PHYO AUTO PHYO AUTO, 自動車関連サービス, Chosei-mura Chosei-gunの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

240sx🔥
05/07/2025

240sx🔥

ကားအင်ဂျင်ကျနေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ“ ကားအင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင် အပေါ်ဖွင့် အောက်ဖွင့်လ...
09/06/2025

ကားအင်ဂျင်ကျနေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ

“ ကားအင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင် အပေါ်ဖွင့် အောက်ဖွင့်လုပ်တာ” ဆိုတာမျိုးတွေကို ကားလောက လူတိုင်းကြားဖူးကြမှာပါ။ အဲ့ဒါတွေဘာကြောင့်လုပ်တာလဲ၊ ဘယ်လို အခြေအနေတွေမှာ အဲ့လိုလုပ်ဖို့လိုအပ်သလဲ၊ အင်ဂျင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို လုပ်တာလဲဆိုတာကို ဒီနေ့ဆွေးနွေးတင်ပြပေးပါ့မယ်။

ကျနော်တို့ဆီမှာသာ အင်ဂျင်ကျတာ၊ အင်ဂျင်ချတာ အစရှိသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပေမဲ့ အင်္ဂလိပ်လိုကတော့ Engine Overhaul လိုပဲခေါ်ပါတယ်။ အင်ဂျင်ကိုင်တာ အင်ဂျင်ချတာဟာ ငွေကုန်ကြေးကျများပြီး ကျနော်တို့နိုင်ငံလို ဂျပန်ကျ တပတ်ရစ်ကားတွေ၊ ကီလို ၁ သိန်းကျော်အောင်သုံးပြီးသားကားတွေကို အသုံးပြုရတဲ့ နိုင်ငံက ကားပိုင်ရှင်တွေအနေနဲ့ အင်ဂျင်ကိုင်တာ အင်ဂျင်ကျတာ ဟာ မလွှဲမသွေ ကြုံတွေလာရနိုင်တာမို့ ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။

ဘယ်အချိန်မှာ Engine Overhaul (အင်ဂျင်ကိုင်) လုပ်ဖို.လိုအပ်သလဲ ?

၁ ။ အင်ဂျင်ဝိုင်စားများလာတာ
အင်ဂျင်ကိုင်ရတော့မယ့် ကားတိုင်းလိုလို ကြုံတွေ့ရတဲ့ ပြဿနာတခုက အင်ဂျင်ဝိုင်စားများလာတာပါပဲ။ ကားတစီးကို အင်ဂျင်ဝိုင်လဲထားမယ်၊ အင်ဂျင်ဝိုင်သက်တမ်းပုံမှန် ကီလိုမပြည့်သေးခင် အင်ဂျင်ဝိုင်ခမ်းသွားမယ်၊ အင်ဂျင်ဝိုင်လျှော့သွားမယ် ဆိုရင် အဲ့ဒါသင့်ကားအင်ဂျင်ကျလာတဲ့ လက္ခဏာတခုပါပဲ။ အင်ဂျင်ဝိုင်ဟာပုံမှန်အားဖြင့် အင်ဂျင်အစိတ်အပိုင်းတွေကနေ ယိုစိမ့်တာ မရှိဘူးဆိုရင် လျှော့ကျတာ မဆိုသလောက်လေးပဲရှိပါတယ်။ ဒါပေမဲ့ အင်ဂျင်ဝိုင်ယိုစိမ့်တာ ဘာမှ မရှိဘဲ အင်ဂျင်ဝိုင် Level ကိုတိုင်းတာကြည့်တဲ့အခါ ထည့်ထားတဲ့ Level အမှတ်ထက်အများကြီးလျှော့သွားတယ်ဆိုရင် အဲ့ဒါ အင်ဂျင်ကျတဲ့ လက္ခဏာပါပဲ။

