SMILE BAGAN Car Rentals & Services

SMILE BAGAN Car Rentals & Services Who travel to Myanmar by connecting with us/ you may get fully services and it will be a special trip©©©���

16/03/2021

ဒီလိုလေးတွေနဲ့

ကားနဲ့ တွဲရိုက်ဖို့မေ့တော.ရှိတာလေးနဲ့တင်ပါရစေ။Today activity လေးပေါ့" ခရီးသွားတွေ Covid ကာလမှာ မကျပေမယ့် "မြို့တွင်းက ငှ...
31/01/2021

ကားနဲ့ တွဲရိုက်ဖို့မေ့တော.ရှိတာလေးနဲ့တင်ပါရစေ။Today activity လေးပေါ့" ခရီးသွားတွေ Covid ကာလမှာ မကျပေမယ့် "မြို့တွင်းက ငှါးရမ်းအားပေးမှူ့လေးတွေကြောင်.မင်မင် ကိုယ်တိုင် မောင်းပို့ခဲ့တဲ့နေရာလေးတွေ။မိတ်ဟောင်း မိတ်သစ်များကို ပွင့်လင်းချိန်ရောက်ရင် ကြိုဆိုလျက် ပါ
SMILE BAGAN Car Rentals & Services
Ph 09.440033321

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကိ...
17/01/2021

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။

နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

တနင်္ဂနွေနေ့ .................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။

တနင်္လာနေ့ ................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။

အင်္ဂါနေ့ ...........
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့.............

ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။

ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။

ကြာသပတေးနေ့......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။

၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။

သောကြာနေ့.................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏

စနေနေ့..........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။

ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။

အနာဂတ် လူငယ်များအတွက်..
kyzn


via Tun Min Naing / Aung Ko Ko

ပုဂံဘုရားများ ပြန်ဖွင့်မည့်သတင်း မဟုတ်မှန်ကြောင်း၂၈/၁၁/၂၀၂၀ ထုတ် စံတော်ချိန် သတင်းမှ ဖော်ပြပါ သည်🙏🙏🙏◾ ပုဂံဘုရားများ ပြန်...
28/11/2020

ပုဂံဘုရားများ ပြန်ဖွင့်မည့်သတင်း မဟုတ်မှန်ကြောင်း

၂၈/၁၁/၂၀၂၀ ထုတ် စံတော်ချိန် သတင်းမှ ဖော်ပြပါ သည်

🙏🙏🙏

◾ ပုဂံဘုရားများ ပြန်ဖွင့်မည့်သတင်း မဟုတ်မှန်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိဘုရားများကို ပြန်လည်ဖူးမြော်ခွင့်ရတော့မည်ဟုသတင်းများ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း၊ ယခုအချိန်ထိ ကိုဗစ်ဗဟိုကော်မတီ၏ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်ရှိသေးကြောင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ကနိုဝင်ဘာ ၂၇ ရက်တွင် စံတော်ချိန်သို့ ပြောကြားသည်။

"ညွှန်ကြားချက်လည်း မလာသေးပါဘူး။ဖွင့်ချင်တဲ့သူတေကွ ရေးတာ ဖြစ်ပါလိမ့်မယ်။ ဖွင့်ခွင့်ရတဲ့ရက် သိတယ်ဆိုရင်လည်း နှစ်ပတ်ကြိုတင်ပြင်ဆင်တာ၊ စစ်ဆေးရမှာရှိပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်အသင်း၊ ဧည့်လမ်းညွှန်အသင်း၊ ပို့ဆောင်ရေးအသင်း၊ ဌာနဆိုင်ရာများ၊ခရီးသွားလုပ်ငန်းရှင်အသင်း စသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်အသင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် ပုဂံခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) ကို ဖွဲ့စည်းထားပြီး ပုဂံဘုရားများ ပြန်လည်ဖူးမြော်ခွင့်ရပြီဆိုပါကပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ် နိုင်ရန်အတွက် အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုဂံဒသသို့ သွားလာလည်ပတ်ခွင့်ရသည့်အချိန်တွင် နေဝင်ဆည်းဆာအလှကြည့်ရှုနိုင်မည့် ခရီးစဉ်သစ်တစ်ခုအနေဖြင့် ပုဂံမြို့ဟောင်း အဝင်လမ်းရှိ ကျောက်မျက်မော်ဘုရား ခရီးစဉ်ဒေသကိုစတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

သတင်း - အေးမြတ်မွန်(ယုဇန)

စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir

ကားမောင်းသူများသိထားရန်💯💯💯ကားတာယာပေါ်က ဂဏန်းတွေအကြောင်း⁉⁉⁉⁉⁉တာယာဘေးက ရေးထားတဲ့ ဂဏန်းတွေကို ကြည့်ရင်ဥပမာအားဖြင့့်⚪P215/65...
03/11/2020

ကားမောင်းသူများသိထားရန်💯💯💯

ကားတာယာပေါ်က ဂဏန်းတွေအကြောင်း
⁉⁉⁉⁉⁉

တာယာဘေးက ရေးထားတဲ့ ဂဏန်းတွေကို ကြည့်ရင်
ဥပမာအားဖြင့်

⚪P215/65R15 95H ဆိုပါစို့...

🌟ရှေ့က ဂဏန်းတွေကတော့ တာယာအရွယ်အစားကို ဖော်ပြထားတာပါ။
တာယာရဲ့
အကျယ်က 215မီလီမီတာ ရှိပြီး
အမြင့်က 215မီလီမီတာရဲ့ 65% ရှိတယ်လို့ဆိုလိုပါတယ်။
15 ကတော့ ဂွေဆိုဒ်ပေါ့။
ရှေ့က P ကတော့ Passenger car အတွက်ပေါ့။
P နေရာမှာ LT ဆိုရင်တော့ Light Turck ပေါ့။
T ဆိုရင် Temporary လို့ဆိုလိုပါတယ်။
Spare Wheel တွေမှာ ပါတတ်ပါတယ်။

🔺နောက်ဆုံး 95H ဆိုတာဟာ အန္တရာယ်ကင်းရေး အတွက် အရေးပါပါတယ်။

95က Load Index ဖြစ်ပြီး
H က့ Speed Index ပါ။

95 ဆိုတာကတော့ တာယာရဲ့ အလေးချိန် ခံနိုင်ဝန်အားပါ။

ဒီဥပမာထဲက တာယာဆိုရင် အနီးစပ်ဆုံး 1521 pound (690 kg) ထိခံနိုင်ရည် ရှိပါတယ်။
ဒီသတ်မှတ်ချက်ထက် ပိုတင်ပါက တာယာပွင့်တဲ့ အန္တရာယ်ကိုရင်ဆိုင်ရနိုင်ပါတယ်။
ပုံမှန်လူစီးကားတွေ ထရပ်အငယ်စားတွေအတွက် 70-110 ထိ ခံနိုင်ရည်အားကို သတ်မှတ် ထားပါတယ်။

အသေးစိတ်ကိုတော့ အောက်ပါ (Load Index) ဇယားမှာ ဖော်ပြထားပါတယ်။
Load.......lbs.........KGs
71...........761........345
72...........783........355
73...........805........365
74...........827........375
75...........853........387
76...........882........400
77...........908........412
78...........937........425
79...........963........437
80...........992........450
81.........1019........462
82.........1047........475
83.........1074........487
84.........1102........500
85.........1135........515
86.........1168........530
87.........1201........545
88.........1235........560
89.........1279........580
90.........1323........600
91.........1356........615
92.........1389........630
93.........1433........650
94.........1477........670
95.........1521........690
96.........1565........710
97.........1609........730
98.........1653........750
99.........1709........775
100........1764........800
101........1819........825
102........1874........850
103........1929........875
104........1984........900
105........2039........925
106........2094........950
107........2149........975
108........2205........1000
109........2271........1030
110........2337........1060

နောက်ထပ်အရေုးကြီးတာကတော့ မြန်နှုန်း သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
တာယာတွေမှာ အမြန်ဆုံး မြန်နှုန်းခံနိုင်ရည်အားကိုလဲ တာယာဘေးမှာရေးထားတတ်ပါတယ်။
1991 ခုနှစ်ကစတင်ပြီး တာယာတွေမှာ မြန်နှုန်းကန့်သတ်ချက်ကို တသမတ်ထဲ ဖော်ပြထားပါတယ်။

🔝အပေါ်က ဥပမာအတိုင်း
P195/60R15 87S ဆိုရင်တော့..

