ကောင်းကင်ပြာ

ကောင်းကင်ပြာ ကျွန်ုပ်၏ အကောင်းဆုံး ဝန်ဆောင်မှုဖြ?

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ရှ...
11/05/2020

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊

ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ရှင့် ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်ရှင့် 💁‍♀️

ပထမဆုံးပြောမယ်ခလုတ်လေး က ❤️On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါရှင့် ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်

နောက်တစ်ခုက ✳️Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်ရှင့် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်

ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
🔸Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်

ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်ရှင့်

တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။

စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်ရှင့်
🔸Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်

🔴တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

✳️Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

✳️Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

✳️Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

✳️Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ✳️ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်
Credit to Myanmar Click

SUBARUလေးရဲ့ ဒုက္ခက air filterကို original ပါမလာတော့evaporatorမှာ အညစ်အကြေးတွေ တိုက်ရိုက် သွားကပ်ပြီလေ အဲ့ဒီတော့ Service...
15/03/2020

SUBARUလေးရဲ့ ဒုက္ခက

air filterကို original ပါမလာတော့

evaporatorမှာ အညစ်အကြေးတွေ

တိုက်ရိုက် သွားကပ်ပြီလေ

အဲ့ဒီတော့ Serviceလေး

ဝင်ပေးရတာပေါ့

မသုံးတာ ကြာပြီတဲ့ 📆📆စစ်လိုက်တော့ Magnet လဲ မပါcondenser fanလဲ မကောင်းcompressorကလဲ sealကမကောင်းပြောတော့ ပိုက်ဆံ မလောက်လိ...
15/03/2020

မသုံးတာ ကြာပြီတဲ့ 📆📆

စစ်လိုက်တော့ Magnet လဲ မပါ

condenser fanလဲ မကောင်း

compressorကလဲ sealကမကောင်း

ပြောတော့ ပိုက်ဆံ မလောက်လို့တဲ့ 💸💸

မပြင်ချင်သလို ပြင်ချင်သလိုနဲ့

ပြင်ပြီးလို့ ကောင်းသွားတော့👍👍

လက်ခ ပိုယူပါတဲ့😘😘

အဲ့ဒါ Blue Skyရဲ့ စေတနာ ရောင်ပြန်ဟတ်

တာပါ😍😍

Car air conမှာ gas pipeပေါက်တာတို့ ယိုစိမ့်တာတို့ ရှိလာပါက gasပဲ ထွက်သွားတာ မဟုတ်ပါ compressor oilပါ အနည်းငယ် ထွက်ပါတယ် ...
05/12/2019

Car air conမှာ gas pipeပေါက်တာတို့

ယိုစိမ့်တာတို့ ရှိလာပါက

gasပဲ ထွက်သွားတာ မဟုတ်ပါ

compressor oilပါ အနည်းငယ်

ထွက်ပါတယ်

gasနည်းလို့ မအေးတာကို

လိုအပ်တဲ့ gasပဲ ဖြည့်ပြီး

compressor oilကိုမစစ်ဆေးမိပါက

gas ထွက်တဲ့အကြိမ်ရေ များလာရင်

Compressor oilငတ်ပြီး compressor က

jump ဖြစ်တတ်ပါတယ် ပုံပါcarက

compressorက jumpပြီး

ပန်ကာကြိုးပြတ်သွားတာပါ

လိုအပ်တဲ့ oilကို စစ်ဆေးပြီး ပန်ကာကြိုး

ပြန်တပ်ပေး gasပြန်ထည့်လိုက်တော့

ကောင်းသွားပြီပေါ့

ဒီလိုလေးတွေ လိုအပ်လာရင်

Blue Sky (wiring & car air con ) Service

ကို သတိရလိုက်ပါ

09696944770
၆၄လမ်း ဇလပ်ဝါလမ်းထောင့်
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

သိထားသင့်သော Car Aircon အကြောင်း❄❄❄❄❄❄ ကားအဲကွန်းကို အနည်းဆုံး တစ်ပတ်တစ်ခါ မိနစ်ပိုင်း အနည်းငယ်လောက် ဖွင့်ပြီး အသုံးပြု...
24/08/2019

သိထားသင့်သော Car Aircon အကြောင်း
❄❄❄❄❄

❄ ကားအဲကွန်းကို အနည်းဆုံး တစ်ပတ်တစ်ခါ မိနစ်ပိုင်း အနည်းငယ်လောက် ဖွင့်ပြီး အသုံးပြု သင့်ပါသည်။

