KTH Car Rental Service

KTH Car Rental Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KTH Car Rental Service, Car rental, No. 1(A), Naung Yah (B), Loikaw.

ကယားပြည်နယ်အတွင်းရှိ ဟိုတယ်များနှင့် ဖုန်းနံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
29/07/2020

ကယားပြည်နယ်အတွင်းရှိ ဟိုတယ်များနှင့် ဖုန်းနံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 #ကယားပြည်နယ်သို့ပြေးဆွဲနေသည့်ယာဉ်လိုင်းများကယားပြည်နယ်သို့ လာရောက်မည့် ခရီးသွား ဧည့်သည် များ၊ ကယားပြည်နယ်မှ အခြားဒေသသို...
01/10/2019

#ကယားပြည်နယ်သို့ပြေးဆွဲနေသည့်ယာဉ်လိုင်းများ

ကယားပြည်နယ်သို့ လာရောက်မည့် ခရီးသွား ဧည့်သည် များ၊ ကယားပြည်နယ်မှ အခြားဒေသသို့ သွားရောက်လို သည့် ခရီးသွားများ အသွား/ အပြန် အဆင်ပြေစေရေး အတွက် ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း များ၏
👉အမည်၊
👉 စျေးနှုန်း၊
👉ဆက်သွယ်ရန် ဖုန်းနံပါတ်များအား တစ်စုတစ်စည်း တည်း ပြုစုတင်ပြပေးထားပါသည်။

❤ကူးယူအသုံးပြုလိုပါကလည်း Credit ပေးပြီး အသုံးပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Credit: ဆြာချစ်

အာဆီယံ သန့်ရှင်းသော မြို့တော်ဆု (ASEAN Clean Tourist City Standard Award) လွိုင်ကော်မြို့ ရရှိ( ၂၀၁၉ စက်တင်ဘာ ၃၀ )၂၀၂၀ ခ...
30/09/2019

အာဆီယံ သန့်ရှင်းသော မြို့တော်ဆု (ASEAN Clean Tourist City Standard Award) လွိုင်ကော်မြို့ ရရှိ

( ၂၀၁၉ စက်တင်ဘာ ၃၀ )

၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် 2020 ATF တွင် 2 nd ASEAN Clean Tourist City Standard Award 2020 ဒုတိယ အကြိမ်မြောက် အာဆီယံ သန့်ရှင်းသော မြို့တော်စံနှုန်း များဆုအား ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ရရှိခဲ့ ကြောင်း ဂုဏ်ယူ စွာဖြင့် တင်ပြလိုက်ပါသည်။

နှစ်​သစ်​ကူးမှာ သွားပို့ခဲ့တဲ့ခရီး​လေး​တွေပါ
02/01/2019

နှစ်​သစ်​ကူးမှာ သွားပို့ခဲ့တဲ့ခရီး​လေး​တွေပါ

ကယန်းလူမျိုးတို့ရှိရာ ငွေတောင်ပြည်                      ========================လည်တိုင်မှာရွှေရောင်တောက်နေတဲ့ကြေးဝါကွင်း...
29/05/2018

