Kyal Sin Auto sercive

Kyal Sin Auto sercive Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyal Sin Auto sercive, Hpakan.

မျက်ပြူးတွေ မျက်မှေးတွေလည်း​ပျက်တာပါပဲ😁
08/06/2023

မျက်ပြူးတွေ မျက်မှေးတွေလည်း
​ပျက်တာပါပဲ😁

04/01/2021
ABS (Anti-Lock Braking System) က သင်နဲ့ သင့်ကားကို Accident မဖြစ်အောင် ဘယ်လိုကာကွယ်ပေးသလဲကားကို Second ဝယ်စီးတဲ့သူတွေပဲဖ...
24/10/2020

ABS (Anti-Lock Braking System) က သင်နဲ့ သင့်ကားကို Accident မဖြစ်အောင် ဘယ်လိုကာကွယ်ပေးသလဲ

ကားကို Second ဝယ်စီးတဲ့သူတွေပဲဖြစ်ဖြစ် ၊ Brand New ဝယ်စီးတဲ့သူတွေပဲဖြစ်ဖြစ် ABS ဆိုတာကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီပို့စ်မှာ ABS က သင့်ကို Accident မဖြစ်အောင် ဘယ်လိုအကာအကွယ်ပေးလဲဆိုတာကို ရှင်းပြချင်ပါတယ်။

ကျွန်တော်တို့ဟာ ကားမောင်းနေရင်းနဲ့ အရှေ့မှာ အတားအဆီးတစ်ခုခုတွေ့လို့ ဘရိတ်အုပ်လိုက်တဲ့အခါ ဘရိတ်ရှူးတွေက ကားဘီးတွေကို ဆက်မလည်နိုင်တော့အောင် ဖမ်းညှပ်လိုက်ပါတယ်။ အဲ့ဒါကြောင့် ကားဘီးတွေဟာ ဆက်မလည်တော့ဘဲ တဖြည်းဖြည်း အရှိန်သေပြီး ကားရပ်သွားပါတယ်။ ဒါကတော့ အရှိန်နည်းနည်းနဲ့ မောင်းနေတဲ့အချိန်မှာပေါ့။

ဒါပေမဲ့ အရှိန်ပျင်းပျင်းနဲ့ မောင်းနေတဲ့အချိန်မှာသာ အဲ့လို ဘရိတ်အုပ်လိုက်ရင်တော့ မတူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘရိတ်ရှူးတွေက ကားဘီးကိုဖမ်းညှပ်လိုက်တာကြောင့် ကားဘီးဟာ လုံးဝ ဆက်မလည်နိုင်တော့ပါဘူး။ ဒါပေမဲ့ အရှိန်ရှိနေသေးတဲ့အတွက်ကြောင့် ကားဟာ လမ်းမပေါ်မှာ တရွတ်တိုက်ကြီး ပါသွားပါလိမ့်မယ်။ မျက်စိထဲမြင်မယ်ထင်ပါတယ်၊ ကားဘီးက လည်ပြီး လှိမ့်သွားတာမျိုး မဟုတ်ဘဲ လမ်းမပေါ်မှာ တစ်ခုခုကို တရွတ်တိုက်ဆွဲသွားသလိုမျိုး အရှိန်မသေမချင်း တရွတ်တိုက်ကြီး ရွေ့သွားတာပါ။

အဲ့လို တရွတ်တိုက် ပါသွားရင်းနဲ့ တဖြည်းဖြည်း အရှိန်သေသွားရင်တော့ ကားက ရပ်သွားမှာပါ။ ရပ်သွားတဲ့အချိန်မှာ ရှေ့က အတားအဆီးနဲ့ ကိုယ့်ကားနဲ့ မထိသေးဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရှေ့က အတားအဆီးဆီကို ရောက်တဲ့အထိ အရှိန်မသေသေးဘူးဆိုရင်တော့ တိုက်ပါပြီ၊ Accident ဖြစ်ပါပြီ။ Steering ကစားပြီး ကွေ့ဖို့ရှောင်ဖို့ ကြိုးစားရင်လည်း ကားဘီးက မလည်တော့ဘဲ အသေဖြစ်နေတဲ့အတွက် ကားဘီးသာလျှင် အနည်းငယ်စောင်းသွားပြီး ကားကတော့ နဂိုရွေ့နေတဲ့လားရာဖြစ်တဲ့ အရှေ့ဘက်ကိုပဲဦးတည်ပြီး တရွတ်တိုက်ကြီး ဆက်ပါသွားမှာပါ။ ဒါကြောင့် Accident ဖြစ်ပါပြီ။

ABS က အဲ့လို Accident မျိုး မဖြစ်အောင် ကာကွယ်ပေးတာပါ။ ဘယ်လို အလုပ်လုပ်လဲဆိုတော့...

