08/04/2023
#နည်းနည်းတော့ရိုင်းတယ်
ဒါမယ့်အမှန်တရားတွေ😎
အဲဒီ ခလေးချီထားပြီး
ခင်ပွန်းကောင်း၊ ဖခင်ကောင်းမပီသပဲ
ခလေးကို သိန်း(၂၀)နဲ့ရောင်းနေတဲ့ဘဲက
ဒီဘက်ခေတ် ညီမေလးတို့ လိုချင်တဲ့
စိတ်ကူးယဉ်ဒီဇိုင်း ခပ်မိုက်မိုက်ပုံစံပဲ။
လက်မှာလဲ တက်တူးနဲ့၊ မျက်နှာကလဲ ဂျစ်ကန်ကန်၊
စကားပြောရင် ဘယ်သူ့မှသောက်ဂရုမစိုက်ဘူးဆိုပြီး
အဆဲလေးတစ်ခွန်းပါတယ်။
တစ်ထောင်တန်ဘေလ်ကတ်နဲ့ လိုင်းသုံးပြီး
၁၈+ ဆန်ဆန် တော်ကီအလန်းတွေ လွှတ်တတ်တယ်။
ဆေးလိပ်ကို လက်ကြားညှပ်တယ်။
တစ္ပတ္စာ လုပ်အားခရှင်းရင် ဘီယာဆိုင်မှာ
သွားထိုင်တယ်။ ပဲလှော်နဲ့ ဘီယာမြည်းတယ်။
မိန်းကလေးတိုင်းကို တဏှာခိုးဝေ့တဲ့
မျက်လုံးတွေနဲ့ ကြည့်တယ်။ လိုင်းပေါ်မှာ ရမလားဆိုပြီး
စကားလေး တောက်ကြည့်၊ ဇရက်တောင်ပံကျိုးတွေနဲ့တွေ့ရင် လွယ်တယ်ဆိုပြီး ရသမျှအကုန်ကြောင်တယ်။
အဲလိုကောင်တွေက Phar ခေါင်းဆန်ဆန်
ကြီးဆေးတွေထိုး၊ ဂေါ်လီတွေထည့်ထားတတ်ကြတာ
များတယ်။
မိန်းမမှန်ရင် အပျို၊ အအိုမရွေး
ဘာလာလာဒေါင်းတယ်။
သူတို့ကိုအမ်းနိုင်ရင် အဖွားကြီးလည်း
မရှောင်ဘူး။
ပြီးရင် ကိုယ့်ဗိုက်ကိုယ်ရှင်းပဲ။
မေ့လို့ ....
တည်းခိုခန်းစားရိတ်တောင် မိန်းကလေးဘက်က
ရှင်းရတယ်။
ပြီးတော့ ဒီလိုကောင်တွေကို
ကိုယ်နဲ့မလှမ်းမကမ်းက အရပ်ထဲ ရွာထဲမှာ
အများဆုံးတွေ့ရတတ်တယ်။
သမီးရှင်တွေလဲ သိစေချင်တယ်။
ကိုယ့်သမီးလေး ဖုန်းသုံးနေတာပဲ၊ ငါတို့မိသားစုက
Privacy .. ရှိတယ် ဘာညာ ဘညာနဲ့
အာဖျံကွီးလုပ်မနေနဲ့၊
ကလေးက ဘာမှသိတာမဟုတ်ဘူး
ဆွယ်ရင် ပါတာချည်းပဲ။
အဲလို ခပ်မိုက်မိုက်စတိုင်လ်နဲ့
ဂျစ်ကန်ကန်ဘဲမျိုး
လိုချင်ရင်တော့ ယူပါ စစ်ရေ၊
နောင်တဆိုတာ အချိန်လွန်မှ ရတာမျိုးတွေချည်းပဲ။
Credit to Ye Myat Tay Za.