ကယန်းလူမျိုးတို့ရှိရာ ငွေတောင်ပြည်
========================

လည်တိုင်မှာရွှေရောင်တောက်နေတဲ့ကြေးဝါကွင်းတွေ အများအပြားပတ်ဆင်ထားတတ်တဲ့ ကယန်းခေါ်ပဒေါင်လူမျိုးတွေကိုကျွန်မတို့ခပ်ငယ်ငယ်တုန်းကစာအုပ်တွေ၊ ရုပ်ပြတွေမှာသာမြင်တွေ့ရလေ့ရှိခဲ့ပါတယ်။ လည်တိုင်မှာကြေးဝါကွင်းတွေပတ်ထားတဲ့ လည်တိုင်ရှည်ရှည်နဲ့ အမျိုးသမီးတွေရဲ့ ရက်ကန်းယက်နေပုံတွေ၊ ဆေးတံခဲထားတဲ့ပုံတွေစတဲ့ ပုံစံတချို့ကိုတော့ တခါတရံရုပ်မြင်သံကြားတွေ မှာ ကြုံတောင့်ကြုံခဲတွေ့ရလေ့ရှိတယ်။ ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဓလေ့၊ ယဉ်ကျေးမှုအလှတရားတွေဟာ ကာလအတန်ကြာပြည်တွင်းစစ်ဘေးဒဏ်တွေကြောင့် ယမ်းငွေ့တွေကြားမှာပဲမှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။ နှစ်အတန်ကြာအကျည်းတန်လှတဲ့ပြည်တွင်းစစ်ကြောင့် ရိုးသားဖြူစုလှသောမျိုးနွယ်စုတွေဟာ ပြည်နယ်ပြင်ပနဲ့အဆက်ပြတ်နေခဲ့သလို ဒေသခံတစ်ချို့ဟာလည်း ၄င်းတို့နဲ့နီးစပ်ရာထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကိုရောက်သွားတဲ့သူတို့မျိုးနွယ်ဝင်တွေကနေတစ်ဆင့် သူတို့ရဲ့ထူးခြားတဲ့ဓလေ့တွေထုံးတမ်း၊ ၀တ်စားဆင်ယင်နေထိုင်မှုတွေအပေါ် ခရီးသွားတွေရဲ့စိတ်ဝင်စားမှုတွေဟာတစ်စတစ်စ မြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့နဲ့ ယဉ်ကျေးမှုဓလေ့တွေမတိမ်ကောစေဖို့ ၀န်ကြီးဌာနအနေနဲ့လည်း ကယားပြည်နယ်ဘက်မှာခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့်နှစ်အတန်ကြာခရီးသွားလာခွင့်ပိတ်ထားခဲ့တဲ့ကယားဟာ မကြာသေးမီကာလကနေစပြီး ခရီးသွားတွေစတင်ဝင်ရောက်ခွင့်ရရှိလာတာကြောင့် ကယားရဲ့စိတ်ဝင်စားဖွယ်နေရာတွေနဲ့ မျိုးနွယ်စုတွေအ ကြောင်းကို ထဲထဲဝင်ဝင်လေ့လာခွင့်ရနေပြီဖြစ်ပါတယ်။
အဘက်ဘက်ကတိုးတက်မှုနှုန်းနှောင့်နှေးခဲ့ရတဲ့ ကယားပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တိတ်ဆိတ်စွာအိပ်ပျော်နေတဲ့ မြန်မာပြည်ရဲ့သေးငယ်တဲ့မြို့ငယ်လေးလို့တောင်တင်စားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ငြိမ်းချမ်းရေးပန်းတွေပွင့်လန်းနေပြီဖြစ်တဲ့ ကယားဟာ ခရီးသွားမယ့်သူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း ကယားပြည်နယ်ဘက်မှာ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေသလို လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာအောင်လည်း လုပ်ဆောင်နေတဲ့အတွက် နောင်မှာခရီးသွားဝင်ရောက်မှုနှုန်းမြင့်မားတဲ့ ဒေသတစ်ခုအနေနဲ့မြင်ရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာရှိနေတဲ့ ကယားပြည်နယ်ဟာ နောက်ဆုံးကောက်ယူခဲ့တဲ့သန်းခေါင်စာရင်းအရ လူဦးရေသုံးသိန်းနီးပါးရှိပြီး အရှေ့မှာထိုင်း၊ မြောက်ဘက်မှာရှမ်း၊ အနောက်ဘက်မှာမန္တလေး၊ တောင်ဘက်မှာကရင်ပြည်နယ်တို့နဲ့ ထိစပ်နေပါတယ်။ ခရီးသွားတွေအတွက် စိတ်ဝင်စားဖွယ်ဖြစ်လာတဲ့ ကယားပြည်နယ်မှာဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ထူးဆန်းတဲ့ဓလေ့၊ ယဉ်ကျေးမှုတွေကိုပါတွေ့မြင်နိုင်ပါတယ်။ ကယားပြည်နယ်မှာ အထူးသဖြင့်တော့ ကယား၊ ကယန်း(ပဒေါင်)နဲ့ ပအို့ဟ်လူမျိုးစုတွေ နေထိုင်ကြပြီးတော့ ကယားမှာဆိုရင် မျိုးနွယ်စုခွဲပေါင်း (၁၀) မျိုးရှိပါတယ်။

ကယားမှာဆိုရင်အထူးလည်ပတ်စရာတွေအနေနဲ့ တောင်ကွဲစေတီ၊ ကန်ခုနှစ်ဆင့်၊ ကယားမျိုးနွယ်စုတွေရဲ့ယဉ်ကျေးမှုသမိုင်းကိုပြသထားတဲ့ပြတိုက်တွေ၊ ထီးစဲခါးရေတံခွန်၊ ဆုတောင်းပြည့်မြို့နမ်စေတီ၊ ကယားရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်မည့်တန်ခွန်တိုင်ကွင်း၊ ထီးပွင့်ကန်၊ ရာဇ၀င်ထဲမှာနာမည်ကြီးခဲ့တဲ့ ဒွေးမယ်နော်ရေကစားခဲ့သော ကန်ခုနှစ်ဆင့်၊ သဘာဝမြေအောက်လှိုဏ်ဂူထဲရှိ ထူးဆန်းသောခေါင်းတလားများရှိရာကြတ်ဂူ၊ ရှုခင်းအလှများခံစားနိုင်သည့်ရွှေလက်ဝါးတောင်၊ ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်မည့် လွိုင်ကော်ဈေး၊ လွယ်တမူဂူ၊ ငွေတောင်ဆည်၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ်ထုတ်ပေးရာ လောပိတဓာတ်အားပေးစက်ရုံ၊ ကယားလူမျိုးနွယ်များ၏ ယုံကြည်ကိုးကွယ်ရာရှေးဟောင်းနတ်တိုင်များ၊ ရိုးရာယက်ကန်းလုပ်ငန်း၊ နောင်ယားကန်သာ၊ လွမ်းစေတီ ၊တောင်သုံးလုံးစေတီ၊ မြကလပ်တောင်စေတီ၊ ဘော်လခဲရေလှောင်တမံတို့ဖြစ်ပါတယ်။ ဒါ့အပြင် ပန်ပတ်ရွာက ကယန်းပဒေါင်လူမျိုးစုတွေနေရမှာဆိုရင်တော့ တိုင်းရင်းသားမျိုးနွယ်စစ်တွေနဲ့တွေ့ဆုံပြီး ရိုးရာယဉ်ကျေးမှုတွေကို တွေ့ဆုံလေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီမောဆိုဒေသတစ်လျှောက်မှာဆိုရင်လည်း ကယန်းလူမျိုးများရဲ့အကြောင်းကိုထပ်မံပြီး အသေးစိတ်လေ့လာနိုင်သလို သူတို့လေးတွေရဲ့ဖော်ရွေပြီး ရှေးရိုးဆန်တဲ့အပြုအမူ၊ ဓလေ့တွေကိုလည်းတွေ့နိုင်ပါတယ်။ ဒါ့အပြင် ကယားပြည်နယ်ရဲ့အထင်ကရအစားအစာတွေကတော့ ကယားခေါင်ရည်နဲ့ ကယားဝက်အူချောင်းတို့ဖြစ်ပြီး ရောက်ဖူးသူတိုင်းမလွဲသင့်တဲ့အစားစာတွေဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ကျေးရွာအလိုက်လူမျိုးစုတွေရဲ့ ကွဲပြားတဲ့ဓလေ့ထုံးတမ်းများနှင့် လေ့လာရင်းပျော်ရွှင်စရာခရီးစဉ်တွေကို ဖန်တီးနိုင်မှာပါ။

