16/03/2024
📌 ဂတ်စ်မီးဖိုကို ဘေးကင်းစွာအသုံးပြုတတ်ဖို့
1. လေဝင်လေထွက်- မီးဖိုချောင်အတွင်း သင့်လျော်တဲ့ လေဝင်လေထွက်ရှိအောင်ဂရုစိုက်ပေးပါ။
2. ဂက်စ် ယိုစိမ့်မှု လက္ခဏာ ရှိမရှိ ဓာတ်ငွေ့ပိုက်နဲ့ချိတ်ဆက်မှုတွေကို ပုံမှန်စစ်ဆေးပါ။
3. ဂက်စ်မီးဖိုနားမှာ ဖယောင်းတိုင်ထွန်းတာ မီးညှိတာမျိုးမလုပ်ပါနဲ့။
4. ဂက်စ်မီးဖိုကိုဖွင့်ထားနေတုံး စောင့်ကြည့်မယ့်သူမရှိဘဲ ဒီတိုင်းပစ်ထားတာမျိုးမလုပ်ပါနဲ့။
5.မီးဖိုသုံး မ နေတုန်း သန့်ရှင်းရေးလုပ်တာဆိုပြီး
အင်းစက် ကေလာ စပရေးဗူး (လုံး၀) အသုံးမပြုပါနဲ့။
(အန္တရယ်အရမ်းများပါတယ်နော်) ❗
6. ဂက်စ်မီးဖိုနဲ့ကွက်တိကျပြီး အံဝင်ဂွင်ကျဖြစ်စေတဲ့ အိုးအရွယ်စားတွေကိုအသုံးပြုပါ။မီးတောက်က အိုးနံဘေးကိုကျော်ပြီး ချက်ပြုတ်တာမျိုးလည်းရှောင်ကြဉ်ပေးပါ။
7. မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ စက္ကူ၊လက်သုတ်ပုဝါ စတဲ့လောင်ကျွမ်းလွယ်တဲ့ပစ္စည်းတွေကို ဂက်စ်မီးဖိုနဲ့ဝေးဝေးထားပါ။
8.ချက်ပြုတ်ပြီးတဲ့အခါ ဂက်စ်မီးဖို ခလုတ်များကိုသေချာအောင်ပိတ်ပါ။ကလေးသူငယ်တွေနဲ့ အသက်ကြီးတဲ့လူကြီးတွေကို ဂက်စ်မီးဖိုပေးသုံးတာမျိုး မလုပ်ပါနဲ့။
ဒီအချက်လေးတွေကို အိမ်မှာ ဂက်စ်မီးဖိုသုံးတဲ့ အိမ်ရှင်မလေးတို့ အထူးဂရုစိုက်နိုင်အောင် ဝေမျှပေးလိုက်ရပါတယ်ရှင်.. 🤗
Credit to original writer