20/06/2026
💥 ဂျပန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ခွင့်၊ ကုမ္ပဏီထောင်လို့မရသော Visa သမားတွေ ကုမ္ပဏီထောင်ပြီး 代表လုပ်နေတာတွေ၊ အမျိုးမျိုးသောကိုယ်ပိုင်လုပ်ငန်းတွေလုပ်နေတာ တော်တော်များများတွေ့လို့ ကျမလဲ ခဏခဏသတိပေးခဲ့ပါတယ်။
ယခင်က 法務局、税務署、入館က network မရှိဘူး။ အခုပြောင်းလဲနေတာကို သတိကြီးကြီးရှိကြဖို့ ထပ်သတိပေးပါတယ်။
1️⃣ 特定活動 ( 指定書により指定された就労活動のみ可)( မိမိတို့ရဲ့ အလုပ်လုပ်ခွင့်စာရွက်ကိုသေချာကြည့်ပါ )
➡︎ 個人事業လုပ်ခြင်း၊ ကုမ္ပဏီထောင်ပြီး代表လုပ်ခြင်း၊ ဈေးရောင်းခြင်း စတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်၍မရပါ။ လဝက မှအသေအချာပြောပါသည်။
2️⃣ 家族滞在
➡︎ မြန်မာလူမျိုးရဲ့မှီခိုvisa (就労不可) ဆိုလျှင် 個人事業လုပ်ခြင်း၊ ကုမ္ပဏီထောင်ပြီး代表လုပ်ခြင်း စတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်၍မရပါ။
3️⃣ 日本人配偶者
➡︎ ဂျပန်လူမျိုးမှီခို visa (就労制限なし) ဆိုလျှင် 個人事業၊ ကုမ္ပဏီထောင်ပြီး代表လုပ်ခြင်း စတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်၍ရသည်။
4️⃣ 特定技能 (在留資格に基づき就労活動のみ可)
➡︎ ကုမ္ပဏီထောင်ပြီး代表လုပ်၍မရပါ။
မိမိအလုပ်လုပ်တဲ့ကုမ္ပဏီကိုဆွေးနွေးပြီး 副業許可ရလျှင် 個人事業တနိုင်ကိုယ်ပိုင်လုပ်ငန်းလုပ်၍ရနိုင်သည်။ လဝကတွင်သေချာ 確認လုပ်ပါ။
5️⃣ 技能実習 (在留資格に基づき就労活動のみ可)
➡︎ 個人事業လုပ်ခြင်း၊ ကုမ္ပဏီထောင်ပြီး代表လုပ်ခြင်း၊ ဈေးရောင်းခြင်း စတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်၍မရပါ။ လဝက မှအသေအချာပြောပါသည်။
6️⃣ 留学生 (就労不可)
➡︎ 個人事業လုပ်ခြင်း၊ ကုမ္ပဏီထောင်ပြီး代表လုပ်ခြင်း ၊ ဈေးရောင်းခြင်း စတဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်၍မရပါ။ လဝက မှအသေအချာပြောပါသည်။
7️⃣ 技術.人文知識.国際業務 (在留資格に基づき就労活動のみ可)
➡︎ ကုမ္ပဏီထောင်ပြီး代表လုပ်၍မရပါ။
မိမိအလုပ်လုပ်တဲ့ကုမ္ပဏီကိုဆွေးနွေးပြီး 副業許可ရလျှင် 個人事業တနိုင်ကိုယ်ပိုင်လုပ်ငန်းလုပ်၍ရနိုင်သည်။ လဝကတွင်သေချာ 確認လုပ်ပါ။
📍ယခုလပိုင်းများတွင် လဝကမှာ 副業အတွက် 個人事業届けလုပ်ဖို့ 資格外活動လျှောက်ရာတွင်လဲ တင်းကြပ်မှုများရှိနေပါသည်။
📍副業許可မရှိ၊ 資格外活動မရှိဘဲ 個人事業လုပ်နေသူများ
📍ကိုယ်ပိုင်လုပ်ငန်းလုပ်ခွင့်မရှိဘဲ ကုမ္ပဏီထောင်ပြီး 代表လုပ်ခြင်း၊ 個人事業၊ အခြားလုပ်ငန်းများလုပ်နေကြခြင်း .... များသည် ဥပဒေအရ အရေးယူခံရလျှင် မိမိရဲ့လက်ရှိ Visa ပါထိခိုက်နိုင်ပါမည်။
📍တပါးသူကုမ္ပဏီအမည်ဌားပြီး လုပ်ငန်းလုပ်မည်ဆိုလျှင် ထိုကုမ္ပဏီရဲ့ 代表ရဲ့ အခြေအနေကိုသေချာ 確認လုပ်ကြပါ။
ပြဿနာဖြစ်လာလျှင် ဆုံးရှုံးမည်မှာ မိမိတို့သာဖြစ်ပါသည်။
( လုပ်ငန်းလုပ်ချင်သော်ငြား Visa အခက်အခဲဖြစ်နေသူများ 経営管理ယူထားပြီး သက်တမ်းတိုးအတွက် စိုးရိမ်နေသူများ 7 လပိုင်း ဒုတိယအပတ်တွင် လုပ်ပေးမည့် free seminar တက်ရောက်ဖို့ အကြံပေးပါတယ်)
Consultant & Coach
2026.6.19 ( FRI )
22:45
#ဂျပန်မှာကိုယ်ပိုင်လုပ်ငန်း個人事業