Y S H Auto Car Service
Y S H Auto Car Service WELCOME EVERY BODY
V V T i (engine) အကြောင်း တစေ့တစောင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ VVTi အင်္ဂျင်တွေကို အင်ဂျင်ဝိုင် အပျစ် မသုံးဖို့ ပြော...
24/12/2020
V V T i (engine) အကြောင်း တစေ့တစောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~ VVTi အင်္ဂျင်တွေကို အင်ဂျင်ဝိုင် အပျစ် မသုံးဖို့ ပြောတိုင်း မြန်မာပြည် ကပူ တယ် ဘာညာ ဝပ်ရှော့ဆရာ တွေ က ကန့်ကွက်လွန်း လို့မပြောတာ ………
ခုထပ်ပြောမယ် VVTi အင်္ဂျင်သုံးကားတွေ ကီလို ၂သိန်း မက ဘယ်လောက်ရောက်ရောက် 10w30 ဆီထက် ကျော်မလဲ နဲ့လဲတာနဲ့ဆီစားပြီ။
အင်္ဂျင်ဝိုင်အပျစ်သုံးတာဟာ အဲဒါဆေးမြီးတို ကုစားနည်း ပါ။
ကားက ဘားဝိုင်စီး ဘားတွေ ပစ်စတင်ရင်းတွေ ကျ လာပါပြီ အင်ဂျင်လုပ်ရမှာပါ ။ရေးထားတါ ကိုသေချာ ပြန်ဖတ်ကြည့်ပါ။
အဲဒါ ကို အင်ဂျင်ဝိုင် အပျစ်နဲ့လှမ်း ထိန်းတော့ ဆင်ဆာတွေချိန်းဘိအထိန်းတွ မှန်ကန်စွာ မလုပ်တော့ပါဘူး။
အဲအတွက် ကွန်ပြူတာကတွက်ချက်မှုအစစမှား လာပြီး ဆီစားလာပါပြီ။ ဆေးမြီးတိုကုတယ်လို့ ခေါ်ပါတယ်။
အင်ဂျင်ဝိုင်စား သက်သာချင်တော့အလွယ် လုပ်ရင် နောင် အင်ဂျင်ဖွင့်တဲ့အခါ အစစရာရာ လုပ်ရတော့ ပိုကုန်ပါတယ်။
လက်ရှိဆီဈေးနဲ့ အဆင်ပြေအောင် ဆီ အကုန် အလဟသ မဖြစ် အောင် V V T I နည်းပညာရဲ့အကျိုး ကျေးဇူး မရတော့ပဲ ခေတ်ဟောင်း အင်ဂျင် ပြန်ဖြစ် သွားပါတော့တယ်။ အဲဒါ အင်္ဂျင်ဝိုင်အပျစ်ထည့် တါကြာင့် ရလာတဲ့အကျိုးအပြစ်ပါ။
" VVT-i --အင်ဂျင်ဆိုသည်မှာ-"… …🚖 အင်ဂျင်ဝိုင်- ကောင်းကောင်း-ကြိုက်တဲ့ အင်ဂျင်ကို ခေါ်ပါသည်။
စက်စွမ်းအား အပြည့်အ၀ရဘို့နဲ့ ဆီစားသက်သာ ဖို့တွက်--အင်ဂျင်ဟက်မှာ တတ်ထားတဲ့--ဗါး များ ကို--အသိဥာဏ်-စနစ်တခုနဲ့-တိုင်မင်မှန်အောင် ထိန်းချုပ်ခိုင်းပေး ထားတဲ့-အင်ဂျင်စနစ်ပါ--သာမန်လူများ-နားလည်အောင်ပဲ-အဓိက အကြောင်း အရာများ ကိုပဲ--ပေါ့ပေါ့ပါးပါး ရေးပေးလိုက်ပါတယ်--
🚖ကနဦးပေါ်ခါစ--1991--လောက်မှာ--Variable Valve Timing tuning Intelligent--လို့ခေါ်ခဲ့ပါ သေးတယ်။ Toyota-4-A GE- 5 cylinders -အင်ဂျင်မှာစခဲ့ပါတယ်--
နောက်ပိုင်းအခေါ်ကတော့--Variable Valve Timing with Inelligence ဆိုပြီး-အတည်ဖြစ် သွားခဲ့ပါပြီ-အသိဥာဏ်ဆိုတဲ့--အာရုံခံစနစ်ကို--အင်ဂျင်ဝိုင်ဖိအား ကိုယူအတည်ပြု-လုပ်ဆောင် ပေးပါတယ်- ဆင်ဆာဆိုတဲ့--အာရုံခံအင်္ဂါများ-ဆလိုနွိုက်ဆိုတာများနဲ့ အထောက်အကူ ပေး ပါတယ်-ထိရောက်မှုရှိအောင်-တိုင်မင်ဘတ်ကြိုး-ခေါ်တဲ့-သားရေပတ်ကြိုးအစား-သံကွင်း ဆက် ကြိုးခေါ်တဲ့-ချိန်းကြိုးများကို-ပြန်သုံးလာပါတယ်---ဒီတော့--အင်ဂျင်ဝိုင်-ရဲ့-စွမ်းဆောင်မှုအခန်းက-အဓိကဖြစ်လာပါပြီ--
အင်ဂျင်ဝိုင်-ကို-သတ်မှတ်တဲ့-အမျိုးအစား-ကောင်းကောင်းသုံးပေးရပါမယ်---သတ်မှတ်တဲ့--စွမ်းအား-အာနိသင်လျော့ကျမယ့်အချိန်မှာ-
မလဲမဖြစ်လဲပေးရပါမယ်---ခုတင်ပေးထားတဲ့-လုပ်ဆောင်ချက်ပုံလေးများကို-ကြည့်လျင်-လွယ်လွယ်သဘောပေါက်မှာပါ--
အခု-မြန်မာပြည်မှာ-အသုံးများတဲ့--1350cc--အောက်--တိုယိုတာကားလေးများဖြစ်ကြတဲ့-ဂျပန်နိုင်ငံပြည်တွင်းသုံး-ဘယ်လ်တာ-ဗစ်ဇ်-ပရိုဘောက် ……စသဖြင်…့
ပြည်ပကိုပို့တဲ့အခါ -ဗီအို့စ်--ရာရစ်--ဆိုတဲ့ကား များမှာ-အဓိကသုံးထားပါတယ်--
သူတို့ကို-ဒီစနစ်နဲ့ပြောင်းသုံးလိုက်တဲ့အခါ--အကျိုးအမြတ်များက-သိသိသာသာရခဲ့လို့--ကမ္ဘာမှာအချိန်တော်တော်ကြာနေရာရနေပါ တယ်-မြန်မာပြည်မှာလည်း-ဒီအတိုင်းပါပဲ--လက်တွေ့သိမြင်နေရပါတယ်--
ဒီ-အင်ဂျင်-စနစ်ရဲ့လက်တွေ့အကျိုးအမြတ် ကတော့-အတိအကျသိရအောင်---ဒီလို-ဒီလို--ဆိုပြီး--ဘိုလိုပဲရေးပေးပါတော့မယ်--
[ Primary benefits of the system include:]
-Easier starting
-Quicker, smoother acceleration
-Better fuel economy
-Lower emissions---ဆိုတဲ့အထဲမှာ---
အဓိက-ကတော့--ဆီစားသက်သာပြီး-ကာဗွန်ထုတ် လုပ်မှုနည်းနိုင်သလောက်နည်း အောင်လုပ် ပေးနိုင်တာပါပဲ။
တစ်ခုပြောချင်တာက--Oil Pressure --ဆိုတဲ့-ဆီဖိအားကိုအာရုံခံတာ ပါလာတဲ့အတွက်--အင်ဂျင်ဝိုင်-ဟာ-သိပ်ပျစ် ပျစ်ကိုမသုံးမိအောင် ပဲသတိထားပေးပါ--
ဂျပန်ကားများက-စက်ရုံကထုတ်ထုတ်ခြင်း--ဆို--အပွန်းအစားတွေ-ရှိသင့်သလောက်ရှိသေးလို့--5W-30--သုံးခိုင်းပါတယ်---စသုံးပြီး-ကီလို-၁၀၀၀-လောက်မှာ-အမြန်ဖေါက်ချ လဲပေး ရပါတယ်--နောက်-ကီလို-၂၀၀၀-လောက်သုံး-ပြီးအမြန်လဲ--နောက်အသားကျလောက်ပြီဆိုမှ--ကီလို-၅၀၀၀-မှာ--မှန်မှန်လဲပေးပါတဲ့-
ဒီလိုနဲ့သုံးလာပြီး--ကီလို-၁-သိန်းဆိုတာ-သူတို့ဆီ မှာတော့-ကားသက်တမ်းတစ်ခု ကုန်ပြီလို့ သတ်မှတ်ပါတယ်--အတွင်းကလီစာ-ဟိုဟာ-ဒီဟာ--တွေပြန်လဲပေးပါတယ်-- ဒီတော့----
အင်ဂျင်ဝိုင်ကို--5W-30--အစား-- -- 10W-30--လောက်ပဲ--အဆင့်မြင့်ပေးလိုက်ပါတယ်--ဆီလမ်းကြောင်းအပေါက်တွေ-အာရုံခံအင်္ဂါတွေ ကတော့--အင်ဂျင်မှာပါတဲ့အတိုင်းမပြောင်းမလဲရှိ တာကိုး---ဆီကို-ပွတ်မှုအားနဲ့အပူဒဏ်-ကောင်းကောင်းချေဖျက်နိုင်တဲ့--ဆီ-ခပ်သွက် သွက်ပဲသုံးခိုင်းတဲ့သဘောပါ--ဆီ-အပျစ်အကျဲ--ဆိုတာ--ဖိအားနဲ့တိုက်ရိုက်အချိုးကျလို့ပါ---
စောစောက-အပေါ်မှာဖေါ်ပြခဲ့တဲ့--ဆီဖိအားကို အမီပြုပြီးဆင်ဆာများနဲ့တည်ဆောက်ထားတဲ့--ဗါးတိုင်မင်--စနစ်များကို-အမြဲသတိရပါ--
ဒါကို-လေ့လာမထားကြပဲ--ရှေးရိုးအစဉ်လာ အတိုင်း--ခေါင်းမာမာနဲ့--ပိုင်ရှင်ရော--စက်ဆရာလက်ဟောင်းများပါ--အင်ဂျင်ဝိုင်ကိုထည့်ချင်သလိုထည့်နေကြရင်--
အင်ဂျင်က-မူမှန်စွမ်းအားအပြည့်အ၀မရ---သက်တမ်းလည်းတိုမှန်းမသိတိုကြမှာအမှန်ပါ--
VVT i အင်္ဂျင်ရဲ့အကျိုးကျေးဇူး လုံးဝ မခံစား / မရရှိတော့ပါဘူးး။
VVT i အင်္ဂျင်တပ်ဆငိထားတဲ့ ကားကိုဝယ်စီးပြီး VVTi အင်္ဂျင်ရဲ့ရရှိမယ့် အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရရှိ ပါစေလို့ ဆန္ဒအရင်းခံဖြင့် ပြန်လည်မျှဝေပေးပါတယ်ခင်ဗျာ။
* ဒီ GP က ကားခရေဇီများကျေနပ်နိင်ကြပါစေ။*
Crd ::: မူရင်း
အခက်အခဲများပြေလည်ကြပါစေ။
$M¡£€
3-12-2019( sweet december )
မင်္ဂလာရှိသောနံနက်ခင်းလေးမှာ မိတ်ဟောင်း မိတ်သစ်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ခင်ဗျာ။
27/08/2020
မင်္ဂလာရှိသောနံနက်ခင်းလေးမှာ မိတ်ဟောင်း မိတ်သစ်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ခင်ဗျာ။
ကားရေတိုင်ကီ ကူးလန့် Radiator Coolant  ကိုဘယ်ကထည့်ရမလဲ အမြဲတွေးနေကြမှာပါဘယ်ကလဲ ၁လား ၂လားကျနော်ကတော့ အင်ဂျင် လုံးဝ အေးတဲ့...
