The Car Addicts

The Car Addicts ကားများအား ရူးသွပ်ခြင်းကို အခြေခံသော၊
လွတ်လပ်သော မီဒီယာ

est 2021

18/05/2026

ပထမဆုံး BMW M Festival အတွေ့အကြုံ 🏁🔥

ပြထားတဲ့ကားတွေကလည်း ရေလည်မိုက်သလို တာယာနဲ့ ကတ္တရာအမှုန်တွေ လာစင်တဲ့အထိ Drift show ကို နီးနီးကပ်ကပ် ကြည့်ခဲ့ရတာကလည်း one hell of an experience ပါပဲ

နေရာကတော့ Asia မှာ တစ်ခုတည်းသော BMW Driving Center ဖြစ်တဲ့ BMW Advanced Driving Center Seoul (Incheon, South Korea) ဖြစ်ပါတယ်ခင်ဗျား

ယခင်အပတ်မှ အဆက် (၃)ဂျာမနီနိုင်ငံတောင်ပိုင်း နေးဘားဂရင်းကားပြိုင်ကွင်းကြီးတွင် အမည်မသိမော်ဒယ်သစ်တစ်ခုကို infiniti g 35 ဟန...
17/04/2026

ယခင်အပတ်မှ အဆက်

(၃)

ဂျာမနီနိုင်ငံတောင်ပိုင်း နေးဘားဂရင်းကားပြိုင်ကွင်းကြီးတွင် အမည်မသိမော်ဒယ်သစ်တစ်ခုကို infiniti g 35 ဟန်ဆောင်၍ နစ်ဆန်းမော်တာ ကုမ္ပဏီမှ အင်ဂျင်နီယာများက အပြင်းအထန် စမ်းသပ်နေသည်ကိုတွေ့ရှိရပြန်သည်။ မကြာသေးခင်က မိတ်ဆက်ထားသော နစ်ဆန်း GT-R ၏ ရှေ့ပြေးပုံစံသစ်ဖြစ်နိုင်သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြခဲ့ကြ၏။
နစ်ဆန်း၏ ဂေါ်ဇီလာကြီးအားအသက်သွင်းခြင်းသည်ကား တစ်စ တစ်စ ရုပ်လုံးပုံလာလျက်ရှိ‌လေပြီ။

သို့သော် ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့် စူပါကားတစ်စီးအား မည်သူက နောက်ကွယ်မှ ကြိုးစားအားထုတ်၍ ဖန်တီးပေးနေလေသနည်း ?

မီဇူနို ကာဇူတိုရှီ ဆိုသော လူငယ်လေးတစ်ယောက်သည် 1970 အစောပိုင်းမှစ၍ နစ်ဆန်း မော်တာကော်ပိုရေးရှင်းကြီးတွင် အင်ဂျင်နီယာပေါက်စလေးတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့လေသည်။ ငယ်စဉ်တည်းက ကားများကို ဝါသနာပါသောကြောင့် ၎င်းနယ်ပယ်တွင် ပျော်မွေ့ခဲ့သည်ဟုဆိုသည်။ များမကြာမီ နစ်ဆန်း၏ ဌာနခွဲ Autech သို့ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၈၇ တွင် နစ်ဆန်းပိုင် Nismo အသင်းသို့ရောက်ရှိကာ R33 GT-R အား ပြင်သစ်နိုင်ငံရှိ လမန်း ၂၄ ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တစ်စိတ်တစ်ပိုင်း ကြိုးပမ်းပေးခဲ့ပြန်သည်။ gtr 34 ၏ လက်ထောက်အင်ဂျင်နီယာအဖြစ် အရေးပါသည့်နေရာမှလည်း ပံ့ပိုးခဲ့သေး၏။ ထို့နောက် fairlady Z33 ၏ ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်ရပြန်သည်။ Infinity FX နှင် Skyline v35 တို့၏ အင်ဂျင်နီယာစာရင်းတွင်လည်း မီဇူနို ပါသေး၏။

ဤသို့ဖြင့် ၂၀၀၃ အရောက်တွင်တော့ မစ္စတာ ကားလို့စ်ဂေါန်မှ GT-R စူပါကား၏ ခေါင်းဆောင်အင်ဂျင်နီယာအဖြစ်ဆောင်ရွက်ပေးရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။ သို့သော် ထူးဆန်းစွာပင် ယင်းအဆိုကို မီဇူနိုက ယတိပြတ်ငြင်းပယ်ခဲ့၏။
အကြောင်းကား စီးပွားရေးသမားဖြစ်သည့် ကားလို့စ်၏ "GT-R အား နစ်ဆန်း၏ ရှိရင်းစွဲ front midship f.m chasis ကိုယ်ထည်ပေါ်တွင် တည်ဆောက်မည်" ဟူသည့် အဆိုကို သဘောမတူ၍ဖြစ်သည်။ အနောက်တိုင်းမှ စူပါကားများနှင့် ရင်ဘောင်တန်းချင်လျှင် r34 ၏မျိုးဆက်သစ်အနေဖြင့် ယူဆ၍မရ၊ သီးသန့် စူပါကားတစ်စီးအဖြစ် အင်ဂျင်၊ မောင်းနှင်စနစ်၊ ကိုယ်ထည် စသည်များတွင် အကောင်းတကာ့အကောင်းဆုံးဖြစ်အောင် အားထုတ်မှ ရမည်ဟု မီဇူမိုက တထစ်ချယုံကြည်ထားသည်။ ထို့ကြောင့် သူ၏အဖွဲ့နှင့်အတူ ရှေ့ပြေး ကိုယ်ထည်သစ်တစ်ခုတည်ဆောက်ပြကာ နစ်ဆန်းဘုတ်အဖွဲ့အား သက်သေပြခဲ့၏။ ထိုမှသာ သတောတူညီချက်ရ၍ မီဇူနို အား အဓိက တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ပိုင်ခွင့်၊ အာဏာကုန်လွှဲအပ်လိုက်လေတော့သည်။

