Suzuki Myat Motor Maubin

Suzuki Myat Motor Maubin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Suzuki Myat Motor Maubin, Motor Vehicle Company, Maubin.

24/02/2026

လူကြီးမင်းရဲ့ SUZUKI ကားက မှန်ကန်တဲ့ ဂရုစိုက်မှုနဲ့ထိုက်တန်ပါတယ်

လူကြီးမင်းရဲ့ SUZUKI ကားကို အသစ်လိုမျိုး စွမ်းဆောင်ရည်ကောင်းတွေ အမြဲတမ်း ရှိနေစေချင်တယ်ဆိုရင်….SUZUKI သတ်မှတ်ထားတဲ့ အချိန်ကာလအလိုက် စစ်ဆေး ပြုပြင် ထိန်းသိမ်းမှုတွေကို Authorized Suzuki Service Center တွေမှာ ပြုလုပ်ဖို့က အရေးအကြီးဆုံးပါ…

ဘာကြောင့် Authorized Suzuki Service Center တွေမှာ စစ်ဆေး ပြုပြင်ထိန်းသိမ်းဖို့ တိုက်တွန်းရသလဲဆိုရင်…

✔ SUZUKI ရဲ့ စံချိန်စံညွှန်းအတိုင်းရရှိခြင်း
SUZUKI ကားတစ်စီးကို ဘယ်လိုပုံစံနဲ့ အကောင်းဆုံး ထိန်းသိမ်းရမလဲဆိုတဲ့ SUZUKI ရဲ့ မူလစံချိန်စံညွှန်းတွေနဲ့အညီ တိကျသေချာစွာ စစ်ဆေး ပြုပြင်ပေးနိုင်ပါတယ်…

✔ Suzuki Genuine Parts
သင့်ကားရဲ့ ကြာရှည်ခံမှုနဲ့ ဘေးကင်းလုံခြုံမှုအတွက် SUZUKI Genuine Parts တွေကိုပဲ အသုံးပြုပေးတာဖြစ်တဲ့အတွက် ပြင်ပက အရည်အသွေးမမီတဲ့ အပိုပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို စိတ်ပူစရာမလိုတော့ပါဘူး…

✔SUZUKI အသိအမှတ်ပြု ကျွမ်းကျင်ပညာရှင်များ
SUZUKI ကားတွေရဲ့ နည်းပညာနဲ့ စက်ပိုင်းဆိုင်ရာတွေကို အထူးတလည် လေ့ကျင့် သင်ကြား ထားတဲ့ ကျွမ်းကျင် Mechanic များကိုယ်တိုင် ကိုင်တွယ်စစ်ဆေးပေးတာ ကြောင့် စိတ်ချ ယုံကြည်ရပါတယ်…

✔မှန်ကန်တိကျတဲ့ စက်ကိရိယာများ
ကားရဲ့ချို့ယွင်းချက်ကို တိတိကျကျ ရှာဖွေနိုင်ဖို့ SUZUKI သီးသန့် Diagnostic Tools တွေနဲ့ စက်ကိရိယာတွေကို အသုံးပြုတဲ့အတွက်ကြောင့် စစ်ဆေးရာမှာ အချိန်ကုန်သက်သာပြီး လိုအပ်တဲ့နေရာကိုသာ တိတိကျကျ ပြုပြင်နိုင်မှာပါ…

✔ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်း
ကားရဲ့ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်း (Service History) ကို စနစ်တကျရေးသွင်း မှတ်တမ်း တင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လူကြီးမင်းရဲ့ ကား စစ်ဆေးပြုပြင်ထိန်းသိမ်းမှုကို ခိုင်မာတဲ့ အထောက်အထား ဖြစ်စေတဲ့အတွက် နောင်တစ်ချိန်မှာ ကားပြန်ရောင်းမယ် ဆိုရင်လည်း ကားတန်ဖိုးကို ပိုမိုမြင့်တက် စေပါတယ်…

လူကြီးမင်းတို့အနေနဲ့ Suzuki ကားတွေရဲ့ Service အကြောင်းအရာအချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို သိချင်ရင် အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/service




  MYAT MOTOR MAUBIN စစ်ဆေးမှု လက်ခ အခမဲ့ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင့် 🙏🏻
24/02/2026

MYAT MOTOR MAUBIN
စစ်ဆေးမှု လက်ခ အခမဲ့ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင့် 🙏🏻