နောက်ဆုံးစာလုံးဖြစ်တဲ့ S ကို ကြည့်ပြီး ဒီတာယာအတွက်
အမြန်ဆုံး မြန်နှုန်းခံနိုင်အားဟာ 112 mph ( 180 km/h) ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တာယာတွေရဲ့ အမြန်ဆုံး မြန်နှုန်းခံနိုင်အား ကို အောက်က (Speed Index) စာရင်းဇယား မှာကြည့်ရှုနိုင်ပါတယ်။

L 75 mph 120 km/h
(Off-Road & Light Truck Tires)
M 81 mph 130 km/h
(Temporary Spare Tires)
N 87 mph 140km/h
(Temporary spare tires)
P 93 mph 150 km/h
Q 99 mph 160 km/h
( Studless & Studdable Winter Tires)
R 106 mph 170 km/h
( H.D. Light Truck Tires)
S 112 mph 180 km/h
( Family Sedans & Vans)
T 118 mph 190 km/h
( Family Sedans & Vans)
U 124 mph 200 km/h
(Sedans & Coupes)
H 130 mph 210 km/h
( Sport Sedans & Coupes)
V 149 mph 240 km/h
(Sports Cars)
Z 149+ mph 240+ km/h
(Sports Cars)
W 168 mph 270 km/h
(Exodic Sports cars)
Y 186 mph 300 km/h
(Exodic Sports Cars)
👍 186+ mph 300+ km/h
(Exodic Sports Cars)

နောက်တစ်ခုကတော့ တာယာကို ထုတ်လုပ်တဲ့ခုနှစ်ပါပဲ။ အဲဒါလဲအင်မတန် အရေးကြီးပါတယ်။

ကျွန်တော်တို့ ဆီမှာ ဒိတ်အောက် နေတဲ့ တာယာတွေကို တင်သွင်းရောင်းချနေတာတွေ ရှိနေပါသေးတယ်။
တာယာမှာပါတဲ့

0301 က ဘာကိုဆိုလိုတာတုံးဆိုတော့ 03 က နှစ်တစ် နှစ် ရဲ့ အပတ်စဉ်ပါ။
01 ကတော့ နှစ်ပေါ့ ဆိုလိုတာက အဲ့တာယာကို ၂၀၀၁ ခုနှစ်ရဲ့ ၃ ပတ်မြောက်မှာ ထုတ်တာပါ။
(ခန့်မှန်း=၂၁ရက်၁လ၂၀၀၁ပါ)

4012 ဆိုရင်
40 က ၄၀ ပတ်
12 က ၂၀၁၂ ခုနစ်
(ခန့်မှန်း၃၁ရက် ၁၀လ ၂၀၁၂ပေါ့ဗျာ)

အရည်အသွေးကောင်းတဲ့ တာယာတွေတောင် ထုတ်တဲ့နှစ်က ၅ နှစ် ၆ နှစ်လောက်ကြာသွားရင် မသုံးသင့်တော့ပါဘူး။

ဒီတော့ တာယာ ၀ယ်တတ်တော့မယ်ဆိုရင် ထုတ်လုပ်တဲ့ ခုနှစ်ကို စစ်သင့်ပါတယ်။

ပြီးတော့ ကိုယ်ကားက ဘယ်တာယာ ဆိုဒ် ကို လေပေါင် ဘယ်လောက်ထိုးပြီး စီးသင့်တယ်ဆိုတာကိုလည်း လေ့လာသင့်ပါတယ်။

ယာဉ်မောင်းသူအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။
🚘🚘

credit >>

“ ရာဇပလ္လင် “ပလ္လင်ဟူ​သည် မြင့်မြတ်​သော ​နေရာထိုင်ခင်းဖြစ်ကာ ပလ္လင် ၆ မျိုး ရှိသည့်အနက်မှ လူမင်းတို့ထိုင်ရာကို ရာဇပလ္လင်...
16/10/2020

“ ရာဇပလ္လင် “

ပလ္လင်ဟူ​သည် မြင့်မြတ်​သော ​နေရာထိုင်ခင်းဖြစ်ကာ ပလ္လင် ၆ မျိုး ရှိသည့်အနက်မှ လူမင်းတို့ထိုင်ရာကို ရာဇပလ္လင် ဟု​ခေါ်ဆိုကြသည်။

မြင့်မြတ်သော အခင်းနေရာ ဖြစ်သည်။ ကျမ်းဂန်များတွင် ပလ္လင် (၆) ပါးရှိကြောင်း ပြဆိုကြသည်။

၎င်းတို့မှာ

* မြတ်စွာဘုရား ပွင့်တော်မူရာ အပရာဇိတ ပလ္လင်
* ဗြဟ္မာမင်းတို့ ထိုင်သော ကမ္မလာသနခေါ် ကြာပလ္လင်
* နတ်မင်းတို့ ထိုင်သော ဒိဗ္ဗာသန ပလ္လင်
* လူမင်းတို့ထိုင်သော ရာဇပလ္လင်
* တရားသူကြီးတို့ ထိုင်သော အင်္တကရန ပလ္လင်
* ဓမ္မကထိကတို့ ထိုင်သော ဓမ္မာသန ပလ္လင် တို့ ဖြစ်ကြ သည်။

ဆွမ်းတော်တင်တို့ စွန့်ပစ်ရာ သင်ပုတ်ပလ္လင် ဟုလည်း ရှိသေးသည်။ သင်ပုတ်စင် ဟုလည်း ခေါ်သည်။

* ရာဇပလ္လင်၏ သတ်မှတ်ချက်များ

ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ -

၁၆ တောင်ရှိသော မဟာပလ္လင်
၈ တောင်ရှိသော မဇ္ဈိမပလ္လင်
၄ တောင်ရှိသော စူဠပလ္လင်တို့ ဖြစ်သည်။

ပလ္လင် တစ်ခုတွင်ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြား ၊ ကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူး ၊ ကြာ ၊ ဦးဆောက်ပန်း ဟူ၍ (၁၂) နေရာ ရှိသည်။

* ရာဇပလ္လင်၏ အ​ရေးပါမှု

မြန်မာ့ယဉ်​ကျေးမှုသမိုင်းတွင် ပလ္လင်​တော်ဟူသည် လွန်ခဲ့​သောနှစ်​ပေါင်းနှစ်​ထောင်​ကျော်ကာလမှ စတင်​ပေါ်ထွန်းခဲ့​ကြောင်း ​ရှေး​ဟောင်းသု​တေသနဆိုင်ရာ သမိုင်းအ​​ထောက်အထားများအရ သိရှိရသည်။မြန်မာ့သမိုင်းတွင် မြို့ပြယဉ်​ကျေးမှုအ​စောဆုံး ထွန်းကား​သော ပျူ​ခေတ်ကပင် ပလ္လင်​တော်သည် ​မြန်မာ့ဒြပ်ရှိယဉ်​ကျေးမှုပစ္စည်းတစ်မျိုးအဖြစ် စတင်​ပေါ်ထွန်းခဲ့​​ကြောင်း သိရှိနိုင်သည်။

ပုဂံ​ခေတ်တွင်လည်း အ​နော်ရထာမင်းလက်ထက်တွင် ရှင်အရဟံကို သင့်တင့်​လျောက်ပတ်​သော​နေရာသို့ကြွ​စေရာ ရာဇပလ္လင်​ပေါ်သို့ ကြွမြန်းသဖြင့် ပုဂံ​ခေတ်တွင် လည်း ရာဇပလ္လင်ကို အသုံးပြု​ကြောင်း​တွေ့နိုင်သည်။

ရှင်ဘုရင်မှလွဲ၍ မည်သူမျှ ရာဇပလ္လင်​ပေါ်တွင် ထိုင်ခွင့်မရှိ။တက်မိသူသည် အာဏာလုခြင်း (သို့မဟုတ်) ကြီး​လေး​သော သစ္စာ​ဖောက်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။အဘယ်​ကြောင့်ဆို​သော် ရာဇပလ္လင် သည် အချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သည်။

သမိုင်း အဆက်ဆက်တွင် အာဏာလုသည်ဟုမသုံးကြဘဲ ပလ္လင်လုသည်ဟု အသုံးပြုခဲ့ကြသည်။

မင်းတုန်းမင်းလက်ထက်တွင် နာမကျန်းဖြစ်စဉ်က အိမ်​ရှေ့စံ က​နောင်မင်းသားက ဘုရင့်ကိုယ်စား တရားစီရင်ခဲ့ရာ သီဟာသနပလ္လင်​ပေါ်တွင် တက်ထိုင်၍ တရားစီရင် ခြင်း မဟုတ်ဘဲ ထိုပလ္လင်ကို လက်ဖြင့်သုံးသပ်၍ ဘုရင့် ကိုယ်စား တရားစီရင်ခြင်းဖြစ်သည်။

* ရာဇပလ္လင်များ

မြန်မာမင်းဆက်​နောက်ဆုံးစိုးစံရာ ကုန်း​ဘောင်​ခေတ်၌ ပလ္လင် (၈) မျိုး ရှိခဲ့သည်။ထားရှိရာ နေရာကိုလိုက်၍ အ​ရေအတွက်အားဖြင့် (၉)ခု ရှိခဲ့သည်။

ပလ္လင်ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် ပလ္လင် ရှစ်ခန်း ရွှေ နန်း ကိုးဆောင် ဟူ၍ ခေါ်သည်။

