𝐒𝐃𝐋 - 𝐌𝐨𝐭𝐨𝐫𝐬𝐩𝐨𝐫𝐭

𝐒𝐃𝐋 - 𝐌𝐨𝐭𝐨𝐫𝐬𝐩𝐨𝐫𝐭 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐒𝐃𝐋 - 𝐌𝐨𝐭𝐨𝐫𝐬𝐩𝐨𝐫𝐭, Car Stereo Store, 60. 31* 32, Mandalay.

Toyota Ractis 2011 killo နဲကားကောင်းလေး Sold Out ပါ ဝယ်ယူသွားသာ  customer များကျေးဇူးအထူးတင်ရှိပါတယ်ဗျ။
13/04/2023

Toyota Ractis 2011 killo နဲကားကောင်းလေး Sold Out ပါ ဝယ်ယူသွားသာ customer များကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

  ကားအကြောင်းSUV တစ်စီးလိုချင်တယ် ဆီစားတာကိုလဲသိပ်မကြိုက်ဘူးဆိုတဲ့မိတ်ဆွေအတွက် Kluger ကိုရွေးချယ်ဖို့အကြံပြုပါတယ်။ Kluge...
20/03/2023

ကားအကြောင်း

SUV တစ်စီးလိုချင်တယ် ဆီစားတာကိုလဲသိပ်မကြိုက်ဘူးဆိုတဲ့မိတ်ဆွေအတွက် Kluger ကိုရွေးချယ်ဖို့အကြံပြုပါတယ်။

Kluger မှာဆိုရင် 2001ကနေ 2007 ထိကို Kluger လို့ခေါ်ပါတယ် 2007 နောက်ပိုင်းကိုတော့ Highlander ဆိုတဲ့နာမည်နဲ့ ဖြစ်သွားပီး မြန်မာနိုင်ငံမှာတွေ့ရတာတော့ တော်တော်လေးကိုနည်းပါတယ်ဗျ

Kluger ကိုတော့ လူအများပြောကြတာတော့ Land ပေါက်စတဲ့ 😬

Grade - G package
Sx package
SG package
S package
S-limited

Mode -2000 to 2007 (Kluger)
2007 to …. ( Highlander )

Seat - 5seathers and 7seathers

Engine (1)- 2.4 ,2wd ( ACU20)
2.4 ,4wd (ACU25)

(2)-3.0 , 2wd (MCU20)
3.0 , 4wd (MCU25)

Kluger နဲ့highway တွေလဲထွက်ဖူးတာမနည်းတော့ပါဘူး ဒီကားဟာဆိုရင်ကျွန်တော်တို့ မြို့တွင်းဘဲသုံးသုံး ခရီးဘဲထွက်ထွက် အရမ်းကိုအဆင်ပြေတဲ့ကားတစ်စီးဖြစ်ပါတယ်

သူ့ရဲ့အားသာချက်ကတော့ အောက်ပိုင်းမြ်င့်တယ် အတွင်းခန်းကျယ်တယ် မောင်းရတဲ့မြင်ခွင်းကလဲအရမ်းကိုရှင်းပါတယ်။

တစ်လ မြို့တွင်း နေ့တိုင်းသုံး ac ပါဖွင့်ပါတယ် တစ်လ 5သိန်းပတ်ချာလောက်တော့ကုန်ပါတယ်

Highwayတောင်ပေါ်ခရီးတွေမှာဆိုလဲအရမ်းကိုကောင်းတဲ့ကားတစ်စီးဖြစ်ပါတယ်။

Kluger ထဲမှာဆိုရင် (1) ဝယ်တော့မယ်ဆိုရင် နံပါတ်ကြည့်ပါ / နံပါတ်နဲ့လဲစျေးကွာပါတယ်။

(2) အပေါ်Tv ဟုတ်မဟုတ်ကြည့်ပါ

(3) 2.4,2wd ကတော့အစီးများကြပါတယ် ဒါပေမဲ့လည်းကိုယ့်အကြိုက်ကိုပါ။ 3.0 မှ Kluger အရသာပေါ်တာဆိုပီးလည်းပြောကြပါတယ်။

