Paradise Myanmar

Paradise Myanmar Life is Precious, Enjoy travel with your friends.

06/08/2026

ပိတ်ရက်မှာ ပူလို့အပြင်မထွက်ချင်တဲ့အမျိုးတွေကို အိမ်ထိလာကြိုပေးမယ်နော်. Kyoto, Tottori, Awaji, Osaka, Nara,Nagoya,,kamikochi, Shirakawago(gifu) ဘယ်သွားချင်လဲသာပြောလိုက် Sendai ကနေ kyuushuu ထိ ပို့ပေးမယ်😁

Kamikochiဆွစ်ဇာလန် နိုင်ငံရဲ့အေးချမ်းလှတဲ့ တောင်တန်းတွေရဲ့အလယ် ကိုရောက်သွားသလိုမျိုး ပူပြင်းလှတဲ့နွေရာသီမှာ အေးမြတဲ့စမ်း...
05/08/2026

Kamikochi
ဆွစ်ဇာလန် နိုင်ငံရဲ့အေးချမ်းလှတဲ့ တောင်တန်းတွေရဲ့အလယ် ကိုရောက်သွားသလိုမျိုး ပူပြင်းလှတဲ့နွေရာသီမှာ အေးမြတဲ့စမ်းချောင်းကရေအေးအေးလေးနဲ့ဆော့ကြမလား . သစ်ရိပ်ဝါးရိပ်အောက်မှာ တောနင်းတာဝါသနာပါတဲ့ အမျိုးတွေအတွက်လဲ ၁ နာရီခွဲစာတောနင်းတာလေးလဲပါတယ် တောနင်းနေရင်းမမောနိုင်မပန်းနိုင်လောက်အောင် သာယာတယ် နွေရာသီမှာ တောင်ပေါ်ကကျလာတဲ့ရေအေးအေးလေးနဲ့ ဆော့ကြမလား. Nagoya မှာတစ်ညအိပ်ပြီးနောက်နေ့မှာ Kyotoမှာ ဝင်လည်ကြမလား. Kyotoမှာကတော့ Optionတွေအများကြီးရွေးလို့ရပါတယ်.

