ISUZU Myanmar King

ISUZU Myanmar King ISUZU Truck & Bus ဗဟုသုတများမျှဝေကြမယ်

12/01/2026

2025 မော်ဒယ် ISUZU Giga ယဉ်စစ်ဆေးပြုပြင်ပေးခြင်း

12/01/2026

လုပ်သားရှားပါးမူကြောင့် မောင်းသူမဲ့ Truck ကား စမ်းသပ်မောင်းနှင်မူစတင်

ဂျပန် Truck ကား ယဉ်မောင်းမလုံလောက်မူကြောင့် မောင်းသူမယ့် Truck ကားတွေစတင်စမ်းသပ်အောင်မြင်ပြီ။ နည်းပညာဘယ်လောက်တိုးတက်တယ် ပြောပြော ယဉ်မောင်းအလုပ်ရှားပါးလာနိုင်ပေမယ့် Mechanic Engineer တွေရဲ့ အလုပ်ကတော့ ဆက်ရှိနေအုံးမှာပါဘဲ။ နည်းပညာ အသစ်တွေပြန်လုပ်၊ ပြန်ကိုင်ရပြန်တော့မယ်။ ပညာသင်လို့ ပြီးသွားတယ်ဆိုတာမရှိ၊ အသစ်အသစ်သော နည်းပညာတွေ တိုးတိုးလာတယ်။

ဂျပန် Truck ကား ၄ ခုဘဲရှိပါတယ်၊ ၄ ခုအနက် ၂ ခုက ဂျပန်မိတ်စစ်စစ်တွေဖြစ်ပြီး ၂ ခုက ဥရောပနဲ့ရောတဲ့မိတ်တွေပေါ့ဗျာ။

ဂျပန်မိတ် စစ်စစ်
1. ISUZU いすゞ
2. Hino 日野

ဥရောပ နဲ့ ဂျပန် ကပြားမိတ်
3. Mitsubishi Fuso 三菱ふそう
(Germany+ Japan)
4. UD (Nissan Diesel)
(Sweden+Japan)

08/10/2025
အင်ဂျင်ဝိုင်နဲ့ ကားဝိုင်တွေမှာပါတဲ့ နံပါတ်နဲ့ စာလုံးတွေက ဘာကိုပြောတာလဲ🤗ကားမှာ အင်ဂျင်အမျိုးအစားနှစ်မျိုးရှိတယ်ဆိုတာ လူတိ...
08/06/2025

အင်ဂျင်ဝိုင်နဲ့ ကားဝိုင်တွေမှာပါတဲ့ နံပါတ်နဲ့ စာလုံးတွေက ဘာကိုပြောတာလဲ🤗

ကားမှာ အင်ဂျင်အမျိုးအစားနှစ်မျိုးရှိတယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ Compression ignition (CI) engine နဲ့ Spark ignition engine (SI) ဆိုပြီးရှိပါတယ်။ CI ကတော့ ဒီဇယ်အင်ဂျင်ဖြစ်ပြီး SI ကတော့ ဓာတ်ဆီအင်ဂျင်ပါ။

API (American Petroleum Institute) နဲ့တွဲတဲ့ စာလုံးတွေကိုကြည့်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဝိုင်လာဆိုတာသိလို့ရပါတယ်။ ဓာတ်ဆီအင်ဂျင် SI ရဲ့ API ဂရိတ်တွေကတော့ SL, SM, SN, SN+, SP ဆိုပြီးအစဉ်လိုက်ရှိပါတယ်။

ဒီဇယ်အင်ဂျင် CI ရဲ့ API ဂရိတ်တွေကတော့ CF, CF-4, CG, CG-4, CH, CH-4, CI, CI-4, CJ, CJ-4, CK, CK-4 ဆိုပြီးတွေ့ရမှာပါ။ CK-4 ကတော့ 2016 ကနေစထုတ်တာဖြစ်တဲ့အတွက်သူက ဂရိတ်အမြင့်ဆုံးဖြစ်ပါတယ်။

API ပြီးရင် တွေ့ရမယ့်စကားလုံးက SAE ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ SAE (Society Of Automotive Engineer) ကသတ်မှတ်ထားတဲ့ အဆင့်တွေမှာ Temperature, Weather နဲ့ Viscosity တွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဥပမာ 5W30 မှာ 5 ကတော့ Temperature, W ကတော့ weather နဲ့ 30 ကတော့ viscosity တွေဘဲဖြစ်ပါတယ်။

ISUZU Elf အင်ဂျင်ဝိုင်
10w40, ဂီယာဘောက် 5W30, ဂရောင်း 80W90

ISUZU Forward နဲ့ Giga အတူတူပါ
အင်ဂျင် 10W40, ဂီယာဘောက်နဲ့ ဂရောင်း 80W90


#ကားဆရာ

HSA အကြောင်းနဲ့ ချိန်နည်းသော့ကို On မှာထားပြီး HSA ချက်မီး လိမ္မာ်ရောင်ကနေ အစိမ်းရောင်ပြောင်းလာပြီး ၃ စက္ကန့်အကြာမှာ HSA...
01/04/2025

