MPP ကားမောင်းသင်တန်း

MPP ကားမောင်းသင်တန်း Car Driving School

L ဂီယာကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်သွားတာ ဖြစ်တတ်ပါတယ်။ အခ...
08/12/2022

L ဂီယာ
ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်သွားတာ ဖြစ်တတ်ပါတယ်။ အခုလို ဖြစ်ရတာ ကုန်းအတက်မှာ ထိုးထားတဲ့ ဂီယာရွေးချယ်မှု မှားယွင်းနေတာကြောင့် အင်ဂျင်က ကုန်းတက်ဖို့အတွက် လိုအပ်တဲ့ပါဝါ လုံလောက်အောင် ထုတ်မပေးနိုင်ရာမှ ဆက်မရုန်းနိုင်တော့တဲ့အတွက် ထိုးရပ်သွားတာ ဖြစ်နေတတ်ပါတယ်။
ကားမောင်းလို့အဆင်ပြေအောင် ဂီယာတွေ အဆင့်ဆင့် ထည့်ပေးထားပြီး ဆီလျော်ရာ ဂီယာကို ရွေးချည်သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် L ဂီယာကို ထည့်ပေးထားတယ်။
L က ကုန်းတက်နဲ့ ကုန်းဆင်း မောင်းနှင်တဲ့အခါ ရွေးချယ်သုံးစွဲဖို့ ဒီဇိုင်းလုပ်ထားတယ်။
အော်တိုဂီယာမှာ
P – Park,
R – Reverse,
N – Neutral,
D – Drive.
L ဆိုတာက ဘာကို ဆိုလိုချင်တာလဲ။
L က “Low gear” ကို ဆိုလိုပါတယ်။
လက်ထိုးဂီယာမှာ သုံးတဲ့ ဂီယာနံပါတ် ၁ နဲ့ ၂ တို့ကို ဆိုလိုပါတယ်။ အင်ဂျင် ရုန်းဖို့အတွက် ရည်ရွယ်ထားတဲ့ အနိမ့်ဂီယာ ဖြစ်ပါတယ်။
အင်ဂျင်မှာ လည်တဲ့ပတ်ရေ ပိုမြန်ဖို့ ဦးစားပေးတာ ရှိသလို အင်ဂျင်ရဲ့ လှည့်အား ကောင်းဖို့ ဦးစားပေးတာလည်း ရှိတယ်။ အမြင့်ဂီယာတွေမှာ အင်ဂျင်ကို လှည့်အားကောာင်းဖို့ထက် ပတ်ရေမြန်မြန် လှည့်ပေးဖို့ကို ဦးစားပေးထားတယ်။ ကားက ပိုမြန်မြန် ပြေးတယ်။
အနိမ့်ဂီယာမှာတော့ အင်ဂျင်ကို အားပိုရဖို့ ဦးစားပေးတယ်။ လှည့်အား ပိုသန်မာနေစေတယ်။ ရုန်းအား ပိုကောင်းနေစေတယ်။ ကုန်းတက်ကုန်းဆင်းမှာ မောင်းနှင်ဖို့ အဆင်ပြေနေစေတယ်။ ချိုင့်ခွက်တွေများလို့ ကားကို ဖြည်းဖြည်း လှိမ့်နေရတဲ့အခါမျိုးမှာလည်း L ကို သုံးရမှာ ဖြစ်ပါတယ်။
L ကို သုံးထားတဲ့အခါ အင်ဂျင် လှည့်အားကို ကောင်းနေစေပြီး အမြန်နှုန်းက လျော့ကျနေမယ်။ ဒီတော့ ကုန်းဆင်းမှာ L ကို သုံးထားတဲ့အခါ ကားကို အရှိန်မလွန်အောင် ဂီယာက ကူထိန်းပေးထားတယ်။
ကုန်းတက်မှာ L ကို သုံးထားတဲ့အခါ အင်ဂျင်က လှည့်အား ကောင်းနေတဲ့အတွက် ရုန်းအား ကောင်းနေလို့ ကုန်းတက်ကို တက်ဖို့ ရုန်းနိုင်စေတယ်။
Credit Myanmar Automobile Guide

06/12/2022

ကားတစ်စီးမောင်းနှင်တော့မည်ဆိုလျှင်...
ယာဉ်မောင်းသူတိုင်း သိသင့်သည့်
အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ကားတစ်စီးကို မောင်းနှင်တော့မယ်ဆိုရင်
ကားဒက်ဘုတ် ဒိုင်ခွက်
(car dashboard Indicator) ထဲမှာပါတဲ့...
မီးတွေအကြောင်းနဲ့
အချက်ပြမီတာတွေကို
သိပြီးမှ ကားတစ်စီးကို
စတင်မောင်းနှင်သင့်ပါတယ်...