ထိုမှစ၍ နစ်ဆန်း၏ ထိပ်တန်းအင်ဂျင်နီယာ၊ ဒီဇိုင်နာများဖြင့် လက်ရွေးစင်အဖွဲ့ ဖွဲ့စည်းကာ ရှေ့ပြေးမော်ဒယ်များတည်ဆောက်ခြင်း၊ လေခွင်းအားစမ်းသပ်ခြင်းလုပ်ငန်းများကို စတင်ခဲ့လေသည် ပေါ်ရှေး၊ ဖာရာရီစသော ဥရောပထုတ်ပြိုင်ကားများအား ယှဉ်ပြိုင်နိုင်ရန် တန်းဝင်သည့် ကားတစ်စီးဖြစ်ရန် ဦးတည်ချက်ထားကာ ဂျပန်တို့၏ တိကျသေသပ်၊ ခေတ်ရှေ့ပြေးသော စက်မှု၊ လက်မှု၊ နည်းပညာများအား အသုံးချ၍ ဂေါ်ဇီလာကြီးကို အသွင်တစ်မျိုးဖြင့် ပြန်လည်အသက်သွင်းခြင်းခရီး စတင်ခဲ့တော့သည်။

( ၄ )

ဂေါ်ဇီလာကြီး၏ ပစ်မှတ်ကား ထိုအချိန်တွင် စူပါကားလောက၌ လူတွင်ကျယ်လုပ်လျက်ရှိ‌သော စတူးဂါ့တ်မှဂျာမန်တို့၏ ပေါ်ရှေး 996 တာဘို ဖြစ်သည်။ GT1 ပြိုင်ကားမှ အင်ဂျင်စွမ်း‌ဆောင်ရည်၊ နောက်ဆုံးပေါ်‌ လေးဘီးယက်စနစ်များနှင့် လေခွင်းအားကို ထိန်းချုပ်နိုင်သော ကိရိယာများပါဝင်သော်လည်း ဈေးနှုန်းကို အင်မတန်သက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့သည့်အတွက် ထိပ်တိုက်ယှဉ်ပြိုင်နိုင်သူ ရှားလှ၏။ ထိုစံနှုန်းအား ရင်ဘောင်တန်းနိုင်ရန် နစ်ဆန်းတို့အတွက် မလွယ်ကူလှသည်မှာ အမှန်ပေ။ သို့သော် နှစ်ပေါင်းများစွာ ကားပြိုင်ပွဲများမှ ရရှိခဲ့သော အတွေ့အကြုံများနှင့် r32 ကတည်းကပင် ပေါ်ရှေး 959 ၏ လေးဘီးယက်မောင်းနှင်စနစ်ကို အတုယူကာ ထုတ်လုပ်ပြနိုင်ခဲ့သည့်အတွက် ယခုတစ်ခေါက်တွင်လည်း အောင်မြင်ဦးလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။

မီဇူနို၏ အစီအစဉ်မှာ GT-R ကို Grand Touring (ဇိမ်ခံခရီးရှည်မောင်း) ကားတစ်စီးနှင့် Racing (ပြိုင်ကား) စစ်စစ်တစ်စီး ပေါင်းစပ်ထားသော ကားတစ်စီးအဖြစ်ဖန်တီးနိုင်ရန်ဖြစ်သည်နှင့်အညီ အောက်ပါ ရည်မှန်းချက် ၃ ခုကိုပါချမှတ်ခဲ့လေသည်။

၁။ နေးဘားဂရင်းပြိုင်ကွင်းအား ၈ မိနစ်အောက်ဖြင့် ပန်းဝင်နိုင်ရမည်။

၂။ အများပြည်သူသုံး လမ်းမများထက်တွင်ပင်လျှင် တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းဖြင့် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ရမည်။

၃။ ကားအလေးချိန် ၄ ပေါင်လျှင် မြင်းကောင်ရေ တစ်ကောင်အား ရှိရမည် ဟူ၍ ဖြစ်၏။

ထိုအချိန်၌ နစ်ဆန်းမှ ယင်းစွမ်းဆောင်ရည်သတ်မှတ်ချက်များဖြင့်ပြည့်မှီသော ပြိုင်ကားတစ်စီးထုတ်လုပ်နိုင်မည်ဟု ယုံကြည်ရန် အတော်ပင်ခဲယဉ်းလှသည်ကတော့ အမှန်ပေ။

အပိုင်း (၅) နှင့် (၆) ဆက်ရန်

360° ဗီဒီယို, ဓာတ်ပုံတွေ ရိုက်ချင်တဲ့ Drifter, Biker brother တွေရှိရင် ကျွန်တော်တို့ကတစ်ဆင့် Insta360 ရဲ့ Official Produ...
16/04/2026

360° ဗီဒီယို, ဓာတ်ပုံတွေ ရိုက်ချင်တဲ့ Drifter, Biker brother တွေရှိရင် ကျွန်တော်တို့ကတစ်ဆင့် Insta360 ရဲ့ Official Products တွေကို စိတ်ချလက်ချ ဝယ်ယူနိုင်ပါပြီဗျာ

ကျွန်တော်တို့ The Car Addicts က Insta360 ရဲ့ Official Affiliate Partner အဖြစ် ပူးပေါင်းထားပါတယ်

Overseas က brother တွေကတော့ ဒီ "INRSGQ7STPT" Code လေးကို သုံးပြီး Official Web Store ကနေပဲ တိုက်ရိုက် ဝယ်ယူလို့ရပါတယ်

- 360° camera (X series)
- Action camera (Ace Pro 2, Go 3s)
- Car/ Bike mount
- Bundles
- Accessories ‌

စတဲ့ Insta360 product line up တွေအားလုံး available ပါ

official warranty ပါပါမယ်
seasonal sales ရှိရင် ရှိသလို discount သို့မဟုတ် extra gift တွေရနိုင်ပါမယ်

အခုလောလာဆယ်တော့ 200gb insta360 cloud storage တွေကို ၁ နှစ် (သို့) ၆ လစာ free ပေးနေပြီး Ace Pro-2 action cam ကိုလည်း $50 လောက် discount ပေးနေပါတယ်

Action Cam တွေက ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားပြီး တောက်လျှောက် keep up လုပ်နေတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ဘယ်လို model မျိုးဝယ်သင့်လဲ တိုင်ပင်တာကစလို့ Price, Payment, Delivery အထိ အစအဆုံးကူညီပေးပါမယ်

DM မှာ အသေးစိတ် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျား

No Hybrids. Not Electric. Pure ICE power. 🦅🇺🇸800+ hp Twin Turbo V6 နဲ့အတူ နေးဘားဂရင်းမှာ ကမ္ဘာ့အမြန်ဆုံး ICE ပြိုင်ကား ဖ...
15/04/2026

No Hybrids. Not Electric. Pure ICE power. 🦅🇺🇸

800+ hp Twin Turbo V6 နဲ့အတူ နေးဘားဂရင်းမှာ ကမ္ဘာ့အမြန်ဆုံး ICE ပြိုင်ကား ဖြစ်လာတဲ့ ford GT MK IV