SUZUKI ကားတွေအတွက် စစ်မှန်တဲ့ ရွေးချယ်မှု

ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခါ အရည်အသွေး စိတ်ချရမှုမရှိတဲ့ Spare Parts တွေကို အသုံးပြုတာက လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေရရှိနိုင်ဖို့ အာမခံချက်ပေးနိုင်မှာ မဟုတ်သလို စိတ်ချရမှာလည်း မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Genuine Parts မဟုတ်တဲ့ Spare Parts ပစ္စည်းတွေက အပြင်ပန်းကြည့်ရင် ဆင်တူတယ်လို့ ထင်ရပေမယ့် အရည်အသွေးနဲ့ မူလအတိုင်း တိကျမှု ရှိခြင်းမှာတော့ ကွာခြားချက်တွေ များစွာ ရှိနေပါတယ်။

SUZUKI Genuine Parts တွေက
✔ SUZUKI ကား မော်ဒယ်တစ်ခုချင်းစီအလိုက် အတိအကျ ကိုက်ညီမှုရှိခြင်း၊

✔ တိကျတဲ့ အရည်အသွေး စစ်ဆေးမှုများပြုလုပ်ထားသည့်အတွက် ရေရှည်အသုံးခံပြီး စိတ်ချရခြင်း၊
✔ မူလအစိတ်အပိုင်းအတိုင်း တိတိကျကျ တစ်သားတည်းဖြစ်ခြင်းကြောင့် ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်ကဲ့သို့ အကောင်းဆုံးဖြစ်စေခြင်း၊

ဒါ့အပြင် Suzuki Genuine Parts တွေက ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ရေရှည်မှာ မလိုအပ်ဘဲ မကြာခဏ လဲလှယ်ရလို့ ကျသင့်မယ့် ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

“ SUZUKI အတွက် စစ်မှန်တဲ့ Spare Parts တွေကို ရွေးချယ်ပြီး စိတ်ချမ်းသာမှုကို ခံစားလိုက်ပါ”

SUZUKI Genuine Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/sparepart




24/02/2026

စွမ်း‌ဆောင်ရည်ကောင်းတွေ ရရှိဖို့ ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်စို့

လူကြီးမင်းတို့ရဲ့ ကားတွေကို အမြဲတမ်း အသစ်အတိုင်းလိုမျိုး စွမ်းဆောင်ရည်ကောင်းတွေနဲ့ ရေရှည်စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့အတွက်ဆိုရင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေကို ပြုလုပ်ဖို့ အရေးကြီးပါတယ်။

ပုံမှန်ပြုပြင် ထိန်းသိမ်းမှုတွေလုပ်ခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုရင် ..

✅ကြိုတင်ကာကွယ်နိုင်ခြင်း
ကိုယ့်ရဲ့ကားမှာ သေးငယ်တဲ့ ချို့ယွင်းချက်တွေရှိလာခဲ့မယ်ဆိုရင်တောင် ကြိုတင်သိရှိနိုင်မှာ ဖြစ်တဲ့အတွက် ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်မလာခင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
✅ငွေကုန်ကြေးကျ သက်သာစေခြင်း
ကြီးကြီးမားမားဖြစ်မှ ပြုပြင်လဲလှယ်တာထက်စာရင် အချိန်ကုန်၊ ငွေကုန်ကြေးကျတာတွေကိုလည်း သက်သာစေမှာ ဖြစ်တဲ့အပြင် အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ထိန်းထားနိုင်မှာ ဖြစ်တဲ့အတွက် ဆီစားနှုန်းကိုလည်း သက်သာစေပါတယ်။
✅ဘေးကင်းမှုနှင့် စွမ်းဆောင်ရည်
ပုံမှန်ထိန်းသိမ်းမှုရှိတဲ့ ကားတစ်စီးက လမ်းခရီးတွေမှာ စွမ်းဆောင်ရည်အပြည့်နဲ့ မောင်းနိုင်ရုံသာမက ယာဉ်အန္တရာယ်တွေကိုလည်း ကင်းဝေးစေမှာပါ။
✅ကားရဲ့ သက်တမ်းကို ကြာရှည်စေခြင်း
စက်ပိုင်း၊ အင်ဂျင်ပိုင်းဆိုင်ရာတွေကိုလည်း ယုံကြည်စိတ်ချစွာ နဲ့ ရေရှည်အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Warranty ကာလ ကျန်ရှိနေသေးရင်လည်း အကျိုးခံစားခွင့် ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ကားတွေကို အမြဲတမ်း အသစ်အတိုင်းလိုမျိုး စွမ်းဆောင်ရည်ကောင်းတွေနဲ့ ရေရှည်စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့အတွက်ဆိုရင် ကီလို ၅၀၀၀ (သို့) ၆လ ပြည့်တိုင်း နီးစပ်ရာ SUZUKI Authorized Service Center တွေမှာ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း အောက်ပါ Website ထဲမှာ ဝင်ကြည့်လို့ရပါတယ်။
https://suzukimyanmar.com/suzuki/dealer



