𝗧𝗿𝘂𝗰𝗸 𝗖𝗮𝗿 𝘀𝗽𝗮𝗿𝗲 𝗽𝗮𝗿𝘁𝘀

  • Home
  • Myanmar
  • Mandalay
  • 𝗧𝗿𝘂𝗰𝗸 𝗖𝗮𝗿 𝘀𝗽𝗮𝗿𝗲 𝗽𝗮𝗿𝘁𝘀

𝗧𝗿𝘂𝗰𝗸 𝗖𝗮𝗿 𝘀𝗽𝗮𝗿𝗲 𝗽𝗮𝗿𝘁𝘀 လုပ်ငန်းသုံးကား ၁၀ ပေ၊ ၁၂ ပေ၊ ၁၄ ပေ၊ Box

20/10/2023
မိမိကားရေမြုပ်နေလျှင် လုပ်ဆောင်သင့်သည့် အချက် (၆) ချက် 💥💥💥မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြ...
19/10/2023

မိမိကားရေမြုပ်နေလျှင် လုပ်ဆောင်သင့်သည့် အချက် (၆) ချက် 💥💥💥

မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီး၍ ကားရေမြုပ်သွားလျှင် ဘာဆက်လုပ်မလဲ?
၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုခြင်းကို စစ်ဆေးပါ။ အကယ်၍ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေလျှင် ဂီယာ နံပါတ် ၄ ဖြင့်သွားပါ။ အကယ်၍ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေပါက ရေကျသွားသည် အထိ ခဏစောင့်ပြီးလျှင် လေစစ်ကို စစ်ဆေးပါ။ လေစစ်တွင် ရေစိုနေပါက နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။
၂။ ကားအင်ဂျင်ပိုင်းလောက်ထိရေဝင်နေပါက ကားစက်နှိုးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။ မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေလျှင် မိမိက ကားစက်နှိုးလိုက်သည့်အခါ ပြုပြင်၍ မရလောက်အောင် ကားအင်ဂျင် ပျက်စီးသွား ပါလိမ့်မည်။ အကောင်းဆုံးမှာ ကျွမ်းကျင်သော မက္ကင်းနစ်ကို ခေါ်ပြီး စစ်ဆေးခိုင်းသင့်ပါသည်။
၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ ။ အင်ဂျင်ဝိုင်တိုင်းသည့် တုတ်တံတွင် ရေစက်များတွေ့နေခြင်း (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာခြင်းသည် အင်ဂျင်ဝိုင်ခွက်ထဲသို့ ရေဝင်နေသော လက္ခဏာဖြစ်ပါသည်။
ထို့အချိန်တွင် လုံးဝလုံးဝ စက်မနှိုးဘဲ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်များအကုန်ဖောက်ထုတ်ပြီးလျှင် အင်ဂျင်ဝိုင်ခွက်၊ ပလပ် စသည်များကို သန့်ရှင်းပြီး အင်ဂျင်ထဲတွင် ရေမကျန်စေရန် ဂရုပြု၍ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ။ အင်ဂျင်ဝိုင်ကိုစစ်ဆေးသကဲ့သို့ ဂီယာဝိုင်တိုင်းသည့် တုတ်တံကို ရေရှိမရှိစစ်ဆေးသင့်ပြီး တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားသဖြင့် အကယ်၍များမိမိကားက
ထိုသို့ဂီယာဘောက်စ်ပါလျှင် လုံးဝလုံးဝ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်သင့်ပါသည်။
၅။ စတီယာရင်ကို စစ်ဆေးပါ။ EPS (electronic power steering) ပါသော ကားများတွင်ပြဿနာအဖြစ်အများဆုံးဖြစ်ပါသည်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားသည့်အတွက် စတီယာရင်အုံကို
(အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါသည်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးသော ပါဝါစတီယာရင်ဆိုလျှင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားလျှင် အထဲက ဗားများ ပျက်စီးတတ်သဖြင့် မိမိကားစတီယာရင် လေးလာလျှင် မပေ့ါဆမနေဘဲ ကားဝပ်ရှော့သို့ သွားရောက်ကာ ပြုပြင်သင့်ပါသည်။
၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ။ ကားမောင်းသူတစ်ယောက်အနေဖြင့် လျှပ်စစ်ပစ္စည်းများအကြောင်းအသေးစိတ်မသိနိုင်သော်လည်း ကြိုးပြတ်ခြင်းများ၊ ကြိုးလွတ်နေခြင်းများ ရှိမရှိကို စစ်ဆေးနိုင်ရပါမည်။ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စသည့်အရာများ မကြာခဏစစ်ဆေးပါ။ ထို့နောက် တစ်ခုခု မသင်္ကာလျှင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းသင့်ပါသည်။
ထို့နောက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အောက်ပါအချက်များကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့၏ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနှင့် ကားထဲတွင် မှတ်သားထားသင့်ပါသည်။ ထို့အပြင် ကားဆွဲသောဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖုန်းနံပါတ်များကို မှတ်သားထားပြီး ဖြစ်နိုင်မည်ဆိုလျှင် မိမိသွားမည့်
နေရာ၏ အခြေအနေကို ကြိုတင်စုံစမ်းသင့်ပါသည်။ ယခုဆိုလျှင် ရေဒီယိုမှ တခါတလေ ယာဉ်ကြောအခြေအနေများဖော်ပြပေးတတ်ပါသည်။
ကားဘေးတံခါးအောက်ခြေခန့်အထိ ရေမြုပ်သွားလျှင်တောင် အန္တရာယ်များသဖြင့် ကားရေမြုပ်သွားလျှင် ဖြစ်ပေါ်လာနိုင်သော ပြဿနာမှာ အလွန်ပင်များပြားလှပါသည်။ ထို့အပြင် ပြန်လည်ပြုပြင်ရမည့်စရိတ်၊ ဝပ်ရှော့ ထိုးထားရသည့်အချိန် စသည် ဆုံးရှုံး မှုများ အလွန်ပင် များပြားလှသဖြင့် ကားအသုံးပြုသူများအနေဖြင့် မလိုအပ်ဘဲ ကားကို ရေထဲဖြစ်မောင်းခြင်း၊ ရေကြီးလေ့ကြီးထရှိသော လမ်းပေါ်တွင် မိုးရွာနေစဉ်ကားရပ် မထားခဲ့သင့်ပေ။