6:15.977 ‌ဆိုတဲ့ lap time က overall lap record တွေအားလုံးထဲမှာလည်း Porsche 919 "hybrid" evo နဲ့ VW ID.R (electric) တို့ပြီးရင် တတိယ အမြန်ဆုံးပဲ

track only ပြိုင်ကားဖြစ်တဲ့အလျောက် Nürburgring ရဲ့ policy အရ "prototype" category အောက်မှာ ဝင်ပြီး hp 2000 ထွက်တဲ့ Lotus Evija ထက် 10 စက္ကန့်၊ "production" category မှာ အမြန်ဆုံး AMG One ထက် 14 စက္ကန့်နီးပါး ပိုမြန်တယ်

Corvette ZR1 နဲ့ လူတွင်ကျယ်လုပ်လာတဲ့ chevy ကို ford က ပြန်တုံ့ပြန်တဲ့ ခြေလှမ်းတစ်ခုပေါ့

(အချိန်မှားရောက်လာခဲ့တဲ့ ကားတစ်စီးလို့ ဆိုရမယ့် Ford GT (Road Version) အကြောင်းကိုတော့ ကောမန့်မှာ link ထည့်ပေးထားပါမယ်)

956 ဆိုတဲ့ 1980 လောက်က porsche race car ကြီးတစ်စီးက အဲဒီခေတ်မှာထဲက 6:11.13 ဆိုတဲ့ record ကိုရထားခဲ့ဖူးတာကြောင့် technically 956 က အမြန်ဆုံး ICE ကား ဖြစ်ရမယ်ဆိုပေမယ့် သီးသန့် record run မောင်းတာမဟုတ်ပဲ ပြိုင်ပွဲ qualifying အတွင်းမှာ ရထားတဲ့ lap time ဖြစ်နေလေတော့ Nürburgring ရဲ့ "Qualifying" Category အောက်ကို ဝင်သွားတာကြောင့် GT MK IV ကပဲ official record holder ဖြစ်လာခဲ့ပါကြောင်း...


10/04/2026

Drifting ရဲ့ သမိုင်းကြောင်း (သို့) လွတ်လပ်သော ကားယဉ်ကျေးမှုတစ်ခုရဲ့ အစ 🔰

Duration - 5:31 sec
Presentation by The Car Addicts

Disclaimer: No COPYRIGHT infringement intended. For entertainment purposes only. I do not own the VIDEOS. All rights and credits go to the rightful owner.

လိုရင်းတိုရှင်း ကားသတင်းလျှပ်စစ်ကားတွေကို ဈေးကွက်ထဲမှာ ပထမဆုံး တွင်တွင်ကျယ်ကျယ်ထုတ်လုပ်ကာ Auto Industry ကို အပြောင်းအလဲအ...
08/04/2026

လိုရင်းတိုရှင်း ကားသတင်း

လျှပ်စစ်ကားတွေကို ဈေးကွက်ထဲမှာ ပထမဆုံး တွင်တွင်ကျယ်ကျယ်ထုတ်လုပ်ကာ Auto Industry ကို အပြောင်းအလဲအကြီးကြီးဖြစ်စေခဲ့တဲ့ လျှပ်စစ်ကား‌တွေဖြစ်ကြတဲ့ Tesla Model S နဲ့ Model X တို့ကို Q2 2026 ထုတ်လုပ်မှုရပ်ဆိုင်းမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ အပတ်အတွင်း Tesla ကကြေငြာပါတယ်

Humaoid robot "Optimus" နဲ့ မောင်းသူမဲ့ "Robotaxi" တို့မှာ ပိုအားစိုက်ဖို့ 2012 မှာ မိတ်ဆက်ခဲ့ပြီး ၁၀ နှစ်ကျော် သက်တမ်းအတွင်း EV တို့ရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် infrastructure ကောင်းတွေ၊ innovation တွေ၊ အငြင်းပွားမှုတွေ များစွာဖန်တီးပေးခဲ့ကြတဲ့ ဒီကားနှစ်စီးကို "honorable discharge - ဂုဏ်သရေရှိစွာ အနားပေးလိုက်ပြီ" လို့ဆိုပါတယ်

သူ့ခေတ်သူ့အခါကတော့ အလွန်ခေတ်ရှေ့ပြေးတဲ့ ကားတွေဆိုပေမယ့် အခုချိန်မှာတော့ ပြိုင်ဖက်တွေကလည်း premium sedan segment မှာ တန်းတူယှဉ်ပြိုင်လာနိုင်ပြီဖြစ်ပြီး အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲကြောင့် EV Tax Credit မရတော့တာကလည်း Tesla အတွက် ထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့ပြန်ပါတယ်

2025 ခုနှစ်မှာ total ရောင်းအား 8.6% ကျဆင်းပြီး Model S နဲ့ X တို့နှစ်ခုပေါင်းရောင်းအားဟာ စုစုပေါင်းရဲ့ 2% တောင်မပြည့်တော့ပါဘူး အစီး 100 ရောင်းရရင် Model S နဲ့ X နှစ်စီးပဲ ပါတော့တဲ့ သဘောပါ Lucid Air က Model S ထက် ပိုရောင်းနေရသလို၊ Rivian R1S, BMW iX နဲ့ Kia EV9 တို့ကလည်း Model X ရောင်းအားကို ကျော်တက်သွားခဲ့ပါပြီ

ဆိုတော့ Tesla ဟာ "ကား"ထက် "နည်းပညာ" ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ခံယူထားတဲ့ Elon ကတော့ အကျိုးအမြတ်ပိုရနိုင်တဲ့ Autonomous Technology တွေဖက်ကိုပဲ ပိုအားစိုက်ထုတ်တော့မယ်ပုံပါပဲခင်ဗျား



( ၁ )အချိန်ကား ၂၀၀၀ ခုနှစ်ဝန်းကျင်လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု‌ကျော်က ကမ္ဘာကြီးသည် ယနေ့ခေတ်အမြင်နှင့်ဆိုလျှင် အင်မတန်ခေတ်...
05/04/2026

( ၁ )

အချိန်ကား ၂၀၀၀ ခုနှစ်ဝန်းကျင်

လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု‌ကျော်က ကမ္ဘာကြီးသည် ယနေ့ခေတ်အမြင်နှင့်ဆိုလျှင် အင်မတန်ခေတ်နောက်ကျနေပေသေးသည်။

ကမ္ဘာ့နိုင်ငံရေး တင်းမာလျက်ရှိပြီး ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆီသို့ တစ်စတစ်စ ဦးတည်ချက်ရှိသော အချိန်လည်း ဖြစ်၏။

သို့သော်...