ကယားပြည်နယ်ကိုသွားမယ်ဆိုရင် ကားလမ်းခရီးကနေလည်းသွားလို့ရသလို လေကြောင်းလိုင်းဖြင့်လည်း သွားနိုင်ပါတယ်။ ခရီးသွားတွေအနေနဲ့ အောက်တိုဘာကနေစပြီး မေလထိ စိတ်ဝင်တစားသွားရောက်ကြပေမယ့် ကယားကိုရောက်ဖူးတဲ့ခရီးသွားအများစုကတော့ “ကယားဟာမိုးရာသီတွင်းမှာဆိုရင် စိမ်းစိုလှပတဲ့ရှုခင်းတွေ၊ လတ်ဆတ်အေးမြတဲ့လေပြေတွေနဲ့ သိပ်ကိုအေးချမ်းတဲ့အတွက်” မိုးရာသီတွင်းသွားရောက်ဖို့ အကြံပြုထားတာတွေလည်းတွေ့ရပါတယ်။ (၃) ညအိပ် (၄)ရက်ခရီးအချိန်ပေးရုံနဲ့ ကယားပြည်နယ်တခွင်ကို နှံ့စပ်အောင်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ အကယ်လို့ ကယားပြည်နယ်က မြို့နယ်တွေကိုသွားရောက်ဖို့ စိတ်ဝင်တစားရှိတယ်ဆိုရင် ကယားမှာရှိတဲ့ ကောင်းမွန်တဲ့ဟိုတယ်တွေနဲ့ ချိတ်ဆက်ထားပြီးဖြစ်တဲ့ Jovago Application ကိုအသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် ငွေကုန်၊အချိန်ကုန်သက်သာစွာနဲ့ ယုံကြည်စွာချိတ်ဆက်လို့ရနိုင်ပါတယ်။ ယခုလိုမိုးရာသီမှာဆိုရင်လည်း ဟိုတယ်တွေကပေးတဲ့ပရိုမိုးရှင်းတွေအပြင် Jovago အနေနဲ့လည်း (၁၀) ရာခိုင်နှုန်းထပ်မံလျှော့ပေးသွားမှာဖြစ်တဲ့အတွက် မိတ်ဆွေအနေနဲ့ ကုန်ကျစရိတ်သက်သာစွာတည်းခိုနိုင်လည်ပတ်နိုင်မှာဖြစ်ကြောင်း သတင်းကောင်းလိုက်ပါရစေ။
ကယန်းလူမျိုးတို့ရှိရာ ငွေတောင်ပြည် Writte n By: Htwal San Aung

ကယောတို့ ဌာနေ ထေခိုသို့စိတ်ဝင်စားစရာ ထေခိုရွာအကြောင်း ရိုးရာ သဘာဝ ယဉ်ကျေးမှု ဓလေ့ထုံးစံ အသက်မွေး ဝမ်းကျောင်း နေထိုင်မှု ၊ေ...
28/05/2018

ကယောတို့ ဌာနေ ထေခိုသို့

စိတ်ဝင်စားစရာ ထေခိုရွာအကြောင်း ရိုးရာ သဘာဝ ယဉ်ကျေးမှု ဓလေ့ထုံးစံ အသက်မွေး ဝမ်းကျောင်း နေထိုင်မှု ၊ရေ မြေ ၊တောတောင် လူမျိုး အကြောင်းကို သိသလောက် မျှဝေးပေးထားပါတယ်လို့