မနက်ပိုင်း (သို့) ကားတစ်စီး
စတင် မောင်းနှင်တော့မယ် ဆိုရင်...
ကားပေါ်တက်ထိုင်ပြီး စက်နိုးခြင်းကို
အရင်မလုပ်သင့်ပါဘူးခင်ဗျာ...
ကားစက်မနိုးခင်
အင်ဂျင်စက်ခန်းအဖုံးကိုဖွင့်၍....

ရေတိုင်ကီနှင့် ရေပြန်ဗူးရေ ရှိ/မရှိ...
အဂျင်ဝိုင် လျော့/မလျော့...
ဘရိတ်ဆီ ရှိ/မရှိ...
ကလပ်ဆီ ရှိ/မရှိ(Manual gear)...
အော်တိုဆီ ရှိ/မရှိ(Auto & CVT gear)...
ပါဝါဆီ ရှိ/မရှိ
(EPS-Electronic Power Steering
များတွင်ဆီမပါပါ)

စတာတွေကို နေ့စဉ်တိုင်းတာ
စစ်ဆေးသင့်ပြီး...
တစ်လတစ်ခါလောက်
ဘက္ထရီအက်ဆစ် ရှိ/မရှိကိုပါ
စစ်ဆေးသင့်ပါတယ်...
စစ်ဆေးစဉ်မှာ သတိထားရမှာက
ရေတိုင်ကီရေနဲ့ ရေပြန်ဗူးရေဟာ
၁ လီတာ လောက်နီးပါး နေ့စဉ်လျော့နေရင်...

အင်ဂျင်ရေလိုင်း ပုံမှန်မဟုတ်လို့
ဝပ်ရှော့မှာ သွားရောက်စစ်ဆေးသင့်ပါတယ်...

အင်ဂျင်ဝိုင်မကြာခဏ လျော့နေခဲ့ရင်လည်း
အင်ဂျင်ဝိုင်ဟာ အွိုင်းစီးတွေက
ယိုစိမ့်မှု့ရှိလို့လား...
ဆိုတာကို စစ်ဆေးပြီး...
အင်ဂျင်မှာ ယိုစိမ့်ခဲ့ရင်ဖြစ်စေ...
ယိုစိမ့်မှု့မတွေ့ခဲ့ရင်ဖြစ်စေ...
ကားရပ်ထားသောနေရာအောက်တွင်
ဆီကွက်များ တွေ့နေရပါက...
ဝပ်ရှော့မှာ သွားရောက်ပြသ
စစ်ဆေးရမှာ ဖြစ်ပါတယ်...
အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုတွင်
လဲရပါမည်...
နိုင်ငံတကာတွင် မော်တော်ကားငယ်များ၏
အင်ဂျင်ဝိုင်သက်တမ်းများကို
နာရီချိန်ဖြင့်သတ်မှတ်ခြင်း၊
လ၊နှစ်၊စသော အချိန်အတိုင်းအတာဖြင့်
သတ်မှတ်ခြင်းမရှိဘဲ...
မောင်းနှင်သော ကီလိုမီတာ
အတိုင်းအတာဖြင့်သာ.
သတ်မှတ်လဲလှယ်ကြပါသည်...

ကားပိတ်သောမြို့များတွင်လည်း
သတ်မှတ်ကီလိုအတိုင်း သုံးနိုင်ပြီး...
အင်ဂျင်ဝိုင်၏ သက်တမ်းကို
အင်ဂျင်မှကားအား ဝန်ရုန်းရသော
(Engine Loading) အတိုင်းအတာ ဖြင့်
သတ်မှတ်ထားခြင်းဖြစ်ပါသည်...

အင်ဂျင်ဝိုင်လဲချိန်တွင်
လေစစ်မကောင်းပါက...
လေစစ်အသစ်လဲရမည် ဖြစ်သလို...

အင်ဂျင်ဝိုင်ကိုပါ တစ်ပါတည်းလဲမှသာ
သတ်မှတ်ကီလိုအပြည့် သုံးနိုင်မည်ဖြစ်ပါသည်...

အင်ဂျင်ဝိုင်အား Base Oil ပေါ်မူတည်ကာ
အမျိုးအစားသုံးမျိုး
သတ်မှတ်ထားပါသည်...

၁။ Convenational Oil
ရိုးရိုးအင်ဂျင်ဝိုင်သည်
အင်ဂျင်ဝိုင်ထဲတွင်
ဂရိတ်အနိမ့်ဆုံး ဖြစ်ပြီး
အများဆုံး ကီလို
(၄၀၀၀/၅၀၀၀)သာ...
အသုံးပြုနိုင်ပါသည်...