ခလုပ်ဖုန်း၊ ကြိုးဖုန်းများ သုံးရာက သင့်ဘောင်းဘီအိပ်ကပ်ထဲထည့်သွားလို့ရ၍ ဖန်သားပြင်ကို လက်နဲ့ပွတ်ဆွဲကာ အသုံးပြုနိုင်သော အလွန်ခေတ်ရှေ့ပြေးသည့် စမတ်ဖုန်းများကို အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုက စတင်မိတ်ဆက်ခဲ့သည်။

ဟားဗက်မှ ကျောင်းသားလေးတစ်ဦး တီထွင်သည့် ကောလိပ်ကျောင်းသားများအချင်းချင်း ဆက်သွယ်နိုင်သည့် ဝက်ဘ်ဆိုက်လေးတစ်ခုသည်လည်း စတင် လူကြိုက်များလာချိန်ဖြစ်သည်။

နောက်အနှစ် ၂၀ အတွင်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်လာမည့် စွန့်ဦးတီထွင် စီးပွားရေးသမား လူငယ်တစ်ဦးက‌တော့ ထိုအချိန်တွင် လျှပ်စစ်ကား၊ ဒုံးပျံယာဉ် စတဲ့ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို စတင်အုတ်မြစ်ချနေခဲ့သည်။

၅ နှစ်ဆက်ချန်ပီယံ ဂျာမန်ပြိုင်ကားမောင်းသမား အနားယူသွားခြင်းကြောင့် ဖော်မြူလာဝမ်းကားပြိုင်ပွဲများတွင်တော့ အလှည့်အပြောင်းများစွာ မြင်နေရ၏။

တစ်ချိန်တည်းမှာပင် ဂျပန်ပြည်တွင်တော့ ၉၀ ခုနှစ်များမှ အစပြုခဲ့သော မော်တော်ကားဈေးကွက်၏ ရွှေခေတ်သည် Y2K အရောက်တွင် တဖြည်းဖြည်း အရောင်မှိန်ကာ ကျဆင်းလာနေလေသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသောပြိုင်ကားများမှ ဆီစားသက်သာ၍ ပြုပြင်ထိန်းသိမ်းရ လွယ်ကူသောကားများကိုသာ ဝယ်သူများက ပို၍နှစ်ခြိုက်လာကြသည်။ ကားအမြန်မောင်းခြင်းသည် လူကုံထံများသာ တတ်နိုင်သော အပန်းဖြေနည်းတစ်ခုဖြစ်လာ၏။ ဂျပန်နိုင်ငံ၏ထိပ်တန်းမော်တော်ကားကုမ္ပဏီများသည်ပင် ထိုအကျပ်အတည်းများကို အပြင်းအထန်ခံစားကြရ၏။

ထိုကုမ္ပဏီများထဲတွင် နစ်ဆန်းမော်တာကော်ပိုရေးရှင်းကြီးသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ‌အေးသထက်အေးလာသော ဈေးကွက်အတွင်း ဆက်လက်ရပ်တည်ရန် ခက်ခဲလာသဖြင့် ဒေဝါလီခံရန် တစ်စတစ်စနီးကပ်လာနေတော့သည်။

ထို့ကြောင့် ပြင်သစ်ကုမ္ပဏီ ရေးနိုးလ် (Renault) ထံသို့ အစုရှယ်ယာအများအပြားရောင်းချကာ ဒေဝါလီခံရမည့်ဘေးမှ လက်မတင်ကလေး လွတ်မြောက်နိုင်သွားခဲ့၏။ ထိုမှစ၍ ရေးနိုးလ်၏ဦးဆောင်သူ မစ္စတာ ကားလို့စ်ဂေါန်က နစ်ဆန်းမော်တာကိုပါ ပူးတွဲအုပ်ချုပ်ခဲ့တော့သည်။ ကားလို့စ်ဂေါန်သည် စီးပွားရေးအမြင် အင်မတန်ထက်မြက်သူတစ်ယောက်ဖြစ်သည့်အတိုင်း ဒေါ်လာနစ်ဆန်းအား တစ်နှစ်အတွင်း ကန်ဒေါ်လာ ၆.၅ ဘီလီယံအရှုံးပေါ်နေရာမှ ၂ ဘီလီယံအမြတ်ရရှိသည်အထိစွမ်းဆောင်နိုင်‌ခဲ့လေသည်။ သို့သော် နစ်ဆန်း၏ နာမည်‌ကျော် Skyline ပြိုင်ကား မျိုးဆက်သစ်ကိုတော့ ဆက်လက်မထုတ်လုပ်သေးပေ။

Skyline ပြိုင်ကားသည်ကား ဂျပန်နိုင်ငံ၏ အဖိုးတန် ပြယုဂ်တစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှ ကားရူးများထံသို့ ပျံ့နှံ့စိမ့်ဝင်နှင့်ခဲ့ပြီးဖြစ်သည်။

ခေတ်အဆက်ဆက် ဂျပန်တို့ ဂုဏ်ယူ၍မဆုံးသော၊ အင်မတန် ခေတ်ရှေ့ပြေးသောဖန်တီးမှုတစ်ခုမဟုတ်ပါလော။

နစ်ဆန်းအနေဖြင့် ထိုသို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော အရာတစ်ခုကို လွယ်လွယ်နှင့် လက်လျှော့ပစ်ရန် ခက်ခဲလှသည်။

ဤသို့ဖြင့် ဒဏ္ဍာရီထဲမှ ဂေါ်ဇီလာကြီးအား ပြန်လည်အသက်သွင်းရန် အချိန်ကျရောက်လာပေတော့သည်။

( ၂ )

၂၀၀၁ ခုနှစ် တိုကျိုကားပြကြီးပွဲတွင် နစ်ဆန်းက infiniti G53, Fairlday 350z တို့နှင့်အတူ GT-R ဟု ခေါ်ဆိုသော ပြိုင်ကားသစ်တစ်စီး၏ စိတ်ကူးယဉ်ပုံစံသစ်ကို မိတ်ဆက်ခဲ့လေသည်။ တံခါးလေးပေါက် ဆီဒင်ကား Skyline ၏မျိုးကွဲတစ်ခု (Skyline GT-R) အဖြစ်မဟုတ်ပဲ၊ GT-R ဆိုသည့် သီးသန့် စူပါကားတစ်စီးအဖြစ်ခွဲထုတ်မည်ဖြစ်ကြောင်းပါ ကြေငြာ၏။