အောက်မှာပုံနဲ့model အလွယ်တကူခွဲနည်းရှိပါတယ်ဗျ။

Ractis logo လေးရောင်းချင်ပါတယ်။ ပိုနေလို့ရောင်းခြင်းဖြစ်ပါသည်. အရင်ကားတုန်းက အခိုးခံရတုန်းက ဝယ်ထားတာပါ။ လိုအပ်သူများ Cb ...
11/01/2023

Ractis logo လေးရောင်းချင်ပါတယ်။

ပိုနေလို့ရောင်းခြင်းဖြစ်ပါသည်. အရင်ကားတုန်းက အခိုးခံရတုန်းက ဝယ်ထားတာပါ။

လိုအပ်သူများ Cb ဆက်သွယ်နိုင်ပါတယ်။

Price : *****

ခုချိန်မှာ ၁၆၀ ၁၇၀ ပါတ်ချလည်နဲ့   အိမ်စီးပေါက်စလေးတွေကြားဘာစီးရမှန်းမသိဖြစ်နေပီလား?   မိုးတွင်းမို့ Off×roadတွေဖြစ်ဖြစ် ...
11/08/2022

ခုချိန်မှာ ၁၆၀ ၁၇၀ ပါတ်ချလည်နဲ့ အိမ်စီးပေါက်စလေးတွေကြားဘာစီးရမှန်းမသိဖြစ်နေပီလား? မိုးတွင်းမို့ Off×roadတွေဖြစ်ဖြစ် လမ်းပေါ်ရေကျော်နေတာတွေကို ကားပေါက်စနဲ့ဆို ဖြတ်မောင်းရခက်မှာစိုးရိမ်နေလား ?မပူပါနဲ့ အိမ်ပဲစီးစီး /အကြမ်းပဲခိုင်းခိုင်း AD vanအနီသာသာစျေးလေးနဲ့ အမြင့်လေးရောင်းချင်ပါတယ်ဗျ

MITSUBISHI Pajero 1995 (MSW)

Model-1995

Color- Gray/Blue

Engine Power-2800cc(intercooler turbo)(2.8L)

Auto gear (4×4 transfer)

Round A/C (ပါတ်လည်ရှယ်အေးပါသည်)

Power windows

TV / Back cam (Super Live Sound System)

Adjustable Ashockbars

All tyre in Good condition

No-YGN-4C

Full Leather Seat with one seat mortor
(third row seat ခုံသုံးတန်ပါ)

Fuel type-Premium Disel

Price-178(can nego)

Contact-09264529772

မိုးကုတ်ကားကြည့်နိုင်

အလဲအထပ်ရပါတယ် ဝယ်ရောင်းစျေးမရပါ
*ဇုံကားမို့ဆေးသား စာဖက်မရပါ*
* Frame ကြောတင်း၍အင်ဂျင်းပြင်းပြင်းကောင်းသေး၍RTAအလုံးမချိန်းရသေးပါ *

မှတ်ချက်-အင်ဂျင်အောက်ပိုင်းအကုန်ပြင်စင်ထားသောကြောင့် ၂နှစ်လောက်အေးဆေးသုံးနိုင်သည် (မကျေနပ်လိုင်းခိုင်းပလိုက်တန်တယ်)
Buy one Get one special promotionလေးပါမယ်နော်
V46 ကိုဝယ်တာနဲ့ minature V6 97 Dicest (ကားပေါက်စ)လေးပါရမှာပါနော် ဟဲဟဲ

Ractis ဆိုတဲ့ Toyota ကားလေး အကြောင်း 🏎🚗🛻Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota ...
08/08/2022