CBT ခရီးသွား ရဲ့ အဓိက ရည်ရွယ် ချက်က ဒေသခံတွေ ရဲ့ ပါဝင်မှုရယ် ဒေသခံ အသိုက်အဝန်း တစ်ခုလုံး အကျိုးရှိဖို့ရယ်ပါ။ကယား ဟာ တစ်ခု ကံကောင်းတာက ခရီးသွား လုပ်ငန်း စတင်နာမည် ရလာတာနဲ့ တပြိုင်တည်းမှာ NTF 3 လို အလှူရှင်မျိုး ကနေ ITC လို နည်းပညာ အကူအညီပေးနိုင်မယ့် ပညာရှင်တွေ နဲ့အတူ ကယားခရီးသွား လုပ်ငန်းကို သက်ဆိုင်ရာ လုပ်ငန်းများ ဒေသခံများ အစိုးရနဲ့ ပြင်ပ အဖွဲ့တွေ ရဲ့ အားတက်သရော ပူးပေါင်းမှုနဲ့ စတင်နိုင်ခဲ့ခြင်းပါပဲ။
ခရီးသွား လုပ်ငန်းကို မီးခိုးတိတ်စီးပွားရေးလို့ ပြောကြပေမယ့် အရာရာတိုင်းမှာ အကောင်း အဆိုးက ဒွန်တွဲနေပါတယ်။ကျွန်တော်တို့က တစ်ဖက်မှာ ကောင်းတာကို ကြိုးစား တည်ဆောက်နေပေမယ့် တစ်ဖက်မှာလည်း ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်ရမလဲ ပြင်ဆင် နေရပါတယ်။ဒီအရာ အတွက် အဓိက လုပ်ဆောင်ရမယ့် သူတွေက ကျွန်တော်တို့လို ဒေသခံတွေလေ။လာလည်သူက အချိန်တန်ရင် ပြန်သွားမှာဖြစ်သလို အခြားနေရာ အသစ်အသစ်တွေက စောင့်ကြိုနေမှာပါ။ဒီနေရာ ရေရှည်တည်တံ့ သွားဖို့က ဒေသခံတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ပါ။
ဟိုးလမ်းဘေးဈေးသယ်ကနေ လုပ်ငန်းရှင်တွေ အထိ အကုန်တာဝန်ရှိသလို အသိပညာလည်းလိုပါတယ်။လက်ရှိ ကယားမှာ ITC ရဲ့ Project က ပြီးတော့မှာပါ။ဒီအဖွဲ့ရဲ့ ၃နှစ်တာကာလ ပရောဂျက် ပြီးဆုံးသွားရင် ကျွန်တော်တို့ တွေ ကိုယ့်ဘာသာ ဆက်လက်ဖော်ဆောင်သွားနိုင်ဖို့ ၊ဒီလူထု အခြေပြု ခရီးသွားလုပ်ငန်း ရဲ့ အောင်မြင်နေမှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့က ဒေသခံတွေရဲ့ လက်ထဲ မှာပါ။အလွယ်ပြောရရင် ကိုယ့်ဒေသ ကိုယ့် ယဉ်ကျေးမှု ပျက်စီးမှာကို ကြောက်နေရုံ ပြောနေရုံ နဲ့တော့ မတားဆီးနိုင်ပါဘူး။ကို ကိုယ်တိုင် ပါဝင်ပြီး အဆိုးအကောင်း လက်တွေ့ သိမြင်ရင်း ကိုယ်တိုင် ကာကွယ်ရမှာဖြစ်သလို ကိုယ့်ဒေသအတွက်လည်း မြင့်တင်နိုင်စေဖို့ ကိုယ်တိုင် လုပ်ဆောင်ကြရမှာပါ။ဒါကြောင့် ဒေသခံ တွေ လက်ဆင့်ကမ်းပြီး လုပ်ဆောင်သွားနိုင်ဖို့နဲ့ ရပ်တည်နိုင်စေဖို့ ရည်ရွယ်ပြီး 17.6.2016 မှာ TOT လို့ခေါ်တဲ့ Training Of Trainer ဆရာဖြစ်သင်တန်းကို ITC ရုံးမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ရည်ရွယ်ချက်က နောက်နေရာအသစ်တွေ ကို ကိုယ့်ဘာသာ ဖော်ဆောင်သွားနိုင်ဖို့ ၊လူမျိုးအချင်းချင်း ယဉ်ကျေးမှုတွေ ဖလှယ်နိုင်စေဖို့နဲ့ အချင်းချင်း လက်ဆင့်ကမ်းသွားနိုင်စေဖို့၊ လူထု အခြေပြု ခရီးသွားလုပ်ငန်းဆိုတာ ကို ကိုယ်တိုင် နားလည်သွားနိုင်စေဖို့ ရည်ရွယ်ပြီး ကယားစာပေ ၊ကယန်းစာပေ ၊ကယောစာပေ စိတ်ဝင်စားတဲ့ လူငယ် တွေကို ဖိတ်ခေါ်ပြီး ဒေသခံခရီးသွား ကုမ္ပဏီ ၄ခု၊ဒေသခံ လိုင်စင်ရဂိုက်များ ITC မှ ပညာရှင်များ ရဲ့ နည်းပညာ အကူအညီနဲ့ စတင်ခဲ့ကြပါတယ်။လူ ၃၀ကျော်နဲ့ စတင်ခဲ့ရပြီး ဝမ်းသာစရာကောင်းတာက စာပေ ယဉ်ကျေးမှုက ဒေသခံတွေရော ၊လူငယ်တွေရော အားလုံးဟာ အင်္ဂလိပ်စကားကို ပြောနိုင်ကြတာပါပဲ။အတွေ့ အကြုံလည်း ရှိကြသလို စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်တွေ ဖြစ်လို့ လည်း ၎င်းတို့ လူမျိုးနဲ့ ယဉ်ကျေးမှုကို နားလည်သူတွေဖြစ်လို့ များစွာ အထောက်အကူရခဲ့ပါတယ်။ဒီနေမှာတော့ မိတ်ဆက်ခြင်းကနေ စတင်ပြီး မနက်ဖြန်မှာ သွားရောက်လေ့လာမယ့် ရွာအတွက် ဘာတွေရှိလဲ ဘယ်လိုလုပ်လို့ရလဲ ဘာတွေဖြစ်လာနိုင်သလဲ ဘယ်လို အကျိုးအမြတ်ရစေအောင် လုပ်ပေးမလဲ အကောင်းက ဘာလဲ အဆိုးကဘာဖြစ်လာနိုင်မလဲ ဘယ်လို ကြိုတင်ကာကွယ်ရမလဲ စတာတွေကို အသေးစိတ် ပြုစုတတ်အောင်၃ဖွဲ့ ခွဲပြီး လုပ်ကြရပါတယ်။