ကားကို အရှိန်ပျင်းပျင်းမောင်းနေရင်းနဲ့ ဘရိတ်အုပ်လိုက်တဲ့အခါ ဘရိတ်ရှူးတွေက ကားဘီးကို ဖမ်းညှပ်လိုက်တာကြောင့် ကားဘီးဟာ လုံးဝ ဆက်မလည်နိုင်တော့ပါဘူး။ ABS ပါတဲ့ ကားတွေရဲ့ ကားဘီးတွေမှာ Sensor တွေ တပ်ထားပါတယ်။ အဲ့ဒီအချိန်မှာ အဲ့ Sensor တွေက အလိုအလျောက် အသက်ဝင်လာပြီး ဘရိတ်ရှူးကို ဖမ်းညှပ်ခိုင်းလိုက်၊ ပြန်ဖြည်ခိုင်းလိုက်၊ ပြန်ဖမ်းခိုင်းလိုက်နဲ့ ကစားပေးပါတယ်။ မျက်စိထဲ မြင်မယ်ထင်ပါတယ်၊ ကားဘီးကို လုံးဝ မလည်နိုင်အောင် အသေဖမ်းညှပ်ထားတာမျိုးမဟုတ်ဘဲ ဖမ်းလိုက်၊ လွှတ်ပေးလိုက်၊ ပြန်ဖမ်းလိုက်ဆိုတဲ့ပုံစံနဲ့ ကစားပေးပါတယ်။

အဲ့လို ကစားပေးတဲ့အတွက်ကြောင့် ကားဘီးဟာ လုံးဝမလည်ဘဲ သေနေတာမျိုးမဟုတ်ဘဲ တစ်ချက်လည်လိုက် ပြန်သေသွားလိုက်၊ တစ်ချက်ပြန်လည်လိုက်နဲ့ ဖြစ်နေမှာပါ။ အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့် Driver ဟာ Steering ကို ကစားရင် ကစားသလို ကားက အနည်းငယ် လိုက်ကွေ့နေမှာပါ။ Steering Response အနည်းငယ်ရှိနေဦးမယ်ပေါ့ဗျာ။ ဒါကြောင့် တရွတ်တိုက်ပါသွားရင်း ကားနဲ့ ရှေ့ကအတားအဆီးနဲ့ မတိုက်မိခင်မှာ Steering ကို ကစားပြီး ကွေ့ရှောင်လိုက်နိုင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ ABS ဆိုတာဟာ ဘရိတ်ကို ဖိနင်းထားတဲ့အချိန်မှာတောင် ကွေ့ဖို့ရှောင်ဖို့အတွက် Steering Control လုပ်လို့ရအောင် လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

ဒါဆိုရင် Anti-Lock Braking System ဆိုတဲ့ ABS အကြောင်းကို နားလည်မယ်လို့ ထင်ပါတယ်။ ပိုပြီး မြင်သာထင်သာရှိအောင်လို့ ၁ မိနစ်တောင်မရှိတဲ့ ဗီဒီယိုဖိုင်လေးလည်း တင်ပေးထားပါတယ်။

သင့်ရဲ့ ကားမောင်းသက်တမ်းတစ်လျှောက်မှာကော ABS ကြောင့် Accident ဘေးကနေ ပွတ်ကာသီကာလွတ်သွားတာမျိုး ကြုံဖူးပါသလား၊ ကြုံဖူးတယ်ဆိုရင်တော့ သူများတွေလည်း သတိထားလို့ရအောင် ဖြစ်စဉ်လေးကို comment ထဲမှာ မျှဝေပေးပါဦး။

အားလုံးပဲ ပူပင်သောကမရှိ ကားမောင်းနိုင်ကြပါစေ...

#

ပြပြင်မရတော့ အသစ်လဲ
17/07/2020

ပြပြင်မရတော့ အသစ်လဲ

VGRS ပြုပြင်ခြင်း
12/07/2020

VGRS ပြုပြင်ခြင်း

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when Kyal Sin Auto sercive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share