01/08/2020
ကားရေတိုင်ကီ ကူးလန့် Radiator Coolant ကို
ဘယ်ကထည့်ရမလဲ အမြဲတွေးနေကြမှာပါ
ဘယ်ကလဲ ၁လား ၂လား
ကျနော်ကတော့ အင်ဂျင် လုံးဝ အေးတဲ့ မနက်စောစောဆိုရင် နှစ်နေရာ စလုံး ကနေဖြည့်ပါ
အင်ဂျင်ပူ နေရင် ၂ ဘူးကနေထည့်ပါ
၂ ရေပြန်ဘူးက တစ်မျိုး လာတတ် တယ်
အောက်ကထွက် ပိုက်လိုင်းထွက် နဲ့
အပေါ်ပိုက်လိုင်း ထွက် ပေါ့
အပေါ်ပိုက်လိုင်း ထွက်ဆိုရင် အသာလေး လှန်
ရေပြန်ပိုက်လိုင်း လေမခိုအောင်လို့ပေါ့
Credit
✍Knowledge for u✍ DRUM BRAKE: FUNCTION, COMPONENTS, WORKING PRINCIPLE AND TYPES(ဒရမ်ဘရိတ် အမျိုးအစား အလုပ်လုပ်ဆောင်ပုံနှ...
30/07/2020
✍Knowledge for u✍
DRUM BRAKE: FUNCTION, COMPONENTS, WORKING PRINCIPLE AND TYPES
(ဒရမ်ဘရိတ် အမျိုးအစား အလုပ်လုပ်ဆောင်ပုံနှင့် အစိတ်အပိုင်းများ)
>>>ဒရမ်ဘရိတ်များကို သေးငယ်သောမော်တော်ယာဉ်များ၏ နောက်ဘီးနှစ်ဘက်တွင် အများဆုံးအသုံးပြုကြသည်။
>>>(Working Principle)အလုပ်လုပ်ဆောင်ပုံ
ဒရမ်ဘရိတ်များကို ယနေ့ခေတ်အထိ ခေတ်မီမော်တော်ယာဉ်များတွင် ဒီဇိုင်းအမျိုးမျိုးဖြင့် အဆင့်ဆင့်မွန်းမံပီး အသုံးပြုလာကြသည်။ ဒရမ်ဘရိတ်ဆိုသည်မှာ ၄င်းကိုတည်ဆောက်ထားသော (enclosed cylindrical structure) စလင်ဒါပုံသဏ္ဍာန်ရှိသောတည်ဆောက်ပုံအရခေါ်ဝေါ်ခြင်းဖြစ်သည်။
DRUM BRAKE COMPONENTS(အစိတ်အပိုင်းများ)
>>> ဒရမ်ဘရိတ်ကိုအောက်ပါအစိတ်အပိုင်းများဖြင့်ဖွဲ့စည်းထားသည်။
1.) Brake Drum
2.) Brake Shoes
3.)Wheel Cylinder
4.)Anchor Plate
5.) Adjuster
6)Return Springs
7.)Fastening and actuating elements
>>> ဒရမ်ဘရိတ်သည် ဘီးတွင်အသေတပ်ဆင်ထားပြီး ကားဘီးနှင့်အတူလိုက်၍လည်သည်။ ယာဉ်မောင်းသူမှ ဘရိတ်အုပ်သောအခါ wheel cylinder(ဝှီးစလင်ဒါ)သည် အသေတပ်ဆင်ထားသော ဘရိတ်ရှုး(Brake shoes) များကို brake drum (ဘရိတ်ဒရမ်) ကိုဆန့်ကျင်၍ တွန်းကန်ဖိထားသည်။ ထိုကဲ့သို့ဖိထားသောကြောင့် အရှိန်လျော့ကျစေပီးရပ်တန့်စေသည်။ ဘရိတ်ကို လွှတ်လိုက်သောအခါ စပရင် (Return Spring) သည် ဘရိတ်ရှုးများကို ၄င်းတို့၏ မူလနေရာကို ပြန်၍ဆွဲသည်။ ဤသို့ဖြင့် ဘရိတ်ရှုးများကို ဒရမ်မှကွာစေပီး မော်တော်ယာဉ်ကို ရွေ့လျားစေသည်။
>>>WORKING PRINCIPLE (အလုပ်လုပ်ဆောင်ပုံ)
ယာဉ်မောင်းသူသည် ဘရိတ်ခြေနင်းပြားပေါ်သို့နင်းလိုက်သောအခါ နင်းလိုက်သောအားကို ဘရိတ်ဗူးစတား (Brake booster, servo system) ဆာဗိုစနစ်မှ ဆပွားမြှင့်ပေးလိုက်ပီး မာစတာစလင်ဒါ(Master cylinder) ဖြင့် ဟိုက်ဒရောလစ်ဖိအားအဖြစ်သို့ပြောင်းလဲပေးလိုက်သည်။ ဟိုက်ဒရောလစ်ဖိအားသည် Tubing ပိုက်လိုင်းများမှတစ်ဆင့် ဘီးများပေါ်တွင်ရှိသော ဘရိတ်သို့သက်ရောက်သည်။ သက်ရောက်လိုက်သောဖိအားသည် ဘီးလေးဘီး၏ ဘရိတ်များတွင်ရှိသော ပစ်စတင်ကို တွန်းကန်သည်။ ပစ်စတင်သည် ဘီးနှင့်အတူလိုက်၍်လည်နေသော ဘရိတ်ဒရမ်၏အတွင်းမျက်နှာပြင်တွင်တည်ရှိနေသော friction materials (Brake linings) ဘရိတ်လိုင်နင်း တနည်းဆိုရသော် ဘရိတ်ရှုးများကို ဖိသည်။ ဘရိတ်ရှုးများသည် လည်နေသော ဘရိတ်ဒရမ်ပေါ်တွင် ပစ်စတင်၏ဖိခြင်းကိုခံရဖြင်းဖြင့် ဘီးများကိုအရှိန်လျော့ကျစေပြီးယာဉ်ကို ရပ်တန့်စေသည်။
TYPES OF DRUM BRAKES (ဒရမ်ဘရိတ် အမျိုးအစားများ)
အဓိကဒရမ်ဘရိတ် အမျိုးအစား၃မျိုးရှိသည်။
1.) Mechanical (စက်မှုစနစ်)
2.) Hydraulic (ဟိုက်ဒရောလစ်)
3.) Pneumatic (လေစွမ်းအားသုံး)
1.) Mechanical (စက်မှုစနစ်သုံး)
စက်မှုစနစ်အားသုံး ဒရမ်ဘရိတ်စနစ်တွင် two wheeler, auto rickshaw နှင့် brake shoes တို့ကို ဘရိတ်စနစ်နှင့် ခြေနင်းပြားတို့နှင့်ဆက်သွယ်ထားသော cam ဖြင့်ထိန်းချုပ်သည်။ ဘရိတ်ခြေနင်းပြားကိုနင်းလိုက်သောအခါ cam သည်လည်ပတ်သောကြောင့် brake shoes ဘရိတ်ရှုးကို အပြင်ပြန့်ကားစေပြီး ဒရမ်ကိုဖိကပ်ခြင်းဖြင့်ယာဉ်၏ အရှိန်ကိုလျော့ချသည်။
2.) Hydraulic (ဟိုက်ဒရောလစ်)
ဟိုက်ဒရောလစ် ဒရမ်ဘရိတ်စနစ်တွင်ဟိုက်ဒရောလစ် wheel cylinder သည် Mechanical စနစ်တွင်သုံးထားသော cam ၏နေရာတွင်အစားထိုးအလုပ်လုပ်သည်။ ယာဉ်မောင်းသူမှ ဘရိတ်ကိုနင်းသောအခါ wheel cylinder၏ ပစ်စတင်သည် ဘရိတ်ရှုးကို အပြင်ဘက်သို့တွန်းထုတ်သည်။ ဘရိတ်ရှုးသည် anchor plate or breaking plate တွင်သွားရောက်ကပ်ပြီး ဘရိတ်စနစ်ကိုအလုပ်လုပ်စေသည်။ ဘရိတ်ကိုနင်းသောအခါ မာစတာစလင်ဒါထဲတွင်ရှိသောဟိုက်ဒရောလစ်ဆီသည် wheel cylinders ဆီသို့ပေးပို့သော ဟိုက်ဒရောလစ်ဖိအားကို ဆပွားတိုးစေသည်။ ဟိုက်ဒရောလစ်ဖိအားသည် ပစ်စတင်ကိုအပြင်သို့တွန်းထုတ်သည်။ ပစ်စတင်သည် ဘရိတ်ရှုးများကိုပြန့်ကားစေပြီး ဒရမ်ကိုဖိကပ်စေသည်။ ဘရိတ်ရှုးနှင့် ဒရမ်ကြားတွင်ဖြစ်ပေါ်သော ပွတ်တိုက်မှုကြောင့် လည်နေသောဘီးများကိုရပ်တန့်စေသည်။
3.) Pneumatic assisted: (လေအားအသုံးပြုခြင်း)