နစ်ဆန်း၏ အုပ်ချုပ်ရေးပိုင်း၊ ဘဏ္ဍာရေးပိုင်းတွင် အပြောင်းအလဲများစွာဖြစ်နေချိန် ယခုကဲ့သို့ မထင်မှတ်ထားသော ကားမော်ဒယ်သစ်များကို ချပြလာသဖြင့် သတင်းမီဒီယာများတွင် ပွတ်လောရိုက်သွားကြ၏။

သို့သော် GT-R တွင် မည်သည့်အင်ဂျင်၊ မည်သည့်မောင်းနှင်စနစ်များ အသုံးပြုလာမည်ကိုတော့ နစ်ဆန်းဖက်မှ အတည်မပြု‌သေးပေ။

ကားလို့စ်၏ "Nissan Revival Plan" ဟုခေါ်သော ကြိုးပမ်းမှုအထမြောက်ကာ အကြွေးနွံထဲမှ ကယ်ထုတ်ပြီးသည့်နောက်မှစ၍ နစ်ဆန်း၏ ဦးတည်ချက်အသစ်သည်ကား ပေါ်ရှေး၊ ဖာရာရီ စသော ကမ္ဘာကျော် ပြိုင်ကားများဖြင့် ရင်‌ဘောင်တန်းနိုင်‌သော ဂျပန်နိုင်ငံထုတ် ပြိုင်ကားတစ်စီးထုတ်လုပ်ရန်ဖြစ်ခဲ့၏။ သို့သော် Skyline GT-R ကဲ့သို့ အစဉ်အလာကြီးမားလှသော ပြိုင်ကား၏ မျိုးဆက်သစ်တစ်ခုကို ပေါ့ပေါ့တန်တန်မျှသာ ထုတ်၍မဖြစ်ချေ။

ဂျပန်ပြည်တွင် ဂုဏ်ယူစွာထုတ်လုပ်ကာ၊ ဂျပန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ စိတ်ဝိညာဉ်တို့ကို ရောင်ပြန်ဟပ်သော၊ ဆာမူရိုင်းတစ်ယောက်၏ လျင်မြန်သွက်လက်ခြင်း၊ ဒဏ္ဍာရီလာ ဂေါ်ဇီလာကြီးတစ်ကောင်၏ ခွန်အားအရှိန်အဝါကြီးမားခြင်းကို ဖော်ဆောင်သော ပြိုင်ကားတစ်စီး အဖြစ်ဖန်တီးရပေမည်။

ဂျပန်ပြည်တွင်း၌သာ ရောင်းချသော JDM ကားမဟုတ်ပဲ တစ်ကမ္ဘာလုံး၏ဈေးကွက်ကိုထိုးဖောက်မည့် ကားတစ်စီးဖြစ်သည့်အလျောက် နစ်ဆန်း၏ သမိုင်းတစ်လျှောက် မကြုံခဲ့ရဖူးသော ဖန်တီးမှုအသစ်တစ်ခုဖြစ်မည်ကတော့ အသေအချာပင်။

ထို့ကြောင့် နစ်ဆန်း ဂျီတီအာမော်ဒယ်သစ်၏ ဒီဇိုင်နာကို ရွေးချယ်ရာတွင် အောက်ပါ စံနှုန်းများနှင့် ယှဉ်ကာ ဂရုတစိုက် ရွေးချယ်ခဲ့၏။

၁။ ဂျပန်လူမျိုးဖြစ်ရမည်။

နစ်ဆန်းသည် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့ကြောင့် ဂျပန်လူမျိုးတို့၏အကြိုက်၊ ဂျပန်ကားတို့၏အနှစ်သာရကို ဂျပန်လူမျိုးတစ်ယောက်ကသာ နားလည်နိုင်လိမ့်မည်ဟု ကားလို့စ်ဂေါန်က ယုံကြည်သည်။

၂။ နိုင်ငံတကာအတွေ့အကြုံရှိရမည်။

တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချမည့် ပြိုင်ကားတစ်စီးဖြစ်သည်နဲ့အညီ ဂျပန်တို့၏ နှစ်ပေါင်းများစွာ အသားကျနေသော အတွေးအခေါ်၊ အယူအဆတို့မှလည်း ကွဲထွက်ရန် လိုအပ်၏။

၃။ နစ်ဆန်းမှ ဝန်ထမ်းမဖြစ်ရ။

ဒုတိယအချက်နည်းတူ နစ်ဆန်းမှ ထုတ်လုပ်ခဲ့သမျှ ပြိုင်ကား တစ်စီးနှင့်မှမတူသည့် ကမ္ဘာကိုထိုးဖောက်မည့် Halo ပြိုင်ကားသစ်တစ်စီးအဖြစ် ဆန်းသစ်တီထွင်ရန်လည်း လိုပြန်သေးသည်။

ထိုစံချိန်စံနှုန်းများဖြင့် ကိုက်ညီသည့် မော်တော်ကားဒီဇိုင်နာတစ်ဦးအား စီစစ်ရှာဖွေခဲ့ရာ နစ်ဆန်း၏ ကုမ္ပဏီခွဲ ISUZU ၌သွားရောက်တွေ့ရှိပေတော့သည်။

သူ၏အမည်ကား မစ္စတာ ရှီရို နာကာမူရာ
Fingers ဆိုသည့် အမည်ဖြင့်လည်း လူသိများ၏။
ISUZU ၌ရှိခဲ့စဉ်က Vehi cross ကဲ့သို့ တစ်မူကွဲပြားသည့် ကားများအား ဖန်တီးခဲ့ဖူးသည်။ ကားလို့စ်၏ ကမ်းလှမ်းမှုဖြင့် နစ်ဆန်းသို့ ရောက်ရှိလာသော အခါတွင်ကား နစ်ဆန်း၏ ဒီဇိုင်းအမှုဆောင်အရာရှိအဖြစ် တာဝန်ယူကာ GT-R မှစ၍ Fairlady, G35, Cube, Juke, Murano, Leaf စသော ကားမော်ဒယ်များအား ဖန်တီးရာတွင် ကိုယ်တိုင်ပါဝင် ကြီးကြပ်ခဲ့လေသည်။ ထိုမော်တော်ကားများကို လေ့လာခြင်းအားဖြင့် မစ္စတာ နာကာမူရာ၏ မတူကွဲပြားသော ဒီဇိုင်းအတွေးအခေါ်ကို မြင်ရပေမည်။