🎉  ချစ်သူများအတွက် သတင်းကောင်းလေးလာပါပြီ 🎊🎊 ်လလုံးအတွက်(1.11.25 မှ30.11.25ထိ)  လေးလာပါပြီရှင့် 🗣️🗣️✅လူကြီးမင်းများ သုံးစ...
05/11/2025

🎉 ချစ်သူများအတွက် သတင်းကောင်းလေးလာပါပြီ 🎊🎊
်လလုံးအတွက်(1.11.25 မှ30.11.25ထိ)
လေးလာပါပြီရှင့် 🗣️🗣️

✅လူကြီးမင်းများ သုံးစွဲလျှက်ရှိသည့် မော်တော်ယာဉ်များ၏ လအလိုက် ပုံမှန်စစ်ဆေးခြင်းများဖြစ်သည့်

1.(၁လ၊၆လ၊၁၂လ၊၁၈လ၊၂၄လ၊၃၀လများနှင့် ကျန်ရှိလများ)၏ ယာဉ်ကြံ့ခိုင်စစ်ဆေးခြင်းများ

2.Engine Oil နှင့် Engine Oil Filter လဲလှယ် ခြင်းများ

3.Suzuki Genuine Maintenance Parts များလဲလှယ်ခြင်းများ အစရှိသည့် Labor Charges များကို
#လက်ခအခမဲ့ ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် 👏👏

For Booking ☎️ 09-422844614/ 09-422844604

Address 🏫🏫
အမှတ်(၇၇၂)၊ မြို့ရှောင်လမ်း ၊
မအူပင်မြို့၊ဧရာဝတီတိုင်းဒေသကြီး။

05/09/2025

ကားဆီဖိုးကုန်လို့ စိတ်ညစ်နေပြီလား ...

ဒါဆိုရင်တော့ လူကြီးမင်းတို့ မော်တော်ယာဉ်ဆီဖိုးကို လစဉ်ဘတ်ဂျက်ထဲကနေ သိသိသာသာ ချွေတာနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို SUZUKI Myanmar Motor မှ မျှဝေပေးချင်ပါတယ်။

✅ မော်တော်ယာဉ်ရဲ့ အင်ဂျင်ပါဝါကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဒီအချက်လေးတွေကို ဂရုစိုက်လိုက်ရုံနဲ့ ဆီစားနှုန်း သိသိသာသာ သက်သာလာစေမှာဖြစ်ပါတယ်။

၁။ မောင်းနှင်မှုကို ညင်သာစေပါ
ကားကို ရုတ်တရက်အရှိန်တင်ခြင်း၊ ရုတ်တရက်ဘရိတ်အုပ်ခြင်းတွေက ဆီအလွန်အကျွံကုန်စေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ အရှိန်မှန်မှန်နဲ့ ညင်ညင်သာသာမောင်းနှင်ခြင်းက ဆီစားနှုန်းကို အထိရောက်ဆုံး သက်သာစေပါတယ်။ ရှေ့ကားနဲ့လည်း သင့်တော်တဲ့အကွာအဝေးမှာ ထားပြီးမောင်းနှင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။

၂။ တာယာလေပေါင်ကို ပုံမှန်စစ်ဆေးပါ
တာယာလေပေါင်နည်းနေရင် မြေပြင်နဲ့ ဘီးရဲ့ ပွတ်တိုက်အားများပြီး အင်ဂျင်က ဝန်ပိုသုံးရလို့ ဆီပိုစားပါတယ်။ ဒါကြောင့် ကိုယ့်ကားအတွက် သတ်မှတ်ထားတဲ့ လေပေါင်အတိုင်း ပုံမှန်စစ်ဆေးဖြည့်တင်းပေးဖို့ မမေ့သင့်ပါဘူး။

၃။ အင်ဂျင်ကို ဂရုစိုက်ပါ။
အင်ဂျင် Spark Plug တွေနဲ့ Air Filter ညစ်ပတ်နေရင် အင်ဂျင်က ပိတ်သလိုဖြစ်ပြီး ဆီပိုစားလာပါတယ်။ ပုံမှန်သန့်ရှင်းပေးခြင်း၊ လဲလှယ်ပေးခြင်းက ဆီစားသက်သာစေဖို့ အဓိကကျပါတယ်။