* မြန်မာ့ရာဇပလ္လင်များ

၁၈၈၅ခုနှစ်တွင် သီ​ပေါမင်းပါ​တော်မူပြီး​နောက် မင်းခမ်း​တော်များနှင့် နန်းစဉ်ရတနာများကို ဗြိတိသျှတို့ ယူ​ဆောင် သွားကာ ၁၈၉၄တွင် နန်း​ဆောင်​ပေါင်း၇၀တို့ကို လုံခြုံ​ရေး​အ​ကြောင်းပြကာ ဖျက်သိမ်းခဲ့သည်။

ထို့​ကြောင့် နန်း​ဆောင်အလိုက် ထားရှိ​သော ရာဇပလ္လင် များမှာ ​ပျောက်ဆုံးခဲ့ရသည်။တရားလွှတ်​တော်တွင် ထားရှိ​သော သီဟာသနပလ္လင် တစ်ခုတည်းသာ ကျန်ရစ်ခဲ့ပြီး ၁၉၀၂ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအကြီးအကဲဖြစ်သူ ​လော့ဒ်ကာဇုန်မှ အိန္ဒိယသို့ ယူ​ဆောင်သွားသည်။

ပလ္လင်​တော်၏အစိတ်အပိုင်းများကို ​​သေတ္တာ ၃၆လုံးတွင် ထည့်သယ်ရာ အ​လေးချိန် သုံးတန်ခန့်ရှိသည်။ ၁၉၀၂ ခု နှစ် ​မေလ ၁၆ ရက်​နေ့တွင် အက်စ်အက်စ်ပန်ဒူးဝါး သင်္ဘောဖြင့် ရန်ကုန်မှ သယ်​ဆောင်သွားခဲ့သည်။

ထို့​နောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ စက်မှုလက် မှုပညာပြခန်း၌ ထားရှိခဲ့သည်။ ထို့​နောက် ၁၉၁၁ ခုနှစ်တွင် အနုသုခုမ ပညာပြခန်းတွင် ပြသခဲ့သည်။

* ဘုရင်စနစ်​နောက်ပိုင်း ရာဇပလ္လင်

၁၉၄၈ခုနှစ် လွတ်လပ်​ရေးရရှိချိန်တွင် အိန္ဒိယဒိုမီနီယံနိုင် ငံများကိုယ်စား ဘုရင်ခံချုပ် ​လော့ဒ်​မောင့်ဘတ်တန်က မြန်မာနိုင်ငံသို့ ပြန်လည်​ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်​ရေးရရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ပြန်ဖြစ်လာ၍ အချုပ်အခြာအာဏာ ၏ သင်္ကေတဖြစ်​သော ရာဇပလ္လင်ကို လွတ်လပ်​ရေးအထိမ်းအမှတ် လက်​ဆောင်အဖြစ် ပြန်လည်အပ်နှင်းသည်ဟူ​သော အဓိပ္ပါယ်ဖြင့် ​၁၉၄၈ ခုနှစ် ဖေ​ဖော်ဝါရီလ ၆ရက်​နေ့တွင် ပြန်လည်​ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြန်လည်​ရောက်ရှိလာ​သော သီဟာသနပလ္လင်​တော်ကို ရန်ကုန်မြို့၊ အလုံလမ်းရှိ သမ္မတအိမ်​တော် ဧည့်ခန်းမတွင် ထားရှိသည်။ ဖွဲ့စည်းပုံဥပ​ဒေအရ နိုင်ငံ​​တော်၏ အချုပ် အခြာအာဏာကို သမ္မတထံ အပ်နှင်းထား၍ အချုပ်အခြာအာဏာ ၏ သင်္ကေတဖြစ်​သော ပလ္လင်​တော်ကို ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သမ္မတအိမ်​တော်၌ ထားရှိ ခြင်းဖြစ်သည်။

ထို့​နောက် ဒုတိယ​မြောက်သမ္မတ ​ဒေါက်တာဘဦး သည် လည်း အိမ်​တော်၌ပင် ထားရှိခဲ့သည်။

တတိယ​မြောက်သမ္မတ မန်းဝင်း​မောင်လက်ထက်တွင် ထိုပလ္လင်​တော်ကို အများပြည်သူ​လေ့လာနိုင်ရန် အမျိုးသားပြတိုက်သို့ ​ပြောင်းကာ ပြသခဲ့သည်။

၁၉၅၇ ခုနှစ်မှစကာ ပလ္လင်​တော်သည် အမျိုးသားပြတိုက် ၏ အဓိကရပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။မူလက အမျိုးသားပြတိုက်မှာ ဂျူဗလီ​ဟောတွင် ဖွင့်ထားခဲ့ရာမှ ၁၉၇၀ ခုနှစ် ​ဖေ​ဖော်ဝါရီ၈ရက်​နေ့တွင် ပန်းဆိုးတန်း​အောက် လမ်း သို့ ​ပြောင်းကာဖွင့်လှစ်ရာ ​မြေညီထပ်ရှိ သဘာဝအလင်း​ရောင်ခန်းမတွင် ပြသထားခဲ့သည်။

ပြည်လမ်း​ပေါ်ရှိ အမျိုးသားပြတိုက်အသစ်ကြီးဖွင့်လှစ် ရာတွင် ပလ္လင်ခန်းမ​ဆောင်တွင် ခင်းကျင်းပြသထားခဲ့ သည်မှာ ယ​နေ့တိုင်ဖြစ်သည်။ထိုပလ္လင်ကို မြန်မာဘုရင် များလက်ထက်​တော်က နန်း​တော်​ဆောင်၌ ထားရှိသည့် အတိုင်းပင် ထီးဖြူ၊ အလံများနှင့် ထားရှိသည်။

* ၂၀၁၁​ ခုနှစ် နောက်ပိုင်း

၂၀၀၈ဖွဲ့စည်းပုံဥပ​ဒေအရလည်း နိုင်ငံ​တော်၏ အချုပ်အခြာ အာဏာ ကို နိုင်ငံ​တော်သမ္မတ ထံ အပ်နှင်းထား သည်။၂၀၁၀​ ရွေး​ကောက်ပွဲအပြီး ၂၀၁၁ တွင် အစိုးရ အသစ်ဖွဲ့စည်းချိန်၌ အချုပ်အခြာအာဏာ၏သင်္ကေတ ဖြစ်​သော ပလ္လင်​တော်၏ ပုံတူပွားတစ်ခုကို နိုင်ငံ​တော်သမ္မတအိမ်​တော်၊ သံတမန်​ဆောင်ရှိ ဧည့်ခန်းမ၌ ထားရှိထား​လေသည်။

* သီဟာသနပလ္လင်

* မြန်မာဘုရင်များ အသုံးပြုခဲ့သော ပလ္လင်

ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းပေါ်ရှိ အမှတ် ၆၆/၆၇ ၌ တည်ဆောက်ထားသော အမျိုးသားပြတိုက် တွင် ဆင်ယင်ပြသထားသည့် ရွှေပလ္လင်သည် ရွှေခြင်္သေ့ ရုပ်ခံသော 'သီဟာသနပလ္လင်' ဖြစ်သည်။

မြန်မာ့ရွှေနန်းနှင့်တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့သိမ်းပိုက် ခဲ့ပြီးနောက် ၁၈၉၂ ခုနှစ်တွင် သီဟာသနရွှေပလ္လင်ကို အိန္ဒိယ သို့ သယ်ယူကာ ကာလကတ္တားရှိ အိန္ဒိယပြတိုက် တွင် ခင်းကျင်းပြသခဲ့သည်။

မြန်မာတို့လွတ်လပ်သည့် ၁၉၄၈ ခုနှစ် ၊ စက်တင်ဘာလတွင် မြန်မာ အကျိုး ကို လိုလားသော အဂ္ဂမဟာ သီရိသုဓမ္မ လော့ဒ် မောင့် ဘတ်တန် က မြန်မာပြည်သူများ အတွက် သီဟာသနပလ္လင်ကို မြန်မာပြည်သို့ ပြန်ပို့ပေးခဲ့သည်။

သီဟာသနပလ္လင်သည် မြန်မာ့လွတ်လပ်ရေးအထိမ်း အ မှတ်လည်း ဖြစ်သည်။ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသောအခါ ရွှေပလ္လင်ကို ဦးစွာ အလုံလမ်းရှိ သမ္မတ အိမ်တော်တွင် နေရာချခဲ့သည်။ ၁၉၅၅ ခုနှစ်၊ စက်တင် ဘာ လ တွင် ဂျူဗလီဟော၌ ဖွင့်လှစ်သည့် အမျိုးသားပြတိုက် သို့ ရွှေပလ္လင်ကို ပြောင်းရွှေ့ဆင်ယင်ပြသခဲ့သည်။

အမျိုးသားပြတိုက်ကို ဂျူဗလီဟောမှ ပန်းဆိုးတန်းရှိ ယခင် ဂရင်း လေးဘဏ်ဟောင်း အဆောက်အအုံ (ယခု မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်) သို့ ပြောင်းရွှေ့သောအခါ ရွှေပလ္လင်ကို ၁၉၆၈ ခုတွင် ပန်းဆိုးတန်းရှိ အမျိုးသား ပြတိုက်သို့ သယ်ယူဆင်ယင်ခဲ့ပြီး ၊ ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ ဖွင့်လှစ်ပြသခဲ့ရာ ၁၉⁠၉၄ ခုနှစ်ကုန်ပိုင်းအထိ ဖြစ်သည်။

