ကောင်း အင်ဂျင်ဝိုင် Service

ကောင်း အင်ဂျင်ဝိုင် Service engine oil service

28/01/2026

ပြင်ဦးလွက် က ခြံ

2026 နှစ်သစ်မှာမိတ်ဟောင်း မိတ်သစ်များစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးကောင်းကျိုး လိုရာဆန္ဒများပြီးပြည့်စံကြပါစေရွှေရောင်လွှမ...
31/12/2025

2026 နှစ်သစ်မှာ
မိတ်ဟောင်း မိတ်သစ်များ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ကောင်းကျိုး လိုရာဆန္ဒများပြီးပြည့်စံကြပါစေ
ရွှေရောင်လွှမ်း တဲ့ နှစ် ဖြစ်ပါစေကြောင်း
ကောင်းသန့် မိသားစုမှ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်ဗျာ
🙏🙏🙏🙏🙏

14/11/2025

အားပေးကြသူ တစ်ဦးခြင်းစီကို ကျေးဇူးတင်ပါတယ်🙏🙏🙏

26/10/2025
26/10/2025

Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

26/10/2025

အားပေးကြသူ တစ်ယောက်ခြင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ🙏🙏🙏

အခုချိန် မှာပစ္စည်း အားလုံး ဈေးနုန်း အတက်အကျ မတည်ငြိမ်မူ့တွေကြောင့် ဈေးများတက်ထားရပါတယ်လိုအပ်မှသာ ဝယ်ယူ စေလိုပါတယ်ကျေးဇူ...
30/05/2024

အခုချိန် မှာ
ပစ္စည်း အားလုံး ဈေးနုန်း အတက်အကျ မတည်ငြိမ်မူ့တွေကြောင့် ဈေးများတက်ထားရပါတယ်
လိုအပ်မှသာ ဝယ်ယူ စေလိုပါတယ်
ကျေးဇူးတင်ပါတယ်ဗျာ

အင်ဂျင်ဝိုင် အကြောင်းအင်ဂျင်ဆီ၊ မော်တာဆီဟု မကြာခဏရည်ညွှန်းလေ့ရှိသော အင်ဂျင်ဆီသည် အတွင်းလောင်ကျွမ်းအင်ဂျင်များအတွက် အထူးထ...
03/09/2023

အင်ဂျင်ဝိုင် အကြောင်း

အင်ဂျင်ဆီ၊ မော်တာဆီဟု မကြာခဏရည်ညွှန်းလေ့ရှိသော အင်ဂျင်ဆီသည် အတွင်းလောင်ကျွမ်းအင်ဂျင်များအတွက် အထူးထုတ်လုပ်ထားသည့် ချောဆီဖြစ်သည်။ ၎င်းသည် အင်ဂျင်တစ်လုံး၏ ချောမွေ့ပြီး ထိရောက်သောလည်ပတ်မှုကို သေချာစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤသည်မှာ အင်ဂျင်ဆီနှင့်ပတ်သက်သော အဓိကအချက်အချို့ဖြစ်သည်။

1. ချောဆီ - အင်ဂျင်ဆီသည် အင်ဂျင်အတွင်းရှိ ရွေ့လျားနေသော အစိတ်အပိုင်းများကြားတွင် ချောဆီပေး၍ ပွတ်တိုက်မှုကို လျှော့ချပေးပြီး သတ္တုနှင့် သတ္တုထိတွေ့မှုကို ကာကွယ်ပေးသည်။ ၎င်းသည် ယိုယွင်းပျက်စီးမှုကို လျော့နည်းစေပြီး အင်ဂျင်၏ သက်တမ်းကို တိုးစေသည်။

2. အအေးခံခြင်း - အင်ဂျင်ဆီသည် လည်ပတ်နေစဉ်အတွင်း အင်ဂျင်မှထုတ်ပေးသော အပူများကို ပြေလျော့စေပါသည်။ ၎င်းသည် အရေးကြီးသော အင်ဂျင်အစိတ်အပိုင်းများမှ အပူများကို သယ်ဆောင်ပေးကာ အကောင်းဆုံးသော လည်ပတ်မှုအပူချိန်ကို ထိန်းသိမ်းပေးသည်။

3. သန့်စင်ခြင်း - အင်ဂျင်ဆီတွင် အညစ်အကြေးများ၊ အညစ်အကြေးများနှင့် လောင်ကျွမ်းခြင်းမှထွက်ကုန်များကဲ့သို့သော ညစ်ညမ်းမှုများကို သန့်စင်စေပြီး စွန့်ထုတ်ရာတွင် အထောက်အကူဖြစ်စေသော ဖြည့်စွက်ပစ္စည်းများပါရှိသည်။ ၎င်းသည် အင်ဂျင်ကို သန့်ရှင်းစေပြီး sludge နှင့် အနည်အနှစ်များ ဖြစ်ပေါ်ခြင်းကို တားဆီးပေးသည်။

