22/05/2026
တောင်ပေါ်လမ်းတွေမှာ EV က ICE (အင်ဂျင်ကား) ထက် ပိုပြီး Safe ဖြစ်သလား
မူရင်းရေးသားသူ - Kyaw Oo
***********************************************************
အရင်က regeneration break အကြောင်းလေးရေးထားတာ ကိုပြန်မွန်းမံပြီးတင်ထားပါတယ်။ ကျွန်တော့်အမြင်ကတော့ 'ပိုပြီး Safe ဖြစ်ရုံတင်မကဘူး၊ နည်းပညာအရပါ သာလွန်တယ်' လို့ မြင်ပါတယ်။ ဒါက သာမန် ခန့်မှန်းချက် မဟုတ်ဘဲ EV ရဲ့ Mechanical နဲ့ Electrical တည်ဆောက်ပုံ စနစ် (၃) ခု အပေါ် အခြေခံပြီး ပြောတာပါ။Single-Speed Transmissionအင်ဂျင်ကားတွေလို တောင်ဆင်းရင် ဂီယာအနိမ့် (Low Gear) တွေ အထူးတလည် လိုက်ထိုးနေစရာ မလိုပါဘူး။ EV ရဲ့ မော်တာက Fixed Ratio (ပုံသေဂီယာအချိုး) တစ်ခုတည်းနဲ့ ဘီးကို တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ ဆိုလိုတာက ဂီယာချော်တာ၊ ဂီယာမဝင်တာမျိုး လုံးဝမရှိဘဲ Dynamic အကျဆုံး အရှိန်နှုန်းကို အမြဲတမ်း တည်ငြိမ်စွာ ထိန်းပေးထားနိုင်ပါတယ်။ Regenerative Braking ဒါက EV ရဲ့ အသက်ပဲ။ တောင်ဆင်းလို့ လီဘာ ကို လွှတ်လိုက်တာနဲ့ ကားက Auto အရှိန်လျော့သွားပါတယ်။ နည်းပညာသဘောအရ ပြောရရင် ကားနှေးသွားတဲ့အချိန်မှာ Motor ကနေ Generator အဖြစ် ပြောင်းလဲသွားပြီး ကားက Battery ကို အားပြန်သွင်း (Regen) ပေးတာပါ။Physics သဘောတရားအရ Kinetic energy (ရွေ့လျားစွမ်းအင်) ကို Electrical energy အဖြစ် ပြောင်းပစ်တာဖြစ်ပြီး၊ အဲဒီလို အားပြန်သွင်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ Counter-EMF (ပြောင်းပြန် သံလိုက်စက်ကွင်း ဆွဲအား) က Rotor ကို အရှိန်နှေးအောင် ဆွဲရပ်ပစ်ပါတယ်။ ဒါကြောင့် ရိုးရိုးဘရိတ်ကို ဖိနင်းနေစရာမလိုဘဲ လျှပ်စစ်သံလိုက်အားနဲ့တင် ကားကို အိခနဲ ငြိမ်ပြီး ဆင်းသွားအောင် ထိန်းပေးထားတာပါ။ ဒီ Regen အပျော့အပြင်းကိုလည်း စိတ်ကြိုက် ချိန်ညှိလို့ ရပါသေးတယ်။Hydraulic Brake EV မှာလည်း ရိုးရိုးဘရိတ် ပါပါတယ်။ ဒါပေမဲ့ သူက တောင်ဆင်းလမ်းတစ်လျှောက်လုံး အရှိန်ထိန်းဖို့ မဟုတ်ဘဲ၊ လုံးဝ ရုတ်တရက် အရေးပေါ်ရပ်ရမယ့် အခြေအနေမျိုးနဲ့ ကားလုံးဝ ရပ်တန့်သွားချိန် မလိမ့်အောင် ထိန်းထားဖို့ပဲ အဓိက သုံးတာပါ။ဒီတော့ Advantage က ဘာလဲဆိုရင် Brake Fade (ဘရိတ်ပေါက်ခြင်း) ဘေးအန္တရာယ်မှ လုံးဝကင်းဝေးခြင်း: အင်ဂျင်ကားတွေ တောင်ဆင်းရင် ဘရိတ်ကို မှေးနင်းရလွန်းလို့ Brake Shoe တွေ အပူလွန်ကဲပြီး ဘရိတ်ပေါက်၊ ကားမှောက်တာမျိုး ခဏခဏ ကြားဖူးမှာပါ။ EV ကတော့ သံလိုက်စက်ကွင်း (Regen) နဲ့ပဲ အရှိန်ကို ထိန်းဆင်းတာဖြစ်လို့ ဘရိတ်ပြားတွေ ပူစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ဘရိတ်ပေါက်ဖို့ နေနေသာသာ Research တွေအရဆို ဘရိတ်ဖိနပ် (Brake Shoe) တွေက နှစ်ပေါင်းများစွာကြာအောင် မလဲရဘဲ သက်တမ်း အကြာကြီး ခံပါတယ်။နောက်တခုက လီဘာတစ်ခုထဲနဲ့ အနှေးအမြန်ရော ဘရိတ်ပါ တစ်ခါတည်း ဆွဲယူထိန်းကျောင်းတာဖြစ်လို့ တောင်ပေါ်လမ်း အကွေ့အကောက်တွေမှာ ခြေထောက်က လီဘာတစ်လှည့် ဘရိတ်တစ်လှည့် ကူးနေစရာမလိုတော့ပါဘူး။ Driver အတွက် ပင်ပန်းမှုဒဏ်ကို အများကြီး လျှော့ချပေးပါတယ်။အင်ဂျင်ကားက တောင်ဆင်းရင် အပေါ်တက်ထားတာ ဆီကုန်တာ ဒါမှမဟုတ် အလကားဖြစ်သွားတာပဲ ရှိမယ်။ EV ကတော့ တောင်အောက်လည်းရောက်ရော ဆင်းလာတဲ့ အရှိန်ကနေ အားပြန်သွင်းပေးလိုက်လို့ Battery Percentage ပိုတိုးလာတာကို လက်တွေ့ မြင်ရမှာပါ။
ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။