ဤစနစ်တွင် လေဖိအားဖြင့်အလုပ်လုပ်သည်။ mechanical drum brake system နှင့် အလုပ်လုပ်ပုံခြင်းတူညီသည်။ ၄င်းကို အရွယ်အစားကြီးမားသော cam သို့မဟုတ် S ပုံသဏ္ဍန်ရှိသော cam ဖြင့်အလုပ်လုပ်သည်။ ထို့ကြောင့် S-Cam ဘရိတ်စနစ်ဟုလည်းခေါ်သည်။ သို့သော်လည်း ဖိသိပ်ထားသောလေ high pressure compressed air သည် cam ကိုလှည့်ပေးသေ pneumatic piston ကိုအလုပ်လုပ်စေသည်။ များသောအားဖြင့် ၄င်းဘရိတ်စနစ်ကို အလယ်အလတ်နှင့် အကြီးစားမော်တော်ယာဉ်များတွင် အသုံးပြုသည်။
BASED ON PRINCIPLE(လုပ်ဆောင်ပုံကိုမူတည်၍ခွဲခြားခြင်း)
1. Leading/Trailing Shoe Type Drum Brake
"Leading(or primary) shoe" ဒရမ်ပေါ်သို့ဖိခြင်းခံရသောအခါ ဘီးလည်ပတ်သောဦးတည်ချက်အတိုင်းရွေ့လျားနေသော ရှုးအမျိုးအစားဖြစ်သည်။ အခြားသောရှုးကို trailing (secondary) shoe ဟုခေါ်သည်။ Leading shoe သည် ဒရမ်လည်ပတ်သည့်အတိုင်း အဖိခံရသည်။ ဤကဲ့သို့လည်ပတ်မှုသည် ဘရိတ်ရှုးကိုဒရမ်ဆီသို့ ကြီးမားသောအားနှင့် ဖိရန်အကူအညီဖြစ်စေသည်။ ၄င်းကို ဒရမ်ဘရိတ်များ၏ကြီးမားသောဘရိတ်စွမ်းအားကိုဖြစ်စေသော servo effect(self-boosting effect) ဟုခေါ်သည်။
တည်ဆောက်ပုံအရ ၄င်းစနစ်တွင် ဒရမ်အတွင်းမျက်နှာပြင်ကိုတွန်းကန်သောဘရိတ်ရှုးများအတွက် လိုအပ်သော ဟိုက်ဒရောလစ်ဖိအားကို ထုတ်ပေးသော wheel cylinder housing ပါရှိသည်။
ဘရိတ်ရှုးနှစ်ခုသည် မော်တော်ယာဉ်ရှေ့သွားခြင်း (သို့)နောက်ဆုတ်ခြင်းပေါ်မူတည်၍ ရှုးနှစ်ခုသည် Trailing shoe or leading shoe ဖြစ်ပေါ်သည်။ ဒရမ်ဘရိတ်သည် မော်တော်ယာဉ် ရှေ့သွားခြင်း သို့ နောက်ဆုတ်သည်ဖြစ်စေ တူညီသော braking force ကို ထုတ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ဒရမ်ဘရိတ်သည် နှစ်ဘတ်စလုံးတွင် တူညီသော braking force ကိုထုတ်ပေးသောကြောင့်ဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရသော် ၄င်းဘရိတ်စနစ်ကို ခရီးသည်တင်ကားများ၏ အနောက်ဘီးများ၏ဘရိတ်စနစ်အတွက်အသုံးပြုသည်။
2. Twin Leading Shoe Type Drum Brake
၄င်း ဒရမ်ဘရိတ်စနစ်မျိုးတွင် two wheel cylinders and two leading shoes ပါ၀င်သည်။ wheel cylinders သည် ဘရိတ်ရှုးတစ်ခုစီကိုဖိသည်။ ထို့ကြောင့် ရှုးနှစ်ခုစလုံးသည် မော်တော်ယာဉ်အရှေ့သို့ရွေ့လျားသောအခါ leading shoes များအဖြစ်အလုပ်လုပ်ဆောင်သည်။ ကြီးမားသော braking force ကိုထောက်ပံ့ပေးသည်။ Wheel cylinders တွင်ရှိသော ပစ်စတင်တစ်ခုစီသည် ဦးတည်ချက်တစ်ဖက်စီသို့သာရွေ့လျားသည်။ ထို့ကြောင့် မော်တော်ယာဉ် အနောက်ဆုတ်သောအခါ ရှုးနှစ်ခုစလုံးသည် Trailing shoes များအဖြစ်အလုပ်လုပ်ဆောင်သည်။ ၄င်းစနစ်ကို အဓိကအားဖြင့် အသေးစားမှသည် အလတ်စား ထပ်ကားများ၏ ရှေ့ဘရိတ်စနစ်တွင် အသုံးပြုသည်။
3. Duo Servo Type Drum Brake
၄င်းစနစ်တွင် adjuster ဖြင့်ချိတ်ဆက်ထားသော primary shoe နှင့် secondary shoe ဟူ၍ ဘရိတ်ရှုးနှစ်ခုပါ၀င်သည်။ Primary shoe ၏ servo effect ဆာဗို အဖက်ကြောင့်ဖြစ်ပေါ်သော ကြီးမားသောဖိအားသည်secondary shoe ဆီသို့ရောက်ရှိစေသည်။ ထို့ကြောင့် ပမာဏကြီးသော Braking force ကိုထုတ်ပေးသည်။
ထိုစနစ်ကိုအဓိကအားဖြင့် passenger cars များအတွက် parking brake, ထရပ်ကားများအတွက် center brakes, နှင့် Forklifts ဘရိတ်စနစ်များတွင်အသုံးပြုသည်။
ADVANTAGES AND DISADVANTAGES (ဆိုးကျိုးများနှင့်ကောင်းကျိုးများ)
ADVANTAGES OF DRUM BRAKE SYSTEM:(ကောင်းကျိုးများ)
1.) ရိုးရှင်းသောပုံစံနှင့်အစိတ်အပိုင်းများ
2.) ထုတ်လုပ်ရန် လွယ်ကူသက်သာမှု
3.) ထိန်းသိန်းမှု ကုန်ကျစရိတ်နည်းပါးခြင်း
4.) သက်တမ်းကြာရှည်ခံခြင်း
DISADVANTAGES OF DRUM BRAKE SYSTEM:(ဆိုးကျိုးများ)
1.) Discs ဘရိတ်နှင့်နှိုင်းယှဉ်လျှင် braking force နည်းပါးသည်
2.) ဘရိတ်ရှုးလိုင်နင်သည် asbestos ကျောက်ဂွမ်းကိုအသုံးပြုထားသောကြောင့်လူကိုဘေးဖြစ်စေသည်။
3.) စိုနေသောအခါ ဘရိတ်ဖမ်းနိုင်မှု သိသိသာသာလျော့ကျခြင်း
============================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကားအကြောင်းစုံ
Credit to>> Mechanical and automotive engineering books and news
Translated by>> Ye Kyaw Myo
DRUM BRAKE: FUNCTION, COMPONENTS, WORKING PRINCIPLE AND TYPES
(ဒရမ်ဘရိတ် အမျိုးအစား အလုပ်လုပ်ဆောင်ပုံနှင့် အစိတ်အပိုင်းများ)
>>>ဒရမ်ဘရိတ်များကို သေးငယ်သောမော်တော်ယာဉ်များ၏ နောက်ဘီးနှစ်ဘက်တွင် အများဆုံးအသုံးပြုကြသည်။
>>>(Working Principle)အလုပ်လုပ်ဆောင်ပုံ
ဒရမ်ဘရိတ်များကို ယနေ့ခေတ်အထိ ခေတ်မီမော်တော်ယာဉ်များတွင် ဒီဇိုင်းအမျိုးမျိုးဖြင့် အဆင့်ဆင့်မွန်းမံပီး အသုံးပြုလာကြသည်။ ဒရမ်ဘရိတ်ဆိုသည်မှာ ၄င်းကိုတည်ဆောက်ထားသော (enclosed cylindrical structure) စလင်ဒါပုံသဏ္ဍာန်ရှိသောတည်ဆောက်ပုံအရခေါ်ဝေါ်ခြင်းဖြစ်သည်။
DRUM BRAKE COMPONENTS(အစိတ်အပိုင်းများ)
>>> ဒရမ်ဘရိတ်ကိုအောက်ပါအစိတ်အပိုင်းများဖြင့်ဖွဲ့စည်းထားသည်။
1.) Brake Drum
2.) Brake Shoes