Ractis ဆိုတဲ့ Toyota ကားလေး အကြောင်း 🏎🚗🛻

Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Works တို့ကပူးပေါင်း
ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Toyota Ractis ကငါးယောက်စီး ကားအမျိုးအစား ဖြစ်သလို Toyota Vitz ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

• ၂ဝဝ၅ မိုဒယ်ကနေ ၂ဝ၁ဝ မိုဒယ်အထိကို ပထမမျိုးဆက်၊
• ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၃ဝဝ စီစီမွာ
> ပထမမျိုးဆက်ရဲ့ Chassis က NCP 100 ဖြစ်ပြီး
> ဒုတိယမျိုးဆက်ရဲ့ Chassis က NCP 120 ဖြစ်ပါတယ်။
ဒုတိယမျိုးဆက်ကို ၂ဝ၁ဝ ပါရီ ကားပြပွဲမှာ Toyota Verso-S အနေနဲ့ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။

® Ractis ဆိုတဲ့ အမည်နာမကတော့
Run ၊ Activity ၊ Space စတဲ့ စကားလုံးတွေကို ပေါင်းစုထားတာ ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Ractis ကို ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထား ပါတယ်။
၁၅ဝဝ စီစီမှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့
၁၃ဝဝ စီစီမှာတော့ 2WD တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထား ပါတယ်။

Paddle Shift Mode ကတော့ ၁၅ဝဝ စီစီ အင်ဂျင်ကားတွေမှာပဲ ရှိတတ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ရုပ်ပြောင်းသွားတဲ့ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်း ကားတွေက ရှေ့ရှဲလ်၊ ရှေ့မီးခွက်၊ နောက်မီးခွက်တွေ ပြောင်းသွားသလို ဘော်ဒီအချိုး ကလည်း အရင်ပုံဟောင်းနဲ့ မတူတော့ပါဘူး။ ရှေ့ဝိုက်ပါ ကလည်း Vitz ပုံပြောင်းလို တစ်ချောင်းတည်း ဖြစ်သွားပါတယ်။
• အတွင်းခန်း အပြင်အဆင်၊ Dashboard ၊ ဒိုင်ခွက်အထိုင်တွေ ပြောင်းသွားပြီး ဂီယာအထိုင် ကလည်း ပုံဟောင်းလို Dashboard ဂီယာ မဟုတ်တော့ဘဲ ဘောဂီယာ ဖြစ်သွား ပါတယ်။

Toyota Ractis မှာ
• G ၊ X ၊ S ၊ X V Package တို့အပြင် Lepice ဂရိတ်လည်း ရှိပါတယ်။

> X နဲ့ X V Grade တွေက Base Grade ဖြစ်လို့ Manual Aircon နဲ့ Remote Key ပဲ ဖြစ်ပါတယ်။

> Lepice Grade ကလည်း Manual Aircon နဲ့ Remote Key ဖြစ်ပြီး Paddle Shift Mode ပါသွားသလို Steering Leather ကြိုးချုပ် ဖြစ်သွားပါတယ်။

> S Grade ကတော့ ၁၅ဝဝ စီစီမှာပဲရှိပြီး Auto Aircon နဲ့ Push-Start ဖြစ်သွားပါတယ်။

> ***G Grade ကတော့ အမြင့်ဆုံးဖြစ်လို့ Auto Aircon ၊ Push-start ၊ Steering Leather ကြိုးချုပ်၊ ဂီယာလက်ကိုင် ကြိုးချုပ်နဲ့ အလွိုင်းအရွယ်အစား ၁၆ လက်မဖြစ်သွားပါတယ်။***

Origin credit

Address

60. 31* 32
Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐒𝐃𝐋 - 𝐌𝐨𝐭𝐨𝐫𝐬𝐩𝐨𝐫𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐒𝐃𝐋 - 𝐌𝐨𝐭𝐨𝐫𝐬𝐩𝐨𝐫𝐭:

Share