🐾အဲကွန်း မဖွင့်တာ ကြာရင် ဂတ်စ်နှင့်တကွ စက်ကိရိယာ အစိတ်အပိုင်းတွေက အလုပ် မလုပ်သောကြောင့် ချို့ယွင်းမှုများ ဖြစ်ပွား တတ်ပြီး ပြန်ဖွင့် အသုံးပြုသောအခါ ဂတ်စ်စီးဆင်း လည်ပတ်မှု လမ်းကြောင်း ပိတ်ဆို့နေတတ် ပါသည်။

💣ထိုအခါ အဲယားကွန်း စနစ်မှ အင်ဂျင်ပါဝါကို ပိုမိုရယူ အသုံးပြုရ သောကြောင့် ကား အင်ဂျင်သည် သာမန်ထက် ပိုပူလာတတ် ပါသည်။

🛣ထို့အပြင် နေပူထဲ ကားရပ်ထားပြီး ပြန်မောင်း မထွက်ခင်တွင် ကားမှန်များ ချထားပြီး အဲကွန်းကို အမြင့်ဆုံး အမှတ်မှာထား၍ ကားအတွင်းမှ လေပူများ အပြင်ထွက်စေရန် ခဏတာ ဖွင့်ထား သင့်ပါသည်။

🚨အထူးအရေးကြီးသည့် အချက်အနေဖြင့် ပြင်ပ အပူချိန်နှင့် ကားအတွင်း အပူချိန်ကို များစွာ ကွာခြားအောင် မထားသင့်ပါ၊ ထို့အပြင် အရေပြားထိခိုက်ခြင်း မဖြစ်စေရန် မျက်နှာ နှင့် ကိုယ်ခန္ဓာ တည့်တည့်သို့ အဲကွန်း လေများ တိုက်ရိုက် မကျရောက်စေရန် လေထွက်ပေါက်ကို လွှဲထား ပေးထား ရပါမည်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
Pyae Phyo Aung
Motor.com.mm

Air Con တပ်မယ်ဆိုလျှင်သိထားသင့်တဲ့ အချက်များ ။===================(၁) British Thermal Unit (Btu) or KW===================...
26/07/2019

Air Con တပ်မယ်ဆိုလျှင်
သိထားသင့်တဲ့ အချက်များ ။
===================

(၁) British Thermal Unit (Btu) or KW
=======================
Air Con တစ်လုံးရဲ့  အေးနိုင်စွမ်းကို Btu or KW နဲ့ တိုင်းတာပါတယ်။
(ယခုနောက်ပိုင်း SI unitများ အသုံးတွင်ကျယ်လာ ပြီး Btu အစား KW နှင့် ဖော်ပြလာကြပါသည်။)
Btu များလာတဲ့အလျောက် သူ့ရဲ့ဈေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
အများစု သိထားကြတယ့် horsepower(hp) မြင်းကောင်ရေအား က တကယ်တမ်းတော့ အရေးမပါ ပါဘူး။
Horsepower (hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး ။
Horsepower(hp) ဘယ်နကောင်ရှိတဲ့ Air Con မှာ Btu ဘယ်လောက်ထွက်လဲဆိုတာ Brand အလိုက် Model အလိုက် သတ်မှတ်ပုံ ကွဲပြားနိုင်ပါတယ်။
( 1 KW = 3415 Btu/hr)

မိမိအခန်းအတွက် လိုအပ်တဲ့ Btu ကို အကြမ်းဖျင်းတွက်ကြည့်နိုင်ပါတယ်။
မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို (50 မှ 65 )ကြား နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu or KW ပါပဲ။

➡️ ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။ 180 x (50 to65) = 9000 မှ 11700 Btu လိုအပ်ပါတယ်။ (စကားချပ်- အိပ်ခန်းအမျိုးအစားတွက်သာ ဆိုလိုရင်းဖြစ်သည်။) အခြားသော အခန်းအမျိုးအစားများအတွက် တွက်ထုတ်ပုံ မျိုးစုံကို ASHARE Hand Book မှ လေ့လာ ကြည့်ရှု့ နိုင်ပါသည်။

(၂) Energy Efficiency Ratio(EER)
========================
EER ဆိုတာ Cooling Capacity (Btu/hr or KW) ကို Input Power Consumption KiloWatt(KW) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER 2.2 ကနေ 3.2 ကြားမှာ ရှိကြပါတယ်။
Inverter type တွေမှာဆို EER 3.0 ကနေ 4.0 ဝန်းကျင် ရှိကြပါတယ်။
24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

