက်...
(၂) မိန်းမမရှိရင် အမေဆီဆက်...
(၃) ကုမ္မဏီကားဆို ဂျာကြီးဆီဆက် လွှဲခိုင်း...
(၄) ညီတွေ အကိုတွေ အမတွေ ညီမတွေဆီဆက် kpay လွှဲခိုင်းလည်းရတယ်...
(၅) ဒါမှမဟုတ် နေတိုင်းတွေ့နေတဲ့ သောက်ဖေါ်သောက်ဖက်တွေကိုဆက် kpay လွှဲခိုင်း...
(၆) အဲ့နည်းတွေအဆင်မပြေရင် ဝိတက် လိုင်စင် မှတ်ပုံတင် ပေးထားခဲ့လိုက်...
(၇) ဒါလည်း အဆင်မပြေရင် ကားသာထားခဲ့ နောက်နေမှသွားပြန်ယူ...

ငါဆီမဆက်နဲ့ kpay မသုံးဘူး။ ကားပစ္စည်းဘိုးတွေ ဆပ်နေရလို့ သောက်ဆံမရှိဘူး။ ဟုတ်ပြီလား?
နောက် ခရီးသွားရင် ပိုက်ဆံလုံလောက်အောင်ထည့်သွား ဟုတ်ပြီလား?

နေရာသစ်မှာ ပြန်စနေပါပြီ။ဝပ်ရှော့အလုပ်က အရမ်းဖိအားများပါတယ်။ တခါတလေ လုပ်ချင်စိတ်ပါပျောက်ပါတယ်။ဒီနေ့တော့ အခြားမြို့ကဝပ်‌ရှ...
19/01/2025

နေရာသစ်မှာ ပြန်စနေပါပြီ။

ဝပ်ရှော့အလုပ်က အရမ်းဖိအားများပါတယ်။ တခါတလေ လုပ်ချင်စိတ်ပါပျောက်ပါတယ်။

ဒီနေ့တော့ အခြားမြို့ကဝပ်‌ရှော့မှာ အင်ဂျင်ကိုင်ပြီး နှစ်လကျော် တိုင်ပတ်နေလို့ ဆွဲလာတဲ့ကား
ကိုယ်တို့ရုံရောက်ပြီး သုံးရက်မှာ အဆင်ပြေသွားပြီမို့ ဝမ်းသာရပါတယ်။ ပိုင်ရှင်ကလည်း ဟိုမှာနှစ်လလောက်ကြာပြီးပြီမို့ ကြာရင်ကြာပါစေ စိတ်ချလက်ချအပ်ပြီး မလောတဲ့အတွက် ကျေးဇူးတင်ရပါတယ်။

မနက်ဖန် အပြီးသတ်မောင်းစမ်းစစ်ပြီးရင် နှစ်လ‌ကျော် ကား‌ပေါ်အထပ်ထပ်တင်နေတဲ့ ဖုန်တွေကို ရေဆေးပြီး ကားအပ်ပါတော့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

25/12/2024

ကျတော်တို့ကားဝပ်ရှော့ ခဏပိတ်ထားပါတယ်။ ယခုနေရာမှ နေရာသစ်ကို ရွှေ့ပြောင်းနေလို့ပါ။

နေရာသစ်
ဒေါင်းဇရပ်မီးပွိုင့်အနီး...

ဈေးကြိုမီးပွိုင့်ဘက်ကလာရင် ကျော်ကြားအလွန် ညာဘက်ခြမ်းမှာပါ။
မီးပွိုင့်မရောက်ပါ။ မြမေတ္တာမွန်ဆီဆိုင် မျက်စောင်းထိုးလောက်ကျပါမယ်။

ဇန်ဝါရီ (၁) ရက်နေ့ ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။

25/12/2024

နားလည်လွယ်အောင်ပြော...
ကားစလစ်ဖြစ်ပုံ 2မျိူးရှိ။

(၁) ဘရိတ်မိ ဘီးသေပြီးကားစလစ်ဖြစ်တာ
(၂) လမ်းချော ဘီးအလည်လွန်ပြီး ကားစလစ်ဖြစ်တာ

အဲ့ဒီအခါ
ကားကလည်သွားပြီး ထိန်းသိမ်းလို့မရ ဦးတည်ရာလွဲ အန္တရာယ်ဖြစ်နိုင်တယ်။

ABS က နံပတ် (၁) အခြေအနေမှာ ဘီးသေမသွားအောင် ဘရိတ်ကိုလွှတ်ပေးတာ
TRC က နံပတ် (၂) အခြေအနေမှာ ဘီးအလည်မလွန်အောင် ဘရိတ်ဖမ်းပေးတာ

ABS , TRC တွေကို ခလုပ်နဲ့သီးသန့်ပေးထားရင် ON ထားမှသာ အလုပ်လုပ်ပါမယ်။ Off ထားရင် အလုပ်မလုပ်ပါ။

25-12-2024

GD1 လေးရဲ့လေတံခါး အခြေအနေ...
02/02/2024

GD1 လေးရဲ့
လေတံခါး အခြေအနေ...