3.)Wheel Cylinder
4.)Anchor Plate
5.) Adjuster
6)Return Springs
7.)Fastening and actuating elements
>>> ဒရမ်ဘရိတ်သည် ဘီးတွင်အသေတပ်ဆင်ထားပြီး ကားဘီးနှင့်အတူလိုက်၍လည်သည်။ ယာဉ်မောင်းသူမှ ဘရိတ်အုပ်သောအခါ wheel cylinder(၀ှီးစလင်ဒါ)သည် အသေတပ်ဆင်ထားသော ဘရိတ်ရှုး(Brake shoes) များကို brake drum (ဘရိတ်ဒရမ်) ကိုဆန့်ကျင်၍ တွန်းကန်ဖိထားသည်။ ထိုကဲ့သို့ဖိထားသောကြောင့် အရှိန်လျော့ကျစေပီးရပ်တန့်စေသည်။ ဘရိတ်ကို လွှတ်လိုက်သောအခါ စပရင် (Return Spring) သည် ဘရိတ်ရှုးများကို ၄င်းတို့၏ မူလနေရာကို ပြန်၍ဆွဲသည်။ ဤသို့ဖြင့် ဘရိတ်ရှုးများကို ဒရမ်မှကွာစေပီး မော်တော်ယာဉ်ကို ရွေ့လျားစေသည်။
>>>WORKING PRINCIPLE (အလုပ်လုပ်ဆောင်ပုံ)
ယာဉ်မောင်းသူသည် ဘရိတ်ခြေနင်းပြားပေါ်သို့နင်းလိုက်သောအခါ နင်းလိုက်သောအားကို ဘရိတ်ဗူးစတား (Brake booster, servo system) ဆာဗိုစနစ်မှ ဆပွားမြှင့်ပေးလိုက်ပီး မာစတာစလင်ဒါ(Master cylinder) ဖြင့် ဟိုက်ဒရောလစ်ဖိအားအဖြစ်သို့ပြောင်းလဲပေးလိုက်သည်။ ဟိုက်ဒရောလစ်ဖိအားသည် Tubing ပိုက်လိုင်းများမှတစ်ဆင့် ဘီးများပေါ်တွင်ရှိသော ဘရိတ်သို့သက်ရောက်သည်။ သက်ရောက်လိုက်သောဖိအားသည် ဘီးလေးဘီး၏ ဘရိတ်များတွင်ရှိသော ပစ်စတင်ကို တွန်းကန်သည်။ ပစ်စတင်သည် ဘီးနှင့်အတူလိုက်၍်လည်နေသော ဘရိတ်ဒရမ်၏အတွင်းမျက်နှာပြင်တွင်တည်ရှိနေသော friction materials (Brake linings) ဘရိတ်လိုင်နင်း တနည်းဆိုရသော် ဘရိတ်ရှုးများကို ဖိသည်။ ဘရိတ်ရှုးများသည် လည်နေသော ဘရိတ်ဒရမ်ပေါ်တွင် ပစ်စတင်၏ဖိခြင်းကိုခံရဖြင်းဖြင့် ဘီးများကိုအရှိန်လျော့ကျစေပြီးယာဉ်ကို ရပ်တန့်စေသည်။
TYPES OF DRUM BRAKES (ဒရမ်ဘရိတ် အမျိုးအစားများ)
အဓိကဒရမ်ဘရိတ် အမျိုးအစား၃မျိုးရှိသည်။
1.) Mechanical (စက်မှုစနစ်)
2.) Hydraulic (ဟိုက်ဒရောလစ်)
3.) Pneumatic (လေစွမ်းအားသုံး)
1.) Mechanical (စက်မှုစနစ်သုံး)
စက်မှုစနစ်အားသုံး ဒရမ်ဘရိတ်စနစ်တွင် two wheeler, auto rickshaw နှင့် brake shoes တို့ကို ဘရိတ်စနစ်နှင့် ခြေနင်းပြားတို့နှင့်ဆက်သွယ်ထားသော cam ဖြင့်ထိန်းချုပ်သည်။ ဘရိတ်ခြေနင်းပြားကိုနင်းလိုက်သောအခါ cam သည်လည်ပတ်သောကြောင့် brake shoes ဘရိတ်ရှုးကို အပြင်ပြန့်ကားစေပြီး ဒရမ်ကိုဖိကပ်ခြင်းဖြင့်ယာဉ်၏ အရှိန်ကိုလျော့ချသည်။
2.) Hydraulic (ဟိုက်ဒရောလစ်)
ဟိုက်ဒရောလစ် ဒရမ်ဘရိတ်စနစ်တွင်ဟိုက်ဒရောလစ် wheel cylinder သည် Mechanical စနစ်တွင်သုံးထားသော cam ၏နေရာတွင်အစားထိုးအလုပ်လုပ်သည်။ ယာဉ်မောင်းသူမှ ဘရိတ်ကိုနင်းသောအခါ wheel cylinder၏ ပစ်စတင်သည် ဘရိတ်ရှုးကို အပြင်ဘက်သို့တွန်းထုတ်သည်။ ဘရိတ်ရှုးသည် anchor plate or breaking plate တွင်သွားရောက်ကပ်ပြီး ဘရိတ်စနစ်ကိုအလုပ်လုပ်စေသည်။ ဘရိတ်ကိုနင်းသောအခါ မာစတာစလင်ဒါထဲတွင်ရှိသောဟိုက်ဒရောလစ်ဆီသည် wheel cylinders ဆီသို့ပေးပို့သော ဟိုက်ဒရောလစ်ဖိအားကို ဆပွားတိုးစေသည်။ ဟိုက်ဒရောလစ်ဖိအားသည် ပစ်စတင်ကိုအပြင်သို့တွန်းထုတ်သည်။ ပစ်စတင်သည် ဘရိတ်ရှုးများကိုပြန့်ကားစေပြီး ဒရမ်ကိုဖိကပ်စေသည်။ ဘရိတ်ရှုးနှင့် ဒရမ်ကြားတွင်ဖြစ်ပေါ်သော ပွတ်တိုက်မှုကြောင့် လည်နေသောဘီးများကိုရပ်တန့်စေသည်။
3.) Pneumatic assisted: (လေအားအသုံးပြုခြင်း)
ဤစနစ်တွင် လေဖိအားဖြင့်အလုပ်လုပ်သည်။ mechanical drum brake system နှင့် အလုပ်လုပ်ပုံခြင်းတူညီသည်။ ၄င်းကို အရွယ်အစားကြီးမားသော cam သို့မဟုတ် S ပုံသဏ္ဍန်ရှိသော cam ဖြင့်အလုပ်လုပ်သည်။ ထို့ကြောင့် S-Cam ဘရိတ်စနစ်ဟုလည်းခေါ်သည်။ သို့သော်လည်း ဖိသိပ်ထားသောလေ high pressure compressed air သည် cam ကိုလှည့်ပေးသေ pneumatic piston ကိုအလုပ်လုပ်စေသည်။ များသောအားဖြင့် ၄င်းဘရိတ်စနစ်ကို အလယ်အလတ်နှင့် အကြီးစားမော်တော်ယာဉ်များတွင် အသုံးပြုသည်။
BASED ON PRINCIPLE(လုပ်ဆောင်ပုံကိုမူတည်၍ခွဲခြားခြင်း)
1. Leading/Trailing Shoe Type Drum Brake
"Leading(or primary) shoe" ဒရမ်ပေါ်သို့ဖိခြင်းခံရသောအခါ ဘီးလည်ပတ်သောဦးတည်ချက်အတိုင်းရွေ့လျားနေသော ရှုးအမျိုးအစားဖြစ်သည်။ အခြားသောရှုးကို trailing (secondary) shoe ဟုခေါ်သည်။ Leading shoe သည် ဒရမ်လည်ပတ်သည့်အတိုင်း အဖိခံရသည်။ ဤကဲ့သို့လည်ပတ်မှုသည် ဘရိတ်ရှုးကိုဒရမ်ဆီသို့ ကြီးမားသောအားနှင့် ဖိရန်အကူအညီဖြစ်စေသည်။ ၄င်းကို ဒရမ်ဘရိတ်များ၏ကြီးမားသောဘရိတ်စွမ်းအားကိုဖြစ်စေသော servo effect(self-boosting effect) ဟုခေါ်သည်။
တည်ဆောက်ပုံအရ ၄င်းစနစ်တွင် ဒရမ်အတွင်းမျက်နှာပြင်ကိုတွန်းကန်သောဘရိတ်ရှုးများအတွက် လိုအပ်သော ဟိုက်ဒရောလစ်ဖိအားကို ထုတ်ပေးသော wheel cylinder housing ပါရှိသည်။