၄။ Air Con ကို သင့်တင့်စွာသုံးပါ
A/C ကို အအေးဆုံးအဆင့်မှာ အမြဲဖွင့်ထားခြင်းက ကားအင်ဂျင်ကို ဝန်ပိုစေပြီး ဆီကုန်စေပါတယ်။ ကိုယ်နဲ့ သက်သောင့်သက်သာဖြစ်မယ့် အနေအထားမှာပဲ ထားသုံးတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

🌟 အပိုဆောင်း အကြံပြုချက် (Bonus Tip!)
ကိုယ့်ကားရဲ့ ဒိုင်ခွက် (Dashboard) မှာပြတဲ့ km/L (တစ်လီတာကို ဘယ်လောက်ကီလိုမီတာမောင်းနိုင်လဲ) ကို အမြဲစောင့်ကြည့်ပေးသင့်ပါတယ်။ ပုံမှန်ထက် ဒီဂဏန်းက သိသိသာသာ လျော့ကျလာပြီဆိုရင်တော့ အပေါ်ကအချက်တွေကို စစ်ဆေးသင့်ပါပြီ။ လိုအပ်ပါက ကျွမ်းကျင်တဲ့ Service ဆိုင်တွေမှာ စစ်ဆေးပြုပြင်နိုင်ပါတယ်။

SUZUKI မော်တော်ယာဉ်ပိုင်ရှင်များအနေနဲ့ အသေးစိတ်စစ်ဆေးလိုပါက SUZUKI Authorized Service Center နဲ့ Showroom တွေမှာ ကျွမ်းကျင်ဝန်ထမ်းများနဲ့ တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံးဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

ကားပိုင်ရှင် လူကြီးမင်းတို့ဆိုရင်လည်း ဆီစားသက်သာအောင် တခြားဘယ်လိုနည်းလမ်းလေးတွေ သုံးဖြစ်ကြသေးလဲ။

ကိုယ့်ရဲ့ အတွေ့အကြုံကောင်းလေးတွေကို Comment မှာ မျှဝေပြီး အချင်းချင်း ဗဟုသုတ ဖလှယ်ပေးခဲ့နိုင်ပါတယ်။

အသေးစိတ်သိရှိလိုရင် မိမိနှင့်အနီးဆုံး SUZUKI တရားဝင်အရောင်းပြခန်းများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👉 https://suzukimyanmar.com/suzuki/dealer

05/09/2025

မိုးရာသီမှာဆိုရင် ကားရှေ့မီး၊ ဝိုက်ဘာ (Wipers) ၊ အဲကွန်းနဲ့ အနောက်လေကာမှန် အပူပေးစနစ် (Defoggers) တွေကို မကြာခဏအသုံးပြုရတာကြောင့် ကားရဲ့ဘက်ထရီဟာ ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။ လေထုထဲက စိုထိုင်းဆကလည်း ဘက်ထရီငုတ်တွေမှာ သံချေးတက်စေပြီး ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို အားနည်းစေနိုင်ပါတယ်။

ဒါကြောင့် မိုးရာသီမှာ ကား Battery ကို ကာကွယ်ဖို့အတွက်ဆိုရင် အောက်ပါ အချက်ကလေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

🔋 ဘက်ထရီငုတ်တွေကို စစ်ဆေးပါ
ဘက်ထရီငုတ်တွေတဝိုက်မှာရှိတဲ့ ဆားပွင့်၊ သံချေးတက်နေတာတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒီလို ရိုးရှင်းတဲ့စစ်ဆေးမှုလေးက ရုတ်တရက် ဘက်ထရီပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

🔋 ပုံမှန်အသုံးပြုပေးပါ
ကားကို ပုံမှန်စက်နှိုးပြီး မောင်းနှင်ပေးနိုင်ပါတယ်။ ခရီးတိုလေးတွေပဲ မောင်းနှင်မယ်ဆိုရင် တော့ ဘက်ထရီကို အားအပြည့်အဝ ပြန်မဖြည့်ပေးနိုင်ပါဘူး။ ဘက်ထရီကို ကျန်းမာနေစေဖို့ဆိုရင်တော့ အနည်းဆုံး တစ်ပတ် တစ်ခါလောက် ကားကို မိနစ် ၂၀-၃၀ လောက် ဆက်တိုက်မောင်းနှင်ပေးသင့်ပါတယ်။