ထို့နောက် အမျိုးသားပြတိုက်ကို ရန်ကုန်တိုင်း ၊ ဒဂုံမြို့ နယ် ၊ ပြည်လမ်းမကြီးပေါ်ရှိ အမှတ် ၆၆/၇၄ ၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉⁠၉၀ ပြည့်နှစ်တွင် စတင်အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉⁠၉၆ ခု စက်တင်ဘာလ (၁၀)ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။

ယင်းအသစ် တည်ဆောက်ထားသော အမျိုးသားပြတိုက် အဆောက်အအုံကြီး၌ ပြခန်းပေါင်း (၁၃)ခန်းကို ပြသထား ရာ ၊ သီဟာသနရွှေပလ္လင်ကြီးကို ပြခန်းအမှတ် (၁) သီဟာသနပလ္လင်ပြခန်း၌ ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသထားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပေသည်။

အမျိုးသားပြတိုက် မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်းရှိ ရွှေပလ္လင်သည် မြန်မာနောက်ဆုံးမင်းဆက် ကုန်းဘောင် နှောင်းခေတ် ဧကရာဇ်၏ ရွှေပလ္လင်ဖြစ်သည်။ နောက်ဆုံးရွှေမြို့တော်ဖြစ်သော ရတနာပုံ (မန္တလေး) နန်းမြို့တွင်းရှိ ရွှေပလ္လင်လည်းဖြစ်သည်။

ဤရွှေပလ္လင်နှင့် အတူ ရွှေပလ္လင်ရှစ်ခု ကို ကုန်းဘောင် နောက်ဆုံး ဘုရင် သီပေါမင်း ပိုင်ဆိုင်ခဲ့သည်။ ကုန်း ဘောင် မင်းဆက် နောက်ဆုံးဧကရာဇ်ဘုရင် သီပေါလက် ထက်တိုင် တည်ခဲ့သော ရာဇပလ္လင်များကို တည်ခဲ့သူမှာ ဗဒုံမင်းပင် ဖြစ်သည်။ တည်ပုံမှာ သက္ကရာဇ် ၁၈၁၀ ပြည့် နှစ် မတ်လ (၁၃)ရက်နေ့တွင် အမရပူရရွှေနန်းကို မီးခံခဲ့ရသည်။

ရွှေနန်းတော်ကြီး ပြန်လည်တည်ဆောက်သည့်အခါ နန်းအဆောင်တော်များတွင် စံစားစေရန် ရာဇပလ္လင်တော်များ တည်ဆောက်ခဲ့လေသည်။ ပလ္လင်တော်များ တည်ဆောက် စေရန် ဝန်ထောက်ရွှေတောင်နော်ရထာနှင့် (သား) ယွန်းစုဝန် ရွှေတောင်ရာဇသူတို့ကို ဆောက်လုပ်ရန် မိုးကောင်းမှ ယမနေသားနှင့် ကံ့ကော်သား ၊ ပုသိမ်မှ တောင်ပိန္နဲသား ၊ ပုပ္ပါးမှ စကားဝါသား ၊ ကျောင်စဉ်တိုက် အဝင်မတ်တရာနှင့် ရေနံ့သာမှ သရက်သားနှင့် ပေါက်သား၊ ဘုတ်ရွာမှ သဖန်းသားတို့ကို အသီးသီးယူခဲ့သည်။

သစ်များစုံသည်နှင့် သက္ကရာဇ် ၁၈၁၅ ခု ၊ မေလ (၂၈) ရက် နေ့တွင် ပလ္လင်တော်များ စတင် ဆောက်လုပ်ခဲ့ကြလေသည်။ နေပြည်တော်ကို အမရပူရမှ ရတနာပုံ (မန္တလေး)သို့ ပြောင်းရွှေ့သောအခါ မြို့နန်းတော် တည်ဘုရင် မင်းတုန်းမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂⁠၂၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် (၁၁)ရက် (ခရစ် ၁၈၅၈ ခု ၊ မေလ ၇ ရက်)သောကြာနေ့ တစ်ချက်တီးကျော် (၅)နာရီ နှင့် ပတ်တစ်ဆယ့်တစ်ဗီဇနာအချိန် အခါတော်အရ ရာဇ ပလ္လင်တော်များကို သူ့အဆောင်နှင့်သူ လိုက်လျော်ညီထွေ တည်ထားတော်မူခဲ့သည်။

ရတနာပုံမ်ဟူသော ဝေါဟာရနှင့်အညီ နဝရတ်ကိုးပါး အမှူးပြုလျက် ရတနာကျောက်မျက်တို့ဖြင့် ပေါကြွယ် သော ရွှေမြို့ ၊ ရွှေနန်း ၊ ရွှေပြဿဒ်တော် ၊ ရွှေမင်းခမ်းတော် ၊ ရွှေလှေ ၊ ရွှေလောင်းတို့အပြင် ရွှေပလ္လင်တော်များ ပါရှိခဲ့သည်။

မြန်မာ့ပ​ဒေသရာဇ်ခေတ်သည် ရွှေကိုခင်း၍ ရွှေကိုကာ သည်။ ရွှေကိုမိုး၍ ဖြိုး⁠ဖြိုးကြွယ်ခဲ့သည်ဟု ဆိုရပေမည်။ ရွှေနန်းတော်တွင်းမှ ရွှေပလ္လင်တို့သည်လည်း သူ့နေရာနှင့် သူ အထာတကျရှိခဲ့သည်။ ရတနာပုံနန်းမြို့တွင်းမှ ရွှေဖြင့် စပ်လျဉ်းသည်တို့အနက် ရွှေမင်းခမ်းတော်အချို့နှင့် သီဟာသနရွှေပလ္လင်သည် မူရင်းအတိုင်း ကြွင်းကျန် ရှိခဲ့သည်ဟု ဆိုရမည်။

အခြားခြားသောရတနာနှင့် တကွသော ပစ္စည်းတို့သည် မြန်မာတို့ယုံကြည်လက်ခံထားသည့် သင်္ခါရ သဘောအရ ကွယ်ခဲ့ပျောက်ခဲ့သည်။ မပြိုမပျက်နိုင်သည့် ရွှေနန်းတော် အဆောက်အအုံ နန်းအဆောင်တော်တို့သည်ပင် ၁၉၄၅ ခုနှစ် ၊ မတ်လ (၂၀) ရက်နေ့ အကူး ည (၂)နာရီလောင် သော မီးတွင် အကြွင်းမဲ့လျက် ပြာဖြစ်ခဲ့ရလေသည်။

ရွှေရိပ်ရွှေရောင်တို့ဖြင့် သောသောကြွယ်ခဲ့သည့် ရတနာပုံနန်းဆောင်တွင်းအရှိ သီပေါမင်းပိုင်ခဲ့သော ပလ္လင်ရှစ်ခန်းကို သိမိသူများက မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတစ် ခုတွင်-

'သီဟ၊ အမရာ ၊ ဟံသာ ၊ မောရ ၊ သခင် ၊ ဟတ္တိ ၊ မိဂ ၊ ပဒုမာ ရှစ်မျိုးတွင် တစ်ဆယ့်ခြောက်တောင်ရှိသော် မဟာပလ္လင် ၊ ရှစ်တောင်ရှိသော မဇ္ဇျိမပလ္လင် ၊ လေးတောင်ရှိသော စူဠပလ္လင် လုပ်နည်း ရှစ်မျိုး လုပ်ရိုးသုံးပါး'

ဟူ၍ ဖော်ပြထားသည်။ ရတနာပုံခေတ်ပလ္လင်တို့သည် လုပ်ရိုးလုပ်စဉ် ရှစ်မျိုး ၊ လုပ်ရိုးသုံးပါးဖြင့် ပြုလုပ်ထားသော တစ်ခုနှင့်တစ်ခု အရွယ်အစားကွဲပြားနေသည့် ရာဇပလ္လင်များသာ ဖြစ်လေသည်။

ရှေးရိုးပန်းချီ ဆရာအေးရေးဆွဲသည့် ပန်းချီမှတ်တမ်းရာတွင် ရာဇပလ္လင်ရှစ်ခန်းကို အကျယ် ဖော်ပြလေသည် ဖော်ပြပုံမှာ-