၂။ Semi Synthetic/ Synthetic Oil သည်
ဒုတိယတန်းစားဖြစ်ကာ
ကီလို (၇၀၀၀/၈၀၀၀) အထိ
အသုံးပြုနိုင်ပါသည်...

၃။ Full Synthetic Oil သည်
အကောင်းဆုံး အင်ဂျင်ဝိုင်
အမျိုးအစားဖြစ်ကာ...
ကီလို(၁၀၀၀၀/၁၃၀၀၀) အထိ
အသုံးပြုနိုင်ပါသည်...

Full Synthetic Oil သည်
ဆာဖာပါဝင်မှု့ အနိမ့်ဆုံးဖြစ်သည့်အပြင်...
ဆီမော်လီကျူးများသည်
တစ်ညီတည်း ဖြစ်သောကြောင့်...
အင်ဂျင်သန့်ရှင်းစေကာ
ပွန်းစားမှု့အနည်းဆုံးဖြစ်၍...
အင်ဂျင်သက်တမ်း
ပိုမိုကြာရှည်စေပါသည်...

အခြားအင်ဂျင်ဝိုင် ၂ မျိုးထက်
၂ ဆ ပိုမိုမောင်းနှင်ရသည့်အပြင်...
ကားအဂျင်သံ ပိုမို ညက်ညောစေပါသည်...
အခြားအမျိုးအစား
အင်ဂျင်ဝိုင်၂ ခါ လဲလှယ်ရချိန်တွင်...
တစ်ခါသာ လဲလှယ်ရသဖြင့်
အင်ဂျင်ဝိုင်လဲလှယ်ခွင့် တစ်ကြိမ် နှင့်
ဆီစစ်ဖိုး တစ်ကြိမ်သက်သာကာ...
အသုံးပြုရသော ကီလိုနှင့်
တွက်ကြည့်ပါက...
အခြားအင်ဂျင်ဝိုင်များနှင့်
ဈေးနှုန်းမှာ
သိပ်မကွာတော့သည့်အပြင်...
ပိုမိုကောင်းမွန်သော
ဆီကိုသုံးရသည့်အပြင်...
ဆီလဲချိန် အချိန်ကုန်
တစ်ခါ သက်သာပါသည်...
အသုံးပြုရမည့်
အင်ဂျင်ဝိုင်အမျိုးအစားများမှာ...
Recommed ပေးထားသော
အင်ဂျင်ဝိုင်အမျိုးအစား
များသာသုံးရသော
ကားများရှိသလို...
လက်ရှိအသုံးပြုနေသော
ဒေသ၏အပူချိန်နှင့်
အင်ဂျင်၏အသုံးပြုသော
ကီလိုနှင့် အခြေအနေပေါ်မူတည်ကာ
ပြောင်းလဲအသုံးပြုရသောကြောင့်...
နားလည် တတ်ကျွမ်းသော
အတွေ့အကြုံရှိသော
မက္ကင်းနစ်များနှင့်...
ဘယ်ဂရိတ်ကို
အသုံးပြုသင့်ကြောင်း
ဆွေးနွေးတိုင်ပင်သင့်ပါသည်...

(ဥပမာ...Toyota Probox 1/2 NZ
အင်ဂျင်များတွင်
0w 20 ကိုသာ...
အသုံးပြုရန်ညွှန်ကြား ထားပါသည်။
ဂျပန်ပြည်တွင်း၌
အဆိုပါဆီဂရိတ်ကို...
အသုံးပြု၍ရသော်လည်း
မြန်မာပြည်၏ ပူသောဒေသများတွင်...
0w 20 ဆီအား
ပရိုဘောက်အင်ဂျင်ထဲ
ထည့်သုံးကာ ခရီးဝေးတစ်ဆက်တည်း...
ကီလို ၄၀၀ ခန့်မောင်းနှင်ပြီးလျှင်
အင်ဂျင်ဝိုင် ၁ လီတာ ခန့်
ပျောက် ပျောက်သွားသည်ကို
တွေ့ရပါသည်။

အဆိုပါကားမှာ
ကီလိုမှာလည်း တစ်သိန်းကျော် နေသည့်ပြင်...
မြန်မာပြည်၏ ရာသီဥတုမှာ
ပူသောကြောင့် 10w 40 ဂရိတ်
ထည့်သုံး လိုက်မှသာ
အင်ဂျင်ဝိုင်မပျောက်တော့ပေ)