ဒါဆို အင်ဂျင်ဝိုင်စားတာ ဘာကြောင့်များလာသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းက Piston တွေမှာ တပ်ဆင်ထားတဲ့ Piston Rings တွေပွန်းစားသွားလို့ပါပဲ။ ဒါကြောင့် အင်ဂျင်ကိုင်ပြီဆို မဖြစ်မနေ မလွှဲမသွေ လဲပေးရတဲ့ အစိတ်အပိုင်းက Oil Control Rings တွေပါပဲ။ Oil Control Rings တွေကို ဆီထိန်းကွင်းလို့ ၀ပ်ရှော့ဆရာတွေကခေါ်ကြပြီး အင်ဂျင်ထဲမှာရှိတဲ့ Piston တွေ အတက်အဆင်းလုပ်တဲ့အခါ ချောမွေ့စေဖို့ချောဆီ အဖြစ်ဆောင်ရွက်ပေးတဲ့ အင်ဂျင်ဝိုင်တွေကို မီးလောင်ခန်းထဲမရောက်အောင် ထိန်းချုပ်ပေးတဲ့ အလုပ်ကို အဓိကလုပ်ဆောင်ပါတယ်။ အဲဒီ Rings တွေက နှစ်ပေါင်းကြာရှည်စွာ အင်ဂျင်ရဲ့ စလစ်လို့ခေါ်တဲ့ (Sleeves) မီးလောင်ခန်းနံရံတွေနဲ့ ပွတ်တိုက်ပြီး အတက်အဆင်းလုပ်ရပါများလာတဲ့အခါမှာ ပွန်းစားကုန်ပါတယ်။ အဲ့လိုပွန်းစားကုန်တဲ့အတွက် သူထိန်းပေးရမယ့် အင်ဂျင်ဝိုင်တွေကို မထိန်းပေးနိုင်တော့ဘဲ အင်ဂျင်ဝိုင်တွေဟာ မီးလောင်ခန်းထဲကို ကျော်၀င်ပြီး မီးလောင်ကုန်ပါတော့တယ်။ အဲ့ဒါကြောင့် အင်ဂျင်ထဲက အင်ဂျင်ဝိုင်တွေ ခမ်းကုန် လျော့လျော့ကုန်ရတာပါပဲ။

အင်ဂျင်ဝိုင်အသစ်လဲထားပြီး မကြာခင် အင်ဂျင်ဝိုင် Level တွေ အရမ်းလျော့နေပြီ၊ မကြာမကြာ အင်ဂျင်ဝိုင် လီတာဘူးသေးလေးတွေ ကိုင်ပြီး အင်ဂျင်ဝိုင်လိုက်လိုက်ဖြည့်နေရပြီဆိုရင်တော့ဖြင့် သင့်ကား မကြာခင်အင်ဂျင်ကိုင်ဖို့လိုနေပြီဆိုတာပါပဲ။
(အင်ဂျင်ဝိုင်လျှော့စေတဲ့ အခြားအကြောင်းတွေလည်းရှိတတ်ပါတယ်။ ဥပမာ Tappet Seal တိုက်ပစ်စီးကနေ ဆီယိုတာ၊ Main Oil Seal ကနေ ဆီယိုတာ တွေလည်းရှိတတ်တာမို့ သေချာစစ်ဆေးပြီးမှ အင်ဂျင်ကိုင်ဖို့ အင်ဂျင်ချဖို့ ဆုံးဖြတ်သင့်ပါတယ်)

အင်ဂျင်မီးခိုးလိုက်တာ
အင်ဂျင်ကျမကျ သိနိုင်တဲ့ အခြားအချက်တခုက အင်ဂျင်မီးခိုးလိုက်တာပါ။ ပုံမှန်အားဖြင့် ကားတစီးရဲ့ အင်ဂျင်ဟာ ကောင်းမွန်နေတယ်ဆိုရင် ကြည်လဲ့လဲရှိတဲ့ မီးခိုးပဲထွက်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အခြားထူးထူးခြား မီးခိုးရောင်တွေ (အမဲရောင်၊ အနက်ရောင်၊ အပြာရောင်၊ အဖြူရောင်)စတဲ့ မီးခိုးရောင်တွေ အများကြီးထွက်လာပြီဆိုရင် အဲ့ကားအင်ဂျင်ရဲ့ လုပ်ငန်းဆောင်တာတွေ တခုခုမှားယွင်းနေပါပြီ။