မြေနန်းပြဿဒ် ၊ သီဟာသနပလ္လင် ၊ ခြင်္သေ့ခံ၊ ယမနေသား ၊

ဇေတဝန်ဆောင်၊ ဟံသာသနပလ္လင် ၊ ဟင်္သာခံ ၊ သင်္ကန်းသား ၊

မှန်နန်း ၊ ဘမရာသပလ္လင် ၊ ပဒုံးခံ ၊ ကရဝေးသား ၊

အနောက်စမုတ် ၊ ပဒုမ္မာသနပလ္လင် ၊ ပဒုမ္မာခံ ၊ သရက်သား ။

တောင်စမုတ် ၊ မိဂါသနပလ္လင် ၊ သမင်ခံ ၊ ရေသဖန်းသား။ ​​

မြောက်စမုတ် ၊ မရူယာသနပလ္လင် ၊ ဒေါင်းခံ ၊ ပေါက်သား ။ ​

လေသာခန်း ၊ သခငါသနပလ္လင် ၊ ခရုသင်းခံ ၊ ပိန္နဲသား ။

ဗြဲတိုက် ၊ ဂဇာသနပလ္လင် ၊ ဆင်ခံ ၊ စကားသား

ဟူ၍ ဖြစ်သည်။

အခြားမှတ်တမ်းတစ်ခုတွင်လည်း ဖော်ပြထားသည်မှာ ရှစ်ဖြာပလ္လင် ၊ ထုံးတမ်းစဉ်မှာ သီဟာ ၊ ယမနေ ၊ ဟံသေသင်္ကန်း ထီးနန်းမပျက် ၊ သရက်-ခရု ၊ တခုပီဒုံး ၊ ကရဝေးသုံးသည် ၊ နန်းလုံးချီမြှောက် ၊ သို့ကလောက်မောက်မို ၊ ပေါက်ကိုဥဒေါင်း ၊ ထုံးဟောင်း မမှား ၊ စကားဟတ်ထိ ၊ မည်ရှိမလွဲ ၊ ပိန္နဲပဒုမာ ၊ မိဂါရေသဖန်း ၊ ဤရှစ်ခန်းသည် စီးမြန်းပလ္လင် နေရာတည်းဟူ၍ ရှိခဲ့သည်။

ထို့ပြင် ဒုတိယနဝဒေး၏ 'ရှစ်ရပ်ကိုးခန်း ပလ္လင်ဘွဲ့မင်္ဂလာရတု'တွင် 'ပြာဿဒ်နန်းဝယ် ၊ ပင်ဝန်းညွန့်ဝေ ၊ ယမနေကို ၊ ဘုန်းရွှေထားတင့် ၊ ပလ္လင်မြင့်၍ ၊ မာန်ဝင့်ရှူးရှူး ၊ ခြင်္သေ့ မြူးလျက် ၊ ဆောင်းဦးညွတ်ရာ ၊ သီဟာသန' ဟု ဖွဲ့ဆိုထားသည်။

ဖော်ပြပါမှတ်တမ်းတို့တွင် ပလ္လင်တော်ရှစ်ခန်းအနက် ခြင်္သေ့ခံသော ယမနေသား သီဟာသနရွှေပလ္လင်သည် အမြင့်မြတ်ဆုံး အရေးကြီးပလ္လင်ဟု ဆိုရပေမည်။

သီဟာသနပလ္လင်တော်ကို နန်းတော်၏ အဦးအထိပ် အရှေ့ပိုင်းအကျဆုံး 'မြနန်းစံကျော်' အမည်ရှိ ဘုံခုနှစ် ဆောင်ရှိသည့် မြေနန်းပြဿဒ်တော်ကြီးတွင် ထားရှိသည်။

သီဟာသနရွှေပလ္လင် နှင့် စပ်လျဉ်း၍ အဝမြို့ဝန် မဟာသီဟသူရ ၏ 'ဣသိသိဂင်ပျို့'၌ .......’

'မာဃမပြောင်း ၊ မင်း အပေါင်းတို့ ၊ ဥကင်​ခေါင်းဆက်လက် ၊ ရှိစုံယှက်၍ ၊ ဆောင်ရွက်ကော်ရော် ၊ ပြဿာဒ်တော်ဝယ် ၊ ပူဇော်ရာလေ့ ၊ ခြင်္သေ့ခံပေ ၊ ယမနေသား ၊ ကိုးပါးမျက်မြွာ ၊ သီဟာသန'

ဟူ၍ - သီဟာသနရွှေပလ္လင်သည် မင်းတို့အပူဇော်ခံရာ၊ ရှိခိုးကော်ရော် အကန့်တော်ခံရာ ၊ ပြဿာဒ်ရှိခြင်္သေ့ရုပ်ခံ ပလ္လင်ပင်ဖြစ်လေသည်။

မြေနန်းပြဿာဒ်တော်ရှိ သီဟာသနရွှေပေါ်ဝယ် မင်းနှင့် မိဖုရားတို့ စံတော်မူလျက် တစ်နှစ်လျှင် ငါးကြိမ်အကန့်တော့ခံကြောင်း သိရလေသည်။

နှစ်စဉ် နယုန်လဆန်း ၁ရက်နေ့ ၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၂ ရက် ၊ ၃ ရက်နေ့များတွင် မင်းနှင့်တကွမိဖုရားတို့ အတူတကွ ထွက်စံတော်မူ၍ အပူဇော်ခံလေ့ရှိကြောင်း သိရသည်။

ရာဇပလ္လင်၏ ရှေ့ဝဲဘက်မှ အိမ်ရှေ့မင်းသားကို ဦးဆောင်၍ မင်း ၊ မှူးမတ်တို့ ရာထူးကြီးငယ် အလိုက် ဆင်မြန်း၍ ဝဲယာခစားကြရသည်။ နေရာကွက်ပေါင်း (၆၄၀) ခန့်ရှိသည်ဟု ဆိုသည်။

သို့သော် ယခု အမျိုးသားပြတိုက်ရှိ သီဟာသနရွှေပလ္လင် သည် လွှတ်တော်ရှိ ရွှေပလ္လင်ဟုဆိုခဲ့ရာ သီဟာသနရွှေ ပလ္လင်နှစ်ခု ဖြစ်ပေသည်။

ထိုဝိဝါဒ နှင့် စပ်လျဉ်း၍ ဇေယျသင်္ခယာ၏ ရွှေဘုံနိဒါန်းတွင် -

'ခြင်္သေ့ ၊ ဆင်ပျံလောကနတ် ၊ ဒေါင်းယဉ် ၊ ဆင်နား ၊
တံခါးတိုင် ၊ သွိကားကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူးကြာ ၊
ဦးဆောက်ပန်းတို့ဖြင့်လုပ်ဆောင်၍ ပြဿာဒ်တော် ၊
ရွှေပလ္လင်တော်တည်ထားသည့် ရာဇပလ္လင်သည်' ......’

ဟူ၍ တိတိကျ⁠ကျ ဖော်ပြရာ သီဟာသနရာဇပလ္လင်သည် မြေနန်းပြဿာဒ်တော်နှင့် ရွှေလွတ်တော်နှင့် နေရာတွင် ရှိကြောင်း ပေါ်လွင်လှပေသည်။

တစ်ဖန် ၁၉၆၃ ခုနှစ်၌ ရှေးဟောင်းသုတေသန ဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော 'မန္တလေးနန်းတော်' စာအုပ်စာမျက်နှာ (၁၉)တွင် လွှတ်တော် အကြောင်းဖော်ပြရာ၌ လှပသော လက်ရန်းလေးခုကာလျက် ခြင်္သေ့ပလ္လင် (သီဟာသန)သည် လွှတ်တော်ထဲတွင် သီးသန့်ရှိ သည်။ ထိုပလ္လင်သည် ညီလာခံခန်းမကြီးရှိ သီဟာသန ပလ္လင်၏ အပွားဖြစ်သည်။ လွှတ်တော်မှ ပလ္လင်ကို ကာလကတ္တားရှိ အိန္ဒိယပြတိုက်သို့ ပို့ခဲ့သည်ဟု ဖော်ပြထားပေသည်။

ဤဖော်ပြချက်နှင့် မောင့်ဘက်တန်သည် အိန္ဒိယရှိ သီဟာသနပလ္လင် ကို ပြန်ပို့ပေးသည်ဟူသောအချက်တို့ ဆက်လိုက်လျှင် အမျိုးသားပြတိုက်ရှိ မြေညီထပ်၌ တပ်ဆင် ထားသော ရွှေပလ္လင်ဖြစ် မြန်မာဘုရင့်လွှတ် တော် မှ သီဟာသနရွှေပလ္လင်ဖြစ်ကြောင်း ထင်ရှားပေ သည်။

လွှတ်တော်ရှိ သီဟာသနပလ္လင်သည် ဘုရင်နှင့် ဝန်ကြီးလေးပါးအပါအဝင်တို့ တိုင်းရေးပြည်မှု အစုစုသော အရေးအရာများကိုသာ ဆွေးနွေးဆုံးဖြတ်ရာ ပလ္လင်ဖြစ် ပေသည်။

လွှတ်တော်၌ စီရင်သည့် အမှုများမှာ သာသနာရေးနှင့် စပ်သည့်အမှု ၊ အယူခံအမှု ၊ နိုင်ငံတော် နှင့် စပ်သည့်အမှု ၊ စော်ဘွား ၊ မြို့စား ၊ သူကြီး ၊ ကလန် ၊ သံပျင်းအရာရှိ စသည့်အရာရှိတို့ ခန့်ထားသည်ကို သစ္စာတော်ပေးရန် အမှုစသည်ဖြင့် အမှုကြီး အမှုငယ်တို့ကို စီရင်သည်။