ဘရိတ်ဆီလျော့နေခဲ့ရင်တော့
ဘရိတ်ဆီယိုစိမ့်မှု့မရှိပါက...
ဘရိတ်ရှုးပါး နေလို့ဖြစ်ပြီး
ဝပ်ရှော့သွားရောက်ကာ...
လေးဘီးလုံး ဘရိတ်ရှုး ပါး/မပါးနဲ့...
ဆက်သုံးလို့ ရ/မရ
စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ရှုးပါတာကြောင့်
ဘရိတ်ဆီလျော့တာ ဆိုရင်တော့...
ဘရိတ်ရှုးလဲပြီးသော
အချိန်မှသာ သတ်မှတ်ဆီ
အပေါ်မှတ်(Maximum) ထိသာ...
ဘရိတ်ဆီပြန်ဖြည့်ရမှာ
ဖြစ်ပါသည်...
သတ်အမှတ်အပေါ်မှတ်ထက်
ပိုဖြည့်မိပါက...ဘရိတ်ရှုးပါးသွားချိန်တွင်
ဆီမှတ်မလျော့သဖြင့်...
ရှုးပါးသွားမှန်း မသိနိုင်တော့ပါ...

ကလပ်ဆီလျော့နည်းနေခဲ့ရင်လည်း
ကလပ်အပေါ်ပန့်အိုးနဲ့ အောက်အိုး
ပစ္စတင်ဝါရှာတွေယိုစိမ့်မှု့...
ရှိနေတာကြောင့်
ဝပ်ရှော့မှာ သွားရောက်
စစ်ဆေးရမှာဖြစ်ပါတယ်...

ဘရိတ်ဆီ/ကလပ်ဆီကိုတော့
ဆီဖြည့်တဲ့ အဖုံးမှာရေးထားတဲ့
DOT 3/4
(DOT-Department of Transportation)
နံပါတ်တူတာနဲ့...
အရောင်တူတာကို
ထည့်ရမှာဖြစ်ပါတယ်...
အရောင်မတူ DOT နံပါတ်
မတူခဲ့တာထည့်သုံးရင်
ဘရိတ်ပန့်ထဲက
ရော်ဘာဘရိတ်ဝါရှာလေးတွေ
သက်တမ်းပိုတိုပြီး
ဘရိတ်ဝါရှာ ပျက်စီးလွယ်ပါတယ်...

အော်တိုဆီတွေကတော့
စစ်ဆေးတဲ့အခါမှာ
အရမ်းညစ်ပတ်နေရင်...
ကီလိုမပြည့်သေးလည်း
လဲရမှာဖြစ်ပါတယ်...

အော်တိုဆီဟာ
ကီလို (၃၀၀၀၀/၃၅၀၀၀) အထိသာ
အများဆုံးသုံးသင့်ပါတယ်...

ဆီဖိအားဖြင့်အသုံးပြုသော
ပါဝါစတီယာရင်များတွင်...
ဆီမရှိပါက
ကားလက်ကိုင် စတီယာရင်
အလွန်လေးသောကြောင့်...
ပါဝါဆီကိုလည်း စစ်ဆေးသင့်ပါသည်...
ဒီလိုစစ်ဆေးပြီးလို့
အင်ဂျင်စက်နှိုးပီး
၁ မိနစ်လောက်ကြာချိန်မှာ...
Parking Brake ဆွဲထားခဲ့ရင်
အဝိုင်းပုံမီးအနီလေးနဲ့...
ထိုင်ခုံခါးပတ်ကြိုး
(Safety Belt) မီးအနီလေးကလွဲလို့
ဘာမီးမှ မလင်းရတော့ပါဘူး...
Parking Brake မီးကလည်း
Parking Brake ဖြုတ်လိုက်ရင်
မလင်းတော့ပါ...
ခါးပတ်ကြိုးမီးကလည်း
ခါးပတ်ကြိုးထည့်ပြီးလျှင်
မလင်းတော့ပါ...
အသက်ကယ်ခါးပတ်ကြိုးဟာ
ခရီးနီးရော ခရီးဝေးပါ...
မပတ်မဖြစ်
ပတ်ထားသင့်ပါတယ်...

ဒါကြောင့်မို့ ကားစထွက်ချိန်မှာ
ဒိုင်ခွက်ထဲမှာ ဘယ်မီးမှ
မရှိတော့ပါဘူး...
အော်တိုဂီယာဆိုရင်တော့
ဂီယာမီး(Gear position light)
လင်းနေရပါမယ်...