4. Sealant - အင်ဂျင်ဆီသည် ပစ္စတင်များ၊ ကွင်းများနှင့် ဆလင်ဒါနံရံများကြားတွင် သင့်လျော်သောအလုံပိတ်ကို ထိန်းသိမ်းပေးကာ ဖိသိပ်မှုယိုစိမ့်မှုကို ကာကွယ်ပေးကာ အင်ဂျင်စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးသည်။

5. Viscosity - အင်ဂျင်ဆီများသည် မတူညီသော အပူချိန်တွင် ၎င်းတို့၏ စီးဆင်းမှုလက္ခဏာများကို ဆုံးဖြတ်ပေးသည့် ပျစ်ဆိန်အဆင့်များ ကွဲပြားသည်။ ဆောင်းတွင်းစွမ်းဆောင်ရည်ကို ညွှန်ပြသော "W" ဖြင့် သာမာန် viscosity အဆင့်များတွင် 5W-30၊ 10W-40 နှင့် 20W-50 တို့ ပါဝင်သည်။

6. Change Intervals- ၎င်း၏ ထိရောက်မှုကို ထိန်းသိမ်းရန် အင်ဂျင်ဆီ ပုံမှန်အချိန်ပိုင်းများတွင် ပြောင်းလဲရန် အရေးကြီးပါသည်။ အကြံပြုထားသော ဆီပြောင်းသည့်အကြိမ်ရေသည် ကားအမျိုးအစားနှင့် ဆီအမျိုးအစားပေါ်မူတည်၍ ကွဲပြားသော်လည်း ပုံမှန်အားဖြင့် မိုင် 3,000 မှ 10,000 (ကီလိုမီတာ 4,800 မှ 16,000) တိုင်းဖြစ်သည်။

7. Synthetic vs Conventional - အင်ဂျင်ဆီများသည် သမားရိုးကျ သို့မဟုတ် ဓာတုဗေဒနည်းအရ ဖြစ်နိုင်သည်။ Synthetic oils များသည် ယေဘုယျအားဖြင့် ပြင်းထန်သော အခြေအနေများတွင် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး မကြာခဏ ပြောင်းလဲမှုကြားကာလ ကြာမြင့်သော်လည်း ပိုမိုစျေးကြီးနိုင်ပါသည်။

8. API နှင့် SAE အဆင့်သတ်မှတ်ခြင်း - အင်ဂျင်ဆီများကို American Petroleum Institute (API) နှင့် မော်တော်ယာဥ်အင်ဂျင်နီယာများအသင်း (SAE) တို့ကဲ့သို့ အဖွဲ့အစည်းများမှ သတ်မှတ်ထားသော စံနှုန်းများဖြင့် ခွဲခြားထားသည်။ ဤအဆင့်သတ်မှတ်ချက်များသည် သုံးစွဲသူများသည် ၎င်းတို့၏မော်တော်ယာဉ်များအတွက် သင့်လျော်သောဆီရွေးချယ်ရာတွင် ကူညီပေးပါသည်။

သင့်ကားအတွက် သင့်လျော်သော အင်ဂျင်ဆီရွေးချယ်ခြင်းနှင့် ဆီပြောင်းလဲမှုကြားကာလများအတွက် ထုတ်လုပ်သူ၏ အကြံပြုချက်များကို လိုက်နာခြင်းသည် အင်ဂျင်ကျန်းမာရေးနှင့် ယာဉ်တစ်ခုလုံး၏စွမ်းဆောင်ရည်ကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။

အင်ဂျင်ဝိုင်ဘာလို.စားရတာလဲ ❓ကားအင်ဂျင်ဝိုင်စားနေပြီ ၊ အင်ဂျင်ကျနေပြီ ၊ အင်ဂျင်မီးခိုးလိုက်နေပြီ ဆိုတာတွေ ကျနော်တို. ကားလ...
14/07/2023