ဥပမာ မြေပုံတစ်ခု စဆွဲပါတယ်။အဖွဲ့တိုင်းမှာ ဒေသခံ တွေ ပါနေတော့ သူတို့ပြောပြတာ နားထောင်ပြီး မြေပုံစတည်ဆောက်ရပါတယ်။ဆောင်ရန် ရှောင်ရန် တွေကိုလည်း မှတ်သားထားရပါတယ်။အရမ်းကြိုးစား ကြပါတယ်။နောက်နေ့တော့ အားလုံးလွိုင်ကော်ကနေ မနက်အစောကြီး ကယောတို့ရဲ့ တစ်ရွာတည်းသော ဖားစည်တို့ရဲ့ ပိုင်ရှင်တွေနေရာ ထေခိုရွာလေးသို့ ခရီးဆက်ခဲ့ကြပါတယ်။၂နာရီခွဲလောက် ကားစီးရပေမယ့် အရမ်းလှတဲ့ သဘာဝရှုခင်းတွေ ကြားမှာ အချိန်ကိုတောင် မေ့နေမိပါတယ်။ရွာမရောက်ခင် ချောင်းကူး တံတားလေးကျော်လာတော့ ထေခို ရွာသားတွေ စောင့်နေတဲ့ နားနေစခန်းလေးကို ရောက်ရှိလို့ လာတာပေါ့ဗျာ။ရိုးရာ ဝတ်စုံတွေနဲ့
ဖန်တီးမှု မဟုတ်ပဲ သဘာဝအတိုင်းလေး ဆွဲဆောင်မှု ရှိနေတာမြင်တာနဲ့ ဒီခရီးစဉ်လေး ဟာ လာရကျိုးနပ်သွားပါပြီ။ဒီရွာလေးရဲ့ အမျိုးသမီးဦး ရေ၏ ၇၀ %ဟာ ယနေ့ အချိန်ထိ ရိုးရာ ဝတ်စုံကို ကလေးတွေကအစ အမြတ်တနိုးဝတ်ဆင်နေသေးတော့ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု တန်ဖို့းပေါ့။ကျွန်တော်တို့တွေ ကို ရွာခေါင်းဆောင်တွေ ရပ်မိ ရပ်ဖတွေ ရွာသူ ရွာသားတွေက နွေးထွေး ပျူငှာစွာ ကြိုဆိုကြပြီး အပြန်အလှန် မိတ်ဆက်ကြပါတယ်။မကြာပါဘူး ကယောဒေသ ခေါင်းဆောင် အချို့လည်း ရောက်လာကြပြီး အားပေးကြပါ တယ်။
ပထမဆုံး ၃ဖွဲ့ခွဲ ပြီး ထေခို ရွာလူကြီး တွေ ရွာသူ ရွာသားတွေ လည်း ၃ဖွဲ့ခွဲ လို့ ကျွန်တော်တို့ ရဲ့ လက်တွေ့သင်တန်း ကို အတူစတင်ကြပါတယ်။ပထမဆုံး လုပ်ရတာက တစ်ဖွဲ့စီ မှာ အပြန် အလှန် မိတ်ဆက်ခြင်းပါပဲ။ပြီးတော့ ရွာခံတွေရဲ့ ခရီးသွား လုပ်ငန်းအပေါ်မှာ ဖြစ်စေချင်တာ ကို အမြင် ၂မျိုးနဲ့ စစ်တမ်းကောက်ပါတယ်။ပြီးတော့ ရွာ သမိုင်း ၊ရွာမှာ ဖြစ်ခဲ့ ဖူးတဲ့ အထင်ကရ အဖြစ်များ၊ ရိုးရာပွဲများ ၊အသက်မွေးဝမ်းကျောင်း ၊ရေ မြေ တောတောင် သဘာဝအကြောင်း ၊ယဉ်ကျေးမှု ၊ ရွာရဲ့ အထင်ကရ ပုဂ္ဂိုလ်များ ဥပမာ သူတို့ ကျွမ်းကျင်မှု အလိုက် အမဲလိုက်တော်ပြီး တောသဘာဝ သိသူလား ၊ဘာသာရေး သို့ မဟုတ် သမိုင်းကြောင်း ပြောနိုင်သူလား ၊ရိုးရာ တေးဂီတ ဖန်တီးသူလား ၊ရိုးရာ လက်မှု ပစ္စည်း ကျွမ်းကျင်သူလား ၊ရိုးရာ ဓလေ့ အရ ဆောင်ရန် ရှောင်ရန်များ စသဖြင့် ပေါ့။ဘာအတွက်လည်းဆို သူတို့ ကျွမ်းကျင်မှုအလိုက် ခွဲဝေ ပြီးလာရောက်လည်ပတ်သူ တွေမှ လက်ဆင့်ကမ်းနိုင်စေဖို့နဲ့ အတွေ့အကြုံ ယူနိုင်ဖို့ပါ။ခရီးသွား လုပ်ငန်းရဲ့ သဘောတရား အရ စိတ်ဝင်စား စရာများရင်များလာသလို အောင်မြင်လာတာနဲ့အမျှ သူတို့ကိုလည်း ဝင်ငွေတိုးလာစေဖို့ပါ။တစ်ခုတည်းပဲ ရှိနေရင် တစ်ခါနဲ့ သိပြီး ခနလေးအတွင်း ပျောက်ကွယ်မသွားအောင် ဖြစ်သလို လူအမျိုးမျိုးရဲ့ စိတ်ဝင်စားမှုကလည်း မတူညီနိုင်လို့ပါ။အချက်အလက်တွေ ပြည့်စုံသွားတော့ မြေပုံ စဆွဲကြပါတယ်။သူတို့ကို ပဲ ဘယ်နေရာမှာ ဘာရှိလဲ မေးပြီး မြေပုံကြမ်းထုတ်ပါတယ်။ဘယ်နေရာ ဟာ စိတ်ဝင်စားဖို့ကောင်းလဲ ဘယ်သူ့အိမ်လဲ ရိုးရာလက်မှုတတ်သူလား ၊ရိုးရာဂီတ တီးတတ်သူလား ဘယ်နားကတော့ အန္တရာယ် ရှိတတ်သလဲ တောင်ကြားရွာဖြစ်လို့ ချော်တတ်လား အခြားလမ်းရှိလား ဒီအိမ်က ခွေးကိုက်တတ် လားစသဖြင့် အသေးစိတ် လေ့လာရပါတယ်။စူးထိုးစိုက်ပျိုးခြင်းဟာ ထူးခြားပြီး တောင်စောင်းမှာ တောင်ယာသီးနှံ များကို စူးဖြင့်မြေကိုထိုးပြီး မျိုးစေ့ချကာ စိုက်ပျိုးခြင်းပါ။ဘာစပါး စိုက်လဲ တစ်နှစ်မှာ ဘယ်နှစ်သီးစိုက်လို့ ဘာတွေ စိုက်ကြသေးလဲပေါ့။ရွာမှာ တစ်ခု ချစ်စရာကောင်းတာကတော့ အများပိုင် နှစ်ရှည် သီးပင် စားပင်တွေ ဥပမာ လိုင်ချီးစ်လို အပင်တွေ သရက် ပိန္နဲ စသဖြင့် တန်ဖိုးရှိ နှစ်ရှည်ပင်တွေ စိုက်ထားသလို ကျေးရွာ ရံပုံငွေ အတွက် အများပိုင် ဖာလာစိုက်ခင်းတွေ ရှိနေတာက မြို့မှာ တောင် မရှိသေးတဲ့ စနစ်မျိုးပါ။
ကျွန်တော်တို့ ရွာမရောက်သေးပါဘူး သူတို့ ပြောတာကိုပဲ မျက်စိထဲ မြင်ယောင်ပြီး မြေပုံ ကြမ်းတစ်ခုဖန်တီးနေတာပါ။
ကျွန်တော်တို့ကို ပြောပြတဲ့ သူတို့ ရိုးရာ အချို့ဟာ အခြားနဲ့ မတူ ထူးခြားပြီး တစ်ရွာ တစ်ပုဒ်ဆန်းတယ် ဆိုသလိုပဲ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ရွာအလိုက် ကွဲပြားနိုင်ပေးမဲ့ ဒါလေးတွေကတော့ ထေခိုရဲ့ ရိုးရာလေးတွေပါ။သူငယ်ချင်းတို့လည်း သိစေချင်လို့ မျှဝေလိုက်ပါတယ်ဗျ။