မောင်းနှင်နေချိန် မသိမဖြစ်သိရမယ့်
မကြည့်မဖြစ်ကြည့်ရမယ့်
မီတာဒိုင်ခွက်တွေကတော့...
မသိမဖြစ်သိရမယ့်
မီးတွေကတော့...
အဂှၤငခွကှမွီး (Engine check warning light) အဝါ/အနီ ရှိပါသည် အဂှၤငမွမှနွ၍ လင်းခြင်း ဖြစ်ပါသည်...
နီးစပ်ရာ ဝပ်ရှော့တွင်ပြသရပါမည်...
အဂှၤငဝွိုငမွီး(Oil pressure warning light) ဆီခွက်ပုံမီးအနီလေးလင်းလာပါက...
အဂှၤငဝွိုငွ လုံးဝမရှိသလောက်ဖြစ်သောကြောင့် လုံးဝ ဆက်မမောင်းသင့်ပါ...
အဂှၤငဝွိုငဖွှည့ပွှီးမှ စစ်ဆေးပြီးမှ ဆက်မောင်းသင့်ပါသည်...
နီးစပ်ရာဝပ်ရှော့တွင် အဂှၤငဝွိုငလွှော့ ရခြင်း အကြောင်းအရင်းအား မဖြစ်မနေ စစ်ဆေးရပါမည်...

ဘက်ထရီမီး (Battery charging warning light)
ဘက္ထရီပုံမီးအနီလေးလင်းနေပါက...
ခရီးဝေး ဆက်မမောင်းသင့်ပါ... ဘက္ထရီအားမဝင်သဖြင့် လမ်းတွင် စက်ရပ်သွားမည်ဖြစ်ပါသည်...
နီးစပ်ရာ ဝါယာရိန်းဆိုင်တွင်ပြသစစ်ဆေးရပါမည်...

ဘရိတ်မီး (Break warning light) အဝိုင်းပုံမီးအနီလေးလင်းလာပါက...
ဘရိတ်ဆီမရှိ၍သော်လည်းကောင်း... ဘရိတ်စနစ် ချို့ယွင်းချက်ရှိ ၍သောလည်းကောင်း ဖြစ်သောကြောင့်...
ဘရိတ်ဆီမရှိပါက ဆီဖြည့်ပြီး မီးမလင်းတော့ပါက... ဆက်လက်မောင်းနှင်နိုင်ပါသည်...
ဆီဖြည့်ပြီး မီးလင်းနေပါက သတိဖြင့်ဖြည်းဖြည်းမောင်းကာ နီးစပ်ရာဝပ်ရှော့တွင်စစ်ဆေးပြုပြင်ရပါမည်...

ရေအပူချိန်မီးအနီလေး (Engine overheating warning light) လင်းလာပါကလည်း ဆက်မမောင်းသင့်ပါ...
စက်ရပ်ထားပြီး အဂှၤငအွေးခှိနမွှ ရေတိုင်ကီရေဖြည့်ကာ ဆက်မောင်း၍ နီးစပ်ရာဝပ်ရှော့တွင်ပြသရပါမည်...

အဂှၤငပွူနခှေိနွ ရေတိုင်ကီအဖုံးအား လုံးဝမဖွင့်ရပါ... ဖွင့်ပါက ရေပူများတွန်းကန်ထွက်လာကာ...

မျက်နှာနှင့် ခန္ဓာကိုယ်အပူလောင်တတ်ပါသည်...
လေအိတ်မီး/SRS မီး (Airbag warning light) အနီရောင်လေး လင်းလာပါက မောင်း၍ရပါသည်...

သို့သော် အန္တာရာယ်ဖြစ်ချိန်တွင် လေအိတ်က လူကို ကာကွယ်မပေးတော့ပါ...

ဝပ်ရှော့တွင်သွားရောက်ပြုပြင်သင့်ပါသည်...
တံခါးမီး (Open Door warning light) ကားတံခါးပွင့်နေသည်ပုံစံ မီးအနီလေး လင်းလာပါက...

ကားအား ချက်ချင်းရပ်တန်းကာ ကားတံခါးများကို စစ်ဆေးပြီး ပြန်ပိတ်ကာ မီးငြိမ်းမှ...

ဆက်လက်မောင်းနှင်ရပါမည်...
ABS မီး (Antilock breaking system warning light) မီးအဝါလေးလင်းလာပါက ဆက်လက်မောင်းနှင်၍...
ရပါသည်...

သို့သော် အချိန်ရသည်နှင့် ဝပ်ရှော့တွင် စစ်ဆေးပြုပြင်သင့်ပါသည်...
ကားမောင်းနှင်နေစဉ် မီးအနီရောင်လင်းလာပါက ခေတ္တရပ်ထားကာ...
နားလည်တတ်ကျွမ်းသောသူ(သို့) ဝပ်ရှော့ကို ဖုန်းဆက်ကာ ပြသသင့်ပါသည်...

ထိုသူတို့မှ ဆက်လက်မောင်းနှင်ရန် မသင့်ဆိုပါက... ကားအား ဝပ်ရှော့သို့...

ယူသွားကာ စစ်ဆေးပြုပြင်ပြီးမှ ဆက်လက်မောင်းနှင်အသုံးပြုရပါမည်...