လေခွင်းအားတစ်ခုတည်းကိုသာ ဦးစားပေးလျှင် ထိုအချိန်က အခြားသော ပြိုင်ကားများနှင့် ထူးမခြားနားဖြစ်လိမ့်မည်ဟု မစ္စတာ နာကာမူရာက ဆိုသည်။
ထို့ကြောင့် မြင်လိုက်သည်ဖြင့် ဂျပန်ကားတစ်စီး၏ အငွေ့အသက်များ ထုံမွှမ်းကာ "ကာတန" ဓားတစ်လက်ကဲ့သို့ စူးရှ ထက်မြက်သော ကားဒီဇိုင်းတစ်ခုကို အင်မတန် လှပစွာ ဖန်တီးပေးခဲ့လေသည်။ ဘော်ဒီပ အချိုးအကွေ့၊ ကောက်ကြောင်းတစ်ခုချင်းစီသည်ပင်လျှင် လေကို ချောမွေ့စွာ စီးဆင်းစေခြင်းဖြင့် ကား၏ လေခွင်းအားကို အထောက်အကူပြုမည်ဟု ဆိုသည်။

ဤသည်ကား ၂၀၀၁ ခုနှစ် တိုကျိုကားပြပွဲမှစ၍ ပထမဆုံး ပေါ်ထွက်လာခဲ့သော နစ်ဆန်း GT-R ၏ နောက်ခံသမိုင်းတည်း။

အပိုင်း (၃) နှင့် (၄) ဆက်ရန်...

တစ်ပတ်ရစ် Altezza အဟောင်းလေးများနှင့်  စတင်ခဲ့သော သိပ်ကိုမှ passionate ဖြစ်လှတဲ့ Motorsport ဇာတ်လမ်းတစ်ပုဒ်အချိန်က ၂၀၀၇ ...
04/04/2026

တစ်ပတ်ရစ် Altezza အဟောင်းလေးများနှင့် စတင်ခဲ့သော သိပ်ကိုမှ passionate ဖြစ်လှတဲ့ Motorsport ဇာတ်လမ်းတစ်ပုဒ်

အချိန်က ၂၀၀၇ ခုနှစ်ဝန်းကျင်

Toyota ဆိုတာ ဆီစားသက်သာတဲ့ Hybrid တွေ၊ အိမ်စီးကားလေးထုတ်သွားဖို့ကိုပဲ ဦးတည်လျက်ရှိတဲ့ "Boring Car Maker" လို့ အဝေဖန်ခံနေရပြီး ရှေးရိုးစွဲ ကုမ္ပဏီဘုတ်အဖွဲ့ဝင်တွေကလည်း "ကားပြိုင်တာဟာ ပိုက်ဆံဖြုန်းတာပဲ" လို့ ယူဆထားကြတဲ့ခေတ်ပေါ့။

အဲဒီအချက်နဲ့ပတ်သက်လို့ Toyota ရဲ့ ဝါရင့် Test Driver ကြီး Hiromu Naruse က တိုယိုတာရဲ့ ဒုဥက္ကဌ Akio Toyoda ကို "ခင်ဗျားတို့လို ရာထူးကြီးပိုင်းက လူတွေအနေနဲ့ ကားတစ်စီးရဲ့ potential ကို အဆုံးစွန်ထိ တွန်းပြီး ပိုင်ပိုင်နိုင်နိုင် မောင်းနိုင်တဲ့ အစွမ်းအစမျိုးရှိမှ ကားပြိုင်တာ ကောင်းတယ် မကောင်းဘူး ဝေဖန်သင့်တယ်" လို့ ဒဲ့ ပြောခဲ့ဖူးပါတယ်တဲ့။

အမှန်တကယ်ပဲ Akio ဟာ ငယ်စဉ်တည်းက racing ကို ဝါသနာပါပေမယ့် မိသားစုအရှိန်အဝါကြောင့် စီးပွားရေး နယ်ပယ်ထဲမှာသာ ကြီးပျင်းလာရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် Akio ကိုယ်တိုင်ကိုက တိုယိုတာရဲ့ လက်ရှိမူဝါဒကို သိပ်တော့ သဘောမကျလှပါဘူး။

တစ်ပုံချင်းစီမှာ ဆက်လက်ဖတ်ရှုပါ...

စစ်ကြို‌၊ စစ်ပြီးခေတ် 20 ရာစု အစောပိုင်းနှစ်တွေမှာ Cadillac ရဲ့ ဇိမ်ခံကားကြီးတွေဟာ ကမ္ဘာ့အကောင်းဆုံး၊ အရှိန်အဝါအကြီးဆုံး...
30/03/2026

စစ်ကြို‌၊ စစ်ပြီးခေတ် 20 ရာစု အစောပိုင်းနှစ်တွေမှာ Cadillac ရဲ့ ဇိမ်ခံကားကြီးတွေဟာ ကမ္ဘာ့အကောင်းဆုံး၊ အရှိန်အဝါအကြီးဆုံး ဆိုတဲ့ ဂုဏ်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်

1930 မှာ Rolls Royce တောင်မှ သူတို့ရဲ့ Phantom ll ကို inline 6 အင်ဂျင်လေးနဲ့ထုတ်နေရတဲ့အချိန် Cadillac က ဆယ့်ခြောက်လုံးထိုး V16 အင်ဂျင်ကြီးကို Production ကားမှာ ပထမဆုံး စသုံးခဲ့ကာ industry ကို ရှေ့ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ် Bentley ရဲ့ founder Walter Owen Bentley ဆိုရင် Cadillac V16 ဟာ သူမောင်းဖူးသမျှထဲ အကောင်းဆုံးကားလို့တောင် ပေါ်ပေါ်တင်တင် ဝန်ခံ၊ ချီးကျူးခဲ့ရဖူးပါတယ်

Inline 8 အင်ဂျင်နှစ်လုံးကို 45° narrow angle မှာ ဆက်ထားပြီး တစ်ခြမ်းဆီ independently အလုပ်လုပ်တာကြောင့် အင်ဂျင်တစ်ခြမ်းပျက်စီးသွားရင်တောင် နောက်တစ်ခြမ်းနဲ့ ဆက်လက်မောင်းနှင်နိုင်မှာပါ အဲဒီအပြင် vavle lash adjustor တွေကလည်း Hydraulic ဖြစ်တာကြောင့် အင်ဂျင်ကြီးက displacement ကြီးသလောက် အင်မတန် ညက်ညောတဲ့အင်ဂျင်တစ်လုံးဖြစ်ပါတယ် spark plug ရဲ့ ဝိုင်ယာကြိုးတွေ၊ fuel line ၊ manifold တွေအထိပါ cover plate တွေနဲ့ ဖုံးပေးထားလို့ ဘောနက်ဖွင့်လိုက်တာနဲ့ ကားပိုင်ရှင် လူကုံထံတွေဟာ သူတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အမေရိကန်ဖြစ် engineering artwork ကြီးတစ်ခုကို ခမ်းခမ်းနားနား ရှုစားနိုင်လိမ့်မယ်လို့ Cadillac က ဆိုခဲ့ဖူးပါတယ်