( ၃) Air Flow Rate
==============
အတွင်း unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (CMH) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။
1/ ၁ကောင် air con မှာ 380 to 580 CMH
2/ ၁ကောင်ခွဲ air con မှာ 420 to 605 CMH
3/ ၂ကောင် air con မှာ 720 to 1010 CMH
4/ ၂ကောင်ခွဲ air con မှာ 810 to 1050 CMH
ထွက်ရှိပါတယ်။ ( Reference ; Daikin FT...A series Model များမှ)

(၄) Noise
==========
ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင် Indoor unit နဲ့ Outdoor unit ရဲ့ ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။
Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။
Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံကို ကြားနေရနိုင်ပါတယ်။
ဆူညံမှုကို decibel (dBA) နဲ့ တိုင်းတာပါတယ်။ dBAနည်းလေ အသံတိုးလေပါ။ Split Type တွေမှာဆို Indoor unit ရဲ့ dBA ဟာ ( 25 မှ 48 ) အထိ ရှိနေနိုင်ပြီး၊ Outdoor unit ရဲ့ dBA ဟာ (45 မှ 52 ) အထိ ရှိနိုင်ပါတယ်။
( Reference ; Daikin FT...A series Model များမှ)

(၅) Copper Pipe Quality
===================
Air Con မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို့ Air Con တွေမှာ ကြေး (100%) အစား အလူမီနီယမ် (100%) သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်းဝယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။

Credit original uploader

26/07/2019

Inverter Air-conditioner (အင်ဗာတာ အဲကွန်း)
••••••••••••••••••••••••••••••••••••••••

Inverter Air-conditioner ဟုပြောလိုက်လျင် အချို့က (power) inverter ကို အရင်ပြေးမြင်တတ်ကြသည်။ မြန်မာနိုင်ငံမှာက လျှပ်စစ်မီးမလာသည့်အခါ (battery) ဘတ်ထရီသုံး၍ မီးသုံးကြလျင် inverter ခံ၍ သုံးကြရသောကြောင့် (power) inverter ကို လူအများ အကျွမ်းတဝင်ရှိနေပြီး ဖြစ်သောကြောင့် ဖြစ်မည်ထင်ပါသည်။

မြန်မာနိုင်ငံတွင် လူအများအကျွမ်းတဝင်ရှိသည့် inverter သည် Direct Current (DC) ကို Alternate Current (AC) သို့ပြောင်းပေးသော (device) ကရိယာတစ်ခုဖြစ်သည်။ အိမ်သုံးလျပ်စစ်ဓါတ်အားသည် AC ဖြစ်သည်။ (Battery) ဘက်ထရီမှထုတ်သော လျပ်စစ်ဓါတ်အားသည် DC ဖြစ်သည်။ DC လျပ်စီးကြောင်းကို AC လျပ်စီးကြောင်းသို့ပြောင်းရန်အတွက် inverter ကိုသုံးရသည်။ ဤသည်ကား မြန်မာနိုင်ငံတွင် လူအများသိထားကြသော inverter ဖြစ်သည်။

Inverter Air-con တွင်အသုံးပြုသော inverter သည် compressor motor (ကွန်ပရပ်ဆာမော်တာ) ကို speed အမျိုးမျိုး (variable speed) ဖြင့်လည်နိုင်အောင် ပြုလုပ်ပေးသော (device) ကရိယာဖြစ်သည်။ Inverter Air-con အလုပ်လုပ်ပုံ နှင့် ယင်း၏ အားသာချက်များကို နားလည်နိုင်ရန်အတွက် သာမန်အဲကွန်း (normal air-conditioner) အလုပ်လုပ်ပုံနှင့် နှိုင်းယှဉ်ကြည့်ဘို့လိုပါမည်။

Inverter Air-con များမပေါ်မီက ထုတ်လုပ်သုံးဆွဲနေသော air-con များတွင် compressor motor သည် AC current ကိုအသုံးပြုသည်။ AC current ကိုအသုံးပြုသည့် တနည်းအားဖြင့် AC current ဖြင့်လည်ပတ်သည့် အခြားမော်တာများ (ရေစုပ်စက်မော်တာ - water pump motor) နည်းတူ ထို compressor motor သည် full speed တစ်မျိုးတည်းသာ လည်နိုင်သည်။ ထို့ကြောင့် အဆိုပါ air-conditioner များကို constant speed air-conditioner ဟုလည်း ခေါ်ကြသည်။