ကားမောင်းနှင်နေစဉ် မီးအဝါရောင်လင်းလာပါက...
ဆက်လက်မောင်းနှင်ကာ နီးစပ်ရာဝပ်ရှော့တွင်ပြသရမည်ဖြစ်ပါတယ်ခင်ဗျာ...

ဒါကြောင့် ကားနဲ့ ပတ်သက်တဲ့ သတိပေး အချက်ပေးမီးတွေကို
တင်ပေးလိုက်ပါတယ်ခင်ဗျာ...

မိတ်ဆွေများ ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် မောင်နှင်နိုင်ကြပါစေခင်ဗျာ...

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်

03/12/2022

ကားအောက်ပိုင်းက မြည်သံတွေ

1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်"
မြည်တာဒူးဆစ်အသံပါ

2. 50-60 km/h မှာ
"လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပဲ။

3. ဘရိတ်နင်းရင်"တောက်တောက်"
မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။

4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန် တကျွီကျွီ
မြည်တာက ဘရိတ်ရှုးအသားနဲ့
ဒရမ်မျက်နှာပြင်ကြောင့်။

5. ကားဘယ်ညာယိမ်းတဲ့အချိန်
တဂျောက်ဂျောက်မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ်
( အသံတော်တော်ဆိုးတယ် )။

6. အောက်ပိုင်းက ကလုတ်ကလုတ်
အသံထွက်နေတယ်၊
ဘရိတ်မှေးထားရင်
ပျောက်တယ်ဆိုတာက
ဘရိတ်ပင်ချောင်နေတာ။

7. ကားကအရှိန်တစ်ခု
ရောက်လာချိန်မှာ
တစ်စီးလုံးတုန်လာတာ၊
ရှေ့ယက်ကားတွေမှာဆိုရင်
အတွင်းဒူးဆစ်ခွက်တွေ
စားနေတာကြောင့်
အဖြစ်များတယ်။

8. စတီယာရင်ဂန်းဘွတ်စားနေရင်
ညာမောင်းဆိုရင်
ဘယ်ဘက်က
ဂန်းရှပ်ဖ် ရိုက်သံကြားရ၊
ဘယ်မောင်းဆို ညာဘက်က
ကြားရတယ်။

9. ချိုင့်ထဲကျတိုင်း
တဒုန်းဒုန်းတဒိုင်းဒိုင်း
ဖြစ်​နေတာကတော့
ရှော့ဘားတွေ
ထောက်တန်းဘွတ်တွေ
ရှော့ဘားအထိုင်တွေ
မကောင်းတာကြောင့်
ဖြစ်တတ်ပါတယ်။

10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။

11. တိုင်းရော့၊ မိန်းလုံး၊
ဘောဂျွိုင်းအသံတွေ
မြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့
သိသာပါတယ်။

သာယာငြိမ့်ညောင်းစွာ
ကားမောင်းနိုင်ကြပါစေဗျာ။

Credit.Original

23/11/2022

🔹ကားတာယာ အကြောင်း🔹
အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။
ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။
195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။
91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။
စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။
Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။
A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။
Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။
🔹 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်🔹
ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို
အသုံးပြု့ သူတွေလည် မသိတဲ့အတွက်
တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ
ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်
ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား
တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...
1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား
တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *
credit 🔹 soe thu
Crd; original post

26/10/2022

ကားပါကင် စကေး

22/10/2022

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ

🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🚧 ၁၄၅မိုင် (ခပေါင်းတံတား)

🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🚧 ၂၅၉မိုင် ၀ဖာလုံ (ရမည်းသင်းလမ်းခွဲ)

🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်

Credit ကားလောကရဲ့မှန်ကြေးမှုံ

22/10/2022

ခရီးအကွာဝေး မိုင်တွက်နည်း
1 .6 kilometer = 1 mile
48 kilometer 48 1.6 ) 1
= 30 1
= 30 miles
ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပီးမောင်းလျှင်
1 နာရီမှာ မိုင် 30 ရောက်ပါမည်
80 kilometer = (80 1.6 ) 1
= 50 1
= 50 Miles
80 kilometer နှုန်းနဲ့ မောင်းလျှင်
1 နာရီ ကြာပြီးသွားလျှင် မိုင် 50 ရောက်ပါမည်
100 kilometer = ( 100 1.6 ) 1
=62.5 miles
100 kilometer နှုန်းနဲ့ မောင်းလျှင်
1 နာရီကို 62.5 မိုင်ရောက်ပါမည်
ကိုယ့်သွားမည့်မိုင် ကိုသိလျှင်
ဘယ်လောက် speed နဲ့မောင်းလျှင်
ဘယ် အချိန်ရောက်မှလဲ တွက်နိုင်ပါပြီ...
စာလေးကိုအဆုံးထိဖတ်ပေးလို့ကျေးဇူးပါခင်ဗျ လူကြီးမင်းတို့လိုရာခရီးမိုင်ကိုတွက်ချက်ပြီး ဆီစျေးနဲ့ချိန်သွားနိုင်ကြပါစေခင်ဗျာ..