ဘရိတ်ရှုးနှစ်ခုသည် မော်တော်ယာဉ်ရှေ့သွားခြင်း (သို့)နောက်ဆုတ်ခြင်းပေါ်မူတည်၍ ရှုးနှစ်ခုသည် Trailing shoe or leading shoe ဖြစ်ပေါ်သည်။ ဒရမ်ဘရိတ်သည် မော်တော်ယာဉ် ရှေ့သွားခြင်း သို့ နောက်ဆုတ်သည်ဖြစ်စေ တူညီသော braking force ကို ထုတ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ဒရမ်ဘရိတ်သည် နှစ်ဘတ်စလုံးတွင် တူညီသော braking force ကိုထုတ်ပေးသောကြောင့်ဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရသော် ၄င်းဘရိတ်စနစ်ကို ခရီးသည်တင်ကားများ၏ အနောက်ဘီးများ၏ဘရိတ်စနစ်အတွက်အသုံးပြုသည်။
2. Twin Leading Shoe Type Drum Brake
၄င်း ဒရမ်ဘရိတ်စနစ်မျိုးတွင် two wheel cylinders and two leading shoes ပါဝင်သည်။ wheel cylinders သည် ဘရိတ်ရှုးတစ်ခုစီကိုဖိသည်။ ထို့ကြောင့် ရှုးနှစ်ခုစလုံးသည် မော်တော်ယာဉ်အရှေ့သို့ရွေ့လျားသောအခါ leading shoes များအဖြစ်အလုပ်လုပ်ဆောင်သည်။ ကြီးမားသော braking force ကိုထောက်ပံ့ပေးသည်။ Wheel cylinders တွင်ရှိသော ပစ်စတင်တစ်ခုစီသည် ဦးတည်ချက်တစ်ဖက်စီသို့သာရွေ့လျားသည်။ ထို့ကြောင့် မော်တော်ယာဉ် အနောက်ဆုတ်သောအခါ ရှုးနှစ်ခုစလုံးသည် Trailing shoes များအဖြစ်အလုပ်လုပ်ဆောင်သည်။ ၄င်းစနစ်ကို အဓိကအားဖြင့် အသေးစားမှသည် အလတ်စား ထပ်ကားများ၏ ရှေ့ဘရိတ်စနစ်တွင် အသုံးပြုသည်။
3. Duo Servo Type Drum Brake
၄င်းစနစ်တွင် adjuster ဖြင့်ချိတ်ဆက်ထားသော primary shoe နှင့် secondary shoe ဟူ၍ ဘရိတ်ရှုးနှစ်ခုပါဝင်သည်။ Primary shoe ၏ servo effect ဆာဗို အဖက်ကြောင့်ဖြစ်ပေါ်သော ကြီးမားသောဖိအားသည်secondary shoe ဆီသို့ရောက်ရှိစေသည်။ ထို့ကြောင့် ပမာဏကြီးသော Braking force ကိုထုတ်ပေးသည်။
ထိုစနစ်ကိုအဓိကအားဖြင့် passenger cars များအတွက် parking brake, ထရပ်ကားများအတွက် center brakes, နှင့် Forklifts ဘရိတ်စနစ်များတွင်အသုံးပြုသည်။
ADVANTAGES AND DISADVANTAGES (ဆိုးကျိုးများနှင့်ကောင်းကျိုးများ)
ADVANTAGES OF DRUM BRAKE SYSTEM:(ကောင်းကျိုးများ)
1.) ရိုးရှင်းသောပုံစံနှင့်အစိတ်အပိုင်းများ
2.) ထုတ်လုပ်ရန် လွယ်ကူသက်သာမှု
3.) ထိန်းသိန်းမှု ကုန်ကျစရိတ်နည်းပါးခြင်း
4.) သက်တမ်းကြာရှည်ခံခြင်း
DISADVANTAGES OF DRUM BRAKE SYSTEM:(ဆိုးကျိုးများ)
1.) Discs ဘရိတ်နှင့်နှိုင်းယှဉ်လျှင် braking force နည်းပါးသည်
2.) ဘရိတ်ရှုးလိုင်နင်သည် asbestos ကျောက်ဂွမ်းကိုအသုံးပြုထားသောကြောင့်လူကိုဘေးဖြစ်စေသည်။
3.) စိုနေသောအခါ ဘရိတ်ဖမ်းနိုင်မှု သိသိသာသာလျော့ကျခြင်း
============================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကားအကြောင်းစုံ
Credit to>> Mechanical and automotive engineering books and news
Translated by>> Ye Kyaw Myo
 #ဝင်ငွေတွေတိုး ၂၉ ပါရှင့် 🤗အားပေးသူ တယောက်ချင်းစီတိုင်းထပ်ဆင့်လမ်းညွှန်ပေးသူတယောက်ချင်းစီတိုင်း ကျေးဇူးကျေးဇူး အထူးတင်ပ...
29/07/2020
#ဝင်ငွေတွေတိုး ၂၉ ပါရှင့် 🤗
အားပေးသူ တယောက်ချင်းစီတိုင်း
ထပ်ဆင့်လမ်းညွှန်ပေးသူတယောက်ချင်းစီတိုင်း ကျေးဇူးကျေးဇူး အထူးတင်ပါတယ်နော် 🙆
နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ခြင်းနဲ့အတူ အသပြာများစွာတိုးပွားရရှိပါစေ
ကြောင်း ဆုတောင်းပေးပါတယ် ရှင့် 🙏
💥𝗬𝗦𝗛💥𝗢𝗡𝗘 𝗦𝗧𝗢𝗣 𝗔𝗨𝗧𝗢 𝗦𝗘𝗥𝗩𝗜𝗖𝗘
အမှတ်(137)၊ရွာမကျောင်းလမ်း၊(1)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်မြို့။
09-4211 300 83,09-77 565 4086,09-8989 6600 9
09-7677 53 553(Office) ပါရှင်
✍Knowledge for u✍ အိပ်ဇောဘရိတ် နှင့်အင်ဂျင်ဘရိတ်  အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင်အတွက်ဖြစ်သည်။ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်...
28/07/2020
✍Knowledge for u✍
အိပ်ဇောဘရိတ် နှင့်အင်ဂျင်ဘရိတ်
အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင်အတွက်ဖြစ်သည်။
ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်နှင့်ကွာခြားသည်မှာ
ဆီမကျွေးသော အခါ ဓာတ်ဆီအင်ဂျင်ကဲ့သို့လည်ပတ်မူနှ ုန်းထုိးကျသွားခြင်းမရှိချေ။
သို့ ဖြစ်ရာ ယာဉ်ကိုအရှိန်လျော့ကျသွားစေရန်အတွက် အင်ဂျင်အားကို သုံးရန်မဖြစ်တော့ ချေ။
တစ်နည်းပြောရလျှင် ဂီယာပြောင်းပေးခြင်းဖြင့်ကားကို အရှိန်လျော့ချ ပေးနိုင်ခြင်းလည်းမရှိချေ။
ထိုကြောင့်ဘီးများတွင်တပ်ဆင်ထားသည့်
ဘရိတ်စနစ်ကိုသာအားကိုးအားထားပြုနေရသည့်အဖြစ်မှလွတ်စေရန် အိပ်ဇောဘရိတ်ကို တပ်ဆင်ပေးထားကြသည်။
၎င်း၏အဓိကတာဝန်မှာ ဘီးတွင် တပ်ဆင်ထားသည့်ဘရိတ်စနစ်မပါဘဲ
၎င်းချည်းသက်သက်ဖြင့်ကားကို
အရှိန်လျှော့ချပေးခြင်းဖြစ်သည်။
အိပ်ဇောဘရိတ်ကိုစေခိုင်းပုံမှာ အမျိုးမျိုးရှိသည်။
အလိုလျောက်စနစ်ဆိုပါက လီဗာကိုလွှတ်လိုက်သည်နှင့် အိပ်ဇောဘရိတ်စတင်အလုပ်လုပ်သည်။
ခလုတ်ဖြင့်ထိန်းချုပ်ပါက စတီယာရင်အနီးတွင်ရှိသောခလုတ် ကိုဖွင့်ပေးလိုက်မှ အလုပ်လုပ်သည်။
ပိတ်ထားလျှင်အလုပ်လုပ်မည်မဟုတ်ပါ။
အချို့ကားတို့တွင် အိပ်ဇောဘရိတ် မှသက်ရောက်မူပေးပုံအပြင်း၊အလယ်၊
အလတ်၊အပျော့စသဖြင့်ချိန်နိုင်ရန် ခလုတ်တွင်စီစဉ်ပေးထားသည်