စစ်ပြီးခေတ်မှာလည်း Cadillac ဟာ ကမ္ဘာ့ထိပ်တန်း မော်တော်ကားကုမ္ပဏီကြီးအဖြစ် ဆက်လက်ရပ်တည်ကာ El dorado Brougham ဆိုတဲ့ flagship ဇိမ်ခံကားကြီးတစ်စီးကို 1957 မှာ ထပ်မံမိတ်ဆက်ခဲ့ပြန်ပါတယ် အစအဆုံး လက်နှင့်တပ်ဆင်ကာ အရေအတွက်အနည်းငယ်သာ ကန့်သတ်ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ဖြစ်ပြီး GM ရဲ့ ကမ္ဘာ့ပထမဆုံး နည်းပညာမြောက်များစွာပါဝင်တဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်

ကမ္ဘာ့ပထမဆုံး self leveling air suspension
ရှေ့ကားလာရင် မီးချပေးမယ့် Autronic Eye
Transistorized radio
Memory Seats
နေ‌ထိုးတဲ့အခါ ငွေရောင်သရဖူတစ်ခုလို တောက်ပနေမယ်လို့ဆိုတဲ့ Brushed stainless steel roof
B pillar ပျောက် rear hinged su***de doors
Glove box ထဲ ထည့်သိမ်းလို့ရတဲ့ silver plated magnetic tumbler တို့လို နောက်ဆုံးပေါ် latest and greatest luxury feature တွေနဲ့အတူ

1957 မှာ Rolls Royce Silver Cloud ဝယ်ရင် မင်းက "မနေ့က အကောင်းဆုံး" ကိုပဲ ရမှာဖြစ်ပြီး El dorado Brougham ဝယ်ရင်တော့ "မနက်ဖြန်ရဲ့ အကောင်းဆုံး" ကိုရနိုင်မယ်လို့ ကြွေးကြော်ရင်း ဇိမ်ခံကားတို့ရဲ့ စံနှုန်းသစ်တွေကို ချမှတ်ကာ ရှေ့ဆုံးက ပြေးခဲ့ပြန်ပါတယ်

El dorado Brougham တစ်စီးရောင်းရတိုင်း Cadillac ဟာ ကန်ဒေါ်လာ တစ်သောင်း (ယနေ့တန်ဖိုး: တစ်သိန်းသုံးသောင်း) ရှုံးပေမယ့် အဲဒီခေတ်က အမေရိကန်တို့ရဲ့ စက်မှုစွမ်းအားကို ကမ္ဘာကို ချပြဖို့အတွက် အမြတ်‌ငွေကို ပြတ်ပြတ်သားသား လျစ်လျူရှုခဲ့တယ်လို့ ဆိုရမှာပါ

လမ်းပေါ်မှာ ယှဉ်သွားနေရင်၊ five star ဟိုတယ်တွေ၊ အစိုးရ အဆောက်အဦးကြီးတွေရဲ့ ဆင်ဝင်အောက်ထဲ ‌မောင်းဝင်လာရင် အကုန်လုံးကို ဖြုံသွားစေတဲ့ အရှိန်အဝါမျိုးပေးနိုင်တာကလည်း အဲဒီခေတ် အမေရိကန်ဇိမ်ခံကားကြီးတွေမှတစ်ပါး အခြားမရှိပါဘူး အမေရိကန်သမ္မတရဲ့ စီးတော်ယာဉ်ဟာ Cadillac One ပါ

ဒီလိုနည်းနဲ့ မော်တော်ကားတွေကို "ပို့ဆောင်ဆက်သွယ်ရေး" ထက် သူဌေးသူကြွယ်တွေ မိမိ status ကိုအပြိုင်အဆိုင် ဖော်ပြကြတဲ့ "ဇိမ်ခံအသုံးအဆောင်ပစ္စည်း" တစ်ခုအဖြစ် Cadillac က စတင်ပြောင်းလဲပေးခဲ့ပြီး Rolls Royce, Bentley, Mercedes Benz တွေက အတုယူရခဲ့တဲ့ ကားကုမ္ပဏီကြီးတစ်ခု ဖြစ်ခဲ့ပါတယ်

ကံမကောင်းစွာနဲ့ပဲ GM group ရဲ့ ဘဏ္ဏာရေး အရှုပ်အထွေး၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်၊ ဂျပန်၊ ဂျာမန်ပြိုင်ဖက်တွေရဲ့ ထိုးနှက်မှု စတဲ့ ကိစ္စတွေကြောင့် 2000 ခုနှစ် အစောပိုင်းမှာတော့ Cadillac ရဲ့ ရွှေခေတ်တစ်ခေတ် နိဂုံးချုပ်ခဲ့ရပါတယ်

ယခု Celestiq ဟာ V16, El dorado တို့လို့ Cadillac ရဲ့ သမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဇိမ်ခံဆီဒန်ကားကြီးတွေရဲ့ အစဥ်အလာကို ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ full size ultra luxury sedan အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ

တစ်ပုံချင်းစီမှာဆက်လက်ဖတ်ရှူပါ


ဒီကားကို ပထမဆုံး စတွေ့တုန်းကဆို လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်၊ window vista ကွန်ပျူတာ လေးကနေ 2G 3G လိုင်းနဲ့ အင်တာနက်ပေါ်မ...
26/03/2026

ဒီကားကို ပထမဆုံး စတွေ့တုန်းကဆို လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်၊ window vista ကွန်ပျူတာ လေးကနေ 2G 3G လိုင်းနဲ့ အင်တာနက်ပေါ်မှာ ကားပုံတွေလျှောက်ကြည့်ရင်း Veyron EB 16/4 ကို ‌ပထမဆုံးမြင်ဖူးခဲ့တဲ့ အချိန်ကို နောက်ပြန်ရစ်လိုက်သလိုလို၊ parallel universe က ချာတိတ်အရွယ် ကိုယ့်ကိုကိုယ်မြင်လိုက်ရသလိုလို nostalgic feeling ကြီးတစ်ခု လာထိတယ် ထိဆို ကျွန်တော့်ကို ကားရူးတစ်ယောက်ဖြစ်လာအောင် ဆွဲဆောင်ခဲ့တဲ့ ကားတွေထဲ veyron ကထိပ်ဆုံးကပါတာကိုး