အင်ဂျင်ဝိုင်ဘာလို.စားရတာလဲ ❓

ကားအင်ဂျင်ဝိုင်စားနေပြီ ၊ အင်ဂျင်ကျနေပြီ ၊ အင်ဂျင်မီးခိုးလိုက်နေပြီ ဆိုတာတွေ ကျနော်တို. ကားလောက ပတ်၀န်းကျင်မှာ အမြဲကြားနေကြစကားတွေပါ ။ ဂျပန်တပတ်ရစ်ကားလောကမှာ အင်ဂျင်ဝိုင်စားတာကလည်း မကြာခဏကြုံတွေရတဲ့ ရောဂါတခုပါ ၊ အထူးသဖြင့် တနေ.ကုန် အင်ဂျင်ကို မောင်းနှင်ခိုင်းစေတဲ့ Taxi ကားလောကက ကားလေးတွေမှာ အင်ဂျင်ဝိုင်စားများတဲ့ ပြဿနာကြုံရမှု အများဆုံးပါ

အင်ဂျင်ဝိုင် ဖြည့်ထားတာ မကြာသေးဘူး ၊ အင်ဂျင်ဝိုင်တိုင်းကြည့်တော့ အင်ဂျင်ဝိုင် Level အမှတ်က လျော့နေပြီ ၊ အင်ဂျင်ဝိုင်လဲထားတာ တလမပြည့်သေးဘူး ၊ ကီလို ၅၀၀၀ ထောင်မပြည့်သေးဘူး ၊ အင်ဂျင်ဝိုင်လျော့သွားပြီဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်တာများပါတယ် ။

1. အင်ဂျင်ဝိုင် ယိုစိမ့်မှုတွေကြောင့်☢
အင်ဂျင်ဝိုင် လျော့သွားရတဲ့ အဖြစ်များဆုံးနဲ. မြင်သာထင်သာ အရှိဆုံး အချက်ကတော့ အင်ဂျင်ဝိုင်ယိုစိမ့်မှုတွေကြောင့်ဖြစ်ပါတယ် ။ ဘယ်နေရာတွေက အများဆုံး ယိုစိမ့်တတ်သလဲဆိုရင်တော့ Tappet Seal ( တိုက်ပစ်စီး ) လို.ခေါ်တဲ့ Engine Head ( အင်ဂျင်ဟက်) အဖုံးမှာရှိတဲ့ Seal လေးအပူရှိန်ကြောင့် မာသွားပြီး အင်ဂျင်ဝိုင်တွေကို မထိန်းနိုင်တော့ရင် အင်ဂျင်ဝိုင်ယိုစိမ့်မှုတွေဖြစ်ပြီး အင်ဂျင်ဝိုင်လျော့တတ်ပါတယ် ။ ဒီလိုဆိုရင်တော့ အင်ဂျင်ဟက်အဖုံးကို ခွာပြီး ဒီတိုက်ပစ်စီးလေးကို အသစ်လဲလှယ်ပေးရမှာပါ ။

ရှေ.ခြမ်း oil Seal လို.ခေါ်ကြတဲ့ အင်ဂျင်အရှေ.ခြမ်းမှာရှိတဲ့ CamShaft ဝုိင်းစီးတွေ ၊ Crank shaft oil seal တွေကလည်း အင်ဂျင်ဝိုင်တွေယိုစိမ့်တတ်ပါတယ် ။ ဒါကတော့ belt လို. ခေါ်တဲ့ belt ကြိုးကို အသုံးပြုထားတဲ့ အင်ဂျင်တွေမှာအဖြစ်များပါတယ် ။ အခြား chain type အင်ဂျင်တွေမှာလည်း အင်ဂျင်အရှေ.ခြမ်းမှာရှိတဲ့ Oil seal တွေကနေ ယိုစမ့်မှုတွေဖြစ်နိုင်ပါတယ် ။

Main oil seal ကနေ အင်ဂျင်ဝိုင်ယိုစိမ့်တာ ၊ ဒါကလည်း ဂျပန်တပတ်ရစ်ကားတွေမှာ အဖြစ်များတဲ့့ အင်ဂျင်ဝိုင်လျော့စေတဲ့ ပြဿနာပါ ။Main Oil Seal ဆိုတာက အင်ဂျင်နဲ. ဂီယာဘောက်နှစ်ခု ကြားထဲမှာတည်ရှိတဲ့ Seal တခုပါ ။ ဒီလိုမျိုး Main Oil Seal မှာ အင်ဂျင်ဝိုင်တွေ ယိုစိမ့်တယ်ဆိုရင်တော့ ကားရပ်ထားတဲ့ အချိန် အင်ဂျင်အောက်ဖက်မှာ အင်ဂျင်ဝိုင်ဆီကွက်တွေ ကျနေတာ မြင်ရမှာဖြစ်ပါတယ် ။ ဒီလိုယိုစိမ့်လို. အင်ဂျင်ဝိုင်လျော့တာ များနေပြီဆိုရင်တော့ အင်ဂျင် ဒါမှ မဟုတ် ၊ ဂီယာဘောက် တခုခု ဒါမှမဟုတ် အင်ဂျင်ဂီယာဘောက် အတွဲလိုက်ဖြုတ်ချပြီး Main Oil Seal ကို အသစ်လဲလှယ်ရမှာဖြစ်ပါတယ် ။