Credit to original Post

22/10/2022

📣📣 ခ လိုင်စင် ဝန်ဆောင်မှု 📢📢

✅ သင်မောင်းလိုင်စင် ၃လ သက်တမ်းရှိရပါမည်။✅

📌ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ 👇👇👇

Booking က ၂လ လောက်စောင့်ရပါလိမ့်မယ်။

Booking ရတဲ့နေ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်း၊ စာတွေ့၊ လက်တွေ့ ကိုယ်တိုင်သွားဖြေရပါတယ်။

လက်တွေ့ အောင်ပြီဆိုရင် ခ လိုင်စင် ရပါပြီ။ အကြံအဖန်မပါ အမှန်အကန် ဖြေမယ်ဆို တရားဝင် ၇သောင်းလောက်ကုန်ပါတယ်။

📌 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ယူမည်ဆိုလျှင်တော့
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

ခ လိုင်စင် ရတဲ့ထိ ၂၅၀၀၀၀ ကျပါမည်။

(၁) လအတွင်း Booking ရပါမည်။

Booking ရတဲ့နေ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်း၊ စာတွေ့၊ လက်တွေ့ ကိုယ်တိုင်သွားဖြေရပါတယ်။

✍ စာတွေ့တော့ အောင် အောင်ဖြေပေးရပါမည်။ ✍
😩လက်တွေ့ မအောင်ခဲ့ရင်တော့ နောက်နေ့ တစ်ရက်ထပ်လာဖြေပေးရပါမည်။ ဖြေချင်သလိုဖြေလိုက်ပါ😁
လိုင်စင်ရပါပြီ😎😎

💵💵 ငွေပေးချေမှုပုံစံ👇👇

Booking ရလို့ ရုံးရောက်ပြီဆို စရံငွေ (၁) သိန်းပေးရပါမည်။ လက်ထဲ လိုင်စင်ရောက် မှ ကျန်ငွေ ၁၅၀၀၀၀ ရှင်းပေးရပါမည်ခင်ဗျာ။

#ခလိုင်စင်ဝန်ဆောင်

22/10/2022

Chat Box မှာအမေးများတဲ့ မေးခွန်းလေးတေပါ

Q - ကားမောင်းသင်ဖို့ ဘာတေလိုအပ်လဲ?

A - သင်မောင်းလိုင်စင် လိုအပ်ပါတယ် နီးစပ်ရာ ကညနရုံးမှာ ၃လ ကြိုလုပ်ထားရင် ပိုကောင်းပါတယ်။
သင်ပြီးတာနဲ့ ခ လိုင်စင် တန်းဖြေလို့ရတာပေါ့။
သင်မောင်း ၃လ ပြည့်မှ ခ လိုင်စင် ဖြေခွင့်ရလို့ပါ။
မလုပ်ရသေးရင်လည်း သင်တန်းသားဆို ၂၀၀၀၀ ပါ။

Q - ဘယ်မှာလာတက်ရမလဲ?

A _ နီးစပ်ရာမှာ သင်ပေး မှာပါ။
အိမ်တိုင်ရာရောက်ကြိုပို့ရမယ်ဆိုရင်တော့ ၅သောင်း ထပ်ကျပါမယ်ဗျ။

Q - ဘယ်မှာသင်တာလဲ?

A - လာခေါ်ရတဲ့နေရာနဲ့ အနီးစပ်ဆုံး သင်လို့ကောင်းမဲ့လမ်းပေါ်မှာသင်ပါတယ်။ သီးသန့်ကွင်း မရှိပါဘူး။
သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥကလာ၊ တောင်ဥကလာ၊ ရန်ကင်း၊ ကန်တော်ကြီး၊ ဆူးလေဘက်တေတော့အသင်များပါတယ်။

Q - ဘယ်လိုတေသင်တာလဲ?

A - စစချင်း အဖြောင့်သင်ပါတယ်။ ပြီးရင် ဘယ်ကွေ့/ညာကွေ့။ မီးပွိုင့်တေ လမ်းဆုံတေ ကွေ့တတ်ဖို့။ အကွေ့အကောက်တေ အဲဒါကတော့ ကန်တော်ကြီးပတ်မောင်း။ ပြီးရင် အဝိုင်းပတ်။ Parking ကတော့ မြို့ထဲနဲ့နီးရင် ဗိုလ်တစ်ထောင်ဘုရားဝင်း။ ဝေးရင်တော့ မြောက်ဥက
Chat Box မှာအမေးများတဲ့ မေးခွန်းလေးတေပါ

Q - ဘယ်မှာလာတက်ရမလဲ?