လွှတ်တော်သို့ ဘုရင်မင်းမြတ်မကြွချီနိုင်သောအခါ အဆင့်မြင့် မင်းသားကြီးတစ်ပါးပါးက ဘုရင့်ကိုယ်စား သတ်မှတ်ထားသော သီးသန့်နေရာတွင် နေလျက် ဝန်များနှင့် ဆွေးနွေးခြင်း ပြုရလေသည်။ ပလ္လင်တော်ပေါ်သို့ကား မတက်ရချေ။

လွှတ်တော်ရှိ ခြင်္သေ့ခံ ရွှေပလ္လင်နေရာနှင့် ပတ်သက်၍ မန္တလေး စာအုပ်တွင် ဖော်ပြထားသည့် စာမှာ လွှတ်တော် နှစ်ဆောင်တွဲတွင် အနောက်ဘက်မှ အမိုးသုံးထပ်နှင့် ဇေတဝန် ဆောင်တော်ကြီးများမှာ ဘုရင်မင်းမြတ် တို့ လွှတ်တက်၍ တရားစီရင်မြဲ ၊ ရှေးထုံးထမ်းအစဉ်အလာအရ ဘုရင်မင်းမြတ် နေတော်မူရန် ယမနေသားကို လုပ်၍ ခြင်္သေ့ရုပ်ခံသော သီဟာသနပလ္လင်တော်ကို ခုတင်နှင့်တကွ ပြုလုပ်ထားသည်ဟူ၍ ဖြစ်သည်။

ပလ္လင်၏အပေါ်ပိုင်းတွင် တပ်ဆင်သမျှ အရာအားလုံး 'ဥကင်'ဟူ၍ ခြုံ၍ ခေါ်ဝေါ်သည်။ ရွှေပလ္လင် နှင့် ဥကင်တို့ အမွမ်းအမံနှင့် ပတ်သက်၍လည်း အထူးတလည်း စိတ် ဝင်စားဖွယ်ရာများလည်း ရှိလေသည်။

ရွှေပလ္လင် နှင့် ဥကင် တို့၏ အလုပ်အဆောင် တင့်တယ် လိုက်ဖက်ပုံကို အင်းဝနန်းဖွင့်ရတု၌ ဖွဲ့ဖွဲ့ နွဲ့နွဲ့ တွေ့ရသည် မှာ-

'ကြပုံညီညွတ်၊ ရွှေပြဿာဒ်လည်း ၊ ဆွေညွတ်ဥကင် ၊ ရွှေပလ္လင်နှင့် ၊ စီရင်တတ်စွာ ၊ ဗိသုကာတို့' ဟူ၍ ဖော်ပြထားသည်။

မှန်၏ ရွှေဥကင်၏ အထက်ပိုင်းရှိ ခိုင်တောင် ၊ တော်ရနောင်ဒုယင် စသည်တို့သည် တင့်တယ်ဖွယ်ရာသော အကွေးအညွှတ်အပျော့အပျောင်းတို့ဖြင့် ရှုမငြီးအောင် စီမံထွင်းထုထားကြပေသည်။

ဥကင်၏ အဓိပ္ပာယ်သည်ပင်လျှင် ဥက်ကံသသဒ္ဒါမှ ဆင်းသက်လျက် လွန်ကဲသော ဂုဏ်ကျေးဇူးအထူးကို ဆောင် သည်ဟူ၍ ဖြစ်သည်။ ရွှေဥကင်၏ လွန်ကဲသောကျေးဇူး အထူးပြုမှုကြောင့်ပင် ရွှေပလ္လင်သည် လည်း ပိုမိုတင့် တယ် ရပေသည်။

ရွှေဥကင်၏ အပြောက်အမွှမ်းများသည် အလှသဘော သက်သက်မဟုတ်ချေ။ တစ်ခုချင်းရော ၊ လွှမ်းခြုံလျက် ပါ အဓိပ္ပာယ်ရှိသည်။

သုံးကျိပ် သုံးယောက်သော သိကြားနတ်တို့ အမြဲစောင့် လျှောက်သည့် သဘောကို ရည်၍ ဥကင်တော် ဝဲယာပန်းများရှိ သိကြားနတ်ရုပ် ၇ ရုပ်စီ ပေါင်း ၁၄ ရုပ်နှင့် ဥကင်နတ်ဆောင်ဝဲယာတွင် ၈ ရုပ်စီပေါင်း ၁၆ ရုပ်၊ နှစ် ရုပ် ပေါင်း ၃ဝနှင့် မုတ်တိုင်ထိပ်ရှိ သမ္မာဒေဝနတ် ၂ ရုပ် ၊ ဒုယင်ဝမ်းရှိ သိကြားနတ်မင်း နှင့် တကွ တေတ္တိသ ၃၃ ယောက် နတ်သိကြားတို့ကို ဖော်ဆောင်လျက်ရှိလေသည်။

တစ်ဖက်စီ၏ အလယ်တွင် ကြာပန်းခံချက် နေနှင့်လ သ ရုပ်ဖော်ဒေါင်းရုပ်နှင့် ယုန်ရုပ်တို့လည်းရှိသည်။ သဘောမှာ စူဠဝံသ ၊ မဟာဝံသ ၊ နေလနှစ်ပါးမှ သက်ဆင်းပုံကို ဖော်ကျူးခြင်းဖြစ်သည်။

ဒုယင် ဝမ်းအောက်မှ သွိကားနတ်ရုပ် နဖူး၍ ရှေ့မှန်တိုင် (တွဲရရွဲဆွဲ)စိုက်သည်။ အဓိပ္ပါယ်မှာ 'သင်မင်းကြီးသည် ငါ၏ နဖူး၌ တည့်တည့်မတ်မတ် စိုက်​​နေသော ​ရွှေမှန်တိုင် ကဲ့သို့ မတိမ်းမစောင်း ​​​​ဖြောင့်မတ်စွာထား တရားစီရင် လေ' ဟူ၍ ဖြစ်ပေသည်။

ထို့ပြင် ခြူးပန်းခြူးနွယ်တို့ဖြင့် တန်ဆာဆင်သော ဥကင်တံခါး ရွက်အလယ်၌လည်း လောကနတ်ရုပ်ကို အသားပေး ထွင်းထုထားသည်။ လောကနတ်ရုပ်၏ ဥကင်တံခါးရွက်သာမက ​ရွှေပလ္လင်​တော် ရှေ့တွင်ပါ ရွှေ့ရသည်။

စည်း ၊ စည်တီးလျက် ကနေသော လောကနတ်ရုပ်နှင့် တွဲလျက် ခြင်္သေ့နှင့် ဆင်ပျံတို့ သဲကြီးမဲကြီးရန်ပြုနေပုံ အ ရုပ် များပါ ​တွေ့နိုင်သည်။ မင်းနှင့်တကွ သူကောင်းတို့ သည် လောကနတ်သည် ရန်ကိုငြိမ်းစေနိုင်သော နတ်ဖြစ် သည်ဟု ယူဆွကြသည်။

ယူပုံမှာ- တိမ်ညွှန့်ကို အစာအလို့ငှာရလိုကြသော ဆင်ပျံ နှင့် ခြင်္သေ့တို့သည် အစာအတွက် ရန်ဖက်ကြသည်။ သဲသဲမဲမဲ ရန်ပွားဆင်ခိုက် လောကနတ်၏ တေးဆို စည်တီး အကွက်တီးကဟန် ကြားသိရသောအခါ ဆင်ပျံနှင့် ခြင်္သေ့တို့ ရန်ကိုခဲလက် လောကနတ်​​ခြေရင်းတွင် ဝပ်ဆင်းအပန်း​​ပြေကြသည်ဟူသော နောက်ခံ ဒဏ္ဍာရီ ကိုမှီ၍ လောကနတ်သည် တေးကိုသီ၏။

ရန်ကို ငြိမ်း၏။ ငြိမ်းချမ်းသော အ​ငွေ့ကိုပေး၏။ သူကား ငြိမ်းချမ်းရေးနတ် ၊ ရန်ကိုဖယ်ရှားသောနတ်တည်းဟု ယူကြလျက် မင်းနှင့်တကွ ပညာရှိတို့ အကောက်အယူရှိကြသဖြင့် ​​လ္လေင်​ှေွတွင် ထားခဲ့ကြပေသည်။ ရာဇပလ္လင် ဥကင်တော်အတွင်းဘက် 'သည်မ'တိုင်၌ မင်းအဆက် ဆက်ပသခဲ့သော မဟာဂီရိနတ်ကွန်းကို အမိုးသုံးထပ် လက်ရန်းတပ်လျက် ကွန်းပြုထားသည်ဟု ဆိုသည်။

အမျိုးသားပြတိုက် သီဟာသနပလ္လင်၏ ဥကင်တွင် မဟာဂီရိနတ်ကွန်းကိုမတွေ့ရချေ။ မှတ်တမ်းများ အရဆိုလျှင် အမျိုးသားပြတိုက်ရှိ သီဟာသနပလ္လင်သည် ရှေးအခါက ပလ္လင်၏ဝဲယာတွင် ထားရှိသည့် လေးတောင်ခန့်မြင့်သော ခြင်္သေ့ရုပ်နှင့် ပလ္လင်အောက်ဆုံးခုံမှ သူငယ်တော်ရုပ်များမှာ ပြန်လည်ရရှိစဉ်မှပင် ပျောက်ဆုံးခဲ့ပြီဖြစ်သည်။