Bugatti ဆိုတာ ဘာမှန်းမသိခင်ထဲက ဒီပြိုင်ကားကြီးက တခြားပြိုင်ကားတွေလို အချွန်အတက် ထောင့်ချိုးတွေနဲ့ ဒီဇိုင်းမျိုးလည်း မဟုတ်၊ vw beetle နဲ့ကလည်း ခပ်ဆင်ဆင်ဆိုပေမယ့် မိုက်‌တော့ မိုက်သားပဲ ဆိုပြီး ငယ်ငယ်လေးထဲက စိတ်ထဲမှာစွဲနေခဲ့တာ ကျွန်တော်တစ်ယောက်ထဲတော့ ဟုတ်မယ်မထင်ဘူး။ သူ့ရဲ့ အနီနဲ့ အမဲ two tone color ကလည်း အဲဒီခေတ်မှာ အထူးအဆန်းလို့ဆိုရမပေါ့

Veyron ကစလို့ Chiron အထိ ဒီကားနှစ်စီးလုံးရဲ့ အစအဆုံး သက်တမ်းကို ကြုံခဲ့၊ ကြိုက်ခဲ့ရတဲ့ သူတစ်ယောက်အတွက်တော့ ဒီ F.K.P Hommage ဟာ ရေရေလည်လည်ကြွေရပြန်တဲ့ ကားတစ်စီးပဲ
Chiron ရဲ့ Body ပေါ်မှာ Veyron ရဲ့ Soul ကို ဒီလောက်ထိ လှလှပပ ပြန်အသက်သွင်းပေးလိုက်နိုင်တဲ့ Frank Heyl ရဲ့ ပညာကလည်း ဩချလောက်စရာကောင်းတယ်

Veyron က သူ့ခေတ်သူ့အခါရဲ့ industry standard တွေကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ သမိုင်းတွင် engineering marvel၊ "ခေတ်လွန်" ဟိုက်ပါကားတစ်စီးဆိုတာကိုတော့ အထွေအထူးပြောပြစရာလိုမယ်မထင်ပါဘူး သို့သော် F.K.P ဆိုသောသူကြောင့်သာမဟုတ်ရင်တော့ ဒီလို ဟိုက်ပါကားတစ်စီးလည်း ဖြစ်လာဖို့အကြောင်း မရှိပါဘူး

Ferdinand Karl Piëch

Ferdinand Porsche ရဲ့ မြေးအရင်း

ပထမဆုံး Le mans winning Porsche "917" ကို ဖန်တီးခဲ့သူ

Audi အား Quattro AWD system တီထွင်ရန် အကြံပေးခဲ့သူ

235 mpg ရသော VW XL1 project ကို ဦးဆောင်ခဲ့သူ

ဂျပန်ကို အလုပ်ခရီးထွက်ရင်း Shinkansan (ကျည်ဆံရထား) ပေါ်မှာတင် ဆယ့်ရှစ်လုံးထိုး W18 အင်ဂျင်ပုံကြမ်းကို စိတ်ကူးရကာ စာအိတ်အဟောင်းတစ်ခုပေါ်မှာ ချဆွဲခဲ့သူ

အဲဒီ W18 ပုံကြမ်းမှတစ်ဆင့် ကမ္ဘာ့ပထမဆုံး ဆလင်ဒါဆယ့်ခြောက်လုံးထိုး တာဘိုလေးလုံးတပ် W16 အင်ဂျင်ကြီးကို develop လုပ်နိုင်ခဲ့ပြီး 248 mph အထိ မောင်းနှင်နိုင်ခဲ့ ကမ္ဘာ့အမြန်ဆုံးကား Bugatti Veyron ကို ဖန်တီးပေးခဲ့သူ

The Godfather of modern supercar era

သက်တမ်းတစ်လျှောက်လုံး boundary တွေကို ချိုးဖျက်၊ အကျိုးအမြတ်ကို ဂရုမစိုက်ပဲ တကယ့်ကို over engineered ကားတွေချည်း ထုတ်ခဲ့တဲ့ Legend ကြီးတစ်ယောက်ဖြစ်ပါတယ် VW Group မှာ boss ဖြစ်နေတဲ့အချိန် Bugatti ကိုမဝယ်ခဲ့ရင်လည်း Bugatti ဆိုတဲ့ Brand ဟာ Bankrupt ဖြစ်လုနီးပါးကနေ Chiron Supersport အထိ W16 ရဲ့ potential ကိုအသုံးချနိုင်ဖို့၊ Tourbillion မှာ V16 စသုံးဖို့ အ‌နေအထားလောက်အထိ ဖြစ်မလာနိုင်ပါဘူး 2026 မှာတော့ Bugatti ရဲ့ Veyron နဲ့အတူ ပြန်စခဲ့တဲ့ တစ်ကျော့ပြန်ခရီးဟာ နှစ် ၂၀ ပြည့်ခဲ့ပါပြီ

ဆိုတော့ ဒီ F.K.P Hommage ဟာ
Bugatti ရဲ့နှစ်ပေါင်း ၂၀ ကြာ ခရီးရှည်ကြီးတစ်ခု၊ အဲဒီခရီးရှည်ကြီးကို စတင်လျှောက်လှမ်းခဲ့တဲ့ လူတစ်ယောက် နဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ကားတစ်စီးတို့ရဲ့ အဓိပ္ပါယ်၊ အနှစ်သာရများကို လှပစွာ ပေါင်းစပ်ဖန်တီးထားတဲ့ ကားတစ်စီး လို့ဆိုရမှာပါ

Bugatti ရဲ့ one off limited edition များသာ ထုတ်လုပ်မယ့် Programme Solitaire ရဲ့ ဒုတိယမြောက် model ဖြစ်ပါတယ် 99 စီးသာ အရေအတွက်ကန့်သတ်ထားတဲ့ Bugatti Mistral ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး Chiron Supersport ရဲ့ 1,578 hp 8L Quad Turbo W16 ကြီးကို အသုံးပြုထားဆဲပါပဲခင်ဗျား

Address

Incheon

Website

Alerts

Be the first to know and let us send you an email when The Car Addicts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category