ငါးပိုင်း.... :-(
15/01/2024

ငါးပိုင်း.... :-(

17/07/2023

"Psiဆိုတဲ့စာလုံးကို တာယာရဲ့ဘေးသားမှာရှာကြည့်ပါ
PSIရဲ့ ရှေ့ကဂဏန်းက ထိုးရမယ့်လေးပေါင်ပါခင်ဗျာ"

မမှန်ပါ။ အမြင့်ဆုံးထိုးနိုင်တဲ့လေပေါင် ဖြစ်ပါတယ်။

ကျတော်တို့ဒီမှာက ဘရိတ်ဆီကို လဲလေ့မရှိပါဘူး။ အမှန်က 50000km တခါတော့ လဲသင့်တာပါ။သုံးတာကြာလာရင် ဘရိတ်ဆီထဲ ရေငွေ့တွေအောင်းလာ...
16/10/2022

ကျတော်တို့ဒီမှာက ဘရိတ်ဆီကို လဲလေ့မရှိပါဘူး။ အမှန်က 50000km တခါတော့ လဲသင့်တာပါ။

သုံးတာကြာလာရင် ဘရိတ်ဆီထဲ ရေငွေ့တွေအောင်းလာတယ်။ အမှုန်တွေများလာတယ်။

ပုံမှာကြည့်ရင် Ge6 နောက်ဘရိတ်ဆုံမှာ အပြင်သဲကာလုံပေမဲ့ အတွင်းဝါရှာစိမ့်တာကြောင့် သဲကာအတွင်း ရေငွေ့အောင်းနေတဲ့ ဘရိတ်ဆီဟာ သံချေးလိုက်နေပါတယ်။ ကြာရင် ဘရိတ်ပင်စတင်ကိုက်သွားပြီး ဘရိတ်ဆုံတခုလုံး လဲရပါလိမ့်မယ်။

ဘရိတ်ဆီထဲ များလာတဲ့အမှုန်တွေကလည်း ဘရိတ်ပင်စတင်ဝါရှာနဲ့ ဘရိတ်ဆုံတွေကို စားသွားစေပြီး ဆီယို ဆီစိမ့်တာ ဘရိတ်မမိတာ ဖြစ်နိုင်ပါတယ်။

ဘရိတ်ဆီချူတဲ့အခါ မည်းနေတဲ့ဘရိတ်ဆီတွေကို ပြန်မထည့်ဘဲ အသစ်ထည့်တာက ရေရှည်မှာ အကုန်အကျပိုသက်သာနိုင်ပါတယ်။

16-10-2022

15/10/2022

စက်ဆရာ ၁ဦး
လက်ထောက် ၁ဦး
လစာ ညှိနှိုင်း

ဆက်သွယ်ရန် Ph: 09425292470

Choice ကားဝပ်ရှော့
ဈေးကြိုဆန်တန်း
မော်လမြိုင်။

11/10/2022

ယာဉ်ကို ကောင်းစွာပြုပြင်ထိန်းသိမ်းထားသော်လည်း ဝန်ပိုတင်လျှင် ဘေးအန္တရယ်ဖြစ်နိုင်ခြေပိုများပါသည်။

သပ်မှတ်ခံနိုင်ဝန်ထက်ပိုမိုတင်လျှင် တာယာများ အဆောင့်ခံများ ဆွဲထိန်းများ စပရိန်များ (လမ်းပေါ်တွင် ယာဉ်ကိုကောင်းစွာထိန်းသိမ်းနိုင်စေသည့် အစိတ်အပိုင်းလေမျိုး)ကို ဝန်ပိဖိစီးမှုဖြစ်စေပါသည်။

An overloaded car is a safety hazard even if it is well-maintained.

Exceeding the payload capacity
stresses the tires, shocks, suspension and springs – four parts of the vehicle that keep it under control and on the road.

Ko Tun Oo


ရင်းမြစ် >> https://www.oregon.aaa.com/2006/12/is-your-car-overweight-asks-aaa/

Address

Kyike Khame Road
Mawlamyine

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Choice Auto Maintenance and Repair Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share