ယခုအခါ သီဟာသန ပလ္လင်တော် နှင့် ဝဲယာမင်းခမ်းတော် ပစ္စည်း များကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေ ခြင်း ငှာ အမျိုးသားပြတိုက်ကြီးတွင် ခင်းကျင်းပြသထားပေသည်။

————————————-

သီဟာသနပလ္လင်တော်

ရေးသူ - မင်းနိုင်

သက္ကရာဇ် ၁၂၁၈ ခု ၊ တပို့တွဲလဆန်း ၈ ရက် ၊ တနင်္ဂနွေနေ့တွင် မန္တလေးမြို့တော်ကို တည်ရန် အတွက် တောများကို စတင်ခုတ်ထွင်၍ ရှင်း လင်း သည် ။

မြေညှိခြင်း ၊ တိုင်းထွာခြင်း ၊ ငစ်တပ်တိုင်တို့ကို စိုက်ထူခြင်း ၊ သစ်ခုတ်ခြင်း ၊ အုတ်ဖုတ်ခြင်း တို့ကို ပြုလုပ်ပြီးနောက် နတ်တော်လပြည့်ကျော် ၄ ရက် နေ့ တွင် နန်းမြို့တော်ကို အုတ်မြစ်ချသည် ။

ဆက်လက်၍ သစ် သံ တို့ကို စုဆောင်းပြီး အပြောက် အမွှန်းများကို ထုလုပ်သည် ။ နေ့ကောင်းရက်သာ ရွေးပြီး အဆောင်ဆောင် အခန်းခန်းကို ပန္နက်ရိုက် သည် ။ တိုင်ထူသည် ။ အဆောင်တော်ပေါင်း ၁၀၀ ကို ဆောက်လုပ်ပြီးသော် ၁၂၂၀ ပြည့်နှစ် ၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ သောကြာနေ့ ၊ နေ့ တစ်ချက် တီးကျော် ၅ နာရီ ၊ ၂ ပါဒ် ၊ ၁၁ ဗီဇနာ အချိန်အခါတော် အတိုင်း ပလ္လင်တော် ထားရန် အဆောင်တော် များ တွင် ရာဇပလ္လင် ကိုးရပ်ကို တင်သည် ။

၁။ ရွှေနန်းပြဿဒ်တော်တွင် မင်းတို့ ပူဇော်ခံသည့် ယမနေသားဖြင့် ပြုလုပ်ပြီး ခြင်္သေ့ရုပ်ခံသည့် ( သီဟာသန ရာဇပလ္လင် ) ။

၂။ ရွှေနန်းတော်ဦး ဇေတဝန်ဆောင်တော် တွင် ရတနာသုံးပါး ပူဇော်ရာ သင်္ကန်းသားဖြင့် ပြုလုပ်ပြီး ဟင်္သာရုပ်ခံသည် ( ဟံသာသန ရာဇပလ္လင် ) ။

၃။ မှန်နန်းတော်တွင် မင်းတို့ စက်တော်ခေါ်ရာသည့် ကရဝေးသားဖြင့် ပြုလုပ်ပြီး ပိတုန်းရုပ်ခံသော ( ဘမရာသန ရာဇပလ္လင် ) ။

၄။ လေသာဆောင်တွင် မင်းတို့ တရားစကားနာခံရာသည့် တောင်ပိန္နဲသားဖြင့် ပြုလုပ်ပြီး ခရုသင်းခံသော ( သင်္ခါသန ရာဇပလ္လင် ) ။

၅။ ဗြဲတိုက်ဆောင်တွင် မင်းတို့ ချီးမြှင့်နှိမ်ချရာသည့် စကားသားဖြင့် ပြုလုပ်ပြီး ဆင်ရုပ်ခံသော ( ဂဇာသန ရာဇပလ္လင် ) ။

၆။ မြောက်စမုတ်ဆောင်တွင် မင်းတို့ ဆင်ခြင်သိမ်းမြန်းရာသည့် ပေါက်သားဖြင့် ပြုလုပ်ပြီး ဥဒေါင်းရုပ် ခံသော ( မရုရာသန ရာဇပလ္လင် ) ။

၇။ တောင်စမုတ်ဆောင်တွင် မင်းတို့ တိုင်ပင်ဆွေးနွေးရာသည့် ရေသဖန်းသားဖြင့် ပြုလုပ်ပြီး သူရဲရုပ် ခံသော ( မိဂါသန ရာဇပလ္လင် )

၈။ အနောက်ပွဲတက်ဇေတဝန်ဆောင်တော်တွင် မိန်မတို့ ပူဇော်ရာခံသော သရက်သားဖြင့် ပြုလုပ်ပြီး ပဒုမ္မာကြာပွင့်ခံသည့် ( ပဒုမာသန ရာဇပလ္လင် ) ။

၉။ ရွှေလွှတ်တော် ဇေတဝန်ဆောင်တွင် မင်းတို့ တရားစီရင်ရာ ( သီဟာသန ရာဇပလ္လင် ) ဟူ၍ သီးခြားရှိသေးရာ “ ပလ္လင်ရှစ်ခန်း ကြငှန်းကိုးဆူ” ဟူသော စကားနှင့်အညီ ပလ္လင်ရှစ်မျိုးရှိသော်လည်း နေရာ ကိုးနေရာ ရှိသဖြင့် သီဟာသန ပလ္လင်နှစ်ရပ် ပါဝင်နေပေသည် ။

ရွှေနန်းပြဿဒ်တော်မှ သီဟာသနပလ္လင် နှင့် လွှတ် တော်မှ သီဟာသနပလ္လင် မှာ အရွယ်အစားချင်း မွမ်းမံ စီရင်ပုံချင်း အတူတူဖြစ်သည် ။

“ ပြဿဒ်နန်းဝယ် ၊
ပင်ဝန်းညွန့်ဝေ ၊
ယမနေကို ၊
ဘုန်းရွှေထားတင့် ၊
ပလ္လင်မြင့်၍ ၊
မာန်ဝင့်ရှူးရှူး ၊
ခြင်င်္သေ့မြူးလျက် ၊
သောင်းဦးညွတ်ရာ ၊
သီဟာသန “

ဟူ၍ ဒုတိယ နဝဒေး ၏ ရှစ်ရပ်ကိုးခန်း ပလ္လင်ဘွဲ့
မင်္ဂလာ ရတု နှင့် အညီ -

ပလ္လင်တော်ရှစ်ခန်းတွင် သီဟာသနပလ္လင်တော်မှာ မင်းမိဖုရားတို့ ဘိသိက်ခံရာ ၊ တရားစီရင်ရာဖြစ်၍ ထိပ်ဆုံးမှပါဝင်သည် ။ အမြင့်မြတ်ဆုံး ၊ အရေးကြီးဆုံး ပလ္လင်တော်ဟု ဆိုရပါမည် ။

သီဟာသနပလ္လင်တော်ကို နန်းတော်၏ အဦးအထိပ် အရှေ့ပိုင်း အကျဆုံး “ မြနန်းစံကျော် “ အမည်ရှိ ဘုံခုနှစ်ဆင့်ရှိသည့် မြေနန်းပြဿဒ်တော်ကြီးတွင် ထားရှိသည် ။

ပလ္လင်တော်၏ ဝဲယာတွင် မင်းခမ်းတော်များ ခင်း ကျင်း ပြီး ထီးဖြူတော် ရှစ်စင်း ကို ဖွင့်ထားရသည် ။ ပလ္လင်တော်၏ ရှေ့တည့်တည့်တွင် အလံ ခုနှစ်စင်းကို လွှင့်ထူထားရသည် ။

နယုန်လဆန်း ၁ ရက် ၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် ၊ တစ်နှစ်လျှင် ၅ ကြိမ် သီဟာသန ရာဇပလ္လင် တော် သို့ မင်း မိဖုရား နှစ်ပါး ထွက်စံတော်မူ၍ ကန်တော့ခံမြဲ ဖြစ်သည် ။

ရာပလ္လင်၏ ရှေ့ဝဲဘက်မှ အိမ်ရှေ့မင်းသားက ဦး ဆောင်၍ မင်း မူး မတ် တို့ ရာထူးကြီးငယ် အလိုက် ဆင်မြန်း၍ ဝဲ ယာ ခစားကြရသည် ။ နေရာကွက် ပေါင်း ၆၄၀ ခန့်ရှိသည်ဟုဆိုသည် ။

ပလ္လင်တော်၏ရှေ့ပိုင်းမှာ မင်း ၊ မူးမတ်တို့ ဖူးမျှော် ပူ ဇော်ရာဖြစ်ပြီး ပလ္လင်၏ ကျောဘက်နောက်ပိုင်းမှာ မိဖုရားငယ်များနှင့် ကတော် မယားတို့ ပူဇော် ဖူးမျှော် ရာ ဖြစ်သည် ။