2. Engine Gasket ပျက်တာ☢
Engine Gasket ဆိုတာ Engine Head နဲ. Engine Block ကြားထဲမှာ ရှိတာပါ ၊ အဲ့ဒီ Engine Gasket ပျက်စီးသွားရင်လည်း Engine oil တွေပျောက်တတ် ၊ လျော့သွားတတ်ပါတယ် ။ တချို. Engine Gasket ပျက်သွားတဲ့အခါ Engine ထဲက Engine oil တွေဟာ Engine အပေးစနစ်ထဲက Coolant လိုင်းထဲကို ရောသွားပြီး ရေတိုင်ကီ (radiator ) ထဲမှာ Coolant နဲ. Engine oil အရောအနှော ဖြူဖျော့ဖျော့ အရောင်တွေ ၊ ဖြူဖျော့ဖျော့ အနည်တွေအဖြစ်မြင်တွေ.ရမှာပါ ။ ဒါဆိုရင်တော့ Head Gasket ပျက်ပြီး Engine oil ပျောက်ဆုံးသွားတာမျိုးပါ ။

3. Valve Oil seal နဲ. Valve Guide တွေမကောင်းတာ☢
ဒါကတော့ Engine Head ပြဿနာပါ ၊ ကားလောက က လူတွေဆို ငါ့ကား Head ဖွင့်ရမယ့် ၊ အပေါ်ခြမ်း ဖွင့်ရမယ် ၊ ဘားစိ ၊ ဘားဂိုက်မကောင်းလို. ဘာညာ ပြောတာကြားဖူးမှာပါ ။ တကယ့် Valve Oil Seal နဲ. Valve Guide တွေကိုပြောတာပါ ၊ အဲ့ဒါတွေ မကောင်းရင် အင်ဂျင်ဝိုင်ကို မထိန်းထားနိုင်တော့ဘဲ အင်ဂျင်မီးလောင်ခန်းထဲကို အင်ဂျင်ဝိုင်တွေ ယိုစိမ့်ပြီး မီးလောင်စေကာ အင်ဂျင်ဝိုင် ခမ်းမှု ၊ လျော့မှုတွေကို ဖြစ်ပေါ်စေမှာပါ ။ ဒါမျိုးဖြစ်လာတယ်ဆိုရင် ကားကို Idle အခြေအနေ Slow အခြေအနေမှာမောင်းထားစဉ် အိတ်ဇောမှာ အပြာရောင်မီးခိုးတွေ ထွက်လာတာ ၊ မီးခိုးလိုက်လာတာတွေ မြင်ရမှာဖြစ်ပါတယ် ။

4. Piston Rings တွေမကောင်းတာ☢
ဒါကတော့ အင်ဂျင်ထဲမှာ တပ်ဆင်ထားတဲ့ Piston တွေရဲ. Rings တွေမကောင်းရင်လည်း ကား အင်ဂျင်ဝိုင်စားတတ်ပါတယ် ၊ ကားမှာရှိတဲ့ Piston တွေမှာ ပုံမှန်အားဖြင့် Rings သုံးမျိုးတပ်ဆင်ထားပြီး အပေါ်ဆုံးမှာရှိတဲ့ Rings တွေက Power Ring တွေဖြစ်ပါတယ် ။ အောက်ဆုံးမှာရှိတဲ့ Ring ကတော့ ဆီထိန်း Rings လို.ခေါ်တဲ့ Piston တွေ အောက်ဆင်းချိန်မှာ Engine Oil တွေ ကို အောက်ကို ပြန်လည်ဆွဲချသွားတဲ့ Ring ပါ ။ ဒီ Rings တွေက အင်ဂျင်ရဲ. Sleeve (စလစ်) ဆိုတဲ့ မီးလောင်ခန်း နံရံနဲ. အမြဲပွတ်တိုက်နေတာကြောင့် အချိန်ကြာလာတာနဲ. ပွန်းစားလာပါတယ် ၊ သက်တမ်းကြာရှည်စွာ အသုံးပြုလာတဲ့ အင်ဂျင်တွေမှာဆိုရင် Sleeve နံရံရော ၊ Rings တွေရော ပွန်းစားကုန်ပြီး ကြားထဲမှာ နေရာလွတ် Clearance တွေဖြစ်ကုန်ပါတယ် ၊ အဲ့ဒီနေရာလွတ်တွေကနေတဆင့် အင်ဂျင်ဝိုင်တွေဟာ အင်ဂျင်မီးလောင်ခန်းထဲရောက် မီးလောင်ပါတယ် ။ အဲ့ဒါကြောင့် အင်ဂျင်ကျလာတဲ့ လက္ခဏာတရပ်ဖြစ်တဲ့ အင်ဂျင်မီးခိုးလိုက်တာတွေဖြစ်ကုန်ပြီး အင်ဂျင်ဝိုင်စားများလာပါတယ် ၊ အင်ဂျင်ဝိုင်လဲတာမကြာသေးဘူး ၊ထပ်ဖြည့်ရမယ် ။ ဒီလိုမျိုးဖြစ်လာတယ်ဆိုရင် ပိုပြီး grade မြင့်တဲ့ ပိုစေးပြစ်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားသုံးကာ ရေတိုကုသလို.နိုင်ပါတယ် ။ ဒါပေမယ့်ရေရှည်ကောင်းချင်တယ်ဆိုရင်တော့ အင်ဂျင်တခုလုံး ချပြီး ပြုပြင်ရမှာဖြစ်ပါတယ် ။