Constant speed air-conditioner များရပ်နေရာမှ စပြီးအလုပ်လုပ်စေရန် remote control ဖြင့် "ON" လိုက်ပါက compressor motor သည် ရပ်နေရာမှ 100% speed ဖြင့်လည်ရန် ရုံးထမည်ဖြစ်သည်။ ထိုအခါ မီးအားတဟုန်ထိုး ဆောင့်ဆွဲသည် (surge current)။ ထို surge current သည် (full load current) compressor-motor စွမ်းအားပြည့်လည်နေချိန်တွင် ဆွဲသော current ၏ ၄ ဆ မှ ၈ ဆ အထိ ရှိနိုင်သည်။

ထို့နောက် constant speed air-conditioner သည် စက်ရုံမှာကတည်းက setting လုပ်ထားသည့် temperature range အတွင်းတွင် ဆက်ပြီးအလုပ်လုပ်သည်။ ဥပမာ စက်ရုံ presetting temperature range သည် (+,- 2 degree C) အပေါင်း, အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်ဆိုပါစို့။ Air-con ၏ temperature ကို remote controller ဖြင့် 24 Degree C ချိန်ထားပါက အခန်းအပူချိန် 22 Degree C အထိအေးသွားလျင် Compressor သည် လုံးဝရပ်သွားမည်ဖြစ်သည်။ (24 - 2 = 22)။

Compressor ရပ်သွားသော်လည်း အခန်းထဲက indoor unit (fan coil unit) ကတော့ ဆက်ပြီးအလုပ်လုပ်နေပေမည်။ Compressor အလုပ်မလုပ်သည့်အတွက် outdoor unit (condensing unit) နှင့် indoor unit အတွင်း (refrigerant) gas စီးဆင်းမှုမရှိတော့သောကြောင့် အခန်းတွင်းအပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာပေလိမ့်မည်။ အခန်းအပူချိန် 26 Degree C ဖြစ်သွားလျင် compressor သည် ရပ်နေရာမှ 100% speed ဖြင့်လည်ပတ်ရန် ပြန်လည်ရုံးထမည်ဖြစ်သည်။ (24 + 2 = 26)။

Constant speed air-conditioner များတွင် compressor သည် ရပ်လျင် လုံးဝရပ်နေပြီး အလုပ်လုပ်လျင်လည်း 100% speed ဖြင့်လုပ်သောကြောင့် ယင့်တို့ကို ON/OFF type air-conditioner ဟုလည်းခေါ်ကြသည်။ Inverter type air-conditioner များ ပေါ်လာသောအခါ constant speed air-conditioner များသည် inverter type မဟုတ်သဖြင့် ယင်းတို့ကို non-inverter type air-conditioner ဟုလည်း ခေါ်လာကြသည်။

စောစောပိုင်းကပြောခဲ့သည့်အတိုင်း inverter type air-con တွင် compressor motor သည် 0% မှာ 100% အထိ speed အမျိုးမျိုးဖြင့်အလုပ်လုပ်နိုင်သည်။ Inverter compressor သည် DC current ဖြင့်အလုပ်လုပ်သောကြောင့် အိမ်သုံး AC current မှ DC current သို့ ပြောင်းပေးသည့် (device) ကရိယာတစ်ခုလည်း ပါရှိသည်။

Inverter type air-con ကို ရပ်နေရာမှာ အလုပ်လုပ်စေရန်အတွက် remote control ဖြင့် "ON" လိုက်ပါက compressor သည် 0% မှ တစ်ဆင့်ချင်းတက်၍ 100% speed အထိ လည်သည်။ ထို့ကြောင့် constant speed air-con ကဲ့သို့ မီးအားဆောင့်ဆွဲခြင်း (surge current) မရှိတော့ပေ။

Brand အများစု၏ Inverter air-con cut-in/cut-off temperature range ကလည်း constant speed air-con များထက် တော်တော်လေး နဲသည်။ အချို့သော brand ၏ ထို temperature range မှာ (+,- 0.5 Degree C) ဖြစ်သည်။

ဥပမာ။ air-con ၏ temperature ကို remote control ဖြင့် 24 Degree C ချိန်ထားပါက အခန်းအပူချိန် 23.5 Degree C ရောက်သွားလျင် inverter device က compressor ၏ speed ကို လျော့ချပေးလိုက်သည်။ (24 - 0.5 = 23.5)။ ဤတွင်တစ်ခုသတိထားမိနိုင်သည်က constant speed air-con မှာကဲ့သို့ cut-off point တွင် compressor လုံးဝရပ်မသွားခြင်းပင်ဖြစ်သည်။