ဥပမာ သူတို့ တောလိုက်ပွဲမှာဆို တောကောင်ရလာတာနဲ့ သားကောင်ရဲ့ ခေါင်းကို ပစ်ထိလာတဲ့ မုဆိုးက စားလို့မရပါဘူး။အမျိုးသမီးလည်း စားလို့မရသလို ယောက်ျားတောင်မှ လူပျိုမှ စားလို့ ရပါတယ်။စားရင်လည်း ပစ်လာတဲ့ မုဆိုးအိမ်မှာပဲ စားရပြီး ခေါင်းကိုတော့ အမှတ်တရ ချိတ်ဆွဲထားပါတယ်။ မုဆိုးရဲ့အိမ်မှာပါ။အကယ်၍ မုဆိုးဟာ သားကောင်မရတာ ကြာလာပြီ ဆိုရင်တော့ ခုနကသားကောင်ခေါင်း စားထားတဲ့ ကာလသားကိုရှာ ၎င်းဆီကနေ ကြက်တစ်ကောင်ပြန်တောင်း ကြက်ရိုးပြန်ထိုးပေးရပါတယ်။ဒါမှ သားကောင်ပြန်ရတယ်လို့ ယုံကြည်ကြသလို အမှန်တကယ်လည်း အဲလိုပြန်လုပ်ရင် သားကောင် ပြန်ရပါတယ်။