ပလ္လင်၏ ဝဲယာ တွင် လေးတောင်ခန့်မြင့်သော ခြင်္သေ့ ရုပ် နှစ်ရုပ် ရံသည် ။ အခံခြင်္သေ့ရုပ်များကို ပလ္လင်၏ ခါးလယ်နှင့် အထက် ချင်ပိတ်တန်း တွင် လှိုင်ဂူငယ်များ သဏ္ဍာန် ထွင်း၍ သွတ်သွင်းထား သည် ။ ခြင်္သေ့ရုပ်များ အပြင် ပလ္လင်အောက်ဆုံးမှ ခုံနေရာတွင် သူငယ်တော်ရုပ်တို့ကို ပလ္လင်ကို ရှိခိုးနေ ဟန် ပြုလုပ်ထားသည် ။

ပလ္လင်အပေါ်ပိုင်းတွင် တပ်ဆင်သမျှ အရာအားလုံးကို “ ဥကင် “ ဟူ၍ ခြုံပြီးခေါ်သည် ။ ဥကင် ၏ ဝဲယာ ပန်းများ၌ သိကြားနတ်ရုပ် ခုနှစ်ရုပ်စီ ၊ ဥကင် ၏ အထက်က နတ်​ဆော်တွင် ဝဲယာ ရှစ်ရုပ်စီ ၊ မုတ်တိုင် ၏ ဝဲယာတွင် တစ်ရုပ်စီ ၊ တုရင်ဝမ်းတွင် မာဃ နတ်မင်းတစ်ရုပ် ၊ ပေါင်း သိကြားနတ် ၃၃ ရုပ် ရှိသည် ။

တုရင်၏ ဝမ်းအောက် သိကြားနတ်ရုပ်၏ နဖူးတွင် ရွှေမှန်တိုင် စိုက်ထားသည် ။ အဓိပ္ပာယ်မှာ .......

“ သင်မင်းကြီးသည် ငါ၏ နဖူး၌ နည့်တည့်မတ်မတ် စိုက်ထားသည့် ရွှေမှန်တိုင် ကဲ့သို့ ဖြောင့်မတ်စွာ တရားစီရင်လေ “ ဟူ၍ဖြစ်သည် ။

ဥကင်တိုင်၏ အထက်နှင့်အောက်တွင် စတုမဟာရာဇ နတ်မင်းကြီး လေးရုပ်ရှိသည် ။ ဥကင်တိုင်၏ အလယ် တစ်ဘက်တစ်ချက်စီတွင် နေ နှင့် လ ကို သရုပ်ဖော်ထားသည့် ဥဒေါင်းရုပ် နှင့် ယုန်ရုပ် ရှိ သည် ။ မြန်မာမင်းသည် သူရိယဝံသ ၊ စန္ဒဝံသ မှ ဆင်းသက် သည် ဟူသော အနက်ကိုဆောင်သည် ။

ခြူပန်းခြူးနွယ်တို့ဖြင့် တန်ဆာဆင်ထားသော ဥကင် တံခါးရွက် နှစ်ချပ်၏ အလယ်ဗဟို တွင် လောကနတ်ရုပ် တစ်ရုပ်စီ ရှိသည် ။ ဥကင်ဝဲယာ ကြာပွင့်ခံခြင်းမှာ ကမ္ဘာတည်စ ကတည်းက ကြာပေါ် ပေါက်လာသည့် သဘောနှင့် သန့်စင်ခြင်းကို အနက်ဆောင်သည် ။

ပလ္လင်ဥကင်၏ ဝဲယာ တွင် လောကနတ်နှင့် ဆင်ပျံ ခြင်္သေ့ရုပ်များ ရှိသည် ။ အဓိပ္ပာယ်မှာ - ခြင်္သေ့မင်း သည် ရတနာရွှေဂူ မှ ထွက်အလာ ကောင်ကင်ပျံဆင် နှင့်တွေ့၍ အစာဖြစ်သော တိမ်ညွန့် ကြောင့် ခိုက်ရန် ဖြစ်နေကြသည် ။ ထိုအခိုက် လောကနတ်မင်းသည် ခြေတွင် စည်းစုပ်တီး၍ သီချင်းသီကာ ကခုန်လေရာ သာယာလှသော အသံကြောင့် ခြင်္သေ့ နှင့် ဆင်ပျံ နှစ်ဦးတို့ ရန်ငြိမ်းကြသည် ။ ငြိမ်းချမ်းသာယာခြင်း အတိတ်နိမိတ်ကို ဆောင်ကာ ယင်းအရုပ်တို့ကို ထားသည်ဟု ဆိုရမည် ။

ရာဇပလ္လင် နှင့် ဥကင်တော်သည် မြေနန်းပြဿဒ်ကြီး ၏ အလယ် ပြဿဒ်ထီး နှင့် တည့်တည့် မှန်ထုပ်ချိန် ပြီးလျှင် တည်ထားရာ စရွေးကိုက် ချိန်သားကိုက် ဖြစ်သည် ။ ပလ္လင်တော် တစ်ရပ်လုံးကို ရွှေချထားပြီး မင်းမိဖုရားတို့ ပလ္လင်ပေါ် တက်ရောက်နိုင်ရန် ပလ္လင် ၏ နောက်ဘက်တွင် လှေခါး တပ်ဆင်ထား သည် ။

သတ်မှတ်ထားသည့် နေ့ရက်တွင် မင်း နှင့် မိဖုရား သည် အဆင်တန်ဆာများနှင့် အခန့်သင့် ပြည့်စုံစွာ ခါတိုင်းစံနေမြဲနေရာက စောင့်နေကြရသဘ် ။ အချိန် ရောက်ကြောင်း ၊ ပွဲတက်အရောက် စုံညီကြောင်းကို အတွင်းဝန်တို့က တင်လျှောက်လျှင် မင်းနှင့်မိဖုရားသည် ခင်းထားသော လမ်းအတိုင်း ရာဇပလ္လင်သို့ ထွက်တော်မူကြသည် ။

ပလ္လင်တော်အနီးသို့ မင်း နှင့် မိဖုရား တို့ရောက်ကြလျှင် ဥကင် တံခါးဖွင့်ရန် အသင့်စောင့်နေသူတို့က ဖွင့်ကြရသည် ။ ဖွင့်လျှင်ဖွင့်ခြင်း ထွက်စည်တော်စုံ ကို သုံးဖန်ချီ သုံးဖန်ချ ရှေ့တော်ပြေးမှူးက ကြီးကြပ် ၍ တီးရွမ်းရသည် ။

မင်း နှင့် မိဖုရား တို့ ရာဇပလ္လင် ပေါ်တွင်ထိုင်မိသည် နှင့် တစ်ပြိုက်နက် စည်တော်အတီး ရပ်ရသည် ။ ရပ်လျှင် ရှစ်ပါး ပုဏ္ဏားတို့က ဘိသိက်တော် ဆက်မြဲ ဆက်ရသည် ။ သည့်နောက် အခမ်းအနားအလိုက် လုပ်ရိုးလုပ်စဉ် တိူ့ကို ဆက်လက် ခင်းကျင်းလုပ် တောင်ကြရသည် ။

မြတ်စွာဘုရား နေတော်မူသည့်ပလ္လင်ကို “ အပရာဇိတပလ္လင် “ ၊ နတ်တို့နေရာပလ္လင် ကို “ ဒိဗ္ဗပလ္လင် “ ၊ မင်းတို့နေရာပလ္လင်ကို “ ရာဇပလ္လင် “ ၊ ဟူ၍ ပလ္လင် သုံးမျိုး သုံးစား ရှိကြောင်း မှတ်သားရသည် ။

သီဟာသနပလ္လင်တော် ထက်ရှိ ဥကင်တော်ကြီးမှာ ဘုရင် မှန်ကင်းတိုင် ၊ မုခ်တိုင် ၊ မုခ်ထွတ် ၊ စိုင်ဘောင် ၊ ကြေးခွေ တို့ဖြင့် အချိုးအစားကျပြီး ခံ့ညားလှ သည် ။ ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်း ၊ ယပ် ၊ ဆင်နားဇာ ၊ တံခါးတိုင် ၊ ကြာပွင့် ၊ စိတ်ပွင့် ၊ သိကြား ၊ လောကပါလ ၊ ခြူးကြာ ၊ ဦးတောက်ပန်း ၊ နဝရတ်ကိုးပါး တို့ဖြင့် ဆန်းကျယ်လှသည် ။

ယင်းပလ္လင်နှင့် အလားတူ သီဟာသနပလ္လင်တော် တစ်ရပ်ကို လွှတ်တော် ဇေတဝန်ဆောင်တွင် ထား သည် ။ လွှတ်တော်၌ ဘုရင်မင်းမြ

Address

No(2); Hlae Dann : Nyaung Oo
Bagan
001

Telephone

959440033321

Website

Alerts

Be the first to know and let us send you an email when SMILE BAGAN Car Rentals & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMILE BAGAN Car Rentals & Services:

Share

Category