အခန်းအပူချိန် 24.5 Degree C ရောက်သွားလျင် inverter device က compressor ၏ speed ကို ပြန်မြှင့်ပေးလိုက်သည်။ ဤသို့ဖြင့် inverter air-con သည် လိုအပ်သော အခန်းအပူချိန်ကို compressor speed အားအတိုးအလျော့ပြုလုပ်ပေးခြင်းဖြင့် ထိန်းသိမ်းပေးသည်။

Inverter system တွင် air-con စဖွင့်သည့်အကြိမ်တွင်သာ compressor သည် 100% speed အထိ လည်ပတ်ပြီး ကျန်အချိန်များတွင် 100% speed အထိ မရောက်တော့ဘဲ inverter device က compressor speed ကို လိုသလို ထိန်းညှိပေးသွားသည်။

အထက်ပါအချက်အလက်များမှနေ၍ constant speed (non-inverter) air-con နှင့် inverter air-con တို့၏ အားနည်းချက်၊ အားသာချက်များကို အောက်ပါအတိုင်း လေ့လာကြည့်နိုင်သည်။

(၁) constant speed air-con တွင် compressor သည် 100% speed ဖြင့်သာ လည်ပတ်သောကြောင့် မီးအားကျနေချိန် (low voltage condition) တွင် compressor လည်ပတ်ရန် current မလုံလောက်သဖြင့် compressor ရပ်၊ ရပ်သွားသည်ကို ကြုံရမည်ဖြစ်သည်။

Inverter air-con တွင်မူ compressor 100% ဖြင့် လည်ပတ်နေသည်မဟုတ်သောကြောင့် မီးအားကျနေချိန်တွင်လည်း compressor ဆက်အလုပ်လုပ်နေနိုင်သည်။ အချို့ brand တွင် inverter air-con သည် ဗို့အား ၁၇၅ (175 volt) အထိကျနေချိန်တွင်ပင် compressor ဆက်အလုပ်လုပ်နေသည်ကို တွေ့ဘူးသည်။

(၂) Constant speed air-con တွင် compressor လည်သည့်အခါတိုင်း 100% speed ဖြင့်လည်သောကြောင့် မီးပိုစားသည်။ တနည်းအားဖြင့် လျပ်စစ်ဓါတ်အား ပိုမိုသုံးဆွဲသည်။

Inverter air-con တွင်မူ စဖွင့်သည့် တစ်ခေါက်တွင်သာ compressor သည် 100% speed အထိ လည်ပြီး ကျန်အချိန်များတွင် 100% speed အထိ မလည်သောကြောင့် မီးစားပိုနည်းသည်။

အချို့သော brand တွင် inverter air-con သည် constant speed air-con ထက် မီးစား ၄၅% သက်သာသည်။ Constant speed air-con သုံး၍ မီတာခ တစ်လကို ၁၀,၀၀၀ ကျမည်ဆိုလျင် inverter air-con သုံးပါက မီတာခ ၅,၅၀၀ ခန့်သာကျပေလိမ့်မည်။

(၃) Constant speed air-con တွင် compressor သည် 100% speed ဖြင့် လည်ပတ်နေသောကြောင့် အသံပိုဆူသည်။ Inverter air-con ကမူ အသံပိုငြိမ်သည်။

(၄) Constant speed air-con တွင် 100% speed ဖြင့်အလုပ်လုပ်နေသောကြောင့် outdoor unit ၏ အစိတ်အပိုင်း (parts and components) များ ပျက်ဆီးရန် ပိုမိုလွယ်ကူသည်။ Inverter air-con တွင်မူ parts and components များ၏ သက်တမ်း ပိုမိုရှည်ကြာနိုင်သည်။

(၅) Constant speed air-con အများစုသည် R-22 gas ကိုသုံးသည်။ (ယခုနောက်ပိုင်း R-410a သုံးသော constant speed များရှိသည်)။ Inverter air-con များတွင် R-410a gas ကိုသုံးသည်။ R-410a ၏ working pressure သည် R-22 ၏ working pressure ထက် အလွန်မြင့်မားသောကြောင့် ကွန်ပရပ်ဆာအိမ် (compressor casing) နံရံကို ပို၍ထူထူ ပြုလုပ်ထားရသည်။ ဤအချက်ကလည်း compressor ၏အသံကို ထိန်းပေးသည့်အပြင် compressor အလွယ်တကူ မကွဲအက်အောင်လည်း ကာကွယ်ပေးပြီးသား ဖြစ်သွားသည်။