နောက်မီးဖိုပွဲ ရိုးရာ အတီးအမှုတ်အကအခုန် တွေနဲ့ ကျင်းပကြပြီး ထူးခြားတာက စကားစစ်ထိုးပွဲ ပြုလုပ်တာပါ။ပြီးတော့ အခြားရွာ အခြားဒေသက လူနဲ့ မိတ်ဆွေ ဖွဲ့ကြမယ်ဆို ကြက်ရိုးထိုး ကြက်သွေး နဖူးမှာ သုတ်လို့ သစ္စာပြုကြပါတယ်။

လက်ထပ်ခြင်းနဲ့ ပက်သတ်လို့ကတော့ စတင် စေ့စပ်ချိန်မှာ အမျိုးသားဘက်မှ ငွေင်္ဒါး ၁ချပ် ကြက်မ ၂ကောင် ၊ကြက်ဖ၁ကောင် လက်ဖွဲ့ပေးရပြီး မင်္ဂလာဆောင်တော့မယ် ဆိုရင်တော့ အမျိုးသားဘက်မှ ကျွဲတစ်ကောင် ဒင်္ဂါး ၄ချပ် တင်တောင်းရပါတယ် ၊မင်္ဂလာဆောင်ချိန်မှာတော့ အမျိုးသားဘက်မှ ၃ပုံ ၂ပုံ ၊အမျိုးသမီးဘက်မှ ၃ပုံ ၁ပုံ အကုန်အကျ ခံကြရပါတယ်။
အိမ်သစ်တက်ပွဲ အခမ်းအနားမျိုးမှာ ဆိုရင်တော့ ဖားစည်ကို တီးခတ်ကြရပြီး ညရောက်ရင် ခေါင်ရည် နောက်နေ့ညဆို ထမင်းဟင်း စသဖြင့် ပူဇော်ရပါတယ်။
ထေခိုရွာ ရဲ့ အထူးခြားဆုံးကတော့ ကယောဒေသမှာ ဖားစည်၅လုံး ပိုင်ဆိုင်ထားခြင်းပါပဲ။၎င်း ဖားစည်တွေဟာ အခြားဘယ်ရွာမှာမှ မရှိပါဘူး။ထေခိုရွာမှာပဲ ရှိသလိဲု အခြားရွာတွေမှာ ပွဲတော်ရှိတယ်ဆို ရင်တော့ ထေခို ယဉ်ကျေးမှု အဖွဲ့က သွားရောက် ဖျော်ဖြေ ကူညီပေးပါတယ်။
ဖားစည် ရာဇဝင် ကလည်း အရမ်းစိတ်ဝင်စားဖွယ် ပါပဲ။ရွာမှာ ယခင်က ၁၀လုံးရှိပါတယ်။၅လုံး မီးထဲပါသွားပြီး ယခုရှိနေတဲ့ ဖားစည် ၅လုံးကလည်းယခင် နှစ်ပေါင်းများစွာက အခြားနေရာမှာ စစ်တိုက်လို့ စစ်အောင်ပစ္စည်း အဖြစ်ရလာတာပါ။ယခု ၅လုံးကိုလည်း ယခင်က လာရောက်ခိုးဖူးသူတွေ ရှိပြီး ရွာအပြင်မှာ ၂လုံးနဲ့ ဒီမောဆိုဂိတ်မှာ ၃လုံး ပြန်မိလို့ ယနေ့ အချိန်အထိ နောက်လူတွေ မြင်နေရသေးတာပါ။
ကျွန်တော်တို့ အဖွဲ့မှာ ထေခို အုပ်ချုပ်ရေးမှုးနဲ့ ၁၀အိမ်မှုး ရပ်မိရပ်ဖ မုဆိုးကျော်များ ပါနေတော့ ပိုပြည့်စုံစွာ လေ့လာနိုင်ခဲ့ပါတယ်။
နေ့လည်စာကို ITC ကစီစဉ်ပေးပြီး ကျန်တော်တို့ရော ရွာသားတွေရော အားလုံး အတူစားကြပြီး ခနနားလို့ ခုနက မျက်စိထဲမှာ မြင်ယောင်မိနေတဲ့ ထေခိုကို ရွာခံ တွေ ဦးဆောင်မှုနဲ့ လက်တွေ့ သွားကြပါတယ်။