5. အမျိုးအစားညံ့တဲ့ အင်ဂျင်ဝိုင်တွေသုံးစွဲတာ☢
အင်ဂျင်ဝိုင် အမျိုးအစားညံ့တာတွေ ၊ grade မပြည့်တာတွေ ၊ Standard မမီတာတွေကြောင့်လည်း အင်ဂျင်ဝိုင်စားများတာ ၊ အင်ဂျင်ဝိုင်ခမ်းတာတွေ ဖြစ်တတ်ပါတယ် ။ အခုခေတ်မှာလည်း အင်ဂျင်ဝိုင် အမျိုးအစားပေါင်းများစွာ စျေးကွက်ထဲရောက်နေပြီး ၊ တချို.အင်ဂျင်ဝိုင် အရည်အသွေးမမီတာတွေလည်း အများကြီးပါ ၊ စျေးပေါတဲ့ အင်ဂျင်ဝိုင်တွေသုံးမိတာ ၊ ကားအင်ဂျင်နဲ. မကိုက်ညီတဲ့ အင်ဂျင်ဝိုင်တွေ သုံးစွဲမိတာတွေကြောင့်လည်း အင်ဂျင်အပူချိန်ကို ခံနိုင်ရည် မရှိတာကြောင့် အင်ဂျင်ဝိုင်ခမ်းခြောက်တာ ၊ အင်ဂျင်ဝိုင်ဂျိုးတွေတက်တာတွေ ဖြစ်ပြီး အင်ဂျင်ဝိုင်ပျောက်တာတွေ ဖြစ်တတ်ပါတယ် ။

ဒီအချက်တွေကတော့ ကားအင်ဂျင်ဝိုင်ပျောက်ဆုံးစေ ၊ ခမ်းခြောက်စေတဲ့ အဖြစ်များဆုံးအကြောင်းချက်တွေဖြစ်ပါတယ် ၊ ကားအင်ဂျင်ဝိုင်ဟာ ပုံမှန် ကားအင်ဂျင်ရဲ. Mechanism တွေမှန်ကန်စွာအလုပ်လုပ်နေတယ်ဆိုရင် ကီလို ၅၀၀၀ ပြည့်သည့်တိုင်အောင် အင်ဂျင်ဝိုင်ညစ်နွမ်းသွားတာက လွဲလို. ပျောက်ဆုံးမှုမဖြစ်နိုင်ပါ ။ ဒီလိုမဟုတ်ဘဲ အင်ဂျင်ဝိုင်လျော့သွားတယ် ၊ အင်ဂျင်ဝိုင်ခမ်းသွားတယ်ဆိုရင်တော့ ကားအင်ဂျင်မှာ ချို.ယွင်းမှုတခုခုဖြစ်နေလို.ပါ ။ ဒီလိုဆိုရင်တော့ သေချာစစ်ဆေးပြီး အင်ဂျင်ဝိုင်ခမ်းမှုကြောင့် အင်ဂျင်ပျက်စီးမှုတွေမဖြစ်ခင် အချိန်မီ ပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ခင်ဗျာ။


Address

83st 20×21bet
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

09786806152

Website

Alerts

Be the first to know and let us send you an email when ကောင်း အင်ဂျင်ဝိုင် Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share