လည်းရှိပေသည်။
သုံးသင့်မသုံးသင့်
အိပ်ဇောဘရိတ်သည် မြို့တွင်း၌သာသုံးသင့်ပြီး အဝေးပြေးခရီးလမ်းတွင် မသုံးသင့်၊အမြန်လမ်းမကြီးတွင်သုံးပါက ဘာမှမထူးစသဖြင့် ပြောဆိုကြသည် များရှိပါတယ်။ထိုအချက်မမှန်ပါ။
အိတ်ဇောဘရိတ်သည်ဘရိတ်စနစ်တစ်မျိုး သာဖြစ်သည်။
ယာဉ်ကို အရှိန်လျှော့ချသောအခါဘီးတို့ တွင်ပါရှိသည့်ဘရိတ် စနစ်ကို အထောက်ကုပေးသည်။
သို့ဖြစ်ရာဘရိတ်ရှူးအစားသက်
သာစေသည့်အပြင်ယာဉ်တန်ချိန်နှင့်
ကုန်တန်ချိန်စုစုပေါ်င်းတန်ဖိုးများပြားနေပါက
အိပ်ဇောဘရိတ်ကို သုံးခြင်းသည် ဘေးကင်းစေပါတယ်။
ကားဘီးမှဘရိတ်သည်ဘရိတ်ရှုးပူတက်
လာပြီးဘရိတ်လျှော့နင်းသွားသည့်ပြသာနာ ရှိသည်။တောင်ဆင်းလမ်းမျိုးတွင် ဘရိတ်ကို တောက်လျှောက်နင်းပေးနေရပေ ရာရှူးပူတက်ပြီးဘီးခွေပါပူသည်အထိ
ကူးစက်ရောက်ရှိသွားသည်။
အိပ်ဇောဘရိတ်ကိုတွဲသုံးပေးထားပါက ဘီးဘရိတ်များအထိုက်အလျောက် သက်သာမူရရှိစေမည်ဖြစ်သည်။
ထိုကြောင့်ကုန်တင်ယာဉ်ကြီးများ၊
ဘတ်စ်ကား များ သာမကဒီဇယ်အင်ဂျင်တပ်ဆင်ထားသည့် ပစ်ကပ်အချု ိ့တို တွင်အိပ်ဇောဘရိတ်တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာထားသည်
ကိုတွေ့ရသည်။ထိုသို့ တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာ တွင်ဝင့်ကြား စရာတစ်ခုအဖြစ်ထည့်သွင်းကြလေ့ရှိသည်။သို့ဖြစ်ရာ အိပ်ဇောဘရိတ်သည်ိလိုအပ်၍တပ်ဆင်ပေးထားခြင်းဖြစ်သဖြင့် မပျက်ကွက် သုံးစွဲသင့်ကြောင်း အကြံပေးလိုသည်။
အလုပ်လုပ်ပုံ
ကားအင်ဂျင်မှစွန်ပစ်သော ဓာတ်ငွေ့အမျိုးမျိုးသည် အိပ်ဇောပိုက်မှ တဆင့်ပိုက်ဝသို့ရောက်ရှိကယာဉ်ပေါ်မှခုန်ဆင်းပြီးကျန်နေရစ်ကြရသည်။ထိုသို့ပိုက်လိုင်းတစ်လျှောက်ဓာတ်ငွေ့များသွားကြရာ၌ရှေ့သို့တိုးရာ၌
ပြေပြေပြစ်ပြစ်မဖြစ်ပါကနောက်ပြန်လန်သည်တန်ပြန်သက်ရောက်မူဖြစ်ပေါ်ပါသည်။ထိုသို့နောက်ပြန်သက်ရောက်မူကြောင့်အင်ဂျင်လည်ပတ်မူနှ ုန်း ကိုလျော့နည်းစေသည်။ဤသဘောတရားကို အခြေခံပြီးအိပ်ဇောဘရိတ် ကိုတည်ဆောက်ပေးထားပါသည်။အိပ်ဇောမှဖြတ်သန်းစီးဆင်းသည့်ဓာတ်ငွေ့ များကို တားဆီးပေးခြင်းဖြင့်အင်ဂျင်ပေါ်နောက်ပြန်သက်ရောက် မူဖြစ်ပေါ်စေကာ အင်ဂျင်လည်ပတ်မူကို လျှေ ာ့ချပေးသည်။
ထိုသို့အင်ဂျင်လည်ပတ်မူကိုလျော့ ချခြင်းဖြင့်ကားဘီးလည် ပတ်မူကိုလျော့ချပေးကာယာဉ်ကို အရှိန်လျော့ပေးလိုက်ခြင်းဖြစ်သည်။
ဤကိစ္စ၌ သဘောပေါက်ရမည်မှာ အိပ်ဇောဘရိတ်သည် ဘရိတ်အဖြစ်ယာဉ်ကို အရှိန်လျော့ချပေးနိုင်သည်မှာမှန်သော်လည်း ကားဘီးတွင် ပါရှိသည့် ဘရိတ်စနစ်ကိုထောက်ကူပြုပေးခြင်းဖြင့်ယင်း ဘရိတ်စနစ်သက်သာမူရစေရန်အတွက်သာဖြစ်သည်။အိပ်ဇောဘရိတ်ချည်း သက်သက်ကို အားကိုးအားထားပြုကာယာဉ်ကိုထိန်းကျောင်းမောင်းနှင် ခြင်းမပြုအပ်ချေ။
အိပ်ဇောဘရိတ်စနစ်တည်ဆောက်ထားပုံအမျိုးမျိုးရှိရာ၌အချု ိ့ ဘရိတ်တို့သည်အင်ဂျင်လည်ပတ်နှုန်းနိမ့်ကျနေပါက အလုပ်မလုပ်တော့ချေ။သတ်မှတ်လည်ပတ်နှ ုန်းပြည့်ပြည့်ဝဝဖြင့်မောင်းနှင်နေချိန်၌သာအလုပ်
လုပ်သည်။အချို့အိပ်ဇောဘရိတ်တို့သည် ဒီဇိုင်းအပိုင်းအားနည်းချက်ရှိသဖြင့် အသံထွက်သည်။
အိပ်ဇောဘရိတ် ဒီဇိုင်းအမျုိုးမျိုးရှိနေကြရာ၌အလုပ်လုပ်သည့် အခြေခံသဘောတရားမှာ အတုတူပင်ဖြစ်သည်။အင်ဂျင်မှ စွန်ထုတ်လိုက် သည့် အိပ်ဇောဓာတ်ငွေ့များကို အတိုင်းအတာတစ်ခုအထိပိတ်ကာတား ဆီးပေးသည်။လုံးဝပိတ်လိုက်ခြင်းမဟုတ်ချေ။ဓာတ်ငွေ့များရှေ့သို့ ခရီးဆက်မရတော့သဖြင့် နောက်ကြောင်းပြန်သည့်သက်ရောက်မူ
ဖြစ်ပေါ်စေကာ စက်ရှိန်သတ်ပေးသည်။ထိုသို့ေ နာက်ကြောင်းပြန်သည့်ဖိ
အားသည် အင်ဂျင်လည်ပတ်နှ ုန်းများလျှင်ပိုများမည်ဖြစ်သည်။ယေဘု ယျအားဖြင့်၆၀ပီအက်စ်အိုင်အထိရှိနိုင်သည်။ယင်းဖိအားဖြင့့်ပစ္စတင်ကို အပေါ်မှဖိချပေးထားသည်။ထိုအခါ အင်ဂျင်လည်ပတ်နှ ုန်းလျော့ ကျသွားလေတော့သည်။
အိပ်ဇောဓာတ်ငွေ့တို့အကုန်လုံးကို လုံးဝပ်ိတ်မပစ်သည်မှာ အကြောင်းရှ်ိသည်။ တစ်ချက်မှာ ဖိအားပြင်းထန်လွန်းသဖြင့်အိပ်ဇော ဘရိတ်အနီးတစ်ဝိုက်တွင်အပူချိန်အလွန်အမင်း ထိုးတက်သွားနိုင်သည်။အိပ်ဇောဓာတ်ငွေ့တို့သည်နဂိုကတည်းက ပူပြီးသားဖြစ်ပေရာ အပူချိန်တက်နှ ုန်းမြန်ဆန်မည်ဖြစ်ပြီးအိပ်ဇောဘရိတ်အိမ်ကိုအက်ကွဲ
စေနိုင်သည်။နှစ်အချက်မှာ အင်ဂျင်ကို ထိခိုက်ပျက်ဆီးစေလိမ့်မည်။သို့ ဖြစ်ရာအင်ဂျင်ခံနိုင်ရည်ရှိသလောက်ကိုသာပိတ်ကာပေးခြင်းပြု ရပေမည်။အချု ိ့အင်ဂျင်တို့သည် ၃၀ ပီအက်စ်အိုင်အထိသာခံနိုင်ရည်ရှိကြသည်။အင်ဂျင်အများစုသည် ၄၀ ပီအက်စ်အိုင်ကျော်ပါက ထိခိုက်ပျက်စီးနိုင်သည်။သို့ ဖြစ်ရာခံနိုင်အတိုင်း အတာထက်လျော့နည်းသောဖိအားပမာဏဖြစ်နေအောင် ချိန်းပေးထားကြ၏။
ထိုသို့အိပ်ဇောဓာတ်ငွေ့ကိုသုံးစွဲခြင်းကြောင့်ဆီစားမများဖို့ လည်း လိုအပ်လှပေရာအမြန်နှ ုန်းနည်းနည်းဖြင့်မောင်းနှင်ရာတွင်လည် အိပ်ဇောဘရိတ်အလုပ်မလုပ်အောင်ချိန်ပေးထားကြရသည်။
ဂျိုတ်ဘရိတ်
ဂျိတ်ဘရိတ်(jake brake)
ဟုခေါ်တွင်ကြသည့်အင်ဂျင်ဘရိတ်ကို ၁၉၆၁ခုနှစ်ကတည်းကစျေးကွက်တွင်ဂျက်ကော့ဗီဟီကယ်စစ္စတမ်အင့်အမည်ရှိအင်ဂျင်ဘရိတ်အထူးပြုလုပ်ကိုင်သည့်လုပ်ငန်းမှ စတင်ဖြန့်ချိခဲ့သည်။ယခုအခါရွှေရတုကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။