ရွာကိုစဝင်မယ်ဆိုတာနဲ့ ကြိုဆိုပါ၏ ဆိုတဲ့ ထေခိုရွာ အဝင် ဆိုင်းဘုတ်လေးကနေ ရွာကို လှမ်းကြည့်လိုက်တော့ တောင်ကြား တောင်နံရံ တွှေမှာ တည်ဆောက်ထားတဲ့ အိမ်လေးတွေရယ် လှေကားထစ်စပါးခင်းရယ် ရွာအလယ်ကို ဖြတ်စီးလာတဲ့ ချောင်းလေးရယ် ရိုးရာဝတ်စုံတွေနဲ့ ကယောတို့ ရယ် ဆိုတော့ မြင်ယောင်ကြည့်လိုက်ပေါ့ဗျာ။ကင်မရာ မပါလာပဲ ဖုန်းနဲ့ ရိုက်ရသလို အခြားသူတွေ ဆီက ပုံတစ်ချို့လည်း မျှဝေ ပေးထားပါတယ်။မြန်မာပြည်ထဲ မှာနေတဲ့ ကိုယ့်သွေးချင်းတွေရဲ့ ရိုးရာကို သိစေချင်တာ ရည်ရွယ်ပါတယ်။
နောက်တစ်နေ့မှာ တော့ ကိုယ့်အဖွဲ့ အလိုက် အကြောင်းအရာတွေကို စနစ်တကျ တင်ပြကြရတာပေါ့။ဒီတစ်ဖွဲ့မှာ ရှိတဲ့ အရာ မရှိတဲ့အရာ ဖလှယ်ကြရပါတယ်။ဘယ်လိုကာကွယ် မလဲ ဘယ်လိုထိန်းသိမ်းရမလဲ ဘယ်လိုခရီးသွား လုပ်ငန်းမျိုးကနေ ဝင်ငွေရစေလဲပေါ့။လူတိုင်းအမြင် အတွေး ကိုလွတ်လပ်စွာ တင်ပြကြပါတယ်။နောက် ၅ဖွဲ့ ထပ်ခွဲပြီး နောက် ရွာ၅ရွာကို ထပ်မံ ပြီး စာတမ်းပြုစုလို့ ရွာ ၂ရွာရွေးထုတ်ကာ CBT လို့ခေါ်တဲ့ Community Based Tourism ကို အကောင်အထည်ဖော်လို့ ဒေသတွင်း မီးခိုးတိတ် စီးပွားရေးတစ်ခု Eco Tourism လို သဘာဝကိုအခြေခံတဲ့ စီးပွားရေးတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ဒါကြောင့်လည်း ၎င်းတို့ဒေသအတွက် ၎င်းတို့ဘာသာ ရှေ့ဆက်နိုင်သလို ဦးဆောင်နိုင်အောင် ဒီလိုသင်တန်း တွေကို ပို့ချပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း သင်တန်းတွေ အဆက်မပြတ်တက် နေရတုန်းပါပဲ။ဝမ်းသာစရာ နောက်တစ်ခုက ယခု ကယားမှာ Regional Guide သင်တန်းကို ဝါရင့်ဆရာကြီး ဆရာမကြီးတွေက လာရောက်ပို့ချ ပေးနေသလို ကယားဒေသခံတွေ အများအပြား လာရောက် တက်နေကြပါတယ်။ဒီသင်တန်းမျိုးဟာ ရန်ကုန်မှာဆို လူ ၁၇၀၀လောက်မှာ မှ၂၀၀ ဦးလောက်သာ ဝင်ခွင့်အောင်ပါတယ်။သို့ပေမယ် ဒီမှာ ဒေသခံ ဂိုက်တွေ ပေါ်ထွက်လာစေဖို့ အတွက် ဘာဝင်ခွင့်မှ မရှိပဲ တက်ရောက်နိုင်အောင် သက်ဆိုင်ရာ လူကြီးတွေက စီစဉ်ပေးထားလို့ ဒီဒေသအတွက် လည်း ကံကောင်းမှုတစ်ခုပါ။ကယားပြည်နယ်ဟာ ခရီးသွားလုပ်ငန်းစတင် နာမည်ရလာတာနဲ့ တစ်ချိန်တည်းမှာ CBT လို ခရီးသွား လုပ်ငန်းကို ITC လို ပညာရှင်တွေနဲ့ စတင်နိုင်ခဲ့တာ ကလည်း အလွန်ကံကောင်းခဲ့တာပါပဲ။ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်လာစေရန်နှင့် ဒေသတွင်း အလုပ်အကိုင်များ ရရှိလာစေဖို့ ရည်ရွယ်ရင်း လေးစားစွာ ဝေမျှရင်း

Credit to နေမိုးအောင်
9Generation Force Travels & Tours

Address

No. 1(A), Naung Yah (B)
Loikaw
20101

Telephone

+959780166465

Website

Alerts

Be the first to know and let us send you an email when KTH Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category