A - နီးရင်တော့အိပ်တိုင်ရာရောက် လာခေါ်ပြီးသင်။ သင်ပြီး ပြန်ပို့ပေးပါတယ်။ ဝေးတဲ့နေရာ ကားကြပ်တဲ့နေရာ ဆိုရင်တော့ တကယ်မောင်းတဲ့အချိန် နည်းသွားမှာမို့ အဆင်ပြေတဲ့နေရာ တစ်နေရာ လာရပါမယ်။

Q - အတတ်သင်တာလား?

A - ဟုတ်ကဲ့အတတ်သင်တာပါ။ မောင်းချိန်က ၁၀:၃၀ နာရီဆိုတော့ လူတိုင်းနီးပါး တတ်ပါတယ်။ ၁နေ့ကို ၁:၃၀ မီနစ်မောင်းရမှာပါ။ ၇ရက် အတတ်ပါ။ ကျွမ်းကျင်မှုကတော့ လူတစ်ယောက်နဲ့တစ်ယောက်ကတော့မတူပါဘူး။ လမ်းလျောက်ပြီး ကားလမ်းဖြတ်ကူးတာတောင် တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးလေ။
PS. ၇ ရက်ဆက်တိုက် သင်ရင်တော့ အတတ်မြန်ပါတယ်။

💵 သင်တန်းကြေးကတော့ ၁၇၀၀၀၀ ပါ
လေ့ကျင့်ချင်သေးတယ်ဆိုရင်တော့ ၁:၃၀မီနစ် ၃၀၀၀၀ ပါ

ဖုန်း - 09421155523

Car Driving School

22/10/2022

သင် ကားမောင်းသင်ရင် ဘယ်နှစ်ရက် ကြာမလဲ? 👇

၁။ တချို့ကျတော့ ပါကင်တော့ထိုးနေတာပဲ သဘောတရားနားမလည်တော့ အပေါက်လမ်းကမတည့် ဆိုသူများအတွက် ပါကင်တစ်ရက်သင်ရင်ရပါတယ်။

၂။ တချို့ကျတော့ လိုင်စင်ဖြေစရာလဲရှိတယ်။ ပါကင်လုံး၀မတတ်သေးတဲ့သူတေကတော့ ပါကင် ၂ရက်သင်ရင်ရပါတယ်။

၃။ တချို့ကျတော့ လိုင်စင်ရရင်ပြီးပီ။ လိုင်စင်လေးပဲ ရထားချင်တာ ကားလည်း လုံး၀မမောင်းဖူးသေးသူတေကတော့ ၄ရက်သင်ရင် လိုင်စင်ဖြေဖို့လောက်ထိလုံလောက်ပါပြီ။

၄။ တချို့ကျတော့ လိုင်စင်လဲရထားပြီးပီ။ ကားလည်းလက်ရှိ မောင်းနေတယ် လမ်းပေါ်နဲ့ ပါကင်တော့သိပ်မရဘူး ဆိုသူတေကတော့ ၄ရက်သင်ရင် ရလောက်ပါပြီ။

၅။ တချို့ကျတော့ လိုင်စင်လဲရထားပြီးပီ။ မမောင်းတာကြာပီ။ ပါကင်လည်းမရဘူး ဆိုသူတေကတော့ ၆ရက်သင်ရမှာပါ။

၆။ တချို့ကျတော့အစိမ်းသက်သက် ကားလုံး၀မမောင်းဖူးဘူး။ စက်ဘီးတေ၊ ဆိုင်ကယ်တေတော့ မောင်းတတ်တယ်။ လမ်းပေါ် ကျွမ်းကျွမ်းကျင်ကျင် မောင်းချင်တာ ဆိုသူတေကတော့ ၆ရက်ပါ။

၇။ တချို့ကျတော့ အသက်လည်းကြီးပီ။ ၅၀/၆၀ ရှိနေပြီစက်ဘီးလည်း ကောင်းကောင်းမစီးတတ်ဘူး။ ဆိုသူတေကတော့ ရက်အကန့်အသတ်မရှိပါ။

သင်ရော ဘယ်နံပါတ်ထဲပါသလဲ?
ဘယ်နှရက်သင်ရမလဲ။😊😊😊

Address

No(6), Bocho Street, Bocho(1) Quarter , Bahan Township
Bahan

Telephone

09421155523

Website

Alerts

Be the first to know and let us send you an email when MPP ကားမောင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MPP ကားမောင်းသင်တန်း:

Share

Category