HSA အကြောင်းနဲ့ ချိန်နည်း

သော့ကို On မှာထားပြီး HSA ချက်မီး လိမ္မာ်ရောင်ကနေ
အစိမ်းရောင်ပြောင်းလာပြီး ၃ စက္ကန့်အကြာမှာ HSA ချက်မီး မှိတ်သွားလားဆိုတာ အရင်ကြည့်ရပါမယ်။

- တောင်တက်တွေမှာ နောက်လိမ့်မူတွေ
- ဘရိတ်လွတ်တာ နှေးတယ်လို့ ခံစားရတဲ့ချိန်တွေ
- ကလပ်လှဲတဲ့ချိန်
- ကလပ်ချေနှင်းချိန်ပြီးတဲ့ချိန်
- ကားအထွက်မှာ ဘရိတ်လွတ်တာ အဆင်မပြေဘူးလို့
ခံစားတဲ့ချိန်
- HSA control unit လှဲပြီးတဲ့ချိန်တွေမှာ HSA ကို ပြန်ချိန်ပေးရပါမယ်။

HSA ချိန်နည်း
HSA ခလုတ်နှိမ်ထားတဲ့အနေအထားဆိုရင် HSA ကို ပိတ်ထားတဲ့အနေအထားဖြစ်ပြီး ခလုတ်နှိမ့်ထားတဲ့ အနေအထားမဟုတ်ရင်၊ မနှိမ်ရင် အဲဒါ HSA ကို On ထားတာဖြစ်ပါတယ်။

- ပါကင်ဘရိတ်ကိုဆွဲ ဂီယာက N အနေအထားမှာရှိနေရပါမယ်။ ပြီးရင် အင်ဂျင်စက်နိုးပါ။
- ဘရိတ်ကိုနှင်းပြီး ပါကင်ဘရိတ်ကိုပြန်ချ။ အဲဒီချိန်မှာ HSA ချက်မီးလင်းမလင်းစစ်ပေးရပါမယ်။
- Smoother Ex, Fx, Gx ကားတွေရဲ့ ကလပ်ပါတဲ့ကားတွေဆို ကလပ်ကိုနှင်းပြီး N မဟုတ်တဲ့ ဂီယာတွေကိုထိုး၊ ပြီးရင် ကလပ်ကို ဖြေးဖြေးချင်းလွတ်ပြီး ဘရိတ်လွတ်တဲ့ တိုင်ပင်က နှေးနေလာ၊ မြန်နေလာ ကိုယ့်ခံစားချက်အပေါ်မူတည်ပြီး ချိန်ပေးရပါမယ်။
- ကလပ်ချေနှင်း မပါတဲ့ကားတွေဆိုရင် ဘရိတ်ကိုနှင်းပြီး N မဟုတ်တဲ့ ကြိုက်တဲ့ဂီယာထိုးရပါမယ်။ ပြီးရင် ဘရိတ်ချေနှင်းကို ဖြေးဖြေးချင်းလွတ်ပြီး ကားအထွက်ဘရိတ်လွတ်ချိန် နှေးနေလာ၊ မြန်နေလားဆိုတာ ကိုယ့်ခံစားရတဲ့အပေါ်မူတည်ပြီး FAST နဲ့ LOW ခလုပ်နှိမ့်ပြီးချိန်ပေးလို့ရပါတယ်။ ခလုတ်တစ်ခါနှိမ့်တိုင်း “ပီး” ဆိုပြီး ဘူဇာမြည်ပါလိမ့်မည်။

24/03/2025

ISUZU ကနေ ဝယ်လိုက်တဲ့ UD Truck (Nissan diesel)

1935 ခုနှစ်မှာ Nippon Diesel ဆိုပြီးစတင်ခဲ့ကာ 1942 မှာတော့ Kanegafuchi Diesel၊ 1946 မှာ Minsei Diesel ဆိုပြီးပြောင်းလဲကာ Nissan ကား Company အောက်မှာ ဝင်ရောက်လာခဲ့တယ်။ 1960 ခုနှစ်မှာတော့ Nissan Diesel ဆိုပြီးပြန်ပြောင်းကာ 2007 ခုနှစ်မှာတော့ Volvo company ဆီကိုရောင်းချခဲ့ပါတယ်။

Volvo ကနေ တစ်ဖန် UD Truck ဆိုပြီးပြန်ပြောင်းလာကာ 2020 နှစ်မှာတော့ Volvo ဆီကနေ ISUZU ကား company က ဝယ်ယူကာ လက်ရှိတွင် ISUZU ကား company ပိုင်ဖြစ်သွားကာ Mix ကားတွေ စတင်ထုတ်ပါတော့သည်။


#ကားသမား
#ကားချစ်သူများ

Address

Dagon

Website

Alerts

Be the first to know and let us send you an email when ISUZU Myanmar King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share