🔋 ဝန်အလွန်အကျွံဖြစ်ခြင်းကို ရှောင်ကြဉ်ပါ
စက်မနှိုးထားတဲ့အချိန်မှာ ရှေ့မီးကြီးတွေ သို့မဟုတ် အဲကွန်းလို လျှပ်စစ်ပစ္စည်းတွေကို အကြာကြီးဖွင့်ထားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။

မိတ်ဆွေတို့ရဲ့ SUZUKI ကားလေးအတွက် ဝန်ဆောင်မှုတစ်ခုခု လိုအပ်လာခဲ့ရင်တော့ အနီးဆုံးမှာရှိတဲ့ SUZUKI အရောင်းပြခန်းနဲ့ ဝန်ဆောင်မှုစင်တာ (Authorized SUZUKI Showroom) တွေကို သွားရောက်ဖို့ မမေ့ပါနဲ့နော်။

အသေးစိတ်သိရှိလိုရင် မိမိနှင့်အနီးဆုံး SUZUKI တရားဝင်အရောင်းပြခန်းများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။


#

  ကားလေးတွေ  တွင်ရောက်ရှိပါပြီအမှတ် ၇၇၂/ မြို့ရှောင်လမ်း/ မအူပင်မြို့
27/12/2024

ကားလေးတွေ
တွင်ရောက်ရှိပါပြီ
အမှတ် ၇၇၂/ မြို့ရှောင်လမ်း/ မအူပင်မြို့

24/12/2024

❤️❤️❤️

24/12/2024

❤️❤️❤️

13/11/2024

မော်တော်ယာဉ်တစ်စီးကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ဖို့နဲ့ စက်ရုံမှထုတ်လုပ်ခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း ကောင်းမွန်နေစေဖို့ဆိုရင် ယာဉ်ကို အချိန်ကာလအလိုက် ပုံမှန်စစ်ဆေးပေးဖို့ အရေးကြီးပါတယ်၊ ဒီလိုစစ်ဆေးပေးခြင်းအားဖြင့် မော်တော်ယာဉ်တွင် ပြစ်ချက်တစ်စုံတစ်ရာ ရှိခဲ့ပါကလည်း အချိန်စောစီးစွာ သိရှိနိုင်မည်ဖြစ်ကာ ပျက်စီးမှုကြီးကြီးမားမား မဖြစ်စေနိုင်ပဲ အပိုကုန်ကျစရိတ်များကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မော်တော်ယာဉ်မှာတော့ တာယာ၊ ဘရိတ်ရှူးလိုမျိုး အသုံးပြုရင် အသုံးပြုသလောက် ပွတ်တိုက်ပွန်းစားသွားတဲ့ အစိတ်အပိုင်းတွေရှိသလို ဘရိတ်ဆီလိုမျိုး အချိန်ကြာရင် ကြာသွားသလောက် ဟောင်းနွမ်းစေနိုင်တဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်၊ ယာဉ်ကို အချိန်ကာလအလိုက် စစ်ဆေးမှု မပြုလုပ်ပဲ ကြာမြင့်စွာ ဆက်လက်သုံးစွဲနေမယ်ဆိုရင်တော့ ရုတ်တရက် မော်တော်ယာဉ် ချို့ယွင်းခြင်းနှင့် ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဒါကြောင့် မော်တော်ယာဉ်ကျန်းမာရေးကို ကာလအလိုက် စစ်ဆေးထားခြင်းဖြင့် အချိန်မရွေး နေရာမရွေး လွယ်ကူချောမွေ့စွာ မောင်းနှင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်၊ ကျွန်ုပ်တို့ Suzuki မော်တော်ယာဉ်တွေကိုတော့ ယာဉ်အသစ်ကို လိုင်စင်ဝင်ပြီးနောက်ပိုင်း (၁) လ၊ (၆) လ၊ (၁၂) လ ပြည့်တဲ့အချိန်တွေနဲ့ နောက်ပိုင်း (၆) လပြည့်ချိန်တိုင်းမှာ ပုံမှန်စစ်ဆေးပေးဖို့ သတ်မှတ်ထားပါတယ်။

မော်တော်ယာဉ်ကို သွားရောက်စစ်ဆေးတဲ့အခါမှာလည်း Suzuki Authorized Service Center တွေမှာသာ စစ်ဆေးပြုပြင်ဖို့ အကြံပြုချင်တဲ့အပြင် Warranty Booklet နဲ့ Maintenance Booklet တွေကို တစ်ပါတည်းယူဆောင်သွားဖို့ မမေ့ပါနဲ့နော်။


Address

Maubin

Website

Alerts

Be the first to know and let us send you an email when Suzuki Myat Motor Maubin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share