Inverter air-con ၏ တစ်ခုတည်းသောအားနည်းချက်မှာ ဈေးပိုကြီးခြင်းဖြစ်သည်။ သို့သော် ထိုသို့ပိုပေးရသောငွေသည် မီတာခသက်သာသောငွေဖြင့် ခုနှိမ်ပါက ၂ နှစ်ခန့်ဆိုလျင် ပြန်၍ ထေမိမည်ဖြစ်သည်။ air-con တစ်လုံး၏ ပျမ်းမျှသက်တမ်း ၁၀ နှစ်နှင့်တွက်ကြည့်ပါက ရေရှည်တွင် inverter air-con သုံးခြင်းက အမြတ်ပင်ထွက်ပေလိမ့်မည်။

ထိုသို့ အဖက်ဖက်မှ အားသာချက်ရှိသော invertor air-con ကို ပြည်သူအများ ပိုမိုသုံးဆွဲလာကြစေရန် အစိုးရက မူဝါဒ (policy) များဖြင့် အားပေးနိုင်သည်။

၂၀၁၇ အောက်တိုဘာလ မတိုင်မီအထိ air-con အားလုံး၏ အကောက်ခွန် (custom duty) သည် ၁% ဖြစ်သည်။ ၂၀၁၇ အောက်တိုဘာနောက်ပိုင်းတွင် ထို ၁% ကို ၁၀% သို့ တိုးမြှင့်လိုက်သည်။

ထိုကဲ့သို့ air-con အားလုံး၏ custom duty ကို ၁၀% သို့ တပြေးညီ တိုးမြှင့်ကောက်ခံမည့်အစား inverter air-con များ၏ custom duty ကို ၁% တွင် ဆက်လက်ထားရှိပြီး constant speed အဲကွန်းများ၏ custom duty ကို ၁၀% သို့ တိုးမြှင့်လိုက်လျင် inverter air-con နှင့် constant speed air-con တို့၏ ဈေးနှုန်းကွာဟမှု လျော့နည်းသွားပြီး ပြည်သူတို့အနေဖြင့် inverter air-con များ ပိုမိုသုံးဆွဲနိုင်ကြမည်ဖြစ်သည်။

Commercial building များတွင်လည်း inverter air-con များသုံးပါက အစိုးရမှ ပိုင်ရှင်များအား အခွန်ဖြေလျော့မှု (tax relief) များဖြင့် ဆွဲဆောင်ပါက commercial building များတွင်လည်း inverter air-con သုံးသူ ပိုမိုများပြားလာနိုင်ပါသည်။ ဤသည်တို့သည် အမှန်တကယ်လက်တွေ့ကျသော သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးပင်ဖြစ်ပါသည်။
Credit. Ko kyaw Naing

ပိုင်းလိုင်းရှင်းပြီး gasကို full chargeဆိုတော့ ဒီလိုလေး လုပ်ပေးလိုက်တယ်😍😍
10/07/2019

ပိုင်းလိုင်းရှင်းပြီး gasကို full chargeဆိုတော့ ဒီလိုလေး လုပ်ပေးလိုက်တယ်😍😍

Condenser လေးပေါက်နေလို့ ပြန်ဖာပေးလိုက်ပါတယ်😍😍
04/07/2019

Condenser လေးပေါက်နေလို့ ပြန်ဖာပေးလိုက်ပါတယ်😍😍

ဒီနေ့ pump down servicing လေး evaporatorနှောက်မှာ ဂျပ်လိုက်နေတယ်ဗျာလေထွက်တာ မညီဘူး servicingဝင်ပြီးတော့ Okသွားပါပြီ 😍😍😍
09/06/2019

ဒီနေ့ pump down servicing လေး

evaporatorနှောက်မှာ ဂျပ်လိုက်နေတယ်ဗျာ

လေထွက်တာ မညီဘူး servicingဝင်ပြီးတော့

Okသွားပါပြီ 😍😍😍

Address

၆၄လမ်းနှင့် ဇလပ်ဝါလမ်းထောင့် ချမ်းမြသာစည်မြို့နယ်
Mandalay
1111

Telephone

+959696944770

Website

Alerts

Be the first to know and let us send you an email when ကောင်းကင်ပြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share