ထားဝယ္လူမ်ိဳး

ထားဝယ္လူမ်ိဳး ထားဝယ်လူမျိုး စုစည်းမှု

28/08/2026
15/08/2026

Dawei Traditional Textile Fashion Competition 2026 ကို အားပေးစောင့်မျှော်ပေးနေကြတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ယခင်က သတ်မှတ်ထားခဲ့သော သြဂုတ်လ ၁၆ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရန် စီစဉ်ထားခဲ့သော်လည်း တခမ်းတနားကျင်းပပြုလုပ်နိုင်ဖို့အတွက် အခြေအနေများကြောင့် ပြိုင်ပွဲကျင်းပမည့်ရက်ကို ထပ်မံရွှေ့ဆိုင်းထားရမည်ဖြစ်ပါသည်။
မိမိတို့၏ပြိုင်ပွဲကို အားပေးဖို့ အချိန်ပေးပြီး စောင့်မျှော်ပေးနေကြသည့် ပရိသတ်များအတွက် ယခုကဲ့သို့ ထပ်မံရက်ရွှေ့ဆိုင်းရခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရပြီး အနူးအညွတ် တောင်းပန်အပ်ပါသည်။ ပြိုင်ပွဲရက်အတိအကျကို အချိန်မီ ပြန်လည်ကြေညာပေးသွားမည်ဖြစ်ပါသည်။
Dawei Traditional Textile Fashion Competition 2026 ကို ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရန်အတွက် သည်းခံနားလည်ပေးကြပြီး ဆက်လက်အားပေးစောင့်မျှော်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သင့်တို့ရဲ့အားပေးမှုက ကျွန်ုပ်တို့အတွက် အင်အားတစ်ရပ်ပါ။
🙏❤️ ကျေးဇူးအထူးတင်ရှိပါသည်။

မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲ ပြပွဲ ၂၀၂၆ ကို မန္တလေးမြို့တွင်ကျင်းပမည်ဖြစ်ပြီး မန္တလေးရောက် ထားဝယ်တိုင်းရင်းသားများ ကို...
15/08/2026

မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲ ပြပွဲ ၂၀၂၆ ကို

မန္တလေးမြို့တွင်ကျင်းပမည်ဖြစ်ပြီး

မန္တလေးရောက် ထားဝယ်တိုင်းရင်းသားများ

ကိုယ်စား ထားဝယ်မန္တလေးအသင်းမှ

ထားဝယ်ရိုးရာ အစားအစာများဖြင့်

ပါဝင်ပြသ ပေးသွားမည်ဖြစ်ပါ၍

မန္တလေးရောက် ထားဝယ်တိုင်းရင်းသားများ

ပူပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း

နှိုးဆော်အပ်ပါသည်။

ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ဗဟို)

ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ကော့သောင်းခရိုင်) မှဦးဆောင်၍ လာမည့် (၉)ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားအား ကော့...
15/08/2026

ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့

(ကော့သောင်းခရိုင်) မှဦးဆောင်၍

လာမည့် (၉)ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့

အခမ်းအနားအား ကော့သောင်းခရိုင်အတွင်း

ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ကျင်းပကြပါသည်။

၁၅-၈-၂၀၂၆
ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ဗဟို)

ရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပသော ရိုးရာစားစရာပြိုင်ပွဲ ၂၀၂၆ တွင် ထားဝယ်တိုင်းရင်းသားစုသည်းမှုအဖွဲ့(ရန်ကုန်)မှ ထားဝယ်ရ...
15/08/2026

ရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပသော

ရိုးရာစားစရာပြိုင်ပွဲ ၂၀၂၆ တွင်

ထားဝယ်တိုင်းရင်းသားစုသည်းမှုအဖွဲ့(ရန်ကုန်)မှ

ထားဝယ်ရိုးရာစားစရာများဖြင့် ပါဝင်ရှင်ပြိုင်ခဲ့

ပါသည်။

ထားဝယ်တိုင်းရင်းသားစုစည်းမှု(ဗဟို)

၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး လူငယ်စကားဝိုင်းသို့ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ရန်ကုန်) တာဝန်ရှိသူများမှ တက်ရောက်၍ ရန်ကု...
15/08/2026

၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး လူငယ်စကားဝိုင်းသို့

ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ရန်ကုန်) တာဝန်ရှိ

သူများမှ တက်ရောက်၍ ရန်ကုန်တိုင်းဒေကြီး

အတွင်းရှိ ထားဝယ်တိုင်းရင်းသားများကိုယ်စား

ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

၁၅-၈-၂၀၂၆
ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ဗဟို)

14/08/2026

ထားဝယ်ရိုးရာ အဆင်လေးမျိုးကို ထိန်းသိမ်းကြရဝယ်

ကျွန်တော်တို့ ဆန်းစစ်ကြည့်လိုက်တော့ အဖြေက ထားဝယ်ရိုးရာလို့ ပြောလိုက်လျင် လုံချည်နှင့် ထမိန်ကိုဘဲ တန်းမြင်ပြီး ပွဲတက်ဝတ်စုံကိုဘဲ အားသန်ခဲ့တာကိုတွေ့ရပါတယ်။
တစ်ဖက်မှာ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းက အခြားသောညီအစ်ကို တိုင်းရင်းသားများမှာရော့ ဘယ်လိုနည်းကြောင့် ရိုးရာဝတ်စုံအဆင်အကွက်တွေ ကို ရေရှည်ရပ်တည်ပြီး ထိန်းသိမ်းထားနိုင်လဲလို့ လေ့လာကြည့်လိုက်တော့ မိမိတို့တိုင်းရင်းသားရိုးရာဝတ်စုံကို အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းကြပြီး အများသဘောတူအတည်ပြုသတ်မှတ်ထားသည့် ရိုးရာဝတ်စုံကိုတော့ မူလအတိုင်းထားရှိကြကာ ရိုးရာအဆင်(အကွက်)များကို အဓိကထား ယက်လုပ်ထားသော ပိတ်စများကို တစ်နှစ်မှာတစ်ကြိမ် အခုလို ဒီဇိုင်နာ ပြိုင်ပွဲတွေကျင်းပပေးကာ ခေတ်နှင့်လျှော်ညီသော ဝတ်စုံများ ဖန်တီးကြပြီး စျေးဝင်စျေးထွက် အလုပ်သွားအလုပ်ပြန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သည့် ဒီဇိုင်းများ ဖန်တီးကြပြီး စျေးကွက်ထဲ ထိုးဖောက် ဝင်ရောက် လာတာကို တွေ့ရှိရပါတယ် ခင်ဗျား။
ကျွန်တော်တို့အားလုံး သတိထားမိကြမှာပါ ယောလုံချည် ယောတိုင်းရင်း သား တွေရဲ့ အဆင်အကွက်နှင့်ယက်လုပ်ထားတဲ့ ယောလုံချည် ယောထမိန် အခုသိပ်မတွေ့ရတော့ဘူး ဒီလိုမှေ့မှိန်သွားခြင်းတွေဟာ ဖက်ရှင်မရှိလို့ ဒီဇိုင်းနောက်ကျ ကျန်ခဲ့လိုဘဲ ဆိုတာပေါ်လွင်မှာပါ။

၁၄-၈-၂၀၂၆
ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ဗဟို)

ရန်ကုန်ရောက် ထားဝယ်နွယ်ဖွား ရဟန်းရှင်လူအများထံ အသိပေးကြေငြာခြင်းထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ရန်ကုန်) ၏ ဩဝါဒဆရာတော်...
11/08/2026

ရန်ကုန်ရောက်
ထားဝယ်နွယ်ဖွား ရဟန်းရှင်လူအများထံ အသိပေးကြေငြာခြင်း

ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ရန်ကုန်) ၏ ဩဝါဒဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းဖြစ်ပါ၍ ရန်ကုန်ရောက် ထားဝယ်နွယ်ဖွား ရဟန်းရှင်လူအများ သိရှိနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။

၁၁-၈-၂၀၂၆
ထားဝယ်တိုင်းရင်းသားစုစည်းမှုအဖွဲ့(ဗဟို)

Address

Dawei

Alerts

Be the first to know and let us send you an email when ထားဝယ္လူမ်ိဳး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထားဝယ္လူမ်ိဳး:

Shortcuts

Share