ဂျိတ်ဘရိတ်ကို ကမ်းမင်းဆိုသူက တီထွင်ဖြစ်စေခဲ့ရန် နောက်ခံဇာတ် လမ်းတစ်ပုဒ် ၁၉၃၁ခုနှစ်၌ဖြစ်ပွားခဲ့သည်။ထိုနှစ်သြဂုတ်လ၌ ကမ်းမင်းသည် အဖော်နှစ်ဦးဖြင့်အတူနယူးယောက်မှလောစ့်အိန်ဂျယ်လိစ်သို့ အလတ်စားအရွယ်ရှိထရပ်ကားဖြင့်အမြန်ဆုံးမောင်းနှင်မူစံချိန်သစ်တင်ရန်ခရီးနှင်ခဲ့ကြသည်။လမ်းခရီးတစ်နေရာ၌မြွေလိမ်မြွေကောက်ဖြစ်နေသည့် လမ်းကြောင်းတစ်ခုဖြတ်သန်းမောင်းနှင်ရသည်။လမ်းမှာ ကျောက်ခင်းလမ်းဖြစ် သည်။ရထားလမ်းကိုလည်းဖြတ်သန်းထားသည်။ထိုနေရာတွင်တွေ့ကြုံခဲ့ ရပုံကို ကမ်းမင်းကဤသို့ပြန်ပြောပြခဲ့သည်။ငါးရက်မြောက်နေ့တွင်ကျွန်တော် တို့ကာဂျွန်တောင်ကြားလမ်းနေရာက်ိုရောက်ပါတယ်။အတူပါလာတဲ့ဒေ့ဗ်က တစ်မှေးအိပ်ပါတယ်။ မအိပ်ခင်မှာ သူကကျွန်တော်ကို သတိပေးပါတယ်။တောင်ကြော တစ်လျောက်လမ်းဖောက်ထားရတာဖြစ်လို့အကွေ့ကောက်တွေ ရှိနေတဲ့အပြင် ၃၅မိုင်ရှည်တဲ့တောင်ဆင်းလမ်းလည်းရှိနေပါတယ်သတိကြီးစွာ ထားပြီး မောင်ပါလို့သူကပြောခဲ့ပါတယ်။
‘ကာဂျွန်တောင်ကြားဖြစ်ကြောင်းစိုက်ထူပေးထားတဲ့ဆိုင်းဘုတ် ငယ်ကို ကျွန်တော်သတိမထားလိုက်မိဘူအချိန်က ညဘက်ကြီးဖြစ်နေတာကိုး၊တောင်ဆင်းလမ်းကြောကို ရောက်တော့မှ ကာဂျွန်တောင်ကြော လမ်းကို ဖြတ်နေရပြီဆိုတာသိလိုက်တယ်။အဆင်းမှာ ကားကိုအရှိန်ထိန်းဖို့ ဘရိတ်သုံးပေမဲ့မရဘူး။ဂီယာနံပါတ်(၃)နဲ့မောင်းနေပါတယ်။အရှိန်က မလျော့ဘူး၊ကားကမနှေးသွားပါဘူး။အဲဒီတော့ စိတ်ထဲပူပန်နေမိသည်။အဲဒီအချိန်မှာရှေ့တည့်တည့်မှာရထားတစ်စီးကန့်လန့်ဖြတ်သွား တာမှောင်ထဲမှာတရိပ်ရိပ်လှမ်းတွေ့လိုက်တယ်။ကားကရထားကိုပြေးဆောင့်ဖို့ သွားနေတယ်။ကံ သီလို့မသေခဲ့ကြတာပါ။ရထားလမ်းဆီအရောက်မှာ ရထားနောက်ဆုံးတွဲက ကားလမ်းကို့ဖြတ်ကျော်သွားတယ်။ ရထားနှင့် ကားလက်မ အနည်းငယ်ပဲလွှတ်သွားပါတယ်။
ထိုညက အဖြစ်အပျက်ကို ကမ်းမင်းမမေ့ချေ။ ၂၄နှစ်ကြာ ၁၉၅၁ ခုနှစ်၌အလုပ်မှ အငြိမ်းစားယူချိန်၌အင်ဂျင်ဘရိတ်ကို သူတီထွင် ဖန်တီးနိုင်ဖို့ စတင်ကြိုပမ်းခဲ့ပါတယ်။
ခုနှစ်နှစ်တိုင် သူလေ့လာကြံဆခဲ့ပြီးချိန်တွင်စိတ်ကူးကောင်းတစ်ခုကို သူရရှိသွားသည်။ဒီဇယ်အင်ဂျင်မှ ကင်ရှပ်တစ်ချောင်း၏ပုံမှန်လှ ုပ်ရှားနိုင် မူနှင့်ချိတ်ဆက်ပြီးဘားအဖွင့်အပိတ်လုပ်ပေးပြုလုပ်ပေးနိုိင်အောင်သူတီထွင်
တည်ဆောက်နိုင်ခဲ့ပြီး မူပိုင်ခွင့်ကိုမှတ်ပုံတင်ရခဲ့သည်။
စမ်သပ်မောင်နှင်မူများ အကြိမ်ကြိမ်ပြုခဲ့ပြီး၁၉၆၀ ခုနှစ်တွင် စက်ရုံတည်ပြီး စတင်ထုတ်လုပ်ခဲ့ရာ၁၉၆၁ ခုနှစ်တွင်စတင်ဖြန့်ဖြူးရောင်း ချနိုင်ခဲ့သည်။
အင်ဂျင်ဘရိတ်သည် အင်ဂျင်ထဲမှ ဓာတ်ငွေ့ဖိအားကို လျှော့ချကာ အင်ဂျင်စက်ရှ်ိန်ကျအောင် လုပ်ပေးခြင်ဖြစ်သည်။အင်ဂျင်ထဲမှ ထွက်လာသော အိပ်ဇောဓာတ်ငွေ့များနှင့်မဆိုင် ချေ။ဓာတ်ဆီအင်ဂျင်တို့ လီဗာကိုလွှတ် လိုက်သောအခါ ရယူသောလေ ငတ်မွတ်သွားသဖြင့် အင်ဂျင်လည်ပတ်မူကို ထိုးကျသွားပြီး ချိတ်ဆက်ပေးသော အင်ဂျင်အစိတ်ပိုင်းများ လည်ပတ်မူကို လျော့ကျစေသည်။ထိုအခါဂီယာနှင့်ချိတ်ဆက်ထားသော ဘီးတု ိ့သည်လည်း လည်ပတ်နှ ုန်းလျော့ကျသွားပြီးကားကို အရှိန်လျှော့ချပေးလိုက်ကြသည်။ဒီဇယ် အင်ဂျင်တွင်ထိုသို့မဖြစ်ပေါ်ချေ။ဒီဇယ်အင်ဂျင်တွင်ထုိသု ိ့မဖြစ် ပေါ်သဖြင့် အင်ဂျင်ကို ဘရိတ်အဖြစ်အသုံးမပြုနိုင်ချေ။သို့ဖြစ်ရာသီးခြား ကိရိယာတပ်ဆင်ကာအင်ဂျင်ကို ဘရိတ်အဖြစ်သုံးနိုင်အောင် ဖန်တီးထားကြရ၏။ထိုကိရိယာကို အချိန်ကိုက်လုပ်ကိုင်ပေးနေရသည်။
အင်ဂျင်အလုပ်လုပ်ပုံ ဖြစ်စဉ်ကိုကြည့်ပါကပစ္စတင်ကိုအထက်သို့ ထိုးတင်ပြီးဆလင်ဒါ အခန်းတွင်းရှိလေဆီအနှောဓာတ်ငွေ့ထုကို ဖိသိပ်ပစ် လိုက်သည်။ဖိအားမြင့်မားချိန်၌ဒီဇယ်အငွေ့တို့မီးလောင်ပေါက် ကွဲပြီးပစ္စတင်ကိုပါအားပါပါဖြင့် ပြန်တွန်းချပစ်လိုက်သည်။ ထိုဖြစ်စဉ်မှရသောတွန်းဖိအားဖြင့်အင်ဂျင်လည်ပတ်နေသည်။
ဓာတ်ငွေ့တို့ကို ဖိသိပ်နေစဉ်အင်ဂျင်ဘရိတ် ကိရိယာ၎င်း၌ရှိသော အပေါက်ကို ဖွင့်ချပစ်လိုက်သည်။ထိုအခါဖိအားမလုံလောက်တော့သဖြင့် မီးလောင်ပေါက်ကွဲနိုင်ခြင်းမရှိတော့ချေ။ထိုသု ိ့ဓာတ်ငွေ့တို့ကို ဖိသိပ်လိုက်တိုင်းအပေါက်ဖွင့်ချပေးခြင်းဖြင့် အင်ဂျင်ထဲမှဖိတွန်းအား မရနိုင်အောင် လုပ်ပေးကာစက်ရှိန်သတ်ပေသည်။
ပြသာနာမှာအပေါက်ဖွင့်ချိန်ဓာတ်ငွေ့တု ိ့ပြင်ပလေထုဆီသို့ အင်ဂျင်ထဲမှတိုးဝှေ့ထွက်ကြရာ၌တရှူးရှူးအသံကျယ်ကျယ်မြည်သည်။တိတ်ဆိတ်နေသောညဘက်မျိုးမှာ၌အိမ်ထဲအိပ်ပျော်နေသူတို့ကိုလမ်းပေါ်မှ လှမ်းနှုိးနိုင်လောက်အောင်အသံကျယ်လောင်သည်။
အိပ်ဇောဘရိတ်သည် စွန့်ပစ်ရန်ထွက်လာသည့်ဓာတ်ငွေ့တို့ကို လိပ်ပြာတောင်ပံဘားဖြင့် ပိတ်ပေးကာတားဆီးပေးခြင်းဖြစ်သည်။
ထို သို့ရှေ မှဆီးပိတ်ပေးကာတားဆီးသဖြင့်ဖြစ်သည်။ထိုသိုရှေ့မှဆီးပိတ်လိုက်သဖြင့်
နောက်ကြောင်းပြန်သက်ရောက်မူများဖြစ်ပေါ်ကာ အင်ဂျင်ကို စက်ရှိန်သတ် ပေးခြင်းဖြစ်သည်
Crd.Y.M.T
(စာသားမူရင်းရေးသားသူနှင့် ပုံများအား လေးစားစွာ CRD ပေးပါတယ် ခင်ဗျာ)
😍😍😍
27/07/2020
😍😍😍