မူရင်းရေးသားသူအားလေးစားစွာဖြင့်

ကားတစ်စီး မှာ ဘာတွေပုံမှန်စစ်သင့်လဲ  ၁။ Power Sterring Fluid ကိုပုံမှန်စစ်ဆေးပါ။ ၂။ တာယာ တွေစားနေလား၊ အလိုင်းမန့်တွေမှန်...
13/10/2023

ကားတစ်စီး မှာ ဘာတွေပုံမှန်စစ်သင့်လဲ

၁။ Power Sterring Fluid ကိုပုံမှန်စစ်ဆေးပါ။

၂။ တာယာ တွေစားနေလား၊ အလိုင်းမန့်တွေမှန်ရဲ့လားစစ်ပါ။

၃။ ဆီဖစ်တာ (Filter) တွေ ကိုစစ်ဆေးပြီးပုံမှန်လဲလှယ်မှုလုပ်ပေးပါ။

၄။ Battery ကြိုးတွေ၊ ခေါင်းတွေ ကိုစစ်ပါ။

၅။ Timing Belt ကို ကီလို(၈သောင်း-၁သိန်း)အတွင်း လဲပေးပါ။

၆။ Oil Change ကို ကီလို(၃ထောင်-၆ထောင်)အတွင်းလဲပေးပါ။

၇။ Wiper တွေကိုစစ်ဆေးပြီး လဲပေးပါ။

၈။ Break တွေကိုအမြဲကောင်းမွန်နေပါစေ။

၉။ Coolent နဲ့ အင်ဂျင်ဝိုင် ပုံမှန် level မှာရှိပါစေ။

၁၀။ Spark Plug တွေကို လိုအပ်ရင်လဲလှယ်ပေးပါ။




ကားချစ်သူတို့ သတိပြုရန်🚨ကားကို တစ်ယောက်တည်း မောင်းရင် ကားတံခါးတွေကို သေခြာစစ်ပါ အဲ့ဒီလို အကြွေစေ့တွေ ညှပ်ထားတာတွေ့ရင် ချ...
13/10/2023

ကားချစ်သူတို့ သတိပြုရန်🚨
ကားကို တစ်ယောက်တည်း မောင်းရင် ကားတံခါးတွေကို သေခြာစစ်ပါ

အဲ့ဒီလို အကြွေစေ့တွေ ညှပ်ထားတာတွေ့ရင် ချက်ချင်း ဖယ်ထုတ်ပစ်ပါ
အကြွေစေ့ညှပ်ထားရင် အထဲတံခါး lock ချလို့မရပါဘူး
✴မိန်းကလေး တစ်ယောက်တည်း မောင်းတဲ့ကားကို ပစ်မှတ်ထားပြီး လိုက်ကြပါတယ်
🚘
#ကားချစ်သူ

ပရိတ်သတ်ကြီးရဲ့အ......ဖြေ......က  👀    Original Uploader
13/10/2023

ပရိတ်သတ်ကြီးရဲ့အ......ဖြေ......က 👀


Original Uploader

အရစ်ကျ စနစ်နဲ့ ရပြီတဲ့ဗျာ 📣📣📣ဒီလိုအချိန်မှာ 😳😳ဒီလိုကားအသစ်စက်စက်ကို 😍 ဒီလိုအထူးစျေးနှုန်းလေးနဲ့ 😳 ရောင်းပေးမယ်နော် 😍 👈 🤩...
01/09/2023

အရစ်ကျ စနစ်နဲ့ ရပြီတဲ့ဗျာ 📣📣📣

ဒီလိုအချိန်မှာ 😳😳ဒီလိုကားအသစ်စက်စက်ကို 😍 ဒီလိုအထူးစျေးနှုန်းလေးနဲ့ 😳 ရောင်းပေးမယ်နော် 😍 👈 🤩🤩 ( ဝယ်ယူသူအမည်ပေါက်နောက်ဆုံးနံပါတ်နဲ့ရမှာနော် 😍😍 )

FORLAND T5 PICK UP ✅

👉ထုတ်လုပ်သည့် ခုနှစ် 2020( BRAND NEW )

✅လောင်စာဆီအမျိုးအစား ဓါတ်ဆီ

👉အင်ဂျင်ပါဝါ 1500 CC

✅ဂီယာအမျိုးအစား MANUAL

👉တင်နိူင်ဝန်အား 2 တန်

✅ကားအရှည် ၁၁ပေ 🚛 ပါဝင်သော အခြားလုပ်ဆောင်မှု့များ

AIR CON

POWER STEERING

POWER WINDOW

CENTRAL LOCK

KEY REMOTE

DOUBLE WHEELS

*****ကားတန်ဖိုး သိန်း*****

အရောင်းပြခန်းလိပ်စာ - ပြည်ကြီးတံခွန်မြို့နယ် | မန္တလေးမြို့ ။

☎️ 09 768 15 2345
☎️ 09 8920 20002

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝗧𝗿𝘂𝗰𝗸 𝗖𝗮𝗿 𝘀𝗽𝗮𝗿𝗲 𝗽𝗮𝗿𝘁𝘀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category