အပူရှောင်ဖို့ kamikochi သွားကြမယ်🤩
03/08/2026

အပူရှောင်ဖို့ kamikochi သွားကြမယ်🤩

03/08/2026
02/07/2026

Tottori
နွေရာသီ ☀️ရောက်လာပြီဆိုတော့ပိတ်ရက်တွေကလဲများသားနော်. အိမ်မှာနေတော့လဲပျင်းစရာကြီးမဟုတ်လား.😁 ကဲဒီတစ်ခေါက်သွားခဲ့တာလေးပြောပြမယ်. 🏝️Tottori 🌊အကြောင်းလေးပေါ့🥰
🐪 ကုလားအုပ် နဲ့ဓာတ်ပုံရိုက်လို့ရတဲ့ သဲကန္တာရလို့ ခေါ်တဲ့ Tottori Sand Dune : သဲတွေကြားထဲ ဓာတ်ပုံလှလှလေးတွေရိုက်ရင်းနဲ့ အရှေ့အလည်ပ်ိုင်းမှာလို 👳🧕🧝‍♀️ဟဘီဘီခေါင်းပေါင်းလေးတွေပေါင်းပြီး အာရပ်ပုံစံ နဲ့ Tiktokဆော့ကြ သဲလျှောစီးကြနဲ့အရမ်းပျော်ဖို့ကောင်းတယ်. Tottori Sand Museumမှာဆိုရင်ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ သဲနဲ့ပုံဖော်ပြုလုပ်ထားတဲ့လက်ရာတွေကလဲ အံ့မခန်းအောင်ထူးခြားလှတယ်.
အော်တစ်ခုထူးခြားတာကtottoriကပင်လယ်ရေက ကြည်လင်ပြီးပြာနေတာပဲ. Hyogo ထဲမှာဆို Coast တွေအများဆုံးရှိတဲ့နေရာပေါ့ဗျာ. ထပ်ဆက်ရရင် Tottori Sand museum ပြီးတော့ Uradome Coast မှာရှိတဲ့ Observation Deck မှာ🏞️ဓာတ်ပုံရိုက်ခဲ့သေးတယ်. သူကတော့ လှေခါးထစ်လေးတွေနဲ့ White Themes ဓာတ်ပုံရိုက်ချင်စရာနေရာလေးပါ.Uradome Coast မှာလည်ပြီးတာနဲ့ ထမင်းစားနားရေချိုးဖို့ပင်လယ်ကမ်းခြေကိုသွားခဲ့ကြတယ်ပေါ့. ဒီနေရာမှာတစ်ခုကောင်းတာက Camping လုပ်လို့ရတာပဲ. ပင်လယ်ကမ်းစပ်နားမှာ camping လုပ်မလား. Camp siteလိုနေရာမှာ campingလုပ်မလားနှစ်ခုရွေးလို့ရတယ်. 🏖️ပင်လယ်နားမှာcampingလုပ်မယ်ဆိုရင်တော့ BBQ တို့ ဟင်းချက်စားတာတို့ လုပ်မရဘူးပေါ့နော်. ကားပါကင်နဲ့လဲဝေးတယ် အခြားသောကမ်းနားလမ်းလျှောက်သူတွေလဲရှိတယ်ဆိုရင်တော့ သဲနည်းနည်းပါးပါးတော့စင်မယ်ပေါ့.
ဒါပေမယ့် Beach mode ကတော့ တကယ်ရပါတယ် . ဒီတစ်ခေါက်သွားခဲ့တာက ⛺Camp site ဆိုတော့ ပင်လယ်ကိုလမ်းတော့နည်းနည်းလျှောက်ရတယ် ဒါပေမယ့် Utility ရေ မီး toilet ကတော့ အဆင်ပြေတယ်ပေါ့နော်. ပင်လယ်နားဆိုရင်တော့ ဘာမှမရှိဘူးပေါ့. ⛺နောက်ပြီးcamp site ရဲ့အားသာချက်က ကားဘေးနားတင်camping လုပ်လို့ရတာပဲ(ဝေးဝေးလံလံသွားစရာမလိုတော့ဘူးပေါ့). 🌊ပင်လယ်ရေကတော့tottoriကမ်းနားတစ်လျှောက်က ကြည်လင်ပြီးပြာနေတာပါပဲဗျာ.သွားခဲ့ကြတဲ့ ညီကိုမောင်နှမတွေပျော်ကြမယ်ထင်ပါတယ်. သူတို့တော့မသိဘူး ကျွန်တော်တော့ထပ်သွားချင်သေးတယ်. ရေဆင်းကူးခဲ့ရလို့လားဆိုတေ့ာမဟုတ်ပါဘူး. မြန်မာနိုင်ငံမှာလို ငွေဆောင်၊ချောင်းသာ၊ ငပလီ beach mood ကိုပြန်လည်ခံစားလိုက်သလိုဖြစ်လို့. တကယ်ညွှန်းပါတယ် မသွားရသေးရင်သွားကြည့်ပါ.လိုက်ပို့ဖို့ တာဝန်က Paradise Myanmarရှိတယ်.🥰 အင်္ကျီတွေကြိုက်သလောက်သယ်လဲOK😁. Privacy အရ ဓာတ်ပုံပဲရိုက်ပေးပြီး Pageမှာလဲပြန်မတင်ဘူး.😁
ကဲနွေရာသီရောက်ပြီဗျာ.၈ လပိုင်း၁၅ ရက်နေ့ထိပဲရေထဲဆင်းလို့ရမှာ. Trip planတွေလဲ အရင်ထက်ပိုပြီး upgradeလုပ်ထားလို့Hurryup ပါဗျို့.....

20/05/2026

Kamikochi-Yokohama-Shizuoka
ဒီတစ်ခါ အမျိုးတို့အတွက် ၁ ညအိပ် ၂ ရက် အသွားအပြန် ခရီးထဲမှာ Tokyo ကိုမထိတစ်ထိလေး စီစဉ်ထားတယ်နော်....တောတောင်သဘာဝအလှတွေနဲ့ စိတ်ကြည့်နူးစေမယ့် kamikochi, Yokohama က Kamakura , kanagawa ခရိုင်ထဲက ကြက်ဥမဲတောင်, Shizuoka ခရိုင်ထဲက Mishima Sky walk, Fujiတောင်ကိုလှလှပပကြီးကြည့်ရှုနိုင်မယ့် Gotemba.
ကဲဘယ်လိုလဲ သွားချင်နေကြပြီမဟုတ်လား... ခရီးသွားရာသီဖြစ်တာမလို့ saturday,sunday နှင့်ပိတ်ရက်များတွင်လူများနိုင်ပါတယ်နော်....အခြားသောဘိုကင်များလဲရှိတာမလို့ရက်မြန်မြန်ရအောင် မြန်မြန်သာဖုန်းဆက်လိုက်တော့နော်..
သက်သာတဲ့ဈေးနှုန်းနဲ့ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုပေးဖို့စောင့်မျှော်နေမယ်နော်. hotel booking လဲစီစဉ်ပေးတာမလို့ စိတ်ပူစရာမလိုဘူးနော်.

သွားဖူးတဲ့သူတိုင်းခနခနထပ်သွားချင်လောက်အောင် လှတဲ့နေရာလေး Tottori💜
20/05/2026

သွားဖူးတဲ့သူတိုင်းခနခနထပ်သွားချင်လောက်အောင် လှတဲ့နေရာလေး Tottori💜

8/12/2024 Tottori Day Return Trip
အစဉ်မပြတ် နှစ်တိုင်းအားပေးကြတဲ့ညီကိုမောင်နှမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

Hiking 🥾လဲကြိုက်တယ် သဘာဝရဲ့အလှကိုလဲခံစားမယ်ဆိုရင် Nagano မှာရှိတဲ့ Kamikochi ရှိတယ်နော်. ၇ ယောက်အထိပဲရပါမယ်နော်
20/05/2026

Hiking 🥾လဲကြိုက်တယ် သဘာဝရဲ့အလှကိုလဲခံစားမယ်ဆိုရင် Nagano မှာရှိတဲ့ Kamikochi ရှိတယ်နော်. ၇ ယောက်အထိပဲရပါမယ်နော်

Page နဲ့မဆိုင်တဲ့ကိစ္စဆိုပေမယ့် လတ်တလောအဖြစ်များလာတာတွေနဲ့, လိုင်စင်ရုံးသွားရင်းနီးစပ်ရာကိုပြောပြပေးဖို့ပြောလိုက်တာကြောင...
13/05/2026

Page နဲ့မဆိုင်တဲ့ကိစ္စဆိုပေမယ့် လတ်တလောအဖြစ်များလာတာတွေနဲ့, လိုင်စင်ရုံးသွားရင်းနီးစပ်ရာကိုပြောပြပေးဖို့ပြောလိုက်တာကြောင့် ထပ်ဆင့်သတိပေးပါရစေ.
အသက်ထပ်တန်ဖိုးရှိတာမရှိပါဘူးနော်. 止まれ🛑 ပြထားတဲ့နေရာမှာ ဘယ်ယာဉ်အမျိုးအစားမဆိုရပ်ကြပါ. စက်ဘီး၊ ဆိုင်ကယ်၊ ကား အကုန်လုံးပါ.
ဘေးအန္တရာယ်ကင်းဝေးကြပါစေ.

住所

Miki-shi, Hyogo

営業時間

土曜日 09:00 - 17:00
日曜日 09:00 - 17:00

電話番号

+818094767483

ウェブサイト

アラート

Paradise Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Paradise Myanmarにメッセージを送信:

ショートカット

共有する