ဂျာမဏီကနေ Original တင်သွင်းလာပြီး ဓါတ်ဆီ ဒီဇယ် အားလုံး အသုံးပြုနိုင်တဲ့ ဂျာမဏီအဆင့် (၁) စက်ချောဆီ Super Leichtlauf ဖြစ်ပါတယ် (စူပါလိုက်(ခ်)လောက်(ဖ်) လို့ အသံထွက်ပါတယ်)
Super Leichtlauf 10W40 အင်ဂျင်ဝိုင်အပြာပုံးလေးတွေကို တွေ့ရရင် အရည်အသွေးကို စိတ်ချနိုင်ပါတယ်
ဓါတ်ဆီအတွက် အမေရိကန် အဆင့် API SN, ဥရောပ အဆင့် A3,
ဒီဇယ်အတွက် ဥရောပ အဆင့် B4,
Volkswagen VW 501 01,
Volkswagen VW 505 00,
Mercedes-Benz MB-Freigabe 229.1
Mercedes-Benz MB-Freigabe 229.3
စတဲ့ ဥရောပရဲ့ အမြင့်ဆုံး အရည်အသွေးသတ်မှတ်ချက်၊ ကားထုတ်လုပ်သူတွေရဲ့ အမြင့်ဆုံးထောက်ခံချက်တွေ ရရှိထားတာဖြစ်ပြီး
Approval တွေရဲ့ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မူလစက်ရုံက 100% Made In Germany ဆီတွေကိုသာ အမျိုးတွေအတွက် တင်သွင်းပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင်အောက်ပါအရည်အသွေးအဆင့်အတန်းများထက် ကျော်လွန်ကိုက်ညီကြောင်းကိုလည်း ကုမ္ပဏီမှ အာမခံပေးထားပါတယ်
Fiat 9.55535-D2
Fiat 9.55535-G2
Peugeot Citroen (PSA) B71 2300
Renault RN 0700
Renault RN 0710
ကီလို 100,000 ကျော်လာပြီဖြစ်သော ကားများ
10W30 အသုံးပြုနေရင်း ဆီလျော့လာသောကားများ အတွက် ပိုမိုသင့်လျော်ပါတယ်။
ဝိုက်ဆီးလ်များ၊ ဗားတိုင်ဆီးလ်များကို ပြန်လည်ပျော့ပျောင်းလာစေပါတယ်။ ရေရှည်စွဲသုံးတဲ့အခါ Seal တွေမာကျောလာမှု၊ ကျုံ့သွားမှုကို ကာကွယ်ပေးပါတယ်။
အနည်အနှစ် အမှုန်အမွှားများ၊ သတ္တုမှုန်များ နဲ့ ကာဗွန်ချိုးများကို စွမ်းအားကောင်းကောင်းနဲ့ သန့်ရှင်းပေးပါတယ်။
ဆီဂျိုး (ဆီမိလ္လာ) ကျဆင်းခြင်းကို ကာကွယ်ပေးပါတယ်။
ပွတ်တိုက်စားမှုကို ကာကွယ်ပေးတဲ့ နည်းပညာ ထည့်သွင်းပေးထားပါတယ်။
ဒါ့အပြင် LIQUI MOLY အင်ဂျင်ဝိုင်အားလုံးမှာ (မည်သည့် အင်ဂျင်ဝိုင်မဆို) အောက်ပါ Additives များ ပါဝင်ပြီးဖြစ်ပါတယ်။
Anti-Wear Agent
ပွတ်တိုက်စားမှုကိုကာကွယ်ပေးသော Additives များ
Corrosion & Rust Inhibitor
အင်ဂျင်အစိတ်အပိုင်းများ သံချေးတက်ခြင်းကို ကာကွယ်ပေးသော Additives များ
Detergent
အင်ဂျင်အတွင်း မျက်နှာပြင်များကို အနည်အနှစ်ကျခြင်းမှ ကာကွယ်ပေးပြီး အက်ဆစ်များကို ခြေဖျက်ပေးသော Additives များ
Dispersants
ကြပ်ခိုးမှုန်များကို စုခဲလာခြင်းမှ ကာကွယ်ပေးသော Additives များ
Friction Modifier
ပွတ်တိုက်မှုအညွန်းကိန်းကို လျှော့ချပေးသော Additives များ
Pour Point Depressant
ရေခဲမှတ်အောက် အေးသောဒေသများတွင် အင်ဂျင်ကို အသုံးပြုနိုင်စေရန် ထည့်ပေးထားသော Additives များ
Seal Well Agent
ဝိုက်ဆီးများကို မာမသွားစေရန် ထိန်းပေးသော Additives များ
Viscosity Index Improver
အပူချိန်မြင့်တဲ့အချိန် အေးတဲ့အချိန်တွေမှာ ဆီရဲ့ ဈေးပျစ်အားကို ပြောင်းမသွားစေရန် ထိန်းပေးထားသော Additives များ
Anti-Foaming Agent
အင်ဂျင်ဝိုင်အမြှုပ်မထစေရန် ကာကွယ်ပေးသော Additives များ
Anti-Oxidant
ဓါတ်တိုးခြင်းကို ကာကွယ်ပေးသော Additives များ
Metal Deactivator
သတ္တုများ၏ ဓါတ်တိုးခြင်းကိုဓါတ်ကူပေးတတ်သော ဂုဏ်သတ္တိကို လျှော့ချပေးသော Additives များ
စတဲ့အင်ဂျင်ဝိုင်အားလုံးရဲ့ လိုအပ်တဲ့ Additives တွေအားလုံး အပြည့်အ၀ ပါဝင်ပြီးဖြစ်ပါတယ်။
နည်းပညာ အမြင့်ဆုံး ထပ်တိုး Additives တွေလိုအပ်ရင်လည်း Oil Additives နှင့် Cera Tec စတဲ့ နည်းပညာပစ္စည်းတွေ ထပ်မံပေါင်းထည့်နိုင်ရန် ထုတ်လုပ်ပေးထားပါသေးတယ်။
ဆီသားဟာ အင်ဂျင်မျက်နှာပြင်တွေပေါ်မှာ အမြဲတွယ်ကပ်ပြီး အလွှာပါးလေးအဖြစ် တည်ရှိနေမှာမို့ သင့်အင်ဂျင်ကို Start မော်တာ ဆွဲကတည်းက ကာကွယ်ပေးနေမှာပါ။ (ဒီစွမ်းဆောင်ရည်ဟာ Liqui Moly အင်ဂျင်ဝိုင်တိုင်းမှာ ပါရှိပြီးဖြစ်ပါတယ်။)
ဒါ့ကြောင့် အမျိုးတွေကားအတွက် နည်းပညာ အမြင့်ဆုံး နိုင်ငံတကာတံဆိပ် စစ်စစ်ထဲက Original ပစ္စည်းလည်း လွယ်ကူစွာရပြီး အတုအပမရှိ ဈေးလည်း ထူးထွေပိုမကြီးတဲ့ LIQUI MOLY ကို ရွေးချယ်နိုင်ပါတယ်။
ရရှိနိုင်တဲ့နေရာနဲ့ ဆိုင်လိပ်စာများကို LIQUI MOLY Myanmar Page မှာ အချိန်မရွေးမေးမြန်းနိုင်ပါတယ် အမျိုးတို့ရေ။
အမျိုးတွေရော အမျိုးတွေကားလေးရော အမြဲကျန်းမာပျော်ရွှင်ကြပါစေ!
Zawgyi
Volkswagen VW 501 01,
Volkswagen VW 505 00,
Fiat 9.55535-D2
Fiat 9.55535-G2
Renault RN 0700
Renault RN 0710
Anti-Wear Agent
Detergent
Dispersants
Friction Modifier
Pour Point Depressant
Seal Well Agent
Anti-Foaming Agent
Anti-Oxidant
Metal Deactivator
Address
Ywar Ma Kyaung Street. , No 1 Ward. Hlaing Township
Kamayut
Opening Hours
Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00
Website
Alerts
Be the first to know and let us send you an email when Y S H Auto Car Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share