အဲ့လိုမီးခိုးရောင်တွေ အများကြီးရှိတဲ့ အထဲကမှ အင်ဂျင်ကျတာကို သိသာထင်ရှားစေတဲ့ မီးခိုးရောင်က နက်ပြာရောင် မီးခိုးပါ။ အဲ့လိုနက်ပြာရောင် မီးခိုးထွက်ရတဲ့ အကြောင်းအရင်းက အပေါ်မှာပြောခဲ့သလိုပဲ အင်ဂျင်ဝိုင်တွေ အင်ဂျင်ခန်းထဲရောက် မီးလောင်ကုန်လို့ပါပဲ။ အဓိက အားဖြင့်တော့ Oil Control Rings ကြောင့်ဖြစ်ပြီး Valve Oil Seal တွေ မလုံရင် ပွန်းစားရင်လည်း အင်ဂျင်မီးခိုးလိုက်တတ်ပါတယ်။ အဲ့လို နက်ပြာရောင်မီးခိုးတွေ တသီတတန်းကြီးထွက်နေပြီ၊ အင်ဂျင်ဝိုင်ကလည်းစားနေပြီဆိုရင်တော့ အင်ဂျင်ကိုင်ဖို. ကြိမ်းသေလိုအပ်နေပါပြီ။

အင်ဂျင် အသံထွက်တာ
အင်ဂျင်ခန်းထဲက ပုံမှန်မဟုတ်တဲ့ အသံဗလံတွေထွက်လာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်ပါပဲ။ အင်ဂျင်ခန်းထဲကနေ “ဂိုးဂိုးဂွက်ဂွက်” စတဲ့ အသံတွေထွက်လာပြီဆိုရင်တော့ ၀ပ်ရှော့ ဆရာကြီးတွေက အဲ့လိုအသံတွေကို အောက်သံထွက်တယ်လို့ခေါ်ပြီး အင်ဂျင်ကိုင်ဖို့ အချက်ပေးခေါင်းလောင်းထိုးနေပြီလို့ ယူဆကြပါတယ်။ ဒီလိုအသံတွေ ဘာကြောင့်ထွက်လာရသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ သတ္တုနဲ့ သံထည်အစိတ်အပိုင်းတွေ ပွန်းစားပြီး ချောင်ကုန်တဲ့အတွက် အစိတ်အပိုင်းတခုနဲ့ တခု ရိုက်ခတ်ရာကနေထွက်လာရခြင်းဖြစ်ပါတယ်။
By PHYO AUTO

https://t.me/auto5599

2.5L✅Intercooler Piping ✅Strut Tower Brace (or) Strut Bar✅Air Intake (Pod Filter)✅Silicone Couplers✅Adjustable Camber Pl...
07/06/2025

2.5L✅
Intercooler Piping ✅
Strut Tower Brace (or) Strut Bar✅
Air Intake (Pod Filter)✅
Silicone Couplers✅
Adjustable Camber Plates (or) Coilover Top Mounts✅

If you put a little more emphasis on boost pressure
Horsepower: 320 - 350 HP
Phyo Kj-zem

Honda CB 🖤Follow us phyoauto page for more interesting topics.Thank you
29/05/2025

Honda CB 🖤


Follow us phyoauto page for more interesting topics.
Thank you







Yamaha vino 50cc 2st ဘီးကောင်းလေးပါ ဆိုင်က ဝယ်ထားတာ မကြာသေးပါဘူး အိမ်စီးဘီးလေးပါ ဘီးအတွက်အာမခံပါတယ် ✅✅✅အင်ဂျင်လေ သံ စတက်...
07/04/2025

Yamaha vino 50cc 2st

ဘီးကောင်းလေးပါ ဆိုင်က ဝယ်ထားတာ မကြာသေးပါဘူး အိမ်စီးဘီးလေးပါ ဘီးအတွက်အာမခံပါတယ် ✅✅✅

အင်ဂျင်လေ သံ စတက်ဒေါက်ဝှီး မိုင်းလစ်ဆီဂိတ် မီးလိုင်းစင်ကနယ် လဲ အကုန်ရတယ် တာယာ 95%ကျန်မယ် ဘီးရုပ်ထွက်လေး ကာလာ အလှလေး ဘီးလေးက သူ့စျေးတန်းနဲ့သူ သန့်နေကမယ် အော်သော့လေးပါမယ်

အင်ဂျင်ဝိုင်.ရေစိမ်း.ဂီယာဝိုင်အကုန်လဲပေးထားတယ်✅✅✅
Cdiနဲ့အင်ဂျင်အတွက်အာမခံပါတယ် 💯💯💯
နယ်ဝေးအာမခံနဲ့ကားတင်ပေးပါတယ်
ဘီးကြည့်ရန်👇

North okkalapa
📱 -09942066756
📱 -09783260819

auto
Lorien Drift

住所

Chosei-mura Chosei-gun, Chiba

ウェブサイト